ထိုင္းႏိုင္ငံသို႔ ျမန္မာ႔ေျပာင္းဆန္မ်ား အခြန္ကင္းလြတ္ခြင့္ျဖင့္ စတင္တင္ပို႔

(Zawgyi)⤵⤵⤵
မႏၱေလး၊ ေဖေဖာ္၀ါရီ ၆

ယခုလ ၁ ရက္ေန႔မွစကာ ထိုင္းႏိုင္ငံသို႔ ျမန္မာ့ေျပာင္းဆန္မ်ားကို အခြန္ကင္းလြတ္ခြင့္ျဖင့္ စတင္တင္ပို႔ေနၿပီျဖစ္ ေၾကာင္း ျမန္မာႏိုင္ငံ ေျပာင္းလုပ္ငန္းအသင္းမွ သိရသည္။

ထိုင္းႏိုင္ငံ၏မူ ဝါဒအရ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ၾသဂုတ္လကုန္အထိ အခြန္ကင္းလြတ္ခြင့္ျဖင့္ ျပန္လည္တင္ ပို႔ခြင့္ျပဳခဲ့ၿပီး၊ စက္တင္ဘာလမွ ဇန္နဝါရီလကုန္အထိ ၅ လတာခန္႔ ဝယ္ယူမႈရပ္ဆိုင္းေလ့ရွိေၾကာင္း သိရသည္။

" အခု ထိုင္းေငြေစ်းကက်ၿပီး ျမန္မာေငြေစ်းက မာေနေတာ့ ျမန္မာေငြနဲ႔ ျပန္ခ်ိန္ဆလိုက္ရင္ သိပ္မကိုက္တဲ့အ တြက္ အေရာင္းအဝယ္က ေႏွးတယ္၊ အရင္ထိုင္းက ႀကိဳဝယ္ထားတာေတြရွိေတာ့ တင္ပို႔ေနတာက ပံုမွန္ပဲ ရွိေန ပါတယ္ " ဟု အဆိုပါအသင္း အတြင္းေရးမွဴး ဦးသန္႔ဇင္ထြန္းက ေျပာသည္။

အခြန္ကင္းလြတ္ခြင့္ျဖင့္ ထိုင္းႏိုင္ငံသို႔ တင္ပို႔ေနေသာ္လည္း ထိုင္းေငြေစ်းက်သျဖင့္ အေရာင္းအဝယ္ ေအးေနၿပီး ၊ ထိုင္းႏိုင္ငံမွ ေပးသည့္ေစ်းႏွင့္ ေတာင္သူမ်ားကုန္က်သည့္ သယ္ယူစရိတ္၊ သြင္းအားစုစရိတ္ ကုန္က်မႈစရိတ္တို႔ေၾကာင့္ တင္ပို႔မႈေႏွးျခင္းျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ႔သည့္ ဇန္နဝါရီလမွ စတင္၍ ထိုင္းႏိုင္ငံသို႔ တင္သြင္းရန္ ျမန္မာ့ေျပာင္းဆန္မ်ားအား ျမဝတီၿမိဳ႕ရွိ ဂိုေဒါင္မ်ား၌ ထိုင္းကုန္သည္မ်ားက ႀကိဳတင္ဝယ္ယူ သိုေလွာင္ထားခဲ့ၾကေၾကာင္း သိရသည္။

လက္ရွိတြင္အခ်ိန္တြင္ ျမန္မာ႔ေျပာင္းဆန္ ၁၅ Kg လွ်င္ ထိုင္းဘတ္ေငြ ၁၀၃ က်ပ္အထိ ေစ်းရွိၿပီး ၊ျမန္မာ ႏိုင္ငံတြင္ တစ္ႏွစ္လွ်င္ ေျပာင္းဆံ တန္ခ်ိန္ ၁၁ သန္းခန္႔ ထြက္ရွိၿပီး ထြက္ရွိမႈ၏ ထက္ဝက္ခန္႔အား ျပည္တြင္း ၌သာ သံုးစြဲေၾကာင္း သိရသည္။

ျမန္မာ႔ေျပာင္းဆံမ်ားအား ပထမဆံုးအႀကိမ္အျဖစ္ တစ္ႏွစ္ပတ္လုံး ဝယ္ယူရန္ ထိုင္းႏိုင္ငံႏွင့္ MOU လက္မွတ္ ေရးထိုးရန္ ရွိေသာ္လည္း ထိုင္းႏိုင္ငံရွိ ေျပာင္းစိုက္ေတာင္သူမ်ားမွ မဝယ္ယူရန္ ကန္႔ကြက္မႈမ်ား ရွိေနသည့္ အတြက္ MOU လက္မွတ္ မေရးထိုးႏိုင္ေသးေၾကာင္း သိရသည္။

မိွဳင္းေဝ(AMIA)
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
------------
(Unicode)⤵⤵⤵
ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်းဆန်များ အခွန်ကင်းလွတ်ခွင့်ဖြင့် စတင်တင်ပို့

မန္တလေး၊ ဖေဖော်ဝါရီ ၆

ယခုလ ၁ ရက်နေ့မှစကာ ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်းဆန်များကို အခွန်ကင်းလွတ်ခွင့်ဖြင့် စတင်တင်ပို့နေပြီဖြစ် ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။

ထိုင်းနိုင်ငံ၏မူ ဝါဒအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ သြဂုတ်လကုန်အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြန်လည်တင် ပို့ခွင့်ပြုခဲ့ပြီး၊ စက်တင်ဘာလမှ ဇန်နဝါရီလကုန်အထိ ၅ လတာခန့် ဝယ်ယူမှုရပ်ဆိုင်းလေ့ရှိကြောင်း သိရသည်။

" အခု ထိုင်းငွေဈေးကကျပြီး မြန်မာငွေဈေးက မာနေတော့ မြန်မာငွေနဲ့ ပြန်ချိန်ဆလိုက်ရင် သိပ်မကိုက်တဲ့အ တွက် အရောင်းအဝယ်က နှေးတယ်၊ အရင်ထိုင်းက ကြိုဝယ်ထားတာတွေရှိတော့ တင်ပို့နေတာက ပုံမှန်ပဲ ရှိနေ ပါတယ် " ဟု အဆိုပါအသင်း အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက ပြောသည်။

အခွန်ကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့နေသော်လည်း ထိုင်းငွေဈေးကျသဖြင့် အရောင်းအဝယ် အေးနေပြီး ၊ ထိုင်းနိုင်ငံမှ ပေးသည့်ဈေးနှင့် တောင်သူများကုန်ကျသည့် သယ်ယူစရိတ်၊ သွင်းအားစုစရိတ် ကုန်ကျမှုစရိတ်တို့ကြောင့် တင်ပို့မှုနှေးခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်၍ ထိုင်းနိုင်ငံသို့ တင်သွင်းရန် မြန်မာ့ပြောင်းဆန်များအား မြဝတီမြို့ရှိ ဂိုဒေါင်များ၌ ထိုင်းကုန်သည်များက ကြိုတင်ဝယ်ယူ သိုလှောင်ထားခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင်အချိန်တွင် မြန်မာ့ပြောင်းဆန် ၁၅ Kg လျှင် ထိုင်းဘတ်ငွေ ၁၀၃ ကျပ်အထိ ဈေးရှိပြီး ၊မြန်မာ နိုင်ငံတွင် တစ်နှစ်လျှင် ပြောင်းဆံ တန်ချိန် ၁၁ သန်းခန့် ထွက်ရှိပြီး ထွက်ရှိမှု၏ ထက်ဝက်ခန့်အား ပြည်တွင်း ၌သာ သုံးစွဲကြောင်း သိရသည်။

မြန်မာ့ပြောင်းဆံများအား ပထမဆုံးအကြိမ်အဖြစ် တစ်နှစ်ပတ်လုံး ဝယ်ယူရန် ထိုင်းနိုင်ငံနှင့် MOU လက်မှတ် ရေးထိုးရန် ရှိသော်လည်း ထိုင်းနိုင်ငံရှိ ပြောင်းစိုက်တောင်သူများမှ မဝယ်ယူရန် ကန့်ကွက်မှုများ ရှိနေသည့် အတွက် MOU လက်မှတ် မရေးထိုးနိုင်သေးကြောင်း သိရသည်။

မှိုင်းဝေ(AMIA)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ထိုင္းႏိုင္ငံသို႔ ျမန္မာ႔ေျပာင္းဆန္မ်ား အခြန္ကင္းလြတ္ခြင့္ျဖင့္ စတင္တင္ပို႔ ထိုင္းႏိုင္ငံသို႔ ျမန္မာ႔ေျပာင္းဆန္မ်ား အခြန္ကင္းလြတ္ခြင့္ျဖင့္ စတင္တင္ပို႔ Reviewed by THITHTOOLWIN on 21:57 Rating: 5
Powered by Blogger.