ထိုင္း Amata ေကာ္ပိုေရး႐ွင္း ရန္ကုန္တိုင္းမွာ စက္မႈဇံု တည္ေဆာက္မည္

ထိုင္း Amata ေကာ္ပိုေရး႐ွင္း ေၾကာ္ညာ

(Zawgyi/Unicode)

ထုိင္းႏုိင္ငံအေျခစုိက္ Amata စက္မႈေကာ္ပုိေရးရွင္းႀကီးက ျမန္မာႏုိင္ငံ၊ ရန္ကုန္ၿမိဳ႕မွာ အေမရိကန္ေဒၚလာ ၁ ဘီလီယံ တန္ဖုိးရွိတဲ့ စက္မႈဇံုတည္ေဆာက္ဖုိ႔ ျပင္ဆင္ေနေၾကာင္း ဂ်ပန္အေျခစုိက္ Nikkei သတင္းမွာ ေဖာ္ျပထားပါတယ္။ ဒီစက္မႈဇုံက ကမၻာ့အဆင့္မွီ ကုန္ပစၥည္းေတြ ထုတ္လုပ္ႏုိင္ေရး ႏုိင္ငံျခားကုမၸဏီေတြ လာေရာက္ ရင္းႏွီးျမဳပ္ႏွံႏုိင္ေအာင္ စြဲေဆာင္ႏုိင္တဲ့ စက္မႈဇုံမရွိေသးတဲ့ ျမန္မာႏုိင္ငံမွာ အေရးပါတဲ့ စက္မႈဇုံတခုျဖစ္လာမယ္လုိ႔ ဆုိပါတယ္။

ျမန္မာဖြံၿဖိဳးေရးအတြက္ ေဒၚလာသန္း ၈,၀၀၀ နီးပါး ဂ်ပန္ ကူညီမယ့္သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

ရန္ကုန္ၿမိဳ႕ရဲ႕ အေရွ႕ေျမာက္ပုိင္းေဒသမွာရွိတဲ့ ဟက္တာ ၈၀၀ ရွိတဲ့ ေျမကြက္ေပၚမွာ ႏွစ္ ၇၀ လုပ္ငန္းလုပ္ပုိင္ခြင့္ အငွားစာခ်ဳပ္တခုကုိ Amata ကုမၸဏီက ျမန္မာေဆာက္လုပ္ေရး၀န္ႀကီးဌာနနဲ႔ မၾကာေသးခင္ကဘဲ ေနျပည္ေတာ္မွာ လက္မွတ္ေရးထုိးခဲ့တယ္လုိ႔ ဆုိပါတယ္။ Amata ရဲ႕ စီမံကိန္းထဲမွာ မီဂါ၀ပ္ ၆၀၀ ထုတ္လုပ္ႏုိင္တဲ့ လွ်ပ္စစ္ဓါတ္အားေပးစက္လည္း ပါ၀င္မယ္လုိ႔ဆုိပါတယ္။

ျမန္မာႏုိင္ငံဟာ GMS လုိ႔ေခၚတဲ့ မဟာမဲေခါင္ေဒသခြဲႏုိင္ငံေတြရဲ႕ အိႏၵိယသမုဒၵယာအတြက္ ထြက္ေပါက္ျဖစ္ေၾကာင္း၊ ဒါေၾကာင့္ ျမန္မာကုိ ေရြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္း Amata ကုမၸဏီအႀကီးအကဲ Vikrom Kromadit မၾကာေသးခင္က Nikkei သတင္းဌာနနဲ႔ျပဳလုပ္တဲ့ ေမးျမန္းခန္းမွာ ေျပာၾကားခဲ့တယ္လုိ႔ ဆုိပါတယ္။ သူတုိ႔တည္ေဆာက္မယ့္ စက္မႈဇုံမွာ လာေရာက္ရင္းႏွီးျမဳပ္ႏွံၾကမယ့္ ကုမၸဏီေတြရဲ႕ ပမာဏဟာ အေမရိကန္ေဒၚလာ ၃.၇ ဘီလီယံအထိ ရွိႏုိင္တယ္လုိ႔ Amata က ခန္႔မွန္းထားပါတယ္။

စီးပြားဖြံ႔ၿဖိဳးမႈ အလားအလာအမ်ားႀကီး ရွိေနတဲ့ ျမန္မာႏုိင္ငံဟာ တျခား မဟာမဲေခါင္ေဒသခြဲႏုိင္ငံေတြျဖစ္ၾကတဲ့ ဗီယက္နမ္၊ ထုိင္း၊ ကေမၻာဒီးယား၊ လာအုိနဲ႔ တရုတ္ႏုိင္ငံတုိ႔နည္းတူ ႏုိင္ငံျခားကရင္းႏွီးျမဳပ္ႏွံလုိသူေတြ မ်က္စိက်ခဲ့တဲ့ႏုိင္ငံျဖစ္ေပမယ့္ ေနာက္ပုိင္းမွာ ႏုိင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈေတြ ထင္သေလာက္ ေရာက္မလာခဲ့ပါဘူး။

လူဦးေရ ၅၄ သန္းေလာက္ရွိၿပီး ျပည္တြင္း၀ယ္သုံးစြဲမႈအားေကာင္းတဲ့အျပင္ လုပ္အားခလည္း သက္သာတဲ့ ျမန္မာႏုိင္ငံမွာ ကမၻာ့စံခ်ိန္မွီ စက္မႈဇုံေတြ ရွိမေနတာ၊ လွ်ပ္စစ္ဓါတ္အား အလုံအေလာက္ မေပးႏုိင္တာနဲ႔ သယ္ယူပုိ႔ေဆာင္ေရးက႑မွာ အားနည္းေနေသးတာေတြေၾကာင့္ ႏုိင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈေတြ ေရာက္မလာတာလုိ႔ ဆုိပါတယ္။

.....................

ထိုင်း Amata ကော်ပိုရေးရှင်း ရန်ကုန်တိုင်းမှာ စက်မှုဇုံ တည်ဆောက်မည်

(Unicode)

ထိုင်းနိုင်ငံအခြေစိုက် Amata စက်မှုကော်ပိုရေးရှင်းကြီးးက မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိတဲ့ စက်မှုဇုံတည်ဆောက်ဖို့ ပြင်ဆင်နေကြောင်း ဂျပန်အခြေစိုက် Nikkei သတင်းမှာ ဖော်ပြထားပါတယ်။ ဒီစက်မှုဇုံက ကမ္ဘာ့အဆင့်မှီ ကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်ရေး နိုင်ငံခြားကုမ္ပဏီတွေ လာရောက် ရင်းနှီးမြုပ်နှံနိုင်အောင် စွဲဆောင်နိုင်တဲ့ စက်မှုဇုံမရှိသေးတဲ့ မြန်မာနိုင်ငံမှာ အရေးပါတဲ့ စက်မှုဇုံတခုဖြစ်လာမယ်လို့ ဆိုပါတယ်။

မြန်မာဖွံဖြိုးရေးအတွက် ဒေါ်လာသန်း ၈,၀၀၀ နီးပါး ဂျပန် ကူညီမယ့်သတင်းကို ဖတ်ရှုနိုင်ပါပြီ။

ရန်ကုန်မြို့ရဲ့ အရှေ့မြောက်ပိုင်းဒေသမှာရှိတဲ့ ဟက်တာ ၈၀၀ ရှိတဲ့ မြေကွက်ပေါ်မှာ နှစ် ၇၀ လုပ်ငန်းလုပ်ပိုင်ခွင့် အငှားစာချုပ်တခုကို Amata ကုမ္ပဏီက မြန်မာဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ မကြာသေးခင်ကဘဲ နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။ Amata ရဲ့ စီမံကိန်းထဲမှာ မီဂါဝပ် ၆၀၀ ထုတ်လုပ်နိုင်တဲ့ လျှပ်စစ်ဓါတ်အားပေးစက်လည်း ပါဝင်မယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံဟာ GMS လို့ခေါ်တဲ့ မဟာမဲခေါင်ဒေသခွဲနိုင်ငံတွေရဲ့ အိန္ဒိယသမုဒ္ဒယာအတွက် ထွက်ပေါက်ဖြစ်ကြောင်း၊ ဒါကြောင့် မြန်မာကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း Amata ကုမ္ပဏီအကြီးအကဲ Vikrom Kromadit မကြာသေးခင်က Nikkei သတင်းဌာနနဲ့ပြုလုပ်တဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ သူတို့တည်ဆောက်မယ့် စက်မှုဇုံမှာ လာရောက်ရင်းနှီးမြုပ်နှံကြမယ့် ကုမ္ပဏီတွေရဲ့ ပမာဏဟာ အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံအထိ ရှိနိုင်တယ်လို့ Amata က ခန့်မှန်းထားပါတယ်။

စီးပွားဖွံ့ဖြိုးမှု အလားအလာအများကြီး ရှိနေတဲ့ မြန်မာနိုင်ငံဟာ တခြား မဟာမဲခေါင်ဒေသခွဲနိုင်ငံတွေဖြစ်ကြတဲ့ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ တရုတ်နိုင်ငံတို့နည်းတူ နိုင်ငံခြားကရင်းနှီးမြုပ်နှံလိုသူတွေ မျက်စိကျခဲ့တဲ့နိုင်ငံဖြစ်ပေမယ့် နောက်ပိုင်းမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ထင်သလောက် ရောက်မလာခဲ့ပါဘူး။

လူဦးရေ ၅၄ သန်းလောက်ရှိပြီး ပြည်တွင်းဝယ်သုံးစွဲမှုအားကောင်းတဲ့အပြင် လုပ်အားခလည်း သက်သာတဲ့ မြန်မာနိုင်ငံမှာ ကမ္ဘာ့စံချိန်မှီ စက်မှုဇုံတွေ ရှိမနေတာ၊ လျှပ်စစ်ဓါတ်အား အလုံအလောက် မပေးနိုင်တာနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ အားနည်းနေသေးတာတွေကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ရောက်မလာတာလို့ ဆိုပါတယ်။

VOA (Burmese)
https://burmese.voanews.com
ထိုင္း Amata ေကာ္ပိုေရး႐ွင္း ရန္ကုန္တိုင္းမွာ စက္မႈဇံု တည္ေဆာက္မည္ ထိုင္း Amata ေကာ္ပိုေရး႐ွင္း ရန္ကုန္တိုင္းမွာ စက္မႈဇံု တည္ေဆာက္မည္ Reviewed by THITHTOOLWIN on 21:50 Rating: 5
Powered by Blogger.