႐ိုဟင္ဂ်ာအေရး အိုင္စီေဂ်မွာ ေမာ္လ္ဒိုက္ တရားဝင္ ပူးေပါင္း၊ အမားလ္ ကလူနီကို ေရွ႕ေနငွား

 ေမာ္လ္ဒိုက္သမၼတေဟာင္းအတြက္ ေအာင္ေအာင္ျမင္ျမင္ ေရွ႕ေနလိုက္ေပးခဲ့ဖူးတဲ့ အမားလ္ ကလူနီကို ငွားရမ္းထား
(Zawgyi)⤵⤵⤵
႐ိုဟင္ဂ်ာ အေရး ကုလသမဂၢ အျမင့္ဆုံးတရား႐ုံး ICJ မွာ ျမန္မာကို ဂမ္ဘီယာက တရားစြဲဆိုထားတာကို ေမာ္လ္ဒိုက္ႏိုင္ငံက တရားဝင္ ပူးေပါင္းပါဝင္မယ္လို႔ ေဖေဖာ္ဝါရီ ၂၆ ရက္မွာ ေၾကညာလိုက္ပါတယ္။

ဒါ့အတြက္ ထင္ရွားတဲ့ လူ႔အခြင့္အေရး ေရွ႕ေန အမားလ္ ကလူနီကို ငွားရမ္းထားတယ္လို႔လည္း ေျပာပါတယ္။

အိႏၵိယသမုဒၵရာထဲက ေတာင္အာရွကြၽန္းႏိုင္ငံ ေမာ္လ္ဒိုက္ဟာ ကမာၻလွည့္ ခရီးသြားေတြ စိတ္ဝင္စားတဲ့ႏိုင္ငံ တစ္ႏိုင္ငံျဖစ္ပါတယ္။

ျမန္မာႏိုင္ငံက လူမ်ိဳးတုံး သတ္ျဖတ္မႈ တားဆီးေရး ဂ်ီႏိုဆိုက္ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တယ္ဆိုၿပီး ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုၿပီး ၾကားျဖတ္အစီအမံခ်မွတ္ေပးဖို႔ ICJ မွာေတာင္းဆိုခဲ့ပါတယ္။

ဒီလိုေတာင္းဆိုထားတာကို ICJ က အခုႏွစ္ ဇန္နဝါရီ ၂၃ ရက္မွာ ႐ိုဟင္ဂ်ာေတြကို လူမ်ိဳးတုံး သတ္ျဖတ္မႈ အကာအကြယ္ေပးေရး အပါအဝင္ ၾကားျဖတ္ အစီအမံ ေလးခ်က္ကို ခ်မွတ္ခဲ့ပါတယ္။

ျမန္မာအစိုးရဘက္ကေတာ့ ဒီလို ခ်မွတ္ထားတာေတြကို မွတ္သားထားမယ္လို႔ တုံ႔ျပန္ထားပါတယ္။

ဒါေၾကာင့္ အခုက လူမ်ိဳးတုံးသတ္ျဖတ္မႈ ရွိမရွိ စြပ္စြဲထားတဲ့ အမႈႀကီးကို တရား႐ုံးမွာ ဆက္လက္ ရင္ဆိုင္ရမယ့္ အဆင့္ကို ေရာက္ရွိေနပါၿပီ။

ICJ က ၾကားျဖတ္အစီအမံေလးခ်က္ ခ်မွတ္ခဲ့
အဲဒီလို အေျခအေနမွာ ေမာ္လ္ဒိုက္ႏိုင္ငံက အခုလို ပူးေပါင္းပါဝင္လာတာျဖစ္ပါတယ္။ ဂမ္ဘီယာလိုပဲ ေမာ္လ္ဒိုက္ႏိုင္ငံဟာ အစၥလာမၼစ္ႏိုင္ငံမ်ားပူးေပါင္းေဆာင္႐ြက္ေရး OIC အဖြဲ႕ဝင္ႏိုင္ငံျဖစ္ပါတယ္။

ေမာ္လ္ဒိုက္က ငွားရမ္းထားတဲ့ ေရွ႕ေန အမားလ္ ကလူနီဟာ ေဟာလိဝုဒ္ သ႐ုပ္ေဆာင္ ေဂ်ာ့္ခ်္ ကလူနီရဲ႕ဇနီးျဖစ္ၿပီး သူဟာ ေမာ္လ္ဒိုက္ သမၼတေဟာင္းအတြက္ ကုလသမဂၢမွာ ေအာင္ေအာင္ျမင္ျမင္ ေရွ႕ေနလိုက္ေပးခဲ့ဖူးသူ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ရိုဟင်ဂျာအရေး အိုင်စီဂျေမှာ မော်လ်ဒိုက် တရားဝင် ပူးပေါင်း၊ အမားလ် ကလူနီကို ရှေ့နေငှား

ဓာတ်ပုံ မူပိုင် Getty Images
Image caption မော်လ်ဒိုက်သမ္မတဟောင်းအတွက် အောင်အောင်မြင်မြင် ရှေ့နေလိုက်ပေးခဲ့ဖူးတဲ့ အမားလ် ကလူနီကို ငှားရမ်းထား

ရိုဟင်ဂျာ အရေး ကုလသမဂ္ဂ အမြင့်ဆုံးတရားရုံး ICJ မှာ မြန်မာကို ဂမ်ဘီယာက တရားစွဲဆိုထားတာကို မော်လ်ဒိုက်နိုင်ငံက တရားဝင် ပူးပေါင်းပါဝင်မယ်လို့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ကြေညာလိုက်ပါတယ်။

ဒါ့အတွက် ထင်ရှားတဲ့ လူ့အခွင့်အရေး ရှေ့နေ အမားလ် ကလူနီကို ငှားရမ်းထားတယ်လို့လည်း ပြောပါတယ်။

အိန္ဒိယသမုဒ္ဒရာထဲက တောင်အာရှကျွန်းနိုင်ငံ မော်လ်ဒိုက်ဟာ ကမ္ဘာလှည့် ခရီးသွားတွေ စိတ်ဝင်စားတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေး ဂျီနိုဆိုက် သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုပြီး ကြားဖြတ်အစီအမံချမှတ်ပေးဖို့ ICJ မှာတောင်းဆိုခဲ့ပါတယ်။

ဒီလိုတောင်းဆိုထားတာကို ICJ က အခုနှစ် ဇန်နဝါရီ ၂၃ ရက်မှာ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှု အကာအကွယ်ပေးရေး အပါအဝင် ကြားဖြတ် အစီအမံ လေးချက်ကို ချမှတ်ခဲ့ပါတယ်။

မြန်မာအစိုးရဘက်ကတော့ ဒီလို ချမှတ်ထားတာတွေကို မှတ်သားထားမယ်လို့ တုံ့ပြန်ထားပါတယ်။

ဒါကြောင့် အခုက လူမျိုးတုံးသတ်ဖြတ်မှု ရှိမရှိ စွပ်စွဲထားတဲ့ အမှုကြီးကို တရားရုံးမှာ ဆက်လက် ရင်ဆိုင်ရမယ့် အဆင့်ကို ရောက်ရှိနေပါပြီ။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ICJ က ကြားဖြတ်အစီအမံလေးချက် ချမှတ်ခဲ့

အဲဒီလို အခြေအနေမှာ မော်လ်ဒိုက်နိုင်ငံက အခုလို ပူးပေါင်းပါဝင်လာတာဖြစ်ပါတယ်။ ဂမ်ဘီယာလိုပဲ မော်လ်ဒိုက်နိုင်ငံဟာ အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေး OIC အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။

မော်လ်ဒိုက်က ငှားရမ်းထားတဲ့ ရှေ့နေ အမားလ် ကလူနီဟာ ဟောလိဝုဒ် သရုပ်ဆောင် ဂျော့်ချ် ကလူနီရဲ့ဇနီးဖြစ်ပြီး သူဟာ မော်လ်ဒိုက် သမ္မတဟောင်းအတွက် ကုလသမဂ္ဂမှာ အောင်အောင်မြင်မြင် ရှေ့နေလိုက်ပေးခဲ့ဖူးသူ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
႐ိုဟင္ဂ်ာအေရး အိုင္စီေဂ်မွာ ေမာ္လ္ဒိုက္ တရားဝင္ ပူးေပါင္း၊ အမားလ္ ကလူနီကို ေရွ႕ေနငွား ႐ိုဟင္ဂ်ာအေရး အိုင္စီေဂ်မွာ ေမာ္လ္ဒိုက္ တရားဝင္ ပူးေပါင္း၊ အမားလ္ ကလူနီကို ေရွ႕ေနငွား Reviewed by THITHTOOLWIN on 01:24 Rating: 5
Powered by Blogger.