ပါေမာကၡခ်ဳပ္ရာထူး ဓမၼဒူတဆရာေတာ္ ေဒါက္တာအရွင္ေဆကိႏၵကို ခန္႔အပ္ဖို႔ စီစဥ္

 ၾသဝါဒစရိယျဖစ္တဲ့ ႏိုင္ငံေတာ္ သံဃမဟာနယက ဆရာေတာ္ေတြကလည္း သေဘာတူ
(Zawgyi)⤵⤵⤵
ဓမၼဒူတဆရာေတာ္ ေဒါက္တာအရွင္ေဆကိႏၵကို ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေထရဝါဒ ဗုဒၶ သာသနာျပဳ တကၠသိုလ္ ဒုတိယ ပါေမာကၡခ်ဳပ္အျဖစ္ ခန႔္အပ္ဖို႔ ႏိုင္ငံေတာ္ သံဃမဟာနာယကက သေဘာတူထားၿပီး ရာထူးတရားဝင္ အတည္ျပဳဖို႔ ျပည္ေတာင္စု အစိုးရကို စာပို႔ထားတယ္လို႔ သာသနာေရးနဲ႔ ယဥ္ေက်းမႈ ဝန္ႀကီးဌာန ဒုတိယ အၿမဲတန္းအတြင္းဝန္ ဦးဇာနည္ဝင္းက ဘီဘီစီကို ေျပာပါတယ္။

အခုလို ဆရာေတာ္ကို ဒုတိယပါေမာကၡခ်ဳပ္အျဖစ္ ခန႔္အပ္ဖို႔ စီစဥ္ရတာဟာ ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေထရဝါဒ ဗုဒၶ သာသနာျပဳ တကၠသိုလ္မွာ ပါေမာကၡခ်ဳပ္ ဆရာေတာ္ရာထူးကို ဆက္လက္ခန႔္ထားဖို႔အတြက္ ႏိုင္ငံ့ဝန္ထမ္းဥပေဒအတိုင္း ဒုတိယပါေမာကၡခ်ဳပ္အျဖစ္ အစမ္းတစ္ႏွစ္ခန႔္ထားတာျဖစ္တယ္လို႔လည္း သူက ရွင္းျပပါတယ္။

ေထရဝါဒ ဗုဒၶဘာသာ သာသနာျပဳ တကၠသိုလ္ ဥပေဒ အရ တကၠသိုလ္ ဒုတိယပါေမာကၡခ်ဳပ္ ခန႔္အပ္ဖို႔ ေက်ာင္းေကာင္စီက အဆိုျပဳရၿပီး ၾသဝါဒစရိယျဖစ္တဲ့ ႏိုင္ငံေတာ္ သံဃမဟာနယက ဆရာေတာ္ေတြထံမွာ ၾသဝါဒခံယူရမွာ ျဖစ္ပါတယ္။

အဲဒီ အဆင့္ေတြၿပီးရင္ေတာ့ ျပည္ေထာင္စုအစိုးရအဖြဲ႕က ဒီလိုခန္႔အပ္မႈကို အတည္ျပဳေပးရမွာ ျဖစ္ၿပီး အစိုးရ က အတည္ျပဳေပးဖို႔ သာသနာေရး ဝန္ႀကီးဌာနကတဆင့္ ေပးပို႔ထားတယ္လို႔ လည္း ဦးဇာနည္ဝင္းက ေျပာပါတယ္။

ဒုတိယ ပါေမာကၡခ်ဳပ္အျဖစ္ ရာထူးအတည္ျပဳဖို႔ အတြက္ ႏွစ္ပတ္တစ္ႀကိမ္က်င္းပတဲ့ ကက္ဘိနက္ အစည္းအေဝးက အတည္ျပဳမွာ ျဖစ္တာေၾကာင့္ မၾကာမီ ထုတ္ျပန္ႏိုင္မယ္လို႔ ယူဆေၾကာင္းလည္း သူကေျပာပါတယ္။
 ေဒါက္တာ ဘဒၵႏၲ နႏၵမာလာ ဘိဝံသ ဟာ ၂၀၁၉ခု ႏွစ္ႏိုဝင္ဘာ အတြင္းက အနားယူ

အျပည္ျပည္ဆိုင္ရာ ေထရဝါဒ ဗုဒၶသာသနာျပဳ တကၠသိုလ္ ပါေမာကၡခ်ဳပ္အျဖစ္ ၁၄ ႏွစ္ၾကာ တာဝန္ယူခဲ့တဲ့ ဆရာေတာ္ ေဒါက္တာ ဘဒၵႏၲ နႏၵမာလာ ဘိဝံသဟာ ၂၀၁၉ ႏိုဝင္ဘာ အတြင္းက အနားယူခဲ့ၿပီး ပါေမာ ကၡခ်ဳပ္ ရာထူး လစ္လပ္ခဲ့ပါတယ္။

ဆရာေတာ္ ေဒါက္တာနႏၵမာလာ ဘိဝံသဟာ အသည္းမွာျဖစ္ေနတဲ့ အႀကိတ္အတြက္ ေဆးကုမႈ ခံယူဖို႔ ရာထူးကေန အနားယူလိုက္တာလို႔ သာသနာေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။

ဒါ့အျပင္ ဒုတိယ ပါေမာကၡခ်ဳပ္ ဆရာေတာ္ ေဒါက္တာ စႏၵာဝရာဘိဝံသလည္း ၂၀၁၉ ေအာက္တိုဘာအတြင္းက အနားယူခဲ့ပါတယ္။

ဒုတိယ ပါေမာကၡခ်ဳပ္ ရာထူးအတြက္ ဓမၼဒူတ ဆရာေတာ္ ေဒါက္တာ အရွင္ေဆကိႏၵကို ခန႔္အပ္ဖို႔ ႏိုင္ငံေတာ္သံဃ မဟာနာယကအဖြဲ႕က သေဘာတူၿပီးျဖစ္တယ္လို႔ သာသနာေရး နဲ႔ ယဥ္ေက်းမႈဝန္ႀကီးဌာနက ေျပာပါတယ္။

ဓမၼဒူတဆရာေတာ္ ေဒါက္တာ အရွင္ေဆကိႏၵဟာ လက္ရွိ အဲဒီ တကၠသိုလ္မွာ တရားဝင္ ရာထူးက ပါေမာကၡ မဟာဌာနမႉး တာဝန္ယူထားၿပီးေတာ့ ပါေမာကၡခ်ဳပ္နဲ႔ ဒုပါေမာကၡခ်ဳပ္တာဝန္ေတြကို တြဲဘက္ၿပီး တာဝန္ထမ္းေနပါတယ္။
ဓာတ္ပုံ မူပိုင္ ေဒါက္တာအရွင္ေဆကိႏၵ
၂၀၀၆ -၀၇ မွာ ေထရဝါဒ သာသနာျပဳ တကၠသိုလ္ က Ph.D. ဘြဲ႕ကိုလည္း ရရွိခဲ့ပါ တယ္။

၂၀၁၈ ဒီဇင္ဘာလ ၁၁ ရက္က ျပဌာန္းခဲ့တဲ့ ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေထရဝါဒ ဗုဒၶ သာသနာျပဳ တကၠသိုလ္ ဥပေဒမွာ တကၠသိုလ္ ပါေမာကၡခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ဖို႔ သတ္မွတ္တဲ့ အရည္အခ်င္းတခ်ိဳ႕နဲ႔ ေဒါက္တာအရွင္ေဆကိႏၵက မျပည့္မီတဲ့ အပိုင္းရွိတယ္လို႔ ေဝဖန္မႈေတြ ရွိပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ဦးဇာနည္ဝင္းက ေဒါက္တာ အရွင္ေဆကိႏၵ မွာ အျခားေသာသတ္မွတ္ဂုဏ္အဂၤါ အကုန္ျပည့္စုံၿပီး ပရိယတၱိမွာ ဘိဝံသ ဘြဲ႕ မရရွိတာက လြဲလို႔ က်န္တဲ့ အခ်က္ေတြမွာ အကုန္ျပည့္စုံတယ္လို႔ ေျပာပါတယ္။

" အျခားစာသင္တိုက္ေတြမွာ ဒီဘြဲ႕က အေရးႀကီးေကာင္း ႀကီးလိမ့္မယ္ ဒီေထရဝါဒ သာသနာျပဳ တကၠသိုလ္ ဥပေဒမွာ အဂၤလိပ္လို သင္ၾကားပို႔ခ်ေတာ့ အဂၤလိပ္လိုကလည္း အေရးႀကီးတယ္။ သို႔ေသာ္လည္း လက္ရွိမွာေတာ့ ပါခ်ဳပ္လည္း မရွိ၊ ဒုပါခ်ဳပ္လည္းမရွိေတာ့ ဒီအခ်က္ကိုေထာက္ၿပီး ဆရာေတာ္ႀကီးေတြက သေဘာတူလိုက္တာပါ" လို႔ ဦးဇာနည္ဝင္းက ဘီဘီစီကို ေျပာပါတယ္။

ဆရာေတာ္ ေဒါက္တာ အရွင္ေဆကိႏၵဟာ လက္ရွိမွာလည္းပရဟိတလုပ္ငန္းေတြ လုပ္ေနသလို လူေပါင္းစုံ အဖြဲ႕ အစည္းေပါင္းစုံ နဲ႔ ဆက္သြယ္လုပ္ကိုင္ေနသူလည္း ျဖစ္ပါတယ္။

အရွင္ေဆကိႏၵ ကို စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕၊ ေသာတာပန္ရပ္ကြက္မွာ ဖြားျမင္ပါတယ္။ သက္ေတာ္ ၆၂ ရွိၿပီးေတာ့ ႏိုင္ငံေတာ္အစိုးရက ဆက္ကပ္တဲ့ မဟာသဒၶမၼေဇာတိကဓဇ၊ မဟာဂႏၴဝါစကပ႑ိတ၊ ဓမၼကထိက ဗဟုဇနဟိတဓရ၊ အျပည္ျပည္ဆိုင္ရာ ေထရဝါဒ ဗုဒၶသာသနာျပဳတကၠသိုလ္က M.A. (Buddhism) နဲ႔ ၂၀၀၆ -၀၇ မွာPh.D. ဘြဲ႕တို႔ကိုလည္း ရရွိခဲ့ပါ တယ္။ ဆရာေတာ္ဟာ အဂၢမဟာသဒၶမၼေဇာတိကဓဇ၊ ဘြဲ႕ကိုလည္း အခုႏွစ္ထဲမွာရရွိခဲ့ပါတယ္။

အျပည္ျပည္ဆိုင္ရာ ေထရဝါဒ ဗုဒၶ သာသနာျပဳ တကၠသိုလ္ ပါေမာကၡခ်ဳပ္ နဲ႔ ဒုတိယပါေမာကၡခ်ဳပ္ ရာထူးအတြက္ သက္ေတာ္ ၅၀ ႏွစ္၊ သိကၡာ ေတာ္ ဝါ ၃၀ ရွိရန္၊ ပါရဂူဘြဲ႕ ရရွိၿပီးျဖစ္ရန္၊ အဂၤလိပ္ဘာသာ ကြၽမ္းက်င္ရန္၊ ရဟန္းရွင္လူတို႔ ေလးစားထိုက္ေသာ က်မ္းစာအုပ္ ကို ေရးသားျပဳစုဖူးေသာ ဆရာ ေတာ္ျဖစ္ရန္လို႔ တကၠ သိုလ္ ဥပေဒမွာ ျပ႒ာန္းထားပါတယ္။ ဒါ့အျပင္ သတ္မွတ္ ပရိယတၱိစာေမးပြဲ အနည္းဆုံး သုံးခုေအာင္ျမင္ရမယ္လို႔လည္း ပါရွိပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
ပါမောက္ခချုပ်ရာထူး ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒကို ခန့်အပ်ဖို့ စီစဉ်

ဓာတ်ပုံ မူပိုင် အရှင်ဆေကိန္ဒ
Image caption သြဝါဒစရိယဖြစ်တဲ့ နိုင်ငံတော် သံဃမဟာနယက ဆရာတော်တွေကလည်း သဘောတူ

ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်အဖြစ် ခန့်အပ်ဖို့ နိုင်ငံတော် သံဃမဟာနာယကက သဘောတူထားပြီး ရာထူးတရားဝင် အတည်ပြုဖို့ ပြည်တောင်စု အစိုးရကို စာပို့ထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ အမြဲတန်းအတွင်းဝန် ဦးဇာနည်ဝင်းက ဘီဘီစီကို ပြောပါတယ်။

အခုလို ဆရာတော်ကို ဒုတိယပါမောက္ခချုပ်အဖြစ် ခန့်အပ်ဖို့ စီစဉ်ရတာဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ်မှာ ပါမောက္ခချုပ် ဆရာတော်ရာထူးကို ဆက်လက်ခန့်ထားဖို့အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေအတိုင်း ဒုတိယပါမောက္ခချုပ်အဖြစ် အစမ်းတစ်နှစ်ခန့်ထားတာဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။

ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာပြု တက္ကသိုလ် ဥပဒေ အရ တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ခန့်အပ်ဖို့ ကျောင်းကောင်စီက အဆိုပြုရပြီး သြဝါဒစရိယဖြစ်တဲ့ နိုင်ငံတော် သံဃမဟာနယက ဆရာတော်တွေထံမှာ သြဝါဒခံယူရမှာ ဖြစ်ပါတယ်။

အဲဒီ အဆင့်တွေပြီးရင်တော့ ပြည်ထောင်စုအစိုးရအဖွဲ့က ဒီလိုခန့်အပ်မှုကို အတည်ပြုပေးရမှာ ဖြစ်ပြီး အစိုးရ က အတည်ပြုပေးဖို့ သာသနာရေး ဝန်ကြီးဌာနကတဆင့် ပေးပို့ထားတယ်လို့ လည်း ဦးဇာနည်ဝင်းက ပြောပါတယ်။

ဒုတိယ ပါမောက္ခချုပ်အဖြစ် ရာထူးအတည်ပြုဖို့ အတွက် နှစ်ပတ်တစ်ကြိမ်ကျင်းပတဲ့ ကက်ဘိနက် အစည်းအဝေးက အတည်ပြုမှာ ဖြစ်တာကြောင့် မကြာမီ ထုတ်ပြန်နိုင်မယ်လို့ ယူဆကြောင်းလည်း သူကပြောပါတယ်။

ဓာတ်ပုံ မူပိုင် ဒေါက်တာအရှင်ဆေကိန္ဒ
Image caption ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာ ဘိဝံသ ဟာ ၂၀၁၉ခု နှစ်နိုဝင်ဘာ အတွင်းက အနားယူ

အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ၁၄ နှစ်ကြာ တာဝန်ယူခဲ့တဲ့ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာ ဘိဝံသဟာ ၂၀၁၉ နိုဝင်ဘာ အတွင်းက အနားယူခဲ့ပြီး ပါမော က္ခချုပ် ရာထူး လစ်လပ်ခဲ့ပါတယ်။

ဆရာတော် ဒေါက်တာနန္ဒမာလာ ဘိဝံသဟာ အသည်းမှာဖြစ်နေတဲ့ အကြိတ်အတွက် ဆေးကုမှု ခံယူဖို့ ရာထူးကနေ အနားယူလိုက်တာလို့ သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဒုတိယ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ စန္ဒာဝရာဘိဝံသလည်း ၂၀၁၉ အောက်တိုဘာအတွင်းက အနားယူခဲ့ပါတယ်။

ဒုတိယ ပါမောက္ခချုပ် ရာထူးအတွက် ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒကို ခန့်အပ်ဖို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က သဘောတူပြီးဖြစ်တယ်လို့ သာသနာရေး နဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောပါတယ်။

ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒဟာ လက်ရှိ အဲဒီ တက္ကသိုလ်မှာ တရားဝင် ရာထူးက ပါမောက္ခ မဟာဌာနမှူး တာဝန်ယူထားပြီးတော့ ပါမောက္ခချုပ်နဲ့ ဒုပါမောက္ခချုပ်တာဝန်တွေကို တွဲဘက်ပြီး တာဝန်ထမ်းနေပါတယ်။
ဓာတ်ပုံ မူပိုင် ဒေါက်တာအရှင်ဆေကိန္ဒ
Image caption ၂၀၀၆ -၀၇ မှာ ထေရဝါဒ သာသနာပြု တက္ကသိုလ် က Ph.D. ဘွဲ့ကိုလည်း ရရှိခဲ့ပါ တယ်။

၂၀၁၈ ဒီဇင်ဘာလ ၁၁ ရက်က ပြဌာန်းခဲ့တဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ် ဥပဒေမှာ တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ သတ်မှတ်တဲ့ အရည်အချင်းတချို့နဲ့ ဒေါက်တာအရှင်ဆေကိန္ဒက မပြည့်မီတဲ့ အပိုင်းရှိတယ်လို့ ဝေဖန်မှုတွေ ရှိပါတယ်။

ဒါနဲ့ပတ်သက်လို့ ဦးဇာနည်ဝင်းက ဒေါက်တာ အရှင်ဆေကိန္ဒ မှာ အခြားသောသတ်မှတ်ဂုဏ်အင်္ဂါ အကုန်ပြည့်စုံပြီး ပရိယတ္တိမှာ ဘိဝံသ ဘွဲ့ မရရှိတာက လွဲလို့ ကျန်တဲ့ အချက်တွေမှာ အကုန်ပြည့်စုံတယ်လို့ ပြောပါတယ်။

" အခြားစာသင်တိုက်တွေမှာ ဒီဘွဲ့က အရေးကြီးကောင်း ကြီးလိမ့်မယ် ဒီထေရဝါဒ သာသနာပြု တက္ကသိုလ် ဥပဒေမှာ အင်္ဂလိပ်လို သင်ကြားပို့ချတော့ အင်္ဂလိပ်လိုကလည်း အရေးကြီးတယ်။ သို့သော်လည်း လက်ရှိမှာတော့ ပါချုပ်လည်း မရှိ၊ ဒုပါချုပ်လည်းမရှိတော့ ဒီအချက်ကိုထောက်ပြီး ဆရာတော်ကြီးတွေက သဘောတူလိုက်တာပါ" လို့ ဦးဇာနည်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒဟာ လက်ရှိမှာလည်းပရဟိတလုပ်ငန်းတွေ လုပ်နေသလို လူပေါင်းစုံ အဖွဲ့ အစည်းပေါင်းစုံ နဲ့ ဆက်သွယ်လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။

အရှင်ဆေကိန္ဒ ကို စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်မှာ ဖွားမြင်ပါတယ်။ သက်တော် ၆၂ ရှိပြီးတော့ နိုင်ငံတော်အစိုးရက ဆက်ကပ်တဲ့ မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်က M.A. (Buddhism) နဲ့ ၂၀၀၆ -၀၇ မှာPh.D. ဘွဲ့တို့ကိုလည်း ရရှိခဲ့ပါ တယ်။ ဆရာတော်ဟာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘွဲ့ကိုလည်း အခုနှစ်ထဲမှာရရှိခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် နဲ့ ဒုတိယပါမောက္ခချုပ် ရာထူးအတွက် သက်တော် ၅၀ နှစ်၊ သိက္ခာ တော် ဝါ ၃၀ ရှိရန်၊ ပါရဂူဘွဲ့ ရရှိပြီးဖြစ်ရန်၊ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်ရန်၊ ရဟန်းရှင်လူတို့ လေးစားထိုက်သော ကျမ်းစာအုပ် ကို ရေးသားပြုစုဖူးသော ဆရာ တော်ဖြစ်ရန်လို့ တက္က သိုလ် ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ဒါ့အပြင် သတ်မှတ် ပရိယတ္တိစာမေးပွဲ အနည်းဆုံး သုံးခုအောင်မြင်ရမယ်လို့လည်း ပါရှိပါတယ်။

BBC Burmese
https://www.bbc.com
ပါေမာကၡခ်ဳပ္ရာထူး ဓမၼဒူတဆရာေတာ္ ေဒါက္တာအရွင္ေဆကိႏၵကို ခန္႔အပ္ဖို႔ စီစဥ္ ပါေမာကၡခ်ဳပ္ရာထူး ဓမၼဒူတဆရာေတာ္ ေဒါက္တာအရွင္ေဆကိႏၵကို ခန္႔အပ္ဖို႔ စီစဥ္ Reviewed by THITHTOOLWIN on 22:13 Rating: 5
Powered by Blogger.