ရလခ တုိင္းရုံးရွိရာ ခုိလမ္တြင္ေရခမ္းေျခာက္မႈ ျပႆနာ ရင္ဆုိင္ေနရ

(Zawgyi)⤵⤵⤵
ေဖေဖာ္ဝါရီ ၁၈၊၂၀၂၀

ရလခတုိင္းရုံးစုိက္ရာ သွ်မ္းျပည္ ေတာင္ပိုင္း ခိုလမ္ ၿမိဳ႕နယ္ အတြင္း ေရခမ္းေျခာက္မႈ ျပႆနာ ရင္ဆိုင္ ႀကံဳေတြ႔ေနရေၾကာင္း သတင္းရရွိသည္။

ခိုလမ္ ၿမိဳ႕နယ္ အတြင္း ေရခမ္းေျခာက္မႈ သည္ ယခင္ႏွစ္ထက္ ေစာေနေၾကာင္း၊ ယခင္ႏွစ္တြင္ ေႏြရာသီေရာက္မွသာ ေရစတင္ခမ္းလာေၾကာင္း ခုိလမ္ၿမိဳ႕ ေဒသခံ စိုိင္းမြန္း က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ အရင္ကဆုိ သူမ်ားအိမ္ေရခမ္းရင္ေတာင္ က်ေနာ္တုိ႔ အိမ္ေရမခမ္းဘူး။ ေသာက္ဖုိ႔ ေရခ်ိဳးဖို႔ လံုေလာက္တယ္။ ဒီႏွစ္ က်ေနာ္တုိ႔ ေရတြင္းလည္း ေတာ္ေတာ္ခမ္းေနၿပီ၊ သုံးဖုိ့ တျခားေနရာမွာ သြားခပ္ရတယ္” ဟု စိုင္းမြန္းအြမ္ က ဆုိသည္။

လက္ရွိ ခိုလမ္ၿမိဳ႕ ေဒသခံမ်ား သည္ ေရခမ္းေျခာက္မႈေၾကာင့္ အခက္အခဲမ်ား ရင္ဆုိင္ေနရေၾကာင္း၊ ေသာက္သံုးေရ ရရွိဖုိ႔အတြက္ ေဝးလံသည့္ ေနရာသို႔ သြားေရာက္ခပ္ယူရေၾကာင္း လည္း ေဒသခံမ်ား ေျပာျပခ်က္ အရ သိရသည္။

“ေႏြရာသီေတာင္ မေရာက္ေသးဘူး။ ေရက စခမ္းေနၿပီ။ ေႏြဆိုရင္ေတာ့ က်ေနာ္တုိ႔ ဒုကၡပိုေရာက္ႏုိင္တယ္။ ေနာင္ဖာ ေရကန္လည္း ေတာ္ေတာ္ခမ္းေနတယ္ ” ဟု ခိုလမ္ ေဒသခံ စိုင္းေက်ာ္ က ေျပာသည္။

ခုိလမ္ၿမိဳ႕ အတြင္း ေက်ာက္မီးေသြး တူးေဖာ္မႈ မရွိေသာ္လည္း သစ္ပင္မ်ား ခုတ္ယူျခင္းေၾကာင့္ ေတာင္ေပၚတြင္ သစ္ပင္မ်ားမရွိေတာ့ေၾကာင္း စိုင္းေက်ာ္ က ဆုိသည္။

ေျမလြတ္၊ ေျမလပ္ ေျမရုိင္း ဥပေဒ ထြက္ရွိလာၿပီးေနာက္ပိုင္း ၆လ အတြင္း သစ္ပင္မ်ား ခုတ္ျဖတ္ၾကသျဖင့္ မုိးရာသီ အခ်ိန္တြင္ ေျမႀကီးသည္ မုိးေရ စုပ္ယူထိန္းသိမ္းနိုင္စြမ္းမရွိေတာ့ေၾကာင္း သိရသည္။

၂၀၁၈ စက္တင္ဘာ ၁၁ရက္တြင္ ျပဌာန္းလုိက္သည့္ ေျမလြတ္၊ ေျမလပ္၊ ေျမရုိင္း ဥပေဒ အရ ေျမမ်ားကို အသံုးျပဳလိုပါက ၆လ အတြင္း မွတ္ပံုတင္ ေလွ်ာက္ရမည္ျဖစ္ၿပီး ၂၀၁၉ မတ္ ၁၁ရက္တြင္ ေနာက္ဆံုးထားေလွ်ာက္ရမည္ျဖစ္သည္။

ထုိေျမလြတ္၊ ေျမလပ္၊ ေျမရုိင္း ဥပေဒ ေလွ်ာက္ရန္ အတြက္ နီးစပ္ခ်ဳပ္ ေတာပုိင္းတြင္ သစ္ပင္မ်ား ခုတ္ျခင္း၊ ရွင္းလင္းျခင္းတုိ႔ ျပဳလုပ္ၾကသည္။

ထိုသို႔ျပဳလုပ္ျခင္းေၾကာင့္ ေတာင္ေပၚတြင္ သစ္ပင္မ်ား မရွိေတာ့ဘဲ ေျမႀကီးသည္ ေရစုပ္ယူမွဳအားနည္းလာၿပီး ေရခမ္းေျခာက္မႈမ်ား ျဖစ္လာႏုိင္ေၾကာင္း သိရသည္။

ထို ျပႆနာေၾကာင့္ ျမန္မာႏုိင္ငံ တဝွမ္း ၌ မိုးရြာသီေရာက္ရွိပါက ေရႀကီးျခင္း၊ ေႏြရာသီေရာက္ပါက ေရခမ္းေျခာက္ျခင္းတုိ႔ ျဖင့္ ရင္ဆုိင္ေနရေၾကာင္းသိရသည္။

Panglong(Burmese)
https://www.facebook.com/PanglongBurmese-263707297055054
-------------
(Unicode)⤵⤵⤵
ရလခ တိုင်းရုံးရှိရာ ခိုလမ်တွင်ရေခမ်းခြောက်မှု ပြဿနာ ရင်ဆိုင်နေရ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဖေဖော်ဝါရီ ၁၈၊၂၀၂၀

ရလခတိုင်းရုံးစိုက်ရာ သျှမ်းပြည် တောင်ပိုင်း ခိုလမ် မြို့နယ် အတွင်း ရေခမ်းခြောက်မှု ပြဿနာ ရင်ဆိုင် ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ခိုလမ် မြို့နယ် အတွင်း ရေခမ်းခြောက်မှု သည် ယခင်နှစ်ထက် စောနေကြောင်း၊ ယခင်နှစ်တွင် နွေရာသီရောက်မှသာ ရေစတင်ခမ်းလာကြောင်း ခိုလမ်မြို့ ဒေသခံ စိုင်းမွန်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ အရင်ကဆို သူများအိမ်ရေခမ်းရင်တောင် ကျနော်တို့ အိမ်ရေမခမ်းဘူး။ သောက်ဖို့ ရေချိုးဖို့ လုံလောက်တယ်။ ဒီနှစ် ကျနော်တို့ ရေတွင်းလည်း တော်တော်ခမ်းနေပြီ၊ သုံးဖို့ တခြားနေရာမှာ သွားခပ်ရတယ်” ဟု စိုင်းမွန်းအွမ် က ဆိုသည်။

လက်ရှိ ခိုလမ်မြို့ ဒေသခံများ သည် ရေခမ်းခြောက်မှုကြောင့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း၊ သောက်သုံးရေ ရရှိဖို့အတွက် ဝေးလံသည့် နေရာသို့ သွားရောက်ခပ်ယူရကြောင်း လည်း ဒေသခံများ ပြောပြချက် အရ သိရသည်။

“နွေရာသီတောင် မရောက်သေးဘူး။ ရေက စခမ်းနေပြီ။ နွေဆိုရင်တော့ ကျနော်တို့ ဒုက္ခပိုရောက်နိုင်တယ်။ နောင်ဖာ ရေကန်လည်း တော်တော်ခမ်းနေတယ် ” ဟု ခိုလမ် ဒေသခံ စိုင်းကျော် က ပြောသည်။

ခိုလမ်မြို့ အတွင်း ကျောက်မီးသွေး တူးဖော်မှု မရှိသော်လည်း သစ်ပင်များ ခုတ်ယူခြင်းကြောင့် တောင်ပေါ်တွင် သစ်ပင်များမရှိတော့ကြောင်း စိုင်းကျော် က ဆိုသည်။

မြေလွတ်၊ မြေလပ် မြေရိုင်း ဥပဒေ ထွက်ရှိလာပြီးနောက်ပိုင်း ၆လ အတွင်း သစ်ပင်များ ခုတ်ဖြတ်ကြသဖြင့် မိုးရာသီ အချိန်တွင် မြေကြီးသည် မိုးရေ စုပ်ယူထိန်းသိမ်းနိုင်စွမ်းမရှိတော့ကြောင်း သိရသည်။

၂၀၁၈ စက်တင်ဘာ ၁၁ရက်တွင် ပြဌာန်းလိုက်သည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေ အရ မြေများကို အသုံးပြုလိုပါက ၆လ အတွင်း မှတ်ပုံတင် လျှောက်ရမည်ဖြစ်ပြီး ၂၀၁၉ မတ် ၁၁ရက်တွင် နောက်ဆုံးထားလျှောက်ရမည်ဖြစ်သည်။

ထိုမြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေ လျှောက်ရန် အတွက် နီးစပ်ချုပ် တောပိုင်းတွင် သစ်ပင်များ ခုတ်ခြင်း၊ ရှင်းလင်းခြင်းတို့ ပြုလုပ်ကြသည်။

ထိုသို့ပြုလုပ်ခြင်းကြောင့် တောင်ပေါ်တွင် သစ်ပင်များ မရှိတော့ဘဲ မြေကြီးသည် ရေစုပ်ယူမှုအားနည်းလာပြီး ရေခမ်းခြောက်မှုများ ဖြစ်လာနိုင်ကြောင်း သိရသည်။

ထို ပြဿနာကြောင့် မြန်မာနိုင်ငံ တဝှမ်း ၌ မိုးရွာသီရောက်ရှိပါက ရေကြီးခြင်း၊ နွေရာသီရောက်ပါက ရေခမ်းခြောက်ခြင်းတို့ ဖြင့် ရင်ဆိုင်နေရကြောင်းသိရသည်။

Panglong(Burmese)
https://www.facebook.com/PanglongBurmese-263707297055054
ရလခ တုိင္းရုံးရွိရာ ခုိလမ္တြင္ေရခမ္းေျခာက္မႈ ျပႆနာ ရင္ဆုိင္ေနရ ရလခ တုိင္းရုံးရွိရာ ခုိလမ္တြင္ေရခမ္းေျခာက္မႈ ျပႆနာ ရင္ဆုိင္ေနရ Reviewed by THITHTOOLWIN on 21:54 Rating: 5
Powered by Blogger.