အေမရိကန္ပညာရွင္ေတြ ကို႐ိုနာဗိုင္းရပ္စ္ ဓာတ္ခြဲစစ္ေဆးဖို႔ကူညီမည္


(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ဓာတ္ခြဲရွာေဖြရာမွာ အေမရိကန္စစ္တပ္အသုံးျပဳတဲ့ (diagnostic assay) အဆင့္ျမင့္နည္းပညာေတြ၊ ဓာတ္ခြဲမႈဆိုင္ရာ စက္ပစၥည္းေတြကို ျမန္မာအတြက္ မွာယူထားတယ္လို႔ အေမရိကန္ ကူးစက္ေရာဂါ ကာကြယ္ေရးဌာန U.S. CDC ရဲ႕ ထိုင္းႏိုင္ငံဆိုင္ရာ ဒါ႐ိုက္တာ John Reed MacArthur က ေျပာပါတယ္။

ျမန္မာကို ေရာက္ရွိေနတဲ့ John Reed MacArthur က RFA သီးသန႔္ေတြ႕ဆုံေမးျမန္းခန္းမွာ အခုလို ထည့္သြင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။

“တကယ္ေတာ့ က်ေနာ္တို႔ ကူးစက္ေရာဂါ ကာကြယ္ေရးဌာန (CDC) တစ္ခုတည္းတင္မဟုတ္ပါဘူး၊ ျမန္မာအစိုးရအတြက္ အေမရိကန္ျပည္ေထာင္စုရဲ႕ ႏိုင္ငံတကာဖြံ႕ၿဖိဳးေရးေအဂ်င္စီ (USAID) ကလည္း တစ္ကိုယ္ေရ ကာကြယ္ေရးဝတ္စုံေတြ၊ အေမရိကန္စစ္တပ္က သုေတသီေတြေရးထားတဲ့ ဓာတ္ခြဲမႈဆိုင္ရာ လမ္းၫႊန္ခ်က္ေတြ၊ ပစၥည္းေတြကိုလည္း ေပးသြားဖို႔ ရွိပါတယ္။ ပစၥည္းေတြေတာ့ လတ္တေလာ မေရာက္လာေသးပါဘူး။”

အေမရိကန္ CDC ဌာနရဲ႕ အေရွ႕ေတာင္အာရွဆိုင္ရာ တုပ္ေကြးတိုက္ဖ်က္ေရးအစီအစဥ္ ဒါ႐ိုက္တာ Joshau A Mott နဲ႔ John Reed MacArthur တို႔ဟာ ကို႐ိုနာဗိုင္းရပ္စ္ ႀကိဳတင္ကာကြယ္ႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံကို ေရာက္ရွိေနတာျဖစ္ပါတယ္။ မေန႔တုန္းက ရန္ကုန္မွာရွိတဲ့ အမ်ိဳးသား က်န္းမာေရးဓါတ္ခြဲခန္း (NHL) တာဝန္ရွိသူေတြနဲ႔ ေတြ႕ ဆုံေဆြးေႏြးခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ လတ္တေလာ ကို႐ိုနာဗိုင္းရပ္စ္ကို စစ္ေဆးႏိုင္တဲ့ WHO အသိအမွတ္ျပဳ ဓာတ္ခြဲခန္းမရွိလို႔ ထိုင္းႏိုင္ငံ ဘန္ေကာက္ကို ႏွာေခါင္းတို႔ဖတ္ နမူနာ ပို႔ေဆာင္ၿပီး စစ္ေဆးရပါတယ္။ ေရာဂါကူးစက္ခံရတာဟုတ္၊ မဟုတ္ အေျဖသိႏိုင္ဖို႔ အနည္းဆုံး ၂ ရက္ကေန ၃ ရက္ ၾကာပါတယ္။

တစ္ကမာၻလုံးမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ႏွစ္ေထာင္ေက်ာ္သြားပါၿပီ။ ျမန္မာႏိုင္ငံမွာလည္း ေစာင့္ၾကည့္လူနာ ေပါင္း ၃၅ ေယာက္ရွိၿပီး ဗိုင္းရပ္စ္ကူးစက္ခံရသူ တစ္ဦးမွ မရွိေသးဘူးလို႔ က်န္းမာေရးဝန္ႀကီးဌာနက ေဖေဖာ္ဝါရီ ၁၈ ရက္ေန႔မွာ  ထုတ္ျပန္ထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ဟာ ႏိုင္ငံေပါင္း ၂၆ ႏိုင္ငံကို ျပန႔္ပြားသြားၿပီး၊ ကူးစက္ခံရသူ ၇ ေသာင္းခြဲဝန္းက်င္ ရွိပါတယ္။ တ႐ုတ္နဲ႔ နယ္စပ္ခ်င္း မိုင္ေပါင္းေထာင္ခ်ီထိစပ္ေနတဲ့ ျမန္မာမွာ တစ္ဦးတစ္ေယာက္မွ မေတြ႕ေသးလို႔ လူမႈကြန္ရက္ေပၚမွာ ေဝဖန္ေရးသားေနၾကတာရွိပါတယ္။

“တကယ္ေတာ့ ျမန္မာမွာ ကူးစက္ခံရသူ ရွိေကာင္းရွိႏိုင္ပါတယ္။ တကယ္လို႔ အဲဒါ ရွိေနတယ္ဆိုရင္ အစိုးရက အျမန္ဆုံးရွာၿပီးေတာ့ ဗိုင္းရပ္စ္ မျပန႔္ပြားေရး အျမန္ဆုံးေဆာင္႐ြက္သင့္ပါတယ္။”

ျပည္တြင္းမွာ စစ္ေဆးႏိုင္ေတာ့မွာျဖစ္လို႔ ပိုၿပီးေတာ့ ျမန္ဆန္လာႏိုင္မယ္လို႔ ရန္ကုန္တိုင္း က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာ ထြန္းျမင့္က မွတ္ခ်က္ျပဳပါတယ္။ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ဓာတ္ခြဲစစ္ေဆးႏိုင္ဖို႔ ဂ်ပန္ကလည္း ကူညီေနပါတယ္။ အေမရိကန္နဲ႔ ဂ်ပန္က လႉဒါန္းမယ့္ နည္းပညာေတြ၊ စမ္းသစ္စစ္ေဆးရာမွာ အသုံးျပဳရတဲ့ (test kids) ေတြဟာ ေဈးကြက္ထဲမွာ ေရာင္းခ်တာမ်ိဳးလည္း မရွိပါဘူး။

က်န္းမာေရးဝန္ႀကီးဌာနက ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔၊ မနက္ျဖန္မွာ ကို႐ိုနာဗိုင္းရပ္စ္ ဓာတ္ခြဲစစ္ေဆးႏိုင္ေတာ့မယ္လို႔ ထုတ္ျပန္ထားေပမယ့္၊ ပညာရွင္ေတြ အေမရိကန္ CDC အဖြဲ႕နဲ႔ အခုခရီးစဥ္မွာ ပါမလာေသးလို႔ ရက္အနည္းငယ္ ေစာင့္ရဦးမယ္လို႔ အေမရိကန္ပညာရွင္ေတြနဲ႔ ေတြ႕ဆုံရာမွာ ပါဝင္တဲ့ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ ေဌးေဌးတင္က RFA ကို ေျပာပါတယ္။

“CDC Office Thailand က အေမရိကန္ေရာ တျခားလူမ်ိဳးေတြေရာ လာၾကမွာေပါ့။ အဲဒီပစၥည္းေတြ မေရာက္ေသးတာေၾကာင့္ သူနဲ႔အတူပါလာမယ့္ ဓာတ္ခြဲပညာရွင္ေတြလည္း ပါမလာဘူး။ ေနာက္မွ လိုက္လာမွာေပါ့။ မေန႔က အဖြဲ႕ထဲ မွာ မပါခဲ့ဘူး။ အဲပစၥည္းေတြကလည္း ပညာရွင္ေတြပါမွ လုပ္ရတာ။”

အေမရိကန္ CDC အဖြဲ႕ရဲ႕ John Reed MacArthur က ျမန္မာအတြက္ မွာထားတဲ့ ဓာတ္ခြဲခန္းပစၥည္းေတြ ေရာက္လာတဲ့အခါ အမ်ိဳးသားက်န္းမားေရးဌာန (NHL) က ဓာတ္ခြဲမႉးေတြနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးႏိုင္ဖို႔အတြက္ ပညာရွင္ေတြ ေစလႊတ္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

RFA Burmese
https://www.rfa.org
----------
(Unicode)⤵⤵⤵
အမေရိကန်ပညာရှင်တွေ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစစ်ဆေးဖို့ကူညီမည်

ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲရှာဖွေရာမှာ အမေရိကန်စစ်တပ်အသုံးပြုတဲ့ (diagnostic assay) အဆင့်မြင့်နည်းပညာတွေ၊ ဓာတ်ခွဲမှုဆိုင်ရာ စက်ပစ္စည်းတွေကို မြန်မာအတွက် မှာယူထားတယ်လို့ အမေရိကန် ကူးစက်ရောဂါ ကာကွယ်ရေးဌာန U.S. CDC ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဒါရိုက်တာ John Reed MacArthur က ပြောပါတယ်။

မြန်မာကို ရောက်ရှိနေတဲ့ John Reed MacArthur က RFA သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

“တကယ်တော့ ကျနော်တို့ ကူးစက်ရောဂါ ကာကွယ်ရေးဌာန (CDC) တစ်ခုတည်းတင်မဟုတ်ပါဘူး၊ မြန်မာအစိုးရအတွက် အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကလည်း တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံတွေ၊ အမေရိကန်စစ်တပ်က သုတေသီတွေရေးထားတဲ့ ဓာတ်ခွဲမှုဆိုင်ရာ လမ်းညွှန်ချက်တွေ၊ ပစ္စည်းတွေကိုလည်း ပေးသွားဖို့ ရှိပါတယ်။ ပစ္စည်းတွေတော့ လတ်တလော မရောက်လာသေးပါဘူး။”

အမေရိကန် CDC ဌာနရဲ့ အရှေ့တောင်အာရှဆိုင်ရာ တုပ်ကွေးတိုက်ဖျက်ရေးအစီအစဉ် ဒါရိုက်တာ Joshau A Mott နဲ့ John Reed MacArthur တို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြန်မာနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။ မနေ့တုန်းက ရန်ကုန်မှာရှိတဲ့ အမျိုးသား ကျန်းမာရေးဓါတ်ခွဲခန်း (NHL) တာဝန်ရှိသူတွေနဲ့ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလော ကိုရိုနာဗိုင်းရပ်စ်ကို စစ်ဆေးနိုင်တဲ့ WHO အသိအမှတ်ပြု ဓာတ်ခွဲခန်းမရှိလို့ ထိုင်းနိုင်ငံ ဘန်ကောက်ကို နှာခေါင်းတို့ဖတ် နမူနာ ပို့ဆောင်ပြီး စစ်ဆေးရပါတယ်။ ရောဂါကူးစက်ခံရတာဟုတ်၊ မဟုတ် အဖြေသိနိုင်ဖို့ အနည်းဆုံး ၂ ရက်ကနေ ၃ ရက် ကြာပါတယ်။

တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နှစ်ထောင်ကျော်သွားပါပြီ။ မြန်မာနိုင်ငံမှာလည်း စောင့်ကြည့်လူနာ ပေါင်း ၃၅ ယောက်ရှိပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ဦးမှ မရှိသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ  ထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း ၂၆ နိုင်ငံကို ပြန့်ပွားသွားပြီး၊ ကူးစက်ခံရသူ ၇ သောင်းခွဲဝန်းကျင် ရှိပါတယ်။ တရုတ်နဲ့ နယ်စပ်ချင်း မိုင်ပေါင်းထောင်ချီထိစပ်နေတဲ့ မြန်မာမှာ တစ်ဦးတစ်ယောက်မှ မတွေ့သေးလို့ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ရေးသားနေကြတာရှိပါတယ်။

“တကယ်တော့ မြန်မာမှာ ကူးစက်ခံရသူ ရှိကောင်းရှိနိုင်ပါတယ်။ တကယ်လို့ အဲဒါ ရှိနေတယ်ဆိုရင် အစိုးရက အမြန်ဆုံးရှာပြီးတော့ ဗိုင်းရပ်စ် မပြန့်ပွားရေး အမြန်ဆုံးဆောင်ရွက်သင့်ပါတယ်။”

ပြည်တွင်းမှာ စစ်ဆေးနိုင်တော့မှာဖြစ်လို့ ပိုပြီးတော့ မြန်ဆန်လာနိုင်မယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်က မှတ်ချက်ပြုပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစစ်ဆေးနိုင်ဖို့ ဂျပန်ကလည်း ကူညီနေပါတယ်။ အမေရိကန်နဲ့ ဂျပန်က လှူဒါန်းမယ့် နည်းပညာတွေ၊ စမ်းသစ်စစ်ဆေးရာမှာ အသုံးပြုရတဲ့ (test kids) တွေဟာ ဈေးကွက်ထဲမှာ ရောင်းချတာမျိုးလည်း မရှိပါဘူး။

ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၀ ရက်နေ့၊ မနက်ဖြန်မှာ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစစ်ဆေးနိုင်တော့မယ်လို့ ထုတ်ပြန်ထားပေမယ့်၊ ပညာရှင်တွေ အမေရိကန် CDC အဖွဲ့နဲ့ အခုခရီးစဉ်မှာ ပါမလာသေးလို့ ရက်အနည်းငယ် စောင့်ရဦးမယ်လို့ အမေရိကန်ပညာရှင်တွေနဲ့ တွေ့ဆုံရာမှာ ပါဝင်တဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဌေးဌေးတင်က RFA ကို ပြောပါတယ်။

“CDC Office Thailand က အမေရိကန်ရော တခြားလူမျိုးတွေရော လာကြမှာပေါ့။ အဲဒီပစ္စည်းတွေ မရောက်သေးတာကြောင့် သူနဲ့အတူပါလာမယ့် ဓာတ်ခွဲပညာရှင်တွေလည်း ပါမလာဘူး။ နောက်မှ လိုက်လာမှာပေါ့။ မနေ့က အဖွဲ့ထဲ မှာ မပါခဲ့ဘူး။ အဲပစ္စည်းတွေကလည်း ပညာရှင်တွေပါမှ လုပ်ရတာ။”

အမေရိကန် CDC အဖွဲ့ရဲ့ John Reed MacArthur က မြန်မာအတွက် မှာထားတဲ့ ဓာတ်ခွဲခန်းပစ္စည်းတွေ ရောက်လာတဲ့အခါ အမျိုးသားကျန်းမားရေးဌာန (NHL) က ဓာတ်ခွဲမှူးတွေနဲ့ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနိုင်ဖို့အတွက် ပညာရှင်တွေ စေလွှတ်မယ်လို့ ပြောဆိုခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
အေမရိကန္ပညာရွင္ေတြ ကို႐ိုနာဗိုင္းရပ္စ္ ဓာတ္ခြဲစစ္ေဆးဖို႔ကူညီမည္ အေမရိကန္ပညာရွင္ေတြ ကို႐ိုနာဗိုင္းရပ္စ္ ဓာတ္ခြဲစစ္ေဆးဖို႔ကူညီမည္ Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.