ကုိ႐ုိနာဗုိင္းရပ္စ္ တုိက္ဖ်က္ေရး ျမန္မာနဲ႔ အာရွမွာ ADB ေဒၚလာ ၂ သန္းကူမည္

တ႐ုတ္-ျမန္မာနယ္စပ္ဂိတ္မွ ျမန္မာႏုိင္ငံအတြင္း ဝင္ေရာက္လာသူမ်ားအား က်န္းမာေရးစစ္ေဆးေနသည့္ ျမင္ကြင္း။ (ဇန္နဝါရီ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ေရာဂါ တိုက္ဖ်က္ေရးအတြက္ အာရွဖြံ႔ၿဖိဳးေရးဘဏ္ (ADB) က ျမန္မာႏုိင္ငံ အပါအ၀င္ ႏိုင္ငံ ၆ ႏုိ္င္ငံကို ေဒၚလာ ၂ သန္း ေပးအပ္မွာျဖစ္ေၾကာင္း ADB က ေဖေဖာ္၀ါရီ ၇ ရက္ေန႔က သတင္းထုတ္ျပန္ခဲ့ပါတယ္။

အခု ေငြေၾကးအကူအညီဟာ ျမန္မာ၊ ကေမၻာဒီးယား၊ တ႐ုတ္၊ လာအို၊ ထိုင္းနဲ႔ ဗီယက္နမ္ႏုိင္ငံေတြမွာ နည္းပညာဆိုင္ရာ အကူအညီ ရရွိဖု႔ိနဲ႔ ကူးစက္ေရာဂါ တုံ႔ျပန္ေရးစြမ္းရည္ ခိုင္ခိုင္မာမာ ရွိလာဖို႔အတြက္ ေပးအပ္တာပါ။

အေသးစိတ္လုပ္ငန္းေတြအေနနဲ႔ ေက်းလက္ေဒသ အပါအ၀င္ ႏုိင္ငံတြင္း ေရာဂါရွာေဖြ စစ္ေဆးေရးနဲ႔ ေစာင့္ၾကည့္ေရးလုပ္ငန္းေတြ ပိုမို ေကာင္းမြန္လာေရး အႀကံျပဳခ်က္ေတြ ေပးအပ္ႏုိင္ေရး၊ က်န္းမာေရးစနစ္ ပိုမိုခိုင္မာ ေကာင္းမြန္ေရးနဲ႔ ကပ္ေဘးေရာဂါေတြအေပၚ တုံ႔ျပန္မႈစြမ္းရည္ ပိုမုိေကာင္းမြန္ေရး လုပ္ငန္းေတြ ပါ၀င္ပါတယ္။

    ကုိ႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈနဲ႔ အေရးေပၚအေျခအေန (တိုက္႐ိုက္ေလလိႈင္း) ေဆြးေႏြးခ်က္ အစီအစဥ္ နားဆင္ႏုိင္ပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ေရာဂါ ရွာေဖြကုသေရးနဲ႔ ဓာတ္ခြဲခန္းဆိုင္ရာ အသုံးအေဆာင္ေတြ ေထာက္ပံ့ေရးမွာလည္း ဒီ ေထာက္ပံ့ေငြေတြကို အသုံးျပဳမယ္လို႔ ဆိုပါတယ္။

ADB ဥကၠ႒ Mr. Masatsugu Asakawa က ADB အေနနဲ႔ အေရးေပၚ အေျခအေနမွာ အဖြဲ႔၀င္ႏုိင္ငံေတြကို လွ်င္လွ်င္ျမန္ျမန္နဲ႔ သီးသီးသန္႔သန္႔ထားၿပီး အကူအညီေပးတဲ့ အစဥ္အလာရွိေၾကာင္း၊ ေနာက္ထပ္ လိုအပ္ခ်က္ေတြနဲ႔အညီ အကူအညီ ထပ္မံေပးဖို႔လည္း အဆင္သင့္ရွိေၾကာင္း ေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ လတ္တေလာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရသူအျဖစ္ အတည္ျပဳထားသူ မရွိေသးေပမယ့္ မသကၤာစရာ ေရာဂါလကၡဏာ ေတြ႔ရသူ တခ်ဳိ႕ကုိေတာ့ ေစာင့္ၾကည့္စစ္ေဆးေနပါတယ္။

သံသယလူနာ ၁ ဦး အပါအဝင္ လူနာ ၁၀ ဦးကုိ ေဆး႐ုံေတြမွာ ဆက္လက္ ေစာင့္ၾကပ္ၾကည့္႐ႈ ကုသမႈေပးထားတယ္လုိ႔လည္း ျမန္မာႏုိင္ငံ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက စေနေန႔မွာ သတင္းထုတ္ျပန္ထားပါတယ္။

အာရွဖြံ႔ၿဖိဳးေရးဘဏ္ (ADB) ဟာ ကုိ႐ိုနာဗုိင္းရပ္စ္ ကူးစက္ေရာဂါ တိုက္ဖ်က္ေရးမွာ ႏုိင္ငံေတြအၾကား ပူးေပါင္းေဆာင္ရြက္ႏုိင္တဲ့ နယ္ပယ္ေတြကို ရွာေဖြေဖာ္ထုတ္ဖို႔နဲ႔ ေနာက္ထပ္ ေငြေၾကးအကူအညီ ေပးအပ္ႏုိင္ေရးအတြက္ ကမၻာ့က်န္းမာေရးအဖြဲ႔ (WHO) က တာ၀န္ရွိသူေတြနဲ႔ အနီးကပ္ ပူးေပါင္းေဆာင္ရြက္ေနပါတယ္။

ADB က စီးပြားေရးပညာရွင္ေတြဟာလည္း ကုိ႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ခရီးသြားလာေရး၊ ကုန္သြယ္ေရးနဲ႔ ကုန္စည္ေထာက္ပံ့ေရး လမ္းေၾကာင္း အပါအ၀င္ ေဒသတြင္း စီးပြားေရးအေပၚ ဘယ္အတိုင္းအတာအထိ သက္ေရာက္မႈရွိမလဲ ဆိုတာကိုလည္း ေလ့လာေနပါတယ္။

-----------------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး မြန်မာနဲ့ အာရှမှာ ADB ဒေါ်လာ ၂ သန်းကူမည်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၆ နိုင်ငံကို ဒေါ်လာ ၂ သန်း ပေးအပ်မှာဖြစ်ကြောင်း ADB က ဖေဖော်ဝါရီ ၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခု ငွေကြေးအကူအညီဟာ မြန်မာ၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ နည်းပညာဆိုင်ရာ အကူအညီ ရရှိဖု့ိနဲ့ ကူးစက်ရောဂါ တုံ့ပြန်ရေးစွမ်းရည် ခိုင်ခိုင်မာမာ ရှိလာဖို့အတွက် ပေးအပ်တာပါ။

အသေးစိတ်လုပ်ငန်းတွေအနေနဲ့ ကျေးလက်ဒေသ အပါအဝင် နိုင်ငံတွင်း ရောဂါရှာဖွေ စစ်ဆေးရေးနဲ့ စောင့်ကြည့်ရေးလုပ်ငန်းတွေ ပိုမို ကောင်းမွန်လာရေး အကြံပြုချက်တွေ ပေးအပ်နိုင်ရေး၊ ကျန်းမာရေးစနစ် ပိုမိုခိုင်မာ ကောင်းမွန်ရေးနဲ့ ကပ်ဘေးရောဂါတွေအပေါ် တုံ့ပြန်မှုစွမ်းရည် ပိုမိုကောင်းမွန်ရေး လုပ်ငန်းတွေ ပါဝင်ပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ အရေးပေါ်အခြေအနေ (တိုက်ရိုက်လေလှိုင်း) ဆွေးနွေးချက် အစီအစဉ် နားဆင်နိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ရှာဖွေကုသရေးနဲ့ ဓာတ်ခွဲခန်းဆိုင်ရာ အသုံးအဆောင်တွေ ထောက်ပံ့ရေးမှာလည်း ဒီ ထောက်ပံ့ငွေတွေကို အသုံးပြုမယ်လို့ ဆိုပါတယ်။

ADB ဥက္ကဋ္ဌ Mr. Masatsugu Asakawa က ADB အနေနဲ့ အရေးပေါ် အခြေအနေမှာ အဖွဲ့ဝင်နိုင်ငံတွေကို လျှင်လျှင်မြန်မြန်နဲ့ သီးသီးသန့်သန့်ထားပြီး အကူအညီပေးတဲ့ အစဉ်အလာရှိကြောင်း၊ နောက်ထပ် လိုအပ်ချက်တွေနဲ့အညီ အကူအညီ ထပ်မံပေးဖို့လည်း အဆင်သင့်ရှိကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအဖြစ် အတည်ပြုထားသူ မရှိသေးပေမယ့် မသင်္ကာစရာ ရောဂါလက္ခဏာ တွေ့ရသူ တချို့ကိုတော့ စောင့်ကြည့်စစ်ဆေးနေပါတယ်။

သံသယလူနာ ၁ ဦး အပါအဝင် လူနာ ၁၀ ဦးကို ဆေးရုံတွေမှာ ဆက်လက် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးထားတယ်လို့လည်း မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စနေနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ တိုက်ဖျက်ရေးမှာ နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နယ်ပယ်တွေကို ရှာဖွေဖော်ထုတ်ဖို့နဲ့ နောက်ထပ် ငွေကြေးအကူအညီ ပေးအပ်နိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တာဝန်ရှိသူတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။

ADB က စီးပွားရေးပညာရှင်တွေဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလာရေး၊ ကုန်သွယ်ရေးနဲ့ ကုန်စည်ထောက်ပံ့ရေး လမ်းကြောင်း အပါအဝင် ဒေသတွင်း စီးပွားရေးအပေါ် ဘယ်အတိုင်းအတာအထိ သက်ရောက်မှုရှိမလဲ ဆိုတာကိုလည်း လေ့လာနေပါတယ်။

VOA (Burmese)
https://burmese.voanews.com
ကုိ႐ုိနာဗုိင္းရပ္စ္ တုိက္ဖ်က္ေရး ျမန္မာနဲ႔ အာရွမွာ ADB ေဒၚလာ ၂ သန္းကူမည္ ကုိ႐ုိနာဗုိင္းရပ္စ္ တုိက္ဖ်က္ေရး ျမန္မာနဲ႔ အာရွမွာ ADB ေဒၚလာ ၂ သန္းကူမည္ Reviewed by THITHTOOLWIN on 23:32 Rating: 5
Powered by Blogger.