ရခိုင္စစ္ပြဲဇုန္က ဆယ္တန္းေျဖမယ့္သူေတြ သြားလာေရး စီစဥ္ေပးဖို႔ လိုအပ္ေန


(Zawgyi)⤵⤵⤵
စာစစ္ဌာနပိတ္လို႔ ၿမိဳ႕တက္ၿပီး ဆယ္တန္းေျဖရမယ့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ က ေထာင္ခ်ီတဲ့ေက်ာင္းသူ၊ ေက်ာင္းသားအတြက္ အစိုးရက သြားလာေရးအတြက္ စီစဥ္ေပးဖို႔ လိုအပ္ေနပါတယ္။

ရခိုင္က ေက်ာင္းသားေက်ာင္းသူ ေျခာက္ေထာင္နီးပါးကို ၿမိဳ႕တက္ၿပီး ဆယ္တန္းစာေမးပြဲေျဖဆိုဖို႔ အစိုးရက အနီးကပ္စီစဥ္ေပမယ့္၊ သြားလာေရးအတြက္ ဘာမွစီစဥ္ေပးထားျခင္း မရွိေသးပါဘူး။  ဆယ္တန္းေျဖဖို႔ အခ်ိန္ ႏွစ္ပတ္ပဲက်န္ပါေတာ့တယ္။

ရခိုင္ျပည္နယ္အစိုးရက စာစစ္ဌာန ၂၀ ေလာက္ကို ပိတ္သိမ္းၿပီး ၿမိဳ႕ေပၚစာစစ္ဌာနနဲ႔ လုံၿခဳံတဲ့ေနရာေတြမွာ ေျဖဆိုဖို႔ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔က ရက္နီးကပ္မွ စီစဥ္ခဲ့ပါတယ္။

ေျမာက္ဦးနယ္က တခ်ိဳ႕ေက်ာင္းသားေတြဟာ စာေမးပြဲေျဖဆိုဖို႔ တစ္နာရီဝန္းက်င္ ကားစီးၿပီး ၿမိဳ႕ေပၚလာရမယ့္ အေနအထားႀကဳံေနတယ္လို႔   ေျမာက္ဦးလူငယ္မ်ားအစည္းအ႐ုံး MUYA ဥကၠ႒ ကိုခိုင္မင္းသွ်င္ က ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ ေျမာက္ဦးအေနအထားမွာ စာစစ္ဌာနအားလုံးက ၿမိဳ႕ေပၚကို ေျပာင္းေ႐ႊ႕ရမယ့္ အေနအထား ရွိတယ္။ ဘာတစ္ခုမွ စီစဥ္တာမ်ိဳး မရွိဘူးလို႔လည္း ၾကားရတယ္ေပါ့ေနာ္။ ေနထိုင္မယ့္ေနရာေတြ ဘာတစ္ခုမွ စီစဥ္မေပးဘူးဆိုေတာ့ သူတို႔အတြက္လည္း အဆင္မေျပဘူးေပါ့ေနာ္။”

ေရွးေဟာင္းၿမိဳ႕ေတာ္အျဖစ္ လူသိမ်ားတဲ့ေျမာက္ဦးဟာ တပ္မေတာ္နဲ႔ ရခိုင့္တပ္ေတာ္ AA တို႔ၾကား တိုက္ပြဲ ျပင္းထန္တဲ့ေနရာထဲမွာ ပါဝင္ပါတယ္။ ေက်ာက္ေတာ္နဲ႔ ေျမာက္ဦးၿမိဳ႕ကားလမ္းတေလွ်ာက္ တိုက္ပြဲေတြလည္း ျဖစ္ခဲ့ပါတယ္။ ဆယ္တန္းေျဖမယ့္ ေက်ာင္းသားတခ်ိဳ႕ဟာ အဲဒီလမ္းကို အသုံးျပဳၾကရမွာပါ။

ေျမာက္ဦးလူငယ္အစည္းအ႐ုံးက ေက်ာင္းသားေတြကို ဖယ္ရီစီစဥ္ေပးဖို႔ ႀကိဳးစားေနတယ္လို႔ ကိုခိုင္မင္းသွ်င္က ေျပာပါတယ္။

“ဆယ္တန္းေျဖမယ့္ ေက်ာင္းသားဦးေရ အကုန္လုံးကို အခ်က္အလက္ အကုန္လိုက္စုေနတယ္ေပါ့ေနာ္။ စာေမးပြဲ မစစ္ခင္ တစ္ရက္ ႏွစ္ရက္၊ သုံးရက္ေလာက္အလိုဆိုရင္ သူတို႔ ၿမိဳ႕ေပၚကို ေရာက္လာၾကမယ္ထင္ပါတယ္။ တခ်ိဳ႕ က်ေတာ့လည္း နယ္ဘက္ကေနလာၿပီး ေန႔ခ်င္းျပန္ စာေမးပြဲေျဖမယ့္ဟာေတြလည္း ရွိပါတယ္ဆိုေတာ့ ကြၽန္ေတာ္ တို႔ အကုန္လုံးကို ကူညီႏိုင္ဖို႔ အေျခအေနမ်ိဳးရွိလာမယ္လို႔ ကြၽန္ေတာ္တို႔ ယုံၾကည္ထားပါတယ္။ ဒါကို အေကာင္း ဆုံးျဖစ္ေအာင္ စီစဥ္ေနပါတယ္။”

အစိုးရက ေက်ာင္းသားေတြအတြက္ ဖယ္ရီမဟုတ္ရင္ေတာင္ ေနထိုင္ေရးအတြက္ စီစဥ္ေပးရင္ အဆင္ေျပႏိုင္ တယ္လို႔ ကိုခိုင္မင္းသွ်င္က ေျပာပါတယ္။

ေက်ာင္းသားေတြအတြက္ အေရးတႀကီးစီစဥ္ေပးဖို႔ ဘတ္ဂ်က္နဲ႔ ဖယ္ရီစီစဥ္ေပးဖို႔ အစိုးရက ေဆာင္႐ြက္တာ ရွိပါသလားလို႔ ရခိုင္ျပည္နယ္အစိုးရ ေျပာခြင့္ရဝန္ႀကီး ဦးဝင္းျမင့္ကို ေမးတဲ့အခါ ပညာေရးဌာနကိုသာ ဆက္ေမးျမန္းဖို႔ RFA ကို ေျပာတယ္။

“ကြၽန္ေတာ္တို႔ကေတာ့ အခုခ်ိန္အထိ အဲဒါကို မသိေသးဘူးဗ်။ ျပည္နယ္ပညာေရးကို ေမးၾကည့္ရင္ ပိုၿပီး အဆင္ေျပလိမ့္မယ္။ အခုအခ်ိန္အထိ အစည္းေဝးထဲမွာ မေတြ႕ရေသးဘူးဆိုေတာ့ ေနာက္ပိုင္းေတာ့ မေျပာတတ္ဘူးခင္ဗ်။”

ရခိုင္ျပည္နယ္ပညာေရးမႉး႐ုံးက ဦးတင္သိန္း ကို RFA က ဒီကေန႔ အႀကိမ္ႀကိမ္ဆက္သြယ္ေပမယ့္ မရခဲ့ပါဘူး။

ပိတ္သိမ္းတဲ့ စာစစ္ဌာနမ်ားစုဟာ ရခိုင္ေျမာက္ပိုင္းက ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေျမာက္ဦး၊ ေက်ာက္ေတာ္၊ ပု႑ားကြၽန္း၊ မင္းျပား၊ ေျမပုံနဲ႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ရွိရာ အမ္းၿမိဳ႕နယ္နဲ႔ တ႐ုတ္စီမံကိန္းႀကီးေတြရွိတဲ့ ေက်ာက္ျဖဴၿမိဳ႕နယ္က ေနရာတခ်ိဳ႕လည္းပါတယ္။

တိုက္ပြဲျပင္းထန္ေနတဲ့ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္က ပိတ္ထားတဲ့ စာစစ္ဌာနအေရအတြက္၊ ေက်ာင္းသား အေရအတြက္ကို ခ်င္းျပည္နယ္အစိုးရ ေျပာခြင့္ရ ဝန္ႀကီး ဦးစိုးထက္က တိတိက်က်မေျဖပါဘူး။

“ဒီဆယ္တန္းသမားေတြ အားလုံးကေတာ့ ပလက္ဝမွာပဲ လာေျဖရမယ့္ အေျခအေနေပါ့။ ဆမီးဘက္ဆိုရင္လည္း ဆမီးစာစစ္ဌာနမွာ ေျဖရမယ့္အေနအထားေပါ့။ ဒီစာေမးပြဲေျဖတဲ့ကာလမွာေတာ့ တိုက္ခိုက္တာေတြ၊ ပစ္ခတ္တာေတြ၊ ေႏွာင့္ယွက္တာေတြ မရွိေလာက္ဘူးလို႔ ကြၽန္ေတာ္တို႔ေတာ့ ထင္ပါတယ္။ အဲလိုျဖစ္မယ္ဆိုရင္ ဒါက လူသားမဆန္ေတာ့ဘူးလို႔ပဲ ေျပာရမွာပဲ။”

ပလက္ဝၿမိဳ႕နဲ႔  သုံးေလးမိုင္သာေဝးတဲ့ေနရာေတြမွာ တပ္မေတာ္နဲ႔ AA တို႔ ဆက္တိုက္ျပင္းထန္ေနလို႔ သြားလာေရးေတြလည္း ျပတ္ေတာက္ေနပါတယ္။

အစိုးရအေနနဲ႔ အေဆာက္အအုံေတြ စီစဥ္မေပးႏိုင္ဆိုရင္ေတာင္ ယာယီအေဆာက္အအုံေတြ ေဆာက္လုပ္ၿပီး ဆယ္တန္းေက်ာင္းသားေတြအတြက္ ေျဖရွင္းေပးသင့္တယ္လို႔ လူ႔အခြင့္အေရးတက္ႂကြလႈပ္ရွားသူ ခ်ယ္ရီဇာေဟာင္ က ေျပာပါတယ္။

“စိုးရိမ္မႈေတြရွိတယ္။ အစိုးရကလည္း ဘာမွမလုပ္ေပးဘူး။ အထူးသျဖင့္ ထြက္ေျပးေနတဲ့လူေတြဆိုရင္ အစိုးရဘက္ကေန ယာယီတည္းခိုဖို႔လို႔ဟာေတြလုပ္ေပးလို႔ရတယ္။ သိပ္ၿပီးေတာ့ ဘတ္ဂ်က္ႀကီးတာလည္း မဟုတ္ဘူး။”

တိုက္ပြဲေတြကို ရခိုင္နဲ႔ခ်င္း တိုင္းရင္းသား ႏွစ္ခုလုံးႀကဳံေနရၿပီးေတာ့ တခ်ိဳ႕ခ်င္းတိုင္းရင္းသားေတြဟာ ပလက္ဝကေန တျခားၿမိဳ႕နယ္ေတြထိ အၿပီးေျပာင္းေ႐ႊ႕ရတဲ့အထိ ႀကဳံရတယ္လို႔လည္း သူက ေျပာပါတယ္။

“ရခိုင္ျပည္နယ္မွာရွိေနတဲ့ ခ်င္းေရးရာဝန္ႀကီးကလည္း မလႈပ္မတုတ္ပဲ၊ မေကြးတိုင္းမွာရွိတဲ့ ခ်င္းေရးရာဝန္ႀကီး ကလည္း ဒီအတိုင္းပဲဆိုေတာ့ လူေတြက ဘယ္နားသြားလို႔ သြားရမယ္မသိဘူး။ ကိုယ့္အခ်င္းခ်င္း၊ အမ်ိဳးအခ်င္း ခ်င္း၊ အသိခ်င္းခ်င္းေတြပဲ လက္လွမ္းမွီသေလာက္ လွမ္းကူညီတာေလာက္ပဲရွိတယ္။ ႏိုင္ငံတကာကလည္း ဘာမွမသိဘူး။”

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ဟာ ဆယ္တန္းေအာင္ခ်က္ႏႈန္းေတြ တျခားတိုင္းနဲ႔ျပည္နယ္ေတြထက္နည္းတဲ့ ျပည္နယ္ႏွစ္ခုျဖစ္ပါတယ္။ ဒီႏွစ္မွာလည္း တိုက္ပြဲေနာက္ဆက္တြဲေတြေၾကာင့္ ဆယ္တန္းေအာင္ခ်က္ႏႈန္း က်ဆင္းသြားႏိုင္တယ္လို႔ ခန႔္မွန္းေနၾကပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ရခိုင်စစ်ပွဲဇုန်က ဆယ်တန်းဖြေမယ့်သူတွေ သွားလာရေး စီစဉ်ပေးဖို့ လိုအပ်နေ

စာစစ်ဌာနပိတ်လို့ မြို့တက်ပြီး ဆယ်တန်းဖြေရမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် က ထောင်ချီတဲ့ကျောင်းသူ၊ ကျောင်းသားအတွက် အစိုးရက သွားလာရေးအတွက် စီစဉ်ပေးဖို့ လိုအပ်နေပါတယ်။

ရခိုင်က ကျောင်းသားကျောင်းသူ ခြောက်ထောင်နီးပါးကို မြို့တက်ပြီး ဆယ်တန်းစာမေးပွဲဖြေဆိုဖို့ အစိုးရက အနီးကပ်စီစဉ်ပေမယ့်၊ သွားလာရေးအတွက် ဘာမှစီစဉ်ပေးထားခြင်း မရှိသေးပါဘူး။  ဆယ်တန်းဖြေဖို့ အချိန် နှစ်ပတ်ပဲကျန်ပါတော့တယ်။

ရခိုင်ပြည်နယ်အစိုးရက စာစစ်ဌာန ၂၀ လောက်ကို ပိတ်သိမ်းပြီး မြို့ပေါ်စာစစ်ဌာနနဲ့ လုံခြုံတဲ့နေရာတွေမှာ ဖြေဆိုဖို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရက်နီးကပ်မှ စီစဉ်ခဲ့ပါတယ်။

မြောက်ဦးနယ်က တချို့ကျောင်းသားတွေဟာ စာမေးပွဲဖြေဆိုဖို့ တစ်နာရီဝန်းကျင် ကားစီးပြီး မြို့ပေါ်လာရမယ့် အနေအထားကြုံနေတယ်လို့   မြောက်ဦးလူငယ်များအစည်းအရုံး MUYA ဥက္ကဋ္ဌ ကိုခိုင်မင်းသျှင် က ပြောပါတယ်။

“ကျွန်တော်တို့ မြောက်ဦးအနေအထားမှာ စာစစ်ဌာနအားလုံးက မြို့ပေါ်ကို ပြောင်းရွှေ့ရမယ့် အနေအထား ရှိတယ်။ ဘာတစ်ခုမှ စီစဉ်တာမျိုး မရှိဘူးလို့လည်း ကြားရတယ်ပေါ့နော်။ နေထိုင်မယ့်နေရာတွေ ဘာတစ်ခုမှ စီစဉ်မပေးဘူးဆိုတော့ သူတို့အတွက်လည်း အဆင်မပြေဘူးပေါ့နော်။”

ရှေးဟောင်းမြို့တော်အဖြစ် လူသိများတဲ့မြောက်ဦးဟာ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲ ပြင်းထန်တဲ့နေရာထဲမှာ ပါဝင်ပါတယ်။ ကျောက်တော်နဲ့ မြောက်ဦးမြို့ကားလမ်းတလျှောက် တိုက်ပွဲတွေလည်း ဖြစ်ခဲ့ပါတယ်။ ဆယ်တန်းဖြေမယ့် ကျောင်းသားတချို့ဟာ အဲဒီလမ်းကို အသုံးပြုကြရမှာပါ။

မြောက်ဦးလူငယ်အစည်းအရုံးက ကျောင်းသားတွေကို ဖယ်ရီစီစဉ်ပေးဖို့ ကြိုးစားနေတယ်လို့ ကိုခိုင်မင်းသျှင်က ပြောပါတယ်။

“ဆယ်တန်းဖြေမယ့် ကျောင်းသားဦးရေ အကုန်လုံးကို အချက်အလက် အကုန်လိုက်စုနေတယ်ပေါ့နော်။ စာမေးပွဲ မစစ်ခင် တစ်ရက် နှစ်ရက်၊ သုံးရက်လောက်အလိုဆိုရင် သူတို့ မြို့ပေါ်ကို ရောက်လာကြမယ်ထင်ပါတယ်။ တချို့ ကျတော့လည်း နယ်ဘက်ကနေလာပြီး နေ့ချင်းပြန် စာမေးပွဲဖြေမယ့်ဟာတွေလည်း ရှိပါတယ်ဆိုတော့ ကျွန်တော် တို့ အကုန်လုံးကို ကူညီနိုင်ဖို့ အခြေအနေမျိုးရှိလာမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ ဒါကို အကောင်း ဆုံးဖြစ်အောင် စီစဉ်နေပါတယ်။”

အစိုးရက ကျောင်းသားတွေအတွက် ဖယ်ရီမဟုတ်ရင်တောင် နေထိုင်ရေးအတွက် စီစဉ်ပေးရင် အဆင်ပြေနိုင် တယ်လို့ ကိုခိုင်မင်းသျှင်က ပြောပါတယ်။

ကျောင်းသားတွေအတွက် အရေးတကြီးစီစဉ်ပေးဖို့ ဘတ်ဂျက်နဲ့ ဖယ်ရီစီစဉ်ပေးဖို့ အစိုးရက ဆောင်ရွက်တာ ရှိပါသလားလို့ ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရဝန်ကြီး ဦးဝင်းမြင့်ကို မေးတဲ့အခါ ပညာရေးဌာနကိုသာ ဆက်မေးမြန်းဖို့ RFA ကို ပြောတယ်။

“ကျွန်တော်တို့ကတော့ အခုချိန်အထိ အဲဒါကို မသိသေးဘူးဗျ။ ပြည်နယ်ပညာရေးကို မေးကြည့်ရင် ပိုပြီး အဆင်ပြေလိမ့်မယ်။ အခုအချိန်အထိ အစည်းဝေးထဲမှာ မတွေ့ရသေးဘူးဆိုတော့ နောက်ပိုင်းတော့ မပြောတတ်ဘူးခင်ဗျ။”

ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက ဦးတင်သိန်း ကို RFA က ဒီကနေ့ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။

ပိတ်သိမ်းတဲ့ စာစစ်ဌာနများစုဟာ ရခိုင်မြောက်ပိုင်းက ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ မင်းပြား၊ မြေပုံနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်နဲ့ တရုတ်စီမံကိန်းကြီးတွေရှိတဲ့ ကျောက်ဖြူမြို့နယ်က နေရာတချို့လည်းပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ပိတ်ထားတဲ့ စာစစ်ဌာနအရေအတွက်၊ ကျောင်းသား အရေအတွက်ကို ချင်းပြည်နယ်အစိုးရ ပြောခွင့်ရ ဝန်ကြီး ဦးစိုးထက်က တိတိကျကျမဖြေပါဘူး။

“ဒီဆယ်တန်းသမားတွေ အားလုံးကတော့ ပလက်ဝမှာပဲ လာဖြေရမယ့် အခြေအနေပေါ့။ ဆမီးဘက်ဆိုရင်လည်း ဆမီးစာစစ်ဌာနမှာ ဖြေရမယ့်အနေအထားပေါ့။ ဒီစာမေးပွဲဖြေတဲ့ကာလမှာတော့ တိုက်ခိုက်တာတွေ၊ ပစ်ခတ်တာတွေ၊ နှောင့်ယှက်တာတွေ မရှိလောက်ဘူးလို့ ကျွန်တော်တို့တော့ ထင်ပါတယ်။ အဲလိုဖြစ်မယ်ဆိုရင် ဒါက လူသားမဆန်တော့ဘူးလို့ပဲ ပြောရမှာပဲ။”

ပလက်ဝမြို့နဲ့  သုံးလေးမိုင်သာဝေးတဲ့နေရာတွေမှာ တပ်မတော်နဲ့ AA တို့ ဆက်တိုက်ပြင်းထန်နေလို့ သွားလာရေးတွေလည်း ပြတ်တောက်နေပါတယ်။

အစိုးရအနေနဲ့ အဆောက်အအုံတွေ စီစဉ်မပေးနိုင်ဆိုရင်တောင် ယာယီအဆောက်အအုံတွေ ဆောက်လုပ်ပြီး ဆယ်တန်းကျောင်းသားတွေအတွက် ဖြေရှင်းပေးသင့်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ချယ်ရီဇာဟောင် က ပြောပါတယ်။

“စိုးရိမ်မှုတွေရှိတယ်။ အစိုးရကလည်း ဘာမှမလုပ်ပေးဘူး။ အထူးသဖြင့် ထွက်ပြေးနေတဲ့လူတွေဆိုရင် အစိုးရဘက်ကနေ ယာယီတည်းခိုဖို့လို့ဟာတွေလုပ်ပေးလို့ရတယ်။ သိပ်ပြီးတော့ ဘတ်ဂျက်ကြီးတာလည်း မဟုတ်ဘူး။”

တိုက်ပွဲတွေကို ရခိုင်နဲ့ချင်း တိုင်းရင်းသား နှစ်ခုလုံးကြုံနေရပြီးတော့ တချို့ချင်းတိုင်းရင်းသားတွေဟာ ပလက်ဝကနေ တခြားမြို့နယ်တွေထိ အပြီးပြောင်းရွှေ့ရတဲ့အထိ ကြုံရတယ်လို့လည်း သူက ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာရှိနေတဲ့ ချင်းရေးရာဝန်ကြီးကလည်း မလှုပ်မတုတ်ပဲ၊ မကွေးတိုင်းမှာရှိတဲ့ ချင်းရေးရာဝန်ကြီး ကလည်း ဒီအတိုင်းပဲဆိုတော့ လူတွေက ဘယ်နားသွားလို့ သွားရမယ်မသိဘူး။ ကိုယ့်အချင်းချင်း၊ အမျိုးအချင်း ချင်း၊ အသိချင်းချင်းတွေပဲ လက်လှမ်းမှီသလောက် လှမ်းကူညီတာလောက်ပဲရှိတယ်။ နိုင်ငံတကာကလည်း ဘာမှမသိဘူး။”

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ဟာ ဆယ်တန်းအောင်ချက်နှုန်းတွေ တခြားတိုင်းနဲ့ပြည်နယ်တွေထက်နည်းတဲ့ ပြည်နယ်နှစ်ခုဖြစ်ပါတယ်။ ဒီနှစ်မှာလည်း တိုက်ပွဲနောက်ဆက်တွဲတွေကြောင့် ဆယ်တန်းအောင်ချက်နှုန်း ကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

RFA Burmese
https://www.rfa.org
ရခိုင္စစ္ပြဲဇုန္က ဆယ္တန္းေျဖမယ့္သူေတြ သြားလာေရး စီစဥ္ေပးဖို႔ လိုအပ္ေန ရခိုင္စစ္ပြဲဇုန္က ဆယ္တန္းေျဖမယ့္သူေတြ သြားလာေရး စီစဥ္ေပးဖို႔ လိုအပ္ေန Reviewed by THITHTOOLWIN on 00:19 Rating: 5
Powered by Blogger.