ဒဲရက္မက္ေကး၊ ေယာက္်ားေလးတေယာက္ဆီ ပို႔တဲ့ စာေတြေၾကာင့္ ထြက္ရတဲ့ စေကာ့တလန္ဝန္ႀကီး

စေကာ့တလန္ရဲ႕ ဝန္ႀကီးခ်ဳပ္ေလာင္းအျဖစ္ တစ္ေျပးခဲ့တဲ့ မစၥတာ မက္ေကး
(Zawgyi)⤵⤵⤵
လူမႈကြန္ရက္ေပၚမွာေတြ႕တဲ့ ၁၆ ႏွစ္အ႐ြယ္ ေယာက္်ားေလး တဦးကို စာပို႔တယ္ ဆိုတဲ့ သတင္းေတြ ထြက္လာၿပီးေနာက္ ဘက္ဂ်က္အေၾကာင္း မိန္႔ခြန္းမေျပာခင္ နာရီပိုင္းအတြင္းမွာပဲ စေကာ့တလန္ ဘ႑ာေရး ဝန္ႀကီး ရာထူးက ႏုတ္ထြက္သြားပါတယ္။

ဒဲရက္မက္ေကးဟာ ဒီေယာက္်ားေလးကို ေျခာက္လေလာက္ ဆက္သြယ္ေနခဲ့ၿပီး ခ်စ္စရာေကာင္းတယ္လို႔ ေျပာခဲ့ေၾကာင္း စေကာ့တစ္ရွ္ ဆန္းသတင္းစာက ေရးသားပါတယ္။

႐ူးမိုက္စြာ ျပဳမူခဲ့မိတယ္လို႔ မစၥတာမက္ေကး ဝန္ခံခဲ့ၿပီး တာဝန္ယူတဲ့အေနနဲ႔ ႏုတ္ထြက္ခဲ့တာပါ။

သူဆက္သြယ္ခဲ့တဲ့ ေယာက္်ားေလးနဲ႔ မိသားစုကိုလည္း မက္ေကး ေတာင္းပန္ခဲ့ပါတယ္။

စေကာ့တလန္ရဲ႕ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ နစ္ကိုလာ စတာဂ်င္ကလည္း မစၥတာမက္ေကးရဲ႕ လက္မခံႏိုင္စရာ အျပဳအမူအေၾကာင္း ေဖေဖာ္ဝါရီလ ၅ ရက္ညေနအထိ မသိခဲ့ဘူးလို႔ ေျပာပါတယ္။ ေနာက္ မက္ေကးကို ဒီလို စြပ္စြဲေျပာဆိုတာေတြ ရွိသလား သတိမထားမိဘူးလို႔လည္း ဆိုပါတယ္။
စေကာ့တလန္လႊတ္ေတာ္မွာ ႏုတ္ထြက္မႈ ႐ိုက္ခတ္ခဲ့
ေနာက္ထပ္ စစ္ေဆးမႈေတြ မၿပီးမခ်င္း မစၥတာမက္ေကးကို စေကာ့အမ်ိဳးသားေရးပါတီကေန ဆိုင္းငံ့ထားတယ္လို႔လည္း မစၥ စတာဂ်င္က စေကာ့တလန္ လႊတ္ေတာ္မွာ ေၾကညာခဲ့ပါတယ္။

မစၥတာမက္ေကးရဲ႕ အျပဳအမူေၾကာင့္ လူငယ္တေယာက္ ထိခိုက္ႏိုင္တဲ့အတြက္ အမတ္ရာထူးက ထြက္ဖို႔လည္း စေကာ့တလန္ ကြန္ဆာေဗးတစ္ ပါတီ ေခါင္းေဆာင္ ဂ်က္ဆန္ ကာေလာက ေတာင္းဆိုခဲ့ပါတယ္။

မက္ေကးရဲ႕လုပ္ရပ္က အာဏာအလြဲသုံးစားလုပ္တာျဖစ္ၿပီး သားရဲတိရစာၦန္ဆန္တယ္လို႔လည္း စေကာ့တလန္ေလဘာပါတီ ေခါင္းေဆာင္က ဆိုပါတယ္။

အသက္ ၄၂ ႏွစ္ ရွိေနၿပီ ျဖစ္တဲ့ ဘ႑ာေရးဝန္ႀကီးေဟာင္းက မႏွစ္ ၾသဂုတ္လကစၿပီး ဒီေယာက္်ားေလးကို ဆင္ကန္းေတာတိုး ဆက္သြယ္ခဲ့တယ္ဆိုၿပီး သတင္းစာမွာ စြပ္စြဲေရးသားခဲ့တာပါ။ ေဖ့စ္ဘြတ္နဲ႔ အင္စတာဂရမ္ ကေန စာအေစာင္ ၂၇ဝ ေလာက္ ပို႔ခဲ့တယ္လို႔လည္း ဆိုပါတယ္။

ဒီစာေတြကို စာရင္းလုပ္ေဖာ္ျပရာမွာေတာ့ ဒီတပတ္ထဲမွာ ပို႔တဲ့စာေတာင္ ပါတာ ေတြ႕ရပါတယ္။ ဒီစာေတြထဲမွာ စေကာ့တလန္လႊတ္ေတာ္က သူ႔ကို ညစာစားပြဲဖိတ္တာ၊ ရဂ္ဘီ ေဘာလုံးပြဲတက္ဖို႔ ဖိတ္တာေတြလည္း ပါပါတယ္။

မစၥတာ မက္ေကးက အဲဒီေယာက္်ားေလးကို ခရစၥမတ္ေန႔မွာ အႀကိမ္မ်ားစြာ ဆက္သြယ္ခဲ့တယ္လို႔လည္း သတင္းစာက ေဖာ္ျပပါတယ္။ ေနာက္ ဆံပင္ေကအသစ္နဲ႔ ၾကည့္ေကာင္းတယ္လို႔ေတာင္ ေျပာခဲ့တယ္လို႔ ဆိုပါတယ္။

စာတေစာင္မွာေတာ့ မစၥတာမက္ေကးက ဆယ္ေက်ာ္သက္ေကာင္ေလးကို ခ်စ္စရာေကာင္းတယ္လို႔ ေျပာခဲ့တယ္လို႔ ပါရွိပါတယ္။ ေနာက္တေစာင္မွာေတာ့ ေယာက္်ားေလးက သူဟာ ၁၆ ႏွစ္သာ ရွိေသးေၾကာင္း ေျပာၿပီး ေနာက္ထပ္ မႀကိဳးစားဖို႔ မက္ေကးကို ေျပာခဲ့တယ္လို႔ ပါရွိပါတယ္။
မစၥတာမက္ေကး အျပဳအမူက စံမမီနိမ့္က်ေနလို႔ သူ႔ႏုတ္ထြက္လႊာကို ဝန္ႀကီးခ်ဳပ္လက္ခံ

ေဖေဖာ္ဝါရီလ ၆ ရက္မနက္က ထုတ္တဲ့ ေၾကညာခ်က္မွာလည္း မက္ေကးက သူ႔လုပ္ရပ္ေတြအတြက္ အျပည့္အဝ တာဝန္ယူတယ္လို႔ ဆိုပါတယ္။ သူဟာ ႐ူးမိုက္စြာ ျပဳမူခဲ့ၿပီး ဒီအတြက္ တကယ္ ေနာင္တရတယ္လို႔လည္း ေရးပါတယ္။ ထိခိုက္နစ္နာခဲ့သူနဲ႔ မိသားစုကိုလည္း ဝန္ခ်ေတာင္းပန္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

" မေန႔ညက ဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႕ၿပီး ခ်က္ခ်င္း ႏုတ္ထြက္စာ တင္ခဲ့ပါတယ္။ အစိုးရတာဝန္ ထမ္းေဆာင္ရတာ အင္မတန္ ဂုဏ္ရွိပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ေထာက္ခံသူေတြကို စိတ္ပ်က္ေအာင္ လုပ္ခဲ့မိတဲ့အတြက္ ဝမ္းနည္းပါတယ္။" လို႔ မစၥတာမက္ေကးက ေျပာၾကားခဲ့ပါတယ္။

တကယ္က မစၥတာ မက္ေကးကို စေကာ့တလန္ရဲ႕ ဝန္ႀကီးခ်ဳပ္ေလာင္းလို႔ ေတာ္ေတာ္မ်ားမ်ားက တစ္ေပးထားၾကတာ ျဖစ္ပါတယ္။ သူ႔ဇနီးနဲ႔ ၂ဝ၁၃ မွာ ျပတ္စဲခဲ့ၿပီးေနာက္ သူ႔ကိုယ္သူ လိင္တူခ်စ္သူအျဖစ္ ေၾကညာခဲ့ပါတယ္။

စေကာ့တလန္ လႊတ္ေတာ္မွာ ေနာက္ႏွစ္ အတြက္ ဘက္ဂ်က္ကို တင္ျပခါနီး နာရီပိုင္းအလိုမွာ ဒီလို ႏုတ္ထြက္ခဲ့တာလည္း ျဖစ္ပါတယ္။

စေကာ့တစ္ရွ္ ဆန္း သတင္းစာမွာ သူ႔အေၾကာင္းကို မေဖာ္ျပခင္ ေဖေဖာ္ဝါရီလ ၅ ရက္ညေနမွာ မစၥတာမက္ေကးကို သတင္းစာက ဆက္သြယ္ခဲ့တာ ျဖစ္ပါတယ္။

သူမတင္လိုက္ရတဲ့ ဘက္ဂ်က္ကိုေတာ့ အငယ္တန္း ဘ႑ာေရး ဝန္ႀကီး ကိတ္ ဖို႔ဘ္စ္က တင္ျပဖို႔ ရွိပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ဒဲရက်မက်ကေး၊ ယောက်ျားလေးတယောက်ဆီ ပို့တဲ့ စာတွေကြောင့် ထွက်ရတဲ့ စကော့တလန်ဝန်ကြီး

ဓာတ်ပုံ မူပိုင် Getty Images
Image caption စကော့တလန်ရဲ့ ဝန်ကြီးချုပ်လောင်းအဖြစ် တစ်ပြေးခဲ့တဲ့ မစ္စတာ မက်ကေး

လူမှုကွန်ရက်ပေါ်မှာတွေ့တဲ့ ၁၆ နှစ်အရွယ် ယောက်ျားလေး တဦးကို စာပို့တယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် ဘက်ဂျက်အကြောင်း မိန့်ခွန်းမပြောခင် နာရီပိုင်းအတွင်းမှာပဲ စကော့တလန် ဘဏ္ဍာရေး ဝန်ကြီး ရာထူးက နုတ်ထွက်သွားပါတယ်။

ဒဲရက်မက်ကေးဟာ ဒီယောက်ျားလေးကို ခြောက်လလောက် ဆက်သွယ်နေခဲ့ပြီး ချစ်စရာကောင်းတယ်လို့ ပြောခဲ့ကြောင်း စကော့တစ်ရှ် ဆန်းသတင်းစာက ရေးသားပါတယ်။

ရူးမိုက်စွာ ပြုမူခဲ့မိတယ်လို့ မစ္စတာမက်ကေး ဝန်ခံခဲ့ပြီး တာဝန်ယူတဲ့အနေနဲ့ နုတ်ထွက်ခဲ့တာပါ။

သူဆက်သွယ်ခဲ့တဲ့ ယောက်ျားလေးနဲ့ မိသားစုကိုလည်း မက်ကေး တောင်းပန်ခဲ့ပါတယ်။

စကော့တလန်ရဲ့ ပြည်နယ် ဝန်ကြီးချုပ် နစ်ကိုလာ စတာဂျင်ကလည်း မစ္စတာမက်ကေးရဲ့ လက်မခံနိုင်စရာ အပြုအမူအကြောင်း ဖေဖော်ဝါရီလ ၅ ရက်ညနေအထိ မသိခဲ့ဘူးလို့ ပြောပါတယ်။ နောက် မက်ကေးကို ဒီလို စွပ်စွဲပြောဆိုတာတွေ ရှိသလား သတိမထားမိဘူးလို့လည်း ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် Robert Perry
Image caption စကော့တလန်လွှတ်တော်မှာ နုတ်ထွက်မှု ရိုက်ခတ်ခဲ့

နောက်ထပ် စစ်ဆေးမှုတွေ မပြီးမချင်း မစ္စတာမက်ကေးကို စကော့အမျိုးသားရေးပါတီကနေ ဆိုင်းငံ့ထားတယ်လို့လည်း မစ္စ စတာဂျင်က စကော့တလန် လွှတ်တော်မှာ ကြေညာခဲ့ပါတယ်။

မစ္စတာမက်ကေးရဲ့ အပြုအမူကြောင့် လူငယ်တယောက် ထိခိုက်နိုင်တဲ့အတွက် အမတ်ရာထူးက ထွက်ဖို့လည်း စကော့တလန် ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် ဂျက်ဆန် ကာလောက တောင်းဆိုခဲ့ပါတယ်။

မက်ကေးရဲ့လုပ်ရပ်က အာဏာအလွဲသုံးစားလုပ်တာဖြစ်ပြီး သားရဲတိရစ္ဆာန်ဆန်တယ်လို့လည်း စကော့တလန်လေဘာပါတီ ခေါင်းဆောင်က ဆိုပါတယ်။

အသက် ၄၂ နှစ် ရှိနေပြီ ဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်းက မနှစ် သြဂုတ်လကစပြီး ဒီယောက်ျားလေးကို ဆင်ကန်းတောတိုး ဆက်သွယ်ခဲ့တယ်ဆိုပြီး သတင်းစာမှာ စွပ်စွဲရေးသားခဲ့တာပါ။ ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ် ကနေ စာအစောင် ၂၇ဝ လောက် ပို့ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီစာတွေကို စာရင်းလုပ်ဖော်ပြရာမှာတော့ ဒီတပတ်ထဲမှာ ပို့တဲ့စာတောင် ပါတာ တွေ့ရပါတယ်။ ဒီစာတွေထဲမှာ စကော့တလန်လွှတ်တော်က သူ့ကို ညစာစားပွဲဖိတ်တာ၊ ရဂ်ဘီ ဘောလုံးပွဲတက်ဖို့ ဖိတ်တာတွေလည်း ပါပါတယ်။

မစ္စတာ မက်ကေးက အဲဒီယောက်ျားလေးကို ခရစ္စမတ်နေ့မှာ အကြိမ်များစွာ ဆက်သွယ်ခဲ့တယ်လို့လည်း သတင်းစာက ဖော်ပြပါတယ်။ နောက် ဆံပင်ကေအသစ်နဲ့ ကြည့်ကောင်းတယ်လို့တောင် ပြောခဲ့တယ်လို့ ဆိုပါတယ်။

စာတစောင်မှာတော့ မစ္စတာမက်ကေးက ဆယ်ကျော်သက်ကောင်လေးကို ချစ်စရာကောင်းတယ်လို့ ပြောခဲ့တယ်လို့ ပါရှိပါတယ်။ နောက်တစောင်မှာတော့ ယောက်ျားလေးက သူဟာ ၁၆ နှစ်သာ ရှိသေးကြောင်း ပြောပြီး နောက်ထပ် မကြိုးစားဖို့ မက်ကေးကို ပြောခဲ့တယ်လို့ ပါရှိပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption မစ္စတာမက်ကေး အပြုအမူက စံမမီနိမ့်ကျနေလို့ သူ့နုတ်ထွက်လွှာကို ဝန်ကြီးချုပ်လက်ခံ

ဖေဖော်ဝါရီလ ၆ ရက်မနက်က ထုတ်တဲ့ ကြေညာချက်မှာလည်း မက်ကေးက သူ့လုပ်ရပ်တွေအတွက် အပြည့်အဝ တာဝန်ယူတယ်လို့ ဆိုပါတယ်။ သူဟာ ရူးမိုက်စွာ ပြုမူခဲ့ပြီး ဒီအတွက် တကယ် နောင်တရတယ်လို့လည်း ရေးပါတယ်။ ထိခိုက်နစ်နာခဲ့သူနဲ့ မိသားစုကိုလည်း ဝန်ချတောင်းပန်ကြောင်း ဖော်ပြခဲ့ပါတယ်။

" မနေ့ညက ဝန်ကြီးချုပ်နဲ့ တွေ့ပြီး ချက်ချင်း နုတ်ထွက်စာ တင်ခဲ့ပါတယ်။ အစိုးရတာဝန် ထမ်းဆောင်ရတာ အင်မတန် ဂုဏ်ရှိပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထောက်ခံသူတွေကို စိတ်ပျက်အောင် လုပ်ခဲ့မိတဲ့အတွက် ဝမ်းနည်းပါတယ်။" လို့ မစ္စတာမက်ကေးက ပြောကြားခဲ့ပါတယ်။

တကယ်က မစ္စတာ မက်ကေးကို စကော့တလန်ရဲ့ ဝန်ကြီးချုပ်လောင်းလို့ တော်တော်များများက တစ်ပေးထားကြတာ ဖြစ်ပါတယ်။ သူ့ဇနီးနဲ့ ၂ဝ၁၃ မှာ ပြတ်စဲခဲ့ပြီးနောက် သူ့ကိုယ်သူ လိင်တူချစ်သူအဖြစ် ကြေညာခဲ့ပါတယ်။

စကော့တလန် လွှတ်တော်မှာ နောက်နှစ် အတွက် ဘက်ဂျက်ကို တင်ပြခါနီး နာရီပိုင်းအလိုမှာ ဒီလို နုတ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

စကော့တစ်ရှ် ဆန်း သတင်းစာမှာ သူ့အကြောင်းကို မဖော်ပြခင် ဖေဖော်ဝါရီလ ၅ ရက်ညနေမှာ မစ္စတာမက်ကေးကို သတင်းစာက ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။

သူမတင်လိုက်ရတဲ့ ဘက်ဂျက်ကိုတော့ အငယ်တန်း ဘဏ္ဍာရေး ဝန်ကြီး ကိတ် ဖို့ဘ်စ်က တင်ပြဖို့ ရှိပါတယ်။

BBC Burmese
https://www.bbc.com
ဒဲရက္မက္ေကး၊ ေယာက္်ားေလးတေယာက္ဆီ ပို႔တဲ့ စာေတြေၾကာင့္ ထြက္ရတဲ့ စေကာ့တလန္ဝန္ႀကီး ဒဲရက္မက္ေကး၊ ေယာက္်ားေလးတေယာက္ဆီ ပို႔တဲ့ စာေတြေၾကာင့္ ထြက္ရတဲ့ စေကာ့တလန္ဝန္ႀကီး Reviewed by THITHTOOLWIN on 00:46 Rating: 5
Powered by Blogger.