ဖဲြ႕စည္းပံုျပင္ေရးမူၾကမ္း ေဆြးေႏြးမႈ လႊတ္ေတာ္အတြင္းတင္းမာ


(Zawgyi/Unicode)

ဖြဲ႕စည္းပုံျပင္ဆင္ေရးဥပေဒၾကမ္း စတင္ေဆြးေႏြးတဲ့ ဒီေန႔မွာပဲ အာဏာရပါတီကိုယ္စားလွယ္ေတြနဲ႔ တပ္မေတာ္ကိုယ္စားလွယ္ေတြအၾကား ေဆြးေႏြးခ်က္ေတြက အျပန္အလွန္တင္းတင္းမာမာျဖစ္ခဲ့ပါတယ္။ ဒီ မူၾကမ္းနဲ႔ပတ္သက္လို႔ ဒီတပတ္အတြင္းမွာ ကိုယ္စားလွယ္တရာေက်ာ္ေဆြးေႏြးဖို႔ စာရင္းသြင္းထားတာပါ။ အာဏာရပါတီကိုယ္စားလွယ္ေတြနဲ႔ တပ္မေတာ္ကိုယ္စားလွယ္ေတြအၾကား ပိုၿပီး ထိပ္တိုက္ျဖစ္ တင္းမာလာရင္၊ ဖြဲ႕စည္းပုံျပင္ေရး လမ္းေၾကာင္းလြဲသြားမွာကို တိုင္းရင္းသားပါတီေတြနဲ႔ ႏိုင္ငံေရးသုံးသပ္သူေတြက စိုးရိမ္ေနၾကပါတယ္။ မေမခ သတင္းေပးပို႔ထားပါတယ္။

ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔ ဒီေန႔ ေနျပည္ေတာ္ ျပည္ေထာင္စုလႊတ္ေတာ္မွာ ဒုတိယအႀကိမ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ျပင္ဆင္တဲ့ ဥပေဒမူၾကမ္းပါ အခ်က္ေတြကို စတင္ ေတြးေႏြးခဲ့ၾကခ်ိန္မွာပဲ NLD နဲ႔ တပ္ကိုယ္စားလွယ္ေတြ ၾကား အေခ်အတင္ျဖစ္ခဲ့တာပါ။ဗိုလ္ခ်ဳပ္အဆင့္ရွိ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ေတြအေနနဲ႔ကိုယ္အမူအရာ၊ ႏႈတ္အမူအရာ ႐ုတ္ရင္းၾကမ္းတမ္းတာမ်ိဳး မလုပ္ဖို႔ လႊတ္ေတာ္နာယက တီခြန္ျမတ္ကိုယ္တိုင္က သတိေပးေျပာဆိုခဲ့ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ျပင္ဆင္တဲ့ ဥပေဒၾကမ္းနဲ႔ ပတ္သတ္လို႔ေဆြးေႏြးခဲ့တဲ့ တပ္မေတာ္သားအမတ္ ဗိုလ္မႉးခ်ဳပ္ ေအာင္စန္းခ်စ္ကေတာ့ တပ္ကိုယ္စားလွယ္ေတြ ကန႔္ကြက္ရတဲ့ အေၾကာင္းရင္းကို လႊတ္ေတာ္အၿပီးမွာ ခုလို ေျပာပါတယ္။

"ဖဲြ႔စည္းပံုအေျခခံ ျပင္ဆင္ေရးအတြက္ကို တင္ျပခဲ့ပါတယ္။ အဲ့လို တင္ျပခဲ့တဲ့အခါမွာ အခ်က္ ၉ ခ်က္ရွိပါတယ္။ ဥပေဒပုဒ္မ ၉ ခ်က္ရွိပါတယ္။ ဒါေပမဲ့လည္း ဒီေန႔ လႊတ္ေတာ္ထဲမွာ ထည့္သြင္းေဆြးေႏြးမယ့္ ပုဒ္မ တခုေပါ့ ၂၆၂ (ဋ) က်ေနာ္တင္ျပထားတဲ့အတိုင္း မဟုတ္ဘဲနဲ႔ စာပုိဒ္ၾကီး တပုိဒ္လံုး ပါမလာေတာ့ဘူး။ ဒါကလည္း အင္မတန္အေရးၾကီးတဲ့ စာပိုဒ္ျဖစ္ေနတယ္။ ဒါက တမင္ ရည္ရြယ္ခ်က္ရွိရွိနဲ႔ ခ်န္ခဲ့တာလား။ မေတာ္တဆျဖစ္တယ္ဆိုရင္လည္းပဲ အလြန္အေရးၾကီးတဲ့ ဖဲြ႔စည္းပံုအေျခခံ ျပင္ဆင္ေရးကို ေဆာင္ရြက္ေနတဲ့အခါမွာ ဒီလို ေပါ့ေပါ့ဆဆနဲ႔ လုပ္ေနတာျဖစ္တဲ့အတြက္ ဒီဟာကို ျပန္လည္စိစစ္ေပးၿပီးမွပဲ ဆက္ၿပီးေဆြးေႏြးဖို႔ဆိုတာ တင္ျပခဲ့ပါတယ္။"

တပ္မေတာ္နဲ႔သက္ဆိုင္တဲ့ ပုဒ္မ အမ်ားစုကို တပ္မေတာ္သား ကိုယ္စားလွယ္ေတြက လက္မခံဘဲ ကန႔္ကြက္ခဲ့ၾကပါတယ္။ တပ္ကိုယ္စားလွယ္ ဗိုလ္မႉးထက္လင္း က တပ္ပိုင္းဆိုင္ရာဥပေဒေတြ ျပင္ဖို႔ တင္ျပထားတာေတြကို မျပင္ဆင္ပဲ မူလအတိုင္းသာ ထားရွိဖို႔အျပင္ တပ္ဘက္က လူေတြရွိမွ ႏိုင္ငံတိုးတက္ႏိုင္မွာမို႔ တပ္ကို ဖယ္ထုတ္ရင္ တိုင္းျပည္ ထိခိုက္နစ္နာႏိုင္တယ္လို႔ ေဆြးေႏြးသြားခဲ့တာပါ။

ျပည္ခိုင္ၿဖိဳးပါတီဘက္က ဒီမိုကေရစီ ေခါင္း ေဆာင္ေဒၚေအာင္ဆန္းစုၾကည္ ကိုသမၼတ မျဖစ္ေအာင္ ပိတ္ထားတယ္လို႔နာမည္ႀကီးေနတဲ့ ပုဒ္မ ၅၉ (စ)ကို မပယ္ဖ်က္ဖို႔ အတြက္ တင္သြင္းခဲ့သလို NLD ဘက္ကလည္းဖြဲ႕စည္းပုံ အေျခခံဥပေဒပါ ဥပေဒေတြကိုလြယ္လြယ္ မျပင္ႏိုင္ေအာင္ ကန႔္သတ္ထားတဲ့ ျပင္ဆင္ေရးအခန္း အခန္း ၁၂ ပုဒ္မ ၄၃၆ (က) နဲ႔ (ခ) ကိုျပင္ဆင္ဖို႔ တင္ျပတာေတြရွိခဲ့ပါတယ္။ဒါ့အျပင္ လႊတ္ေတာ္ ၃ ရပ္ စလုံးမွာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ပါဝင္မႈႏႈန္း ေလ်ာ့ခ်ဖို႔၊ ကာလုံ - ေခၚယူေရး ဆိုင္ရာ ျပင္ဆင္မႈ ေတြနဲ႔ပတ္သက္ၿပီး ေဆြးေႏြးခဲ့ပါတယ္။

လႊတ္ေတာ္တြင္း ဖြဲ႕စည္းပုံ ျပင္ဆင္ေရးလုပ္ငန္းစဥ္မစခင္ ကထဲက ႏိုင္ငံေရးေလ့လာသုံးသပ္သူ ေတြ က ထင္ျမင္ခ်က္ အမ်ိဳးမ်ိဳး ေပးေနၾကတာပါ။ အခုေတာ့ စတင္ေဆြးေႏြးတဲ့ ေန႔မွာဘဲ အေခ်အတင္ ျဖစ္ခဲ့ တာေၾကာင့္ အခုထက္ ပိုၿပီး ျပင္းထန္လာမယ္ ဆိုရင္ ျပင္ဆင္ေရးလုပ္ငန္းစဥ္ ဦးတည္ခ်က္ မေအာင္ျမင္ဘဲ ျဖစ္သြားႏိုင္တာကို သတိထားဖို႔ႏိုင္ငံေရး သုံးသပ္သူေဒါက္တာခင္ေမာင္ညိဳက ေျပာပါတယ္။

"လုပ္လို႔မရတဲ့ အေျခအေနဟုတ္လား၊ တပ္က မပါလာဘူးဆိုရင္ ဘယ္လိုမွ လုပ္လို႔မရဘူး။ တပ္ကို ပစ္ပယ္ထားလို႔ မရေတာ့ ဒီအေျခအေနကေတာ့ လိပ္ခဲတင္းလင္းျဖစ္ေနတယ္လို႔ ထင္ပါတယ္။ ျပင္တာေတာ့ ျပင္ႏိုင္မယ္လို႔ေတာ့ မထင္ဘူးေပါ့ေလ။ ဘာလို႔လဲဆိုေတာ့ NLD ကလည္း အခုလိုလုပ္တဲ့ဟာ သူတို႔ ျပင္ႏိုင္မယ္ထင္လြန္းလို႔ လုပ္တာထက္ကို သူတို႔ကတိေပးထားတဲ့အတိုင္းျပင္ဖုိ႔လုပ္တယ္ ျပင္လို႔မရေသးဘူးဆိုေတာ့ ဆက္ၿပီးေတာ့ သူတို႔ကို မဲထည့္ၾကပါ ဆိုတဲ့ ပံုစံမ်ိဳးနဲ႔ ဒီအေျခအေနကို ဆြဲတာ လို႔ ဆရာယူဆရပါတယ္။”

ရခိုင္အမ်ိဳးသားပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝစိန္ေအာင္က ျပည္နယ္လႊတ္ေတာ္ဟာ ျပည္ေထာင္စု လႊတ္ေတာ္ရဲ႕ လက္ေအာက္မွာ မရွိဖို႔ေဆြးေႏြးခဲ့ပါတယ္။

“လႊတ္ေတာ္ႏွစ္ရပ္ဟာသီးျခားစီျဖစ္ရပါမယ္။ ျပည္နယ္လႊတ္ေတာ္ဟာ ျပည္ေထာင္စုလႊတ္ေတာ္ရဲ႕ လက္ေအာက္မွာ မရွိရပါဘူး။ ကိုယ္ပိုင္ျပဌာန္းခြင့္ရွိရပါမယ္။ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရွိၿပီး အမ်ားစုမဲနဲ႔ ျဖစ္ေစ ဥပေဒျပဌာန္းခ်က္အရျဖစ္ေစ ျပည္နယ္ဝန္ႀကီးခ်ဳပ္ကိုေ႐ြးခ်ယ္ခြင့္ရွိရပါမယ္။ ျပည္ေထာင္စု အတုအေယာင္မဟုတ္ဘဲ စစ္မွန္ေသာဖက္ဒရယ္ျပည္ေထာင္စုျဖစ္ဖို႔လိုပါတယ္။ ဒီလိုျဖစ္ေနမွသာ တိုင္းရင္းသား စည္းလုံးညီၫြတ္ေရး တိုင္းရင္းသားခ်င္း ခ်စ္ၾကည္ေရးဆိုတာျဖစ္ႏိုင္ေခ်ရွိ ပါတယ္။”

လက္ရွိအာဏာရပါတီ NLD၊ ၊ျပည္ခိုင္ၿဖိဳးနဲ႔ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္အစုအဖြဲ႕တို႔က ဖြဲ႕စည္း ပုံျပင္ဖို႔ စုစုေပါင္း ဥပေဒမူၾကမ္း ၇ ခု တင္ခဲ့တာျဖစ္ပါတယ္။ တင္သြင္းတဲ့ ဥပေဒ မူၾကမ္း ၇ ခု ထဲကပုဒ္မ စုစုေပါင္း ၁၄၂ ခု ျပင္ဆင္မွာ ျဖစ္ၿပီး ဒီ ျပင္ဆင္ေရးကို ခန႔္မွန္းေျခ ၁၀ရက္ အတြင္းမွာ အၿပီးသတ္လုပ္ဖို႔ လ်ာထား တယ္လို႔ လြတ္ေတာ္က ေျပာပါတယ္။ ဒီေန႔အစည္းအေဝးမွာေတာ့ တပ္မေတာ္၊ တိုင္းရင္းသားပါတီ ကိုယ္စားလွယ္ေတြ၊ ႀကံ့ခိုင္ေရးပါတီ ကိုယ္စားလွယ္ေတြနဲ႔ NLD ပါတီက ကိုယ္စားလွယ္စုစုေပါင္း ၁၅ ဦးတို႔က ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။


....................

ဖွဲ့စည်းပုံပြင်ရေးမူကြမ်း ဆွေးနွေးမှု လွှတ်တော်အတွင်းတင်းမာ

(Unicode)

ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်း စတင်ဆွေးနွေးတဲ့ ဒီနေ့မှာပဲ အာဏာရပါတီကိုယ်စားလှယ်တွေနဲ့ တပ်မတော်ကိုယ်စားလှယ်တွေအကြား ဆွေးနွေးချက်တွေက အပြန်အလှန်တင်းတင်းမာမာဖြစ်ခဲ့ပါတယ်။ ဒီ မူကြမ်းနဲ့ပတ်သက်လို့ ဒီတပတ်အတွင်းမှာ ကိုယ်စားလှယ်တရာကျော်ဆွေးနွေးဖို့ စာရင်းသွင်းထားတာပါ။ အာဏာရပါတီကိုယ်စားလှယ်တွေနဲ့ တပ်မတော်ကိုယ်စားလှယ်တွေအကြား ပိုပြီး ထိပ်တိုက်ဖြစ် တင်းမာလာရင်၊ ဖွဲ့စည်းပုံပြင်ရေး လမ်းကြောင်းလွဲသွားမှာကို တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံရေးသုံးသပ်သူတွေက စိုးရိမ်နေကြပါတယ်။ မမေခ သတင်းပေးပို့ထားပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ ဒီနေ့ နေပြည်တော် ပြည်ထောင်စုလွှတ်တော်မှာ ဒုတိယအကြိမ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းပါ အချက်တွေကို စတင် တွေးနွေးခဲ့ကြချိန်မှာပဲ NLD နဲ့ တပ်ကိုယ်စားလှယ်တွေ ကြား အချေအတင်ဖြစ်ခဲ့တာပါ။ဗိုလ်ချုပ်အဆင့်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တွေအနေနဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာ ရုတ်ရင်းကြမ်းတမ်းတာမျိုး မလုပ်ဖို့ လွှတ်တော်နာယက တီခွန်မြတ်ကိုယ်တိုင်က သတိပေးပြောဆိုခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သတ်လို့ဆွေးနွေးခဲ့တဲ့ တပ်မတော်သားအမတ် ဗိုလ်မှူးချုပ် အောင်စန်းချစ်ကတော့ တပ်ကိုယ်စားလှယ်တွေ ကန့်ကွက်ရတဲ့ အကြောင်းရင်းကို လွှတ်တော်အပြီးမှာ ခုလို ပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးအတွက်ကို တင်ပြခဲ့ပါတယ်။ အဲ့လို တင်ပြခဲ့တဲ့အခါမှာ အချက် ၉ ချက်ရှိပါတယ်။ ဥပဒေပုဒ်မ ၉ ချက်ရှိပါတယ်။ ဒါပေမဲ့လည်း ဒီနေ့ လွှတ်တော်ထဲမှာ ထည့်သွင်းဆွေးနွေးမယ့် ပုဒ်မ တခုပေါ့ ၂၆၂ (ဋ) ကျနော်တင်ပြထားတဲ့အတိုင်း မဟုတ်ဘဲနဲ့ စာပိုဒ်ကြီး တပိုဒ်လုံး ပါမလာတော့ဘူး။ ဒါကလည်း အင်မတန်အရေးကြီးတဲ့ စာပိုဒ်ဖြစ်နေတယ်။ ဒါက တမင် ရည်ရွယ်ချက်ရှိရှိနဲ့ ချန်ခဲ့တာလား။ မတော်တဆဖြစ်တယ်ဆိုရင်လည်းပဲ အလွန်အရေးကြီးတဲ့ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးကို ဆောင်ရွက်နေတဲ့အခါမှာ ဒီလို ပေါ့ပေါ့ဆဆနဲ့ လုပ်နေတာဖြစ်တဲ့အတွက် ဒီဟာကို ပြန်လည်စိစစ်ပေးပြီးမှပဲ ဆက်ပြီးဆွေးနွေးဖို့ဆိုတာ တင်ပြခဲ့ပါတယ်။"

တပ်မတော်နဲ့သက်ဆိုင်တဲ့ ပုဒ်မ အများစုကို တပ်မတော်သား ကိုယ်စားလှယ်တွေက လက်မခံဘဲ ကန့်ကွက်ခဲ့ကြပါတယ်။ တပ်ကိုယ်စားလှယ် ဗိုလ်မှူးထက်လင်း က တပ်ပိုင်းဆိုင်ရာဥပဒေတွေ ပြင်ဖို့ တင်ပြထားတာတွေကို မပြင်ဆင်ပဲ မူလအတိုင်းသာ ထားရှိဖို့အပြင် တပ်ဘက်က လူတွေရှိမှ နိုင်ငံတိုးတက်နိုင်မှာမို့ တပ်ကို ဖယ်ထုတ်ရင် တိုင်းပြည် ထိခိုက်နစ်နာနိုင်တယ်လို့ ဆွေးနွေးသွားခဲ့တာပါ။

ပြည်ခိုင်ဖြိုးပါတီဘက်က ဒီမိုကရေစီ ခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည် ကိုသမ္မတ မဖြစ်အောင် ပိတ်ထားတယ်လို့နာမည်ကြီးနေတဲ့ ပုဒ်မ ၅၉ (စ)ကို မပယ်ဖျက်ဖို့ အတွက် တင်သွင်းခဲ့သလို NLD ဘက်ကလည်းဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဥပဒေတွေကိုလွယ်လွယ် မပြင်နိုင်အောင် ကန့်သတ်ထားတဲ့ ပြင်ဆင်ရေးအခန်း အခန်း ၁၂ ပုဒ်မ ၄၃၆ (က) နဲ့ (ခ) ကိုပြင်ဆင်ဖို့ တင်ပြတာတွေရှိခဲ့ပါတယ်။ဒါ့အပြင် လွှတ်တော် ၃ ရပ် စလုံးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ပါဝင်မှုနှုန်း လျော့ချဖို့၊ ကာလုံ - ခေါ်ယူရေး ဆိုင်ရာ ပြင်ဆင်မှု တွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

လွှတ်တော်တွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်ငန်းစဉ်မစခင် ကထဲက နိုင်ငံရေးလေ့လာသုံးသပ်သူ တွေ က ထင်မြင်ချက် အမျိုးမျိုး ပေးနေကြတာပါ။ အခုတော့ စတင်ဆွေးနွေးတဲ့ နေ့မှာဘဲ အချေအတင် ဖြစ်ခဲ့ တာကြောင့် အခုထက် ပိုပြီး ပြင်းထန်လာမယ် ဆိုရင် ပြင်ဆင်ရေးလုပ်ငန်းစဉ် ဦးတည်ချက် မအောင်မြင်ဘဲ ဖြစ်သွားနိုင်တာကို သတိထားဖို့နိုင်ငံရေး သုံးသပ်သူဒေါက်တာခင်မောင်ညိုက ပြောပါတယ်။

"လုပ်လို့မရတဲ့ အခြေအနေဟုတ်လား၊ တပ်က မပါလာဘူးဆိုရင် ဘယ်လိုမှ လုပ်လို့မရဘူး။ တပ်ကို ပစ်ပယ်ထားလို့ မရတော့ ဒီအခြေအနေကတော့ လိပ်ခဲတင်းလင်းဖြစ်နေတယ်လို့ ထင်ပါတယ်။ ပြင်တာတော့ ပြင်နိုင်မယ်လို့တော့ မထင်ဘူးပေါ့လေ။ ဘာလို့လဲဆိုတော့ NLD ကလည်း အခုလိုလုပ်တဲ့ဟာ သူတို့ ပြင်နိုင်မယ်ထင်လွန်းလို့ လုပ်တာထက်ကို သူတို့ကတိပေးထားတဲ့အတိုင်းပြင်ဖို့လုပ်တယ် ပြင်လို့မရသေးဘူးဆိုတော့ ဆက်ပြီးတော့ သူတို့ကို မဲထည့်ကြပါ ဆိုတဲ့ ပုံစံမျိုးနဲ့ ဒီအခြေအနေကို ဆွဲတာ လို့ ဆရာယူဆရပါတယ်။”

ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင်က ပြည်နယ်လွှတ်တော်ဟာ ပြည်ထောင်စု လွှတ်တော်ရဲ့ လက်အောက်မှာ မရှိဖို့ဆွေးနွေးခဲ့ပါတယ်။

“လွှတ်တော်နှစ်ရပ်ဟာသီးခြားစီဖြစ်ရပါမယ်။ ပြည်နယ်လွှတ်တော်ဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ လက်အောက်မှာ မရှိရပါဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရပါမယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိပြီး အများစုမဲနဲ့ ဖြစ်စေ ဥပဒေပြဌာန်းချက်အရဖြစ်စေ ပြည်နယ်ဝန်ကြီးချုပ်ကိုရွေးချယ်ခွင့်ရှိရပါမယ်။ ပြည်ထောင်စု အတုအယောင်မဟုတ်ဘဲ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့လိုပါတယ်။ ဒီလိုဖြစ်နေမှသာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တိုင်းရင်းသားချင်း ချစ်ကြည်ရေးဆိုတာဖြစ်နိုင်ချေရှိ ပါတယ်။”

လက်ရှိအာဏာရပါတီ NLD၊ ၊ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တို့က ဖွဲ့စည်း ပုံပြင်ဖို့ စုစုပေါင်း ဥပဒေမူကြမ်း ၇ ခု တင်ခဲ့တာဖြစ်ပါတယ်။ တင်သွင်းတဲ့ ဥပဒေ မူကြမ်း ၇ ခု ထဲကပုဒ်မ စုစုပေါင်း ၁၄၂ ခု ပြင်ဆင်မှာ ဖြစ်ပြီး ဒီ ပြင်ဆင်ရေးကို ခန့်မှန်းခြေ ၁၀ရက် အတွင်းမှာ အပြီးသတ်လုပ်ဖို့ လျာထား တယ်လို့ လွတ်တော်က ပြောပါတယ်။ ဒီနေ့အစည်းအဝေးမှာတော့ တပ်မတော်၊ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေ၊ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေနဲ့ NLD ပါတီက ကိုယ်စားလှယ်စုစုပေါင်း ၁၅ ဦးတို့က ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ေမခ/VOA (Burmese)
https://burmese.voanews.com
ဖဲြ႕စည္းပံုျပင္ေရးမူၾကမ္း ေဆြးေႏြးမႈ လႊတ္ေတာ္အတြင္းတင္းမာ ဖဲြ႕စည္းပံုျပင္ေရးမူၾကမ္း ေဆြးေႏြးမႈ လႊတ္ေတာ္အတြင္းတင္းမာ Reviewed by THITHTOOLWIN on 00:30 Rating: 5
Powered by Blogger.