နမ့္စန္ၿမိဳ႕လယ္ေခါင္ အမ်ိဳးသားတဦး ေသနတ္ပစ္ခံရ

(Zawgyi)⤵⤵⤵
ဇန္နဝါရီ ၃၁၊၂၀၂၀

သွ်မ္းျပည္ ေတာင္ပိုင္း နမ့္စန္ၿမဳိ႕ လယ္ေခါင္တြင္ အမ်ိဳးသား တဦး ေသနတ္ပစ္ခံရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဇန္နဝါရီ ၃၀) ညေန ၄နာရီ ေက်ာ္ တြင္ အမည္မသိ လက္နက္ကိုင္ ၂ဦးက ဆုိင္ကယ္ျဖင့္ ေမာင္းလာကာ ထူးဆန္း ယာဥ္ငယ္လုိင္း ဂိတ္မွဴးကုိ ေသနတ္ျဖင့္ ၄ခ်က္ ပစ္သြားေၾကာင္း နမ့္စန္ ေဒသခံ အမ်ိဳးသား တဦး က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ ေသနတ္ပစ္တာေတာ့ ၄ခ်က္၊ ထိတာေတာ့ ၃ခ်က္ပါ။ ေခါင္းတခ်က္၊ ဗိုက္တခ်က္၊ ဘယ္ဖက္ လက္ေမာင္းတခ်က္ ထိတယ္။ ေလာဆယ္ေတာ့ ဒဏ္ရာကို ခြဲစိတ္ထားတယ္။ စိုးရိမ္စရာေတာ့ မရွိေတာ့ဘူး” ဟု ၎ က ေျပာသည္။

ေသနတ္ပစ္ခံရသူသည္ အသက္ ၄၈ အရြယ္ ရွိ အမ်ိဳးသားျဖစ္ၿပီး၊ ဆိုင္ကယ္ျဖင့္လာေရာက္ ပစ္ခတ္သြားသည့္ တရားခံ ၂ဦး ကို လက္ရွိ အခ်ိန္ထိ မမိေသးေၾကာင္းလည္း သိရသည္။

“ ဆုိင္ကယ္နဲ႔ ဆိုေတာ့ တရားခံမမိလိုက္ဘူး။ အခုေတာ့ ၿမိဳ႕ဝင္၊ ၿမိဳ႕ထြက္ လံုၿခံဳေရးေတြ တင္းၾကပ္ထားတယ္” ဟု အဆုိပါ အမ်ိဳးသား က ဆိုသည္။

အဆုိပါ ေသနတ္ပစ္ခံရသည့္ သူသည္ သာမာန္ အရပ္သားျဖစ္ၿပီး ႏုိင္ငံေရး ႏွင့္ မပတ္သက္ေၾကာင္း၊ လူေအးေဆး ေနသည့္ ဟုလည္း နမ့္စန္ေဒသခံမ်ားက ေျပာသည္။

နမ့္စန္ၿမိဳ႕လယ္ေခါင္အတြင္း ေသနတ္ပစ္မႈ ႏွင့္ ပတ္သတ္ၿပီး နမ့္စန္ ရဲစခန္းကို ဆက္သြယ္ေမးျမန္းရာ “ တရားခံကို စံုစမ္းေနဆဲ ပါ” ဟု သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

နမ့္စန္ၿမိဳ႕ လယ္ေခါင္ တြင္ အမည္မသိ လက္နက္ကိုင္ အဖြဲ႔ဝင္ က ေသနတ္လာေရာက္ပစ္ခတ္မႈေၾကာင့္ ေဒသခံမ်ား စိုးရိမ္မႈျဖင့္ ေနထိုင္ေနရေၾကာင္းလည္း ေဒသခံမ်ားက ေျပာသည္။.

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
----------
(Unicode)⤵⤵⤵
နမ့်စန်မြို့လယ်ခေါင် အမျိုးသားတဦး သေနတ်ပစ်ခံရ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဇန်နဝါရီ ၃၁၊၂၀၂၀

သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့ လယ်ခေါင်တွင် အမျိုးသား တဦး သေနတ်ပစ်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီ ၃၀) ညနေ ၄နာရီ ကျော် တွင် အမည်မသိ လက်နက်ကိုင် ၂ဦးက ဆိုင်ကယ်ဖြင့် မောင်းလာကာ ထူးဆန်း ယာဉ်ငယ်လိုင်း ဂိတ်မှူးကို သေနတ်ဖြင့် ၄ချက် ပစ်သွားကြောင်း နမ့်စန် ဒေသခံ အမျိုးသား တဦး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ သေနတ်ပစ်တာတော့ ၄ချက်၊ ထိတာတော့ ၃ချက်ပါ။ ခေါင်းတချက်၊ ဗိုက်တချက်၊ ဘယ်ဖက် လက်မောင်းတချက် ထိတယ်။ လောဆယ်တော့ ဒဏ်ရာကို ခွဲစိတ်ထားတယ်။ စိုးရိမ်စရာတော့ မရှိတော့ဘူး” ဟု ၎င်း က ပြောသည်။

သေနတ်ပစ်ခံရသူသည် အသက် ၄၈ အရွယ် ရှိ အမျိုးသားဖြစ်ပြီး၊ ဆိုင်ကယ်ဖြင့်လာရောက် ပစ်ခတ်သွားသည့် တရားခံ ၂ဦး ကို လက်ရှိ အချိန်ထိ မမိသေးကြောင်းလည်း သိရသည်။

“ ဆိုင်ကယ်နဲ့ ဆိုတော့ တရားခံမမိလိုက်ဘူး။ အခုတော့ မြို့ဝင်၊ မြို့ထွက် လုံခြုံရေးတွေ တင်းကြပ်ထားတယ်” ဟု အဆိုပါ အမျိုးသား က ဆိုသည်။

အဆိုပါ သေနတ်ပစ်ခံရသည့် သူသည် သာမာန် အရပ်သားဖြစ်ပြီး နိုင်ငံရေး နှင့် မပတ်သက်ကြောင်း၊ လူအေးဆေး နေသည့် ဟုလည်း နမ့်စန်ဒေသခံများက ပြောသည်။

နမ့်စန်မြို့လယ်ခေါင်အတွင်း သေနတ်ပစ်မှု နှင့် ပတ်သတ်ပြီး နမ့်စန် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ “ တရားခံကို စုံစမ်းနေဆဲ ပါ” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

နမ့်စန်မြို့ လယ်ခေါင် တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင် က သေနတ်လာရောက်ပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်မှုဖြင့် နေထိုင်နေရကြောင်းလည်း ဒေသခံများက ပြောသည်။.

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
နမ့္စန္ၿမိဳ႕လယ္ေခါင္ အမ်ိဳးသားတဦး ေသနတ္ပစ္ခံရ နမ့္စန္ၿမိဳ႕လယ္ေခါင္ အမ်ိဳးသားတဦး ေသနတ္ပစ္ခံရ Reviewed by THITHTOOLWIN on 00:01 Rating: 5
Powered by Blogger.