ဘဏ်လုပ်ငန်းတခုတွေ ငွေများ ရေတွက်နေသည့် ၀န်ထမ်းများ (သတင်းဓာတ်ပုံ- ဧပြီ၊ ၀၂၊ ၂၀၁၂)
(Zawgyi/Unicode)
ပြင်သစ်အခြေစိုက် ဘဏ္ဍာငွေကြေးအရေးယူမှုလုပ်ငန်းအဖွဲ့ FATF က ပါရီမြို့တော်မှာ သောကြာနေ့အဆုံးသတ်မယ့် မဏာမစည်းဝေးပွဲတွေ အပြီးဆုံးဖြတ်ချက်ကို ကြေညာမယ်လို့ ခန့်မှန်းရပါတယ်။
ငွေမည်းဝါချမှု တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကဆောင်ရွက်ရမယ့် အရေးယူဆောင်ရွက်ချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ခြင်း မရှိတဲ့အတွက် စောင့်ကြည့် Gray list စာရင်းသွင်းခံရမှာဖြစ်တယ်လို့ ဒီအကြောင်းတွေကို သိရှိတဲ့ သတင်းဇစ်မြစ် ၂ ခုကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။
ဘဏ္ဍာငွေကြေးအရေးယူမှုလုပ်ငန်းအဖွဲ့ FATF က ပါရီမြို့တော်မှာ သောကြာနေ့အဆုံးသတ်မယ့် မဏာမစည်းဝေးပွဲတွေ အပြီးဆုံးဖြတ်ချက်ကို ကြေညာမယ်လို့ ခန့်မှန်းရပါတယ်။
[Unicode Version]
ငွေမည်းခဝါချ စောင့်ကြည့်နိုင်ငံစာရင်းထဲ မြန်မာနိုင်ငံ ထည့်သွင်းခံရတော့မလား
ကမ္ဘာတဝန်း ဘဏ္ဍာငွေကြေးဆိုင်ရာ မသာမှုတွေကို စောင့်ကြည့်နေတဲ့အဖွဲ့ရဲ့ စောင့်ကြည့် Gray list စာရင်းထဲမှာ မြန်မာနိုင်ငံ ထည့်သွင်းခံရဖို့ ရှိနေတယ်လို့ Reuters သတင်းတပုဒ်က ဖော်ပြလိုက်ပါတယ်။
ပြင်သစ်အခြေစိုက် က် မြန်မာနိုင်ငံကဆောင်ရွက်ရမယ့် အရေးယူဆောင်ရွက်ချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ခြင်း မရှိတဲ့အတွက် စောင့်ကြည့် Gray list စာရင်းသွင်းခံရမှာဖြစ်တယ်လို့ ဒီအကြောင်းတွေကို သိရှိတဲ့ သတင်းဇစ်မြစ် ၂ ခုကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။
ငွေမည်းခဝါချမှု တိုက်ဖျက်ရေး၊ အကြမ်းဖက်အဖွဲ့တွေကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးတို့အတွက် လုံလောက်တဲ့ အရေးယူဆောင်ရွက်ခြင်းမရှိတဲ့ နိုင်ငံတွေကို FATF အဖွဲ့က စုံစမ်းစောင့်ကြည့်ပြီး Gray list စာရင်းသွင်းလေ့ရှိပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံစာရင်းသွင်းခံရခြင်း မရှိသေးကြောင်းနဲ့ ကြာသပတေးနေ့လုပ်မယ့် ပဏာမစည်းဝေးပွဲတခုအတွင်း ဆုံးဖြတ်မှာဖြစ်ကြောင်း ပါရီမြို့တော်က FATF အစည်းအဝေးတွေ တက်ရောက်နေတဲ့ ငွေကြေးစုံစမ်း ထောက်လှမ်းရေးဌာန အကြီးအကဲ ဦးကျော်ဝင်းသိန်းရဲ့ အပြောကိုလည်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။
ငွေမည်းခဝါချမှုကို တိုက်ဖျက်တဲ့ အစီအစဉ်တွေကို မဟာဗြူဟာချဆောင်ရွက်ခဲ့တယ်လို့ သူကပြောပါတယ်။ FATF ရဲ့ Gray list စာရင်းသွင်းခံရတဲ့ နိုင်ငံတွေအနေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုခံရတာမျိုး မရှိပေမဲ့ ဘဏ္ဍာရေး၊ ရင်းနှီးမြှုပ်နှံံမှုနဲ့ ကုန်သွယ်ရေးစီးဆင်းမှုတွေမှာ အတားအဆီးတွေ ရှိနိုင်ပါတယ်။
မူးယစ်ဆေး တရားမဝင်ထုတ်လုပ်မှု၊ လူကုန်ကူးမှုတွေရဲ့ ဗဟိုချက်မဖြစ်တဲ့ ရွှေတြိဂံဒေသထဲပါဝင်နေတဲ့ မြန်မာနိုင်ငံမှာ တရားမဝင် ကျောက်စိမ်းထုတ်လုပ်မှု၊ လက်နက်မှောင်ခိုကူးမှု သစ်ခိုးထုတ်မှု စတဲ့ပြဿနာတွေရှိနေတယ်လို့ ၂၀၁၈ ခုနှစ်က ထုတ်ပြန်တဲ့ FATF ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကြီးမားတဲ့ ရာဇဝတ်မှုတွေမြင့်တက်နေပြီး ငွေဖြူ ငွေမည်းခဝါချတဲ့ ပြဿနာ သိပ်ကိုသိသာထင်ရှားနေတယ်လို့ အဲဒီအစီရင်ခံစာမှာ ပြောထားပါတယ်။ ဒါတင်မက နယ်စပ်ဖြတ်ကျော် ရာဇတ်မှု အကြီးအကျယ်ကျူးလွန်နေတဲ့ အဖွဲ့တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကြား ဆက်နွယ်မှု ရှိတယ်ဆိုတာကိုလည်း အဲဒီအစီရင်ခံစာမှာ ထောက်ပြခဲ့ပါတယ်။
VOA (Burmese)
https://burmese.voanews.com
ငွေမည်းခဝါချ စောင့်ကြည့်နိုင်ငံစာရင်းထဲ မြန်မာနိုင်ငံ ထည့်သွင်းခံရတော့မလား ငွေမည်းခဝါချ စောင့်ကြည့်နိုင်ငံစာရင်းထဲ မြန်မာနိုင်ငံ ထည့်သွင်းခံရတော့မလား Reviewed by THITHTOOLWIN on 01:16 Rating: 5
Powered by Blogger.