ကို႐ိုနာ ဗိုင္းရပ္စ္ - ဝူဟန္က လူငါးဦး ျမန္မာမွာ ရွာေပးဖို႔ တ႐ုတ္ရဲေျပာ၊ တစ္ဦး တ႐ုတ္ဘက္ျပန္လႊဲ

 ေ႐ႊလီဘက္ကေနတဆင့္ မူဆယ္ဘက္ကို ေရာက္ေနႏိုင္လို႔ ရွာေပးဖို႔ေျပာ
(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ျမန္ဆန္ေနခ်ိန္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ စတင္ပ်ံ႕ႏွံ႔ခဲ့တဲ့ ဝူဟန္ၿမိဳ႕က တ႐ုတ္ႏိုင္ငံသားငါးဦး ျမန္မာဘက္ကို ေရာက္ေနတယ္လို႔ သတင္းရလို႔ စစ္ေပးဖို႔ တ႐ုတ္ရဲတပ္ဖြဲ႕က အေၾကာင္းၾကားခဲ့ပါတယ္။

သူတို႔ဟာ ေ႐ႊလီကေနတဆင့္ ျမန္မာဘက္က မူဆယ္ၿမိဳ႕ကို ေရာက္ေနတယ္လို႔ သတင္းရတဲ့အတြက္ ရွာေပးဖို႔ ေဖေဖာ္ဝါရီ ၅ ရက္မွာ မူဆယ္ခ႐ိုင္ရဲမႉးကို အေၾကာင္းၾကားခဲ့တာ ျဖစ္ပါတယ္။

ရွာေဖြခိုင္းသူ အမ်ိဳးသား ေလးဦးနဲ႔ အမ်ိဳးသမီး တစ္ဦးမွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈ သံသယရွိလို႔ ျမန္မာႏိုင္ငံကို ကူးစက္ႏိုင္တဲ့အတြက္ ႀကိဳတင္ အေၾကာင္းၾကားတာလို႔ ဆိုပါတယ္။

ဒီလို အေၾကာင္းၾကားစာ ေရာက္လာေပမဲ့ သူတို႔ေဒသမွာ ဗိုင္းရပ္စ္ ကူးစက္မႈရွိမရွိ လူတိုင္းကို စစ္ေဆးခ်ိန္မွာ သူတို႔ေတြဟာ မစစ္ရေသးသူေတြျဖစ္လို႔ ရွာေဖြခိုင္းတာသာ ျဖစ္တယ္လို႔ ဒီကိစၥနဲ႔ပတ္သက္ၿပီး ေျပာေရးဆိုခြင့္ရွိသူ မူဆယ္ၿမိဳ႕က ျပန္ဆက္ဦးစီးအရာရွိ ဦးအယ္စိုးထန္းက ဘီဘီစီကို ေျပာပါတယ္။

ေလာေလာဆယ္မွာ အဲဒီရွာေဖြခိုင္းသူေတြထဲက အမ်ိဳးသမီးတစ္ဦးကို ပန္ဆိုင္းမွာ ရွာေတြ႕ၿပီ ျဖစ္ၿပီး က်န္ေလးဦးကိုေတာ့ ရွာမေတြ႕ေသးဘူးလို႔ ဦးအယ္စိုးထန္းက ေျပာပါတယ္။

တ႐ုတ္ခရီးသြားေတြကို တာခ်ီလိတ္ ထိုင္း-ျမန္မာနယ္စပ္မွာ အပူခ်ိန္တိုင္းတာေနစဥ္
အခု ရွာေတြ႕ခဲ့တဲ့ အမ်ိဳးသမီးမွာ အဖ်ားမရွိေၾကာင္းနဲ႔ သူ႔ကို တ႐ုတ္ႏိုင္ငံဘက္ကို ျပန္လႊဲေပးလိုက္ၿပီျဖစ္ေၾကာင္းလည္း ဦးအယ္စိုးထန္းက ေျပာပါတယ္။

အဲဒီအမ်ိဳးသမီးက ပန္ဆိုင္းက သူ႔သားသမီးေတြရွိရာကိုလာသူ ျဖစ္ၿပီး ျမန္မာဘက္ကို ဇန္နဝါရီ ၁၅ ရက္ ကတည္းက တ႐ုတ္ႏွစ္သစ္ကူး ပိတ္ရက္အတြက္ ျပန္ေရာက္ေနတာလို႔ သိရပါတယ္။

ဒါ့အျပင္ က်န္ေနေသးတဲ့ ေလးေယာက္ဟာ အခုလတ္တေလာမွာ ဝူဟန္ကို သြားလာဖူးသူေတြ မဟုတ္ဘူးလို႔လည္း ဦးအယ္စိုးထန္းက ေျပာပါတယ္။

သူတို႔ေတြ ျမန္မာဘက္ကို တရားဝင္ ဒါမွမဟုတ္ ဘယ္လို ေရာက္လာတာလဲ ဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

လတ္တေလာမွာ ကို႐ိုနာဗိုင္းရပ္စ္ဟာ ကူးစက္မႈ ျမန္ဆန္ၿပီး လူအခ်င္းခ်င္း ကူးစက္ႏိုင္ေျခရွိလို႔ ျမန္မာဘက္က က်န္းမာေရး ဝန္ႀကီးဌာနက ေရာဂါကူးစက္မႈ တားဆီးေရး အရွိန္ျမႇင့္လုပ္မယ္လို႔ ေျပာထားပါတယ္။

ျမန္မာ ႏိုင္ငံအေနနဲ႔ နယ္စပ္ အဝင္အထြက္ဂိတ္ေတြမွာ ဇန္နဝါရီ ၂၆ ရက္ ေနာက္ပိုင္း ဝင္ထြက္သြားလာသူတိုင္းကို အဖ်ားတိုင္း စစ္ေဆးတာ၊ ႏွာေခါင္းစည္းေပးေဝတာေတြ လုပ္ၿပီး ဖ်ားနာတာေတြ႕ရင္ ဝူဟန္နဲ႔ ဆက္စပ္မႈ ရွိမရွိ ေမးျမန္းတာေတြကို လုပ္ေနတယ္လို႔ ဦးအယ္စိုးထန္းက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံထဲမွာ ေဆး႐ုံႏွစ္႐ုံ အသစ္တည္ေဆာက္တာနဲ႔ ေနာက္ထပ္ လူတစ္ေသာင္းဆံ့ ေရာဂါကုသေရးေနရာေတြ ဖန္တီးတာေတြ လုပ္ေပမဲ့ ေရာဂါကူးစက္မႈတုံ႔ျပန္ရာမွာ လိုအပ္ခ်က္ေတြ ရွိေနေသးတယ္လို႔ တ႐ုတ္အစိုးရက ဝန္ခံထားပါတယ္။

ဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ လူ ၆၃၆ ေယာက္ ေသဆုံးခဲ့ၿပီး လူေပါင္း ၃၁,၁၉၈ ကို တ႐ုတ္ႏိုင္ငံထဲမွာ ကူးစက္ထားပါတယ္။ ဒါ့အျပင္ တျခားႏိုင္ငံ ၂၅ ႏိုင္ငံကို ကူးစက္ထားပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
ကိုရိုနာ ဗိုင်းရပ်စ် - ဝူဟန်က လူငါးဦး မြန်မာမှာ ရှာပေးဖို့ တရုတ်ရဲပြော၊ တစ်ဦး တရုတ်ဘက်ပြန်လွှဲ

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ရွှေလီဘက်ကနေတဆင့် မူဆယ်ဘက်ကို ရောက်နေနိုင်လို့ ရှာပေးဖို့ပြော

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြန်ဆန်နေချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စတင်ပျံ့နှံ့ခဲ့တဲ့ ဝူဟန်မြို့က တရုတ်နိုင်ငံသားငါးဦး မြန်မာဘက်ကို ရောက်နေတယ်လို့ သတင်းရလို့ စစ်ပေးဖို့ တရုတ်ရဲတပ်ဖွဲ့က အကြောင်းကြားခဲ့ပါတယ်။

သူတို့ဟာ ရွှေလီကနေတဆင့် မြန်မာဘက်က မူဆယ်မြို့ကို ရောက်နေတယ်လို့ သတင်းရတဲ့အတွက် ရှာပေးဖို့ ဖေဖော်ဝါရီ ၅ ရက်မှာ မူဆယ်ခရိုင်ရဲမှူးကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ရှာဖွေခိုင်းသူ အမျိုးသား လေးဦးနဲ့ အမျိုးသမီး တစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု သံသယရှိလို့ မြန်မာနိုင်ငံကို ကူးစက်နိုင်တဲ့အတွက် ကြိုတင် အကြောင်းကြားတာလို့ ဆိုပါတယ်။

ဒီလို အကြောင်းကြားစာ ရောက်လာပေမဲ့ သူတို့ဒေသမှာ ဗိုင်းရပ်စ် ကူးစက်မှုရှိမရှိ လူတိုင်းကို စစ်ဆေးချိန်မှာ သူတို့တွေဟာ မစစ်ရသေးသူတွေဖြစ်လို့ ရှာဖွေခိုင်းတာသာ ဖြစ်တယ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ မူဆယ်မြို့က ပြန်ဆက်ဦးစီးအရာရှိ ဦးအယ်စိုးထန်းက ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာ အဲဒီရှာဖွေခိုင်းသူတွေထဲက အမျိုးသမီးတစ်ဦးကို ပန်ဆိုင်းမှာ ရှာတွေ့ပြီ ဖြစ်ပြီး ကျန်လေးဦးကိုတော့ ရှာမတွေ့သေးဘူးလို့ ဦးအယ်စိုးထန်းက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် TACHILEIK NEWS AGENCY
Image caption တရုတ်ခရီးသွားတွေကို တာချီလိတ် ထိုင်း-မြန်မာနယ်စပ်မှာ အပူချိန်တိုင်းတာနေစဉ်

အခု ရှာတွေ့ခဲ့တဲ့ အမျိုးသမီးမှာ အဖျားမရှိကြောင်းနဲ့ သူ့ကို တရုတ်နိုင်ငံဘက်ကို ပြန်လွှဲပေးလိုက်ပြီဖြစ်ကြောင်းလည်း ဦးအယ်စိုးထန်းက ပြောပါတယ်။

အဲဒီအမျိုးသမီးက ပန်ဆိုင်းက သူ့သားသမီးတွေရှိရာကိုလာသူ ဖြစ်ပြီး မြန်မာဘက်ကို ဇန်နဝါရီ ၁၅ ရက် ကတည်းက တရုတ်နှစ်သစ်ကူး ပိတ်ရက်အတွက် ပြန်ရောက်နေတာလို့ သိရပါတယ်။

ဒါ့အပြင် ကျန်နေသေးတဲ့ လေးယောက်ဟာ အခုလတ်တလောမှာ ဝူဟန်ကို သွားလာဖူးသူတွေ မဟုတ်ဘူးလို့လည်း ဦးအယ်စိုးထန်းက ပြောပါတယ်။

သူတို့တွေ မြန်မာဘက်ကို တရားဝင် ဒါမှမဟုတ် ဘယ်လို ရောက်လာတာလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လတ်တလောမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစက်မှု မြန်ဆန်ပြီး လူအချင်းချင်း ကူးစက်နိုင်ခြေရှိလို့ မြန်မာဘက်က ကျန်းမာရေး ဝန်ကြီးဌာနက ရောဂါကူးစက်မှု တားဆီးရေး အရှိန်မြှင့်လုပ်မယ်လို့ ပြောထားပါတယ်။

မြန်မာ နိုင်ငံအနေနဲ့ နယ်စပ် အဝင်အထွက်ဂိတ်တွေမှာ ဇန်နဝါရီ ၂၆ ရက် နောက်ပိုင်း ဝင်ထွက်သွားလာသူတိုင်းကို အဖျားတိုင်း စစ်ဆေးတာ၊ နှာခေါင်းစည်းပေးဝေတာတွေ လုပ်ပြီး ဖျားနာတာတွေ့ရင် ဝူဟန်နဲ့ ဆက်စပ်မှု ရှိမရှိ မေးမြန်းတာတွေကို လုပ်နေတယ်လို့ ဦးအယ်စိုးထန်းက ပြောပါတယ်။

တရုတ်နိုင်ငံထဲမှာ ဆေးရုံနှစ်ရုံ အသစ်တည်ဆောက်တာနဲ့ နောက်ထပ် လူတစ်သောင်းဆံ့ ရောဂါကုသရေးနေရာတွေ ဖန်တီးတာတွေ လုပ်ပေမဲ့ ရောဂါကူးစက်မှုတုံ့ပြန်ရာမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ တရုတ်အစိုးရက ဝန်ခံထားပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုကြောင့် လူ ၆၃၆ ယောက် သေဆုံးခဲ့ပြီး လူပေါင်း ၃၁,၁၉၈ ကို တရုတ်နိုင်ငံထဲမှာ ကူးစက်ထားပါတယ်။ ဒါ့အပြင် တခြားနိုင်ငံ ၂၅ နိုင်ငံကို ကူးစက်ထားပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာ ဗိုင္းရပ္စ္ - ဝူဟန္က လူငါးဦး ျမန္မာမွာ ရွာေပးဖို႔ တ႐ုတ္ရဲေျပာ၊ တစ္ဦး တ႐ုတ္ဘက္ျပန္လႊဲ ကို႐ိုနာ ဗိုင္းရပ္စ္ - ဝူဟန္က လူငါးဦး ျမန္မာမွာ ရွာေပးဖို႔ တ႐ုတ္ရဲေျပာ၊ တစ္ဦး တ႐ုတ္ဘက္ျပန္လႊဲ Reviewed by THITHTOOLWIN on 00:35 Rating: 5
Powered by Blogger.