ေျမာက္ဦး လူငယ္တစ္ဦး ေသဆုံးမႈအတြက္ တပ္နဲ႔ AA အျပန္အလွန္စြပ္စြဲ

(Zawgyi)⤵⤵⤵
ရကၡိဳင့္တပ္ေတာ္ AA တပ္ဖြဲ႕ဝင္ေတြက ႐ိုက္ႏွက္တဲ့အတြက္ ေျမာက္ဦးၿမိဳ႕နယ္ ေပါင္းတုတ္ေက်း႐ြာက လူငယ္ တစ္ဦး ေသဆုံးသြားတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

အင္တာနက္သုံးဖို႔ တယ္လီဖုန္းကိုင္ၿပီး ေျမာက္ဦးၿမိဳ႕ဘက္ကို မေန႔ညေနက ထြက္လာခဲ့ၾကတဲ့ ႐ိုဟင္ဂ်ာ လူငယ္ ႏွစ္ဦးဆီကို AA တပ္ဖြဲ႕ဝင္ ေလးဦးေရာက္လာၿပီး ထိုးႀကိတ္ၾကတာေၾကာင့္ ေသဆုံးခဲ့ရတာျဖစ္တယ္လို႔ တပ္မေတာ္က ေျပာပါတယ္။

အဲဒီထဲက တစ္ဦး လြတ္ေျမာက္သြားတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

“မေန႔ကည ၈ နာရီခြဲ ေျမာက္ဦးၿမိဳ႕နယ္ေတာင္ဘက္မွာရွိတဲ့ သုံးမိုင္၊ ေလးမိုင္ေလာက္ပဲေဝးတဲ့ ေပါင္းတုတ္ ေက်း႐ြာ မြတ္ဆလင္ ဘဂၤလီ ႏွစ္ဦးက ႐ြာေျမာက္ဘက္ကသြားၿပီးေတာ့ ဖုန္းအသုံးျပဳေနတယ္ AA ေလးေယာက္ေလာက္ ေရာက္လာတယ္ ေျပာတယ္၊ မင္းတို႔တပ္ကို သတင္းေပးေနတာလား ေျပာတယ္၊ ဖမ္းၿပီးေတာ့ တစ္ေယာက္ကို ဓားနဲ႔ထိုးတယ္၊ ေမာင္တင္လႈိင္ အသက္ ၁၉ ႏွစ္ ဘဂၤလီအစၥလာမ္ပါပဲ၊ လည္ပင္းထိုးသြင္းဒဏ္ရာ ရင္အုံထိုးသြင္းဒဏ္ရာနဲ႔ ေသဆုံးသြားတယ္ ၁၀ တန္း ေက်ာင္းသားလို႔ ေျပာတယ္”

႐ိုဟင္ဂ်ာလူငယ္ ေသဆုံးသြားတာနဲ႔ ပတ္သက္ၿပီး ေပါင္းတုတ္ေက်း႐ြာသားေတြက မေက်နပ္လို႔ ရန္ကုန္ ေျမာက္ဦးကားလမ္းမေပၚက ဆိုင္ကယ္ေတြ၊ ကားေတြကို ႐ိုက္ႏွက္ဖ်က္ဆီးခဲ့တယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဆိုပါတယ္။

“၁၁ နာရီေလာက္မွာေတာ့ နည္းနည္းဆူဆူူပူပူျဖစ္တယ္၊ သူတို႔နားေလးကျဖတ္တဲ့ ရခိုင္လူမ်ိဳး ရခိုင္တခ်ိဳ႕ကို ႐ိုက္ႏွက္တယ္လို႔ သိရတယ္၊ ဆိုင္ကယ္ေတြေရာ သုံးဘီးေတြေရာ ဝိုင္းၿပီး႐ိုက္တာေပါ့၊ အဲလိုမ်ိဳးေလး မၿငိမ္မသက္ျဖစ္တယ္လို႔ေတာ့ ကနဦး သိရတယ္ေပါ့”

ဒီလူငယ္ႏွစ္ဦးကို တိုက္ခိုက္သူေတြဟာ ေျမာက္ဦး အေျခစိုက္ ခမရ ၅၄၀ က တပ္ဖြဲ႕ဝင္ေတြက လုပ္ေဆာင္တာ ျဖစ္တယ္လို႔ AA ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက တုံ႔ျပန္ျငင္းဆိုပါတယ္။

“ေဒသခံေတြဆီက သိရတာကေတာ့ ျမန္မာစစ္တပ္ရဲ႕ ခမရ ၅၄၀ ေျမာက္ဦးအေျခစိုက္ေပါ့ေနာ္၊ အဲဒီ တပ္ရင္းက တစ္ေယာက္ကို ဖမ္းၿပီးေတာ့ အဲဒီမွာမေသမရွင္ ႐ိုက္ႏွက္ၿပီးေတာ့ လမ္းေဘးမွာထားခဲ့တယ္တဲ့ ၿပီးရင္ AA ကဆိုၿပီး ေျပာသြားတယ္တဲ့ ေနာက္ၿပီးေတာ့ မိသားစုဆီကိုလည္း AA ကဆိုၿပီးေတာ့ ဖုန္းဆက္ ၿပီးေတာ့မွ မင္းတို႔လူေတြကို ငါတို႔ ဘယ္လိုလုပ္ထားခဲ့တယ္ဆိုၿပီး အဲလိုဖုန္းဆက္တယ္လို႔ သိရတယ္ခင္ဗ်၊ က်ေတာ္တို႔နဲ႔ ဘာမွပတ္သက္မႈ မရွိဘူး”

ရခိုင္ေဒသမွာ တပ္မေတာ္ရဲ႕ လုပ္ရပ္ေတြကို လြတ္လပ္တဲ့ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြ စုံစမ္းစစ္ေဆးဖို႔လိုေန ၿပီလို႔ ခိုင္သုခက ေျပာပါတယ္။ တပ္မေတာ္ရဲ႕လုပ္ရပ္ဟာ ရခိုင္တိုင္းရင္းသားေတြနဲ႔ မြတ္ဆလင္ေတြအၾကား အဓိက႐ုဏ္းျဖစ္ေအာင္ ဖန္တီးေနတယ္လို႔ AA ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက ဆိုပါတယ္။

“ျမန္မာစစ္တပ္ဟာ မြတ္ဆလင္ေတြနဲ႔ ေနၿပီးေတာ့ ရခိုင္ေတြၾကားမွာ လူမ်ိဳးေရးဘာသာေရး အဓိက႐ုဏ္းေတြျဖစ္ေအာင္ နည္းမ်ိဳးစုံနဲ႔က်ိဳးပမ္းၿပီးေတာ့မွ အေကာင္အထည္ေဖာ္ လုပ္ေဆာင္ေနတာ ျဖစ္တယ္ဗ်။ ဆိုး႐ြားေအာက္တန္းက်တဲ့ လုပ္ရပ္ေတြျဖစ္တယ္”

ဒီေန႔မနက္ပိုင္းမွာ ေသဆုံးသြားတဲ့ ႐ိုဟင္ဂ်ာလူငယ္ရဲ႕ အေလာင္းကို ေပါင္းတုတ္႐ြာထဲ ျပန္သယ္ခဲ့ၿပီး ေပါင္းတုတ္႐ြာသားေတြဟာ ရန္ကုန္ - စစ္ေတြ ကားလမ္းမေပၚ တက္လာၿပီးေတာ့ ကားေတြ၊ ဆိုင္ကယ္ေတြ၊ လူေတြကို ႐ိုက္ႏွက္ခဲ့လို႔ ကားသမား သုံးဦး ထိခိုက္ဒဏ္ရာရၿပီး ၁၄ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး ဒဏ္ရာအျပင္းအထန္ ရသြားတယ္လို႔ ေျမာက္ဦးၿမိဳ႕နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးထြန္းသာစိန္က ေျပာပါတယ္။

“သယ္သြားတဲ့အေလာင္းကို ၾကည့္ၿပီးေတာ့ သူတို႔က ေဒါပြလာတယ္၊ လမ္းမွာျဖတ္သြားျဖတ္လာ ရန္ကုန္ - စစ္ေတြ ကားလမ္မေပၚကိုတက္ၿပီးေတာ့ လမ္းမွာျဖတ္သြားျဖတ္လာ ဆိုင္ကယ္ေရာ ၊ ကားေရာ တားတယ္၊ ေတြ႕သမွ်လူေတြကို ႐ိုက္ႏွက္တာေပါ့၊ အသက္ ၁၄ ႏွစ္ ေမာင္ျဖဴလုံးက ဒဏ္ရာေတာ္ေတာ္ျပင္းထန္တယ္၊ သူ႔ကို ေဆး႐ုံတင္လိုက္ရတယ္၊ ေနာက္ က်ေတာ္တို႔ ကားသမားေတြလည္း သုံး၊ ေလးေယာက္ရွိတယ္”

မေန႔ညက လူငယ္ တစ္ဦး ေသဆုံးမႈမွာ တာဝန္ရွိသူ ဘယ္သူ ဘယ္အဖြဲ႕ကျဖစ္တယ္ဆိုတာ မသိရေၾကာင္း၊ လက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ ပတ္သက္ၿပီး သုံးသပ္လိုျခင္း မရွိေၾကာင္း သူက ဆက္ေျပာပါတယ္။

ဒီအျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး ေပါင္းတုတ္ေဒသခံေတြရဲ႕ ေျပာဆိုခ်က္က AA နဲ႔ေရာ တပ္မေတာ္ဘက္က ေျပာဆိုခ်က္နဲ႔ပါ ကြဲလြဲေနပါတယ္။

စစ္ေတြ ကားလမ္းမေပၚတက္ၿပီး လူေတြကို ႐ိုက္ႏွက္တာ မရွိဘူး၊ သူတို႔ အနီးက ႐ြာမွာေနထိုင္တဲ့ ရခိုင္လူငယ္ ေတြက သတ္တယ္လို႔ ယူဆၾကတယ္လို႔ လုံၿခဳံေရး အေျခအေနအရ အသံနဲ႔ အမည္မေဖာ္လိုတဲ့ ေဒသခံ တစ္ဦးက RFA ကို ေျပာပါတယ္။

ရဲတပ္ဖြဲ႕ကေတာ့ အမႈနဲ႔ပတ္သက္လို႔ စုံစမ္းစစ္ေဆးေနၿပီး အေျခအေနကို ထိန္းသိမ္းထားႏိုင္တယ္လို႔ တပ္မေတာ္ဘက္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္း ရခိုင္ေဒသမွာ AA နဲ႔ တပ္မေတာ္ၾကား တင္းမာမႈေတြေၾကာင့္ အရပ္သား ထိခိုက္ ဒဏ္ရာရမႈဟာ လူေပါင္း ၂၅၀ ေက်ာ္အထိရွိခဲ့တယ္လို႔ စစ္ေတြၿမိဳ႕ အေျခစိုက္ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး (REC) က ထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.rfa.org
---------
(Unicode)⤵⤵⤵
မြောက်ဦး လူငယ်တစ်ဦး သေဆုံးမှုအတွက် တပ်နဲ့ AA အပြန်အလှန်စွပ်စွဲ

ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေက ရိုက်နှက်တဲ့အတွက် မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာက လူငယ် တစ်ဦး သေဆုံးသွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အင်တာနက်သုံးဖို့ တယ်လီဖုန်းကိုင်ပြီး မြောက်ဦးမြို့ဘက်ကို မနေ့ညနေက ထွက်လာခဲ့ကြတဲ့ ရိုဟင်ဂျာ လူငယ် နှစ်ဦးဆီကို AA တပ်ဖွဲ့ဝင် လေးဦးရောက်လာပြီး ထိုးကြိတ်ကြတာကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ တပ်မတော်က ပြောပါတယ်။

အဲဒီထဲက တစ်ဦး လွတ်မြောက်သွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“မနေ့ကည ၈ နာရီခွဲ မြောက်ဦးမြို့နယ်တောင်ဘက်မှာရှိတဲ့ သုံးမိုင်၊ လေးမိုင်လောက်ပဲဝေးတဲ့ ပေါင်းတုတ် ကျေးရွာ မွတ်ဆလင် ဘင်္ဂလီ နှစ်ဦးက ရွာမြောက်ဘက်ကသွားပြီးတော့ ဖုန်းအသုံးပြုနေတယ် AA လေးယောက်လောက် ရောက်လာတယ် ပြောတယ်၊ မင်းတို့တပ်ကို သတင်းပေးနေတာလား ပြောတယ်၊ ဖမ်းပြီးတော့ တစ်ယောက်ကို ဓားနဲ့ထိုးတယ်၊ မောင်တင်လှိုင် အသက် ၁၉ နှစ် ဘင်္ဂလီအစ္စလာမ်ပါပဲ၊ လည်ပင်းထိုးသွင်းဒဏ်ရာ ရင်အုံထိုးသွင်းဒဏ်ရာနဲ့ သေဆုံးသွားတယ် ၁၀ တန်း ကျောင်းသားလို့ ပြောတယ်”

ရိုဟင်ဂျာလူငယ် သေဆုံးသွားတာနဲ့ ပတ်သက်ပြီး ပေါင်းတုတ်ကျေးရွာသားတွေက မကျေနပ်လို့ ရန်ကုန် မြောက်ဦးကားလမ်းမပေါ်က ဆိုင်ကယ်တွေ၊ ကားတွေကို ရိုက်နှက်ဖျက်ဆီးခဲ့တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

“၁၁ နာရီလောက်မှာတော့ နည်းနည်းဆူဆူူပူပူဖြစ်တယ်၊ သူတို့နားလေးကဖြတ်တဲ့ ရခိုင်လူမျိုး ရခိုင်တချို့ကို ရိုက်နှက်တယ်လို့ သိရတယ်၊ ဆိုင်ကယ်တွေရော သုံးဘီးတွေရော ဝိုင်းပြီးရိုက်တာပေါ့၊ အဲလိုမျိုးလေး မငြိမ်မသက်ဖြစ်တယ်လို့တော့ ကနဦး သိရတယ်ပေါ့”

ဒီလူငယ်နှစ်ဦးကို တိုက်ခိုက်သူတွေဟာ မြောက်ဦး အခြေစိုက် ခမရ ၅၄၀ က တပ်ဖွဲ့ဝင်တွေက လုပ်ဆောင်တာ ဖြစ်တယ်လို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက တုံ့ပြန်ငြင်းဆိုပါတယ်။

“ဒေသခံတွေဆီက သိရတာကတော့ မြန်မာစစ်တပ်ရဲ့ ခမရ ၅၄၀ မြောက်ဦးအခြေစိုက်ပေါ့နော်၊ အဲဒီ တပ်ရင်းက တစ်ယောက်ကို ဖမ်းပြီးတော့ အဲဒီမှာမသေမရှင် ရိုက်နှက်ပြီးတော့ လမ်းဘေးမှာထားခဲ့တယ်တဲ့ ပြီးရင် AA ကဆိုပြီး ပြောသွားတယ်တဲ့ နောက်ပြီးတော့ မိသားစုဆီကိုလည်း AA ကဆိုပြီးတော့ ဖုန်းဆက် ပြီးတော့မှ မင်းတို့လူတွေကို ငါတို့ ဘယ်လိုလုပ်ထားခဲ့တယ်ဆိုပြီး အဲလိုဖုန်းဆက်တယ်လို့ သိရတယ်ခင်ဗျ၊ ကျတော်တို့နဲ့ ဘာမှပတ်သက်မှု မရှိဘူး”

ရခိုင်ဒေသမှာ တပ်မတော်ရဲ့ လုပ်ရပ်တွေကို လွတ်လပ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ စုံစမ်းစစ်ဆေးဖို့လိုနေ ပြီလို့ ခိုင်သုခက ပြောပါတယ်။ တပ်မတော်ရဲ့လုပ်ရပ်ဟာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေအကြား အဓိကရုဏ်းဖြစ်အောင် ဖန်တီးနေတယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဆိုပါတယ်။

“မြန်မာစစ်တပ်ဟာ မွတ်ဆလင်တွေနဲ့ နေပြီးတော့ ရခိုင်တွေကြားမှာ လူမျိုးရေးဘာသာရေး အဓိကရုဏ်းတွေဖြစ်အောင် နည်းမျိုးစုံနဲ့ကျိုးပမ်းပြီးတော့မှ အကောင်အထည်ဖော် လုပ်ဆောင်နေတာ ဖြစ်တယ်ဗျ။ ဆိုးရွားအောက်တန်းကျတဲ့ လုပ်ရပ်တွေဖြစ်တယ်”

ဒီနေ့မနက်ပိုင်းမှာ သေဆုံးသွားတဲ့ ရိုဟင်ဂျာလူငယ်ရဲ့ အလောင်းကို ပေါင်းတုတ်ရွာထဲ ပြန်သယ်ခဲ့ပြီး ပေါင်းတုတ်ရွာသားတွေဟာ ရန်ကုန် - စစ်တွေ ကားလမ်းမပေါ် တက်လာပြီးတော့ ကားတွေ၊ ဆိုင်ကယ်တွေ၊ လူတွေကို ရိုက်နှက်ခဲ့လို့ ကားသမား သုံးဦး ထိခိုက်ဒဏ်ရာရပြီး ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ မြောက်ဦးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

“သယ်သွားတဲ့အလောင်းကို ကြည့်ပြီးတော့ သူတို့က ဒေါပွလာတယ်၊ လမ်းမှာဖြတ်သွားဖြတ်လာ ရန်ကုန် - စစ်တွေ ကားလမ်မပေါ်ကိုတက်ပြီးတော့ လမ်းမှာဖြတ်သွားဖြတ်လာ ဆိုင်ကယ်ရော ၊ ကားရော တားတယ်၊ တွေ့သမျှလူတွေကို ရိုက်နှက်တာပေါ့၊ အသက် ၁၄ နှစ် မောင်ဖြူလုံးက ဒဏ်ရာတော်တော်ပြင်းထန်တယ်၊ သူ့ကို ဆေးရုံတင်လိုက်ရတယ်၊ နောက် ကျတော်တို့ ကားသမားတွေလည်း သုံး၊ လေးယောက်ရှိတယ်”

မနေ့ညက လူငယ် တစ်ဦး သေဆုံးမှုမှာ တာဝန်ရှိသူ ဘယ်သူ ဘယ်အဖွဲ့ကဖြစ်တယ်ဆိုတာ မသိရကြောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး သုံးသပ်လိုခြင်း မရှိကြောင်း သူက ဆက်ပြောပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ပေါင်းတုတ်ဒေသခံတွေရဲ့ ပြောဆိုချက်က AA နဲ့ရော တပ်မတော်ဘက်က ပြောဆိုချက်နဲ့ပါ ကွဲလွဲနေပါတယ်။

စစ်တွေ ကားလမ်းမပေါ်တက်ပြီး လူတွေကို ရိုက်နှက်တာ မရှိဘူး၊ သူတို့ အနီးက ရွာမှာနေထိုင်တဲ့ ရခိုင်လူငယ် တွေက သတ်တယ်လို့ ယူဆကြတယ်လို့ လုံခြုံရေး အခြေအနေအရ အသံနဲ့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

ရဲတပ်ဖွဲ့ကတော့ အမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပြီး အခြေအနေကို ထိန်းသိမ်းထားနိုင်တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း ရခိုင်ဒေသမှာ AA နဲ့ တပ်မတော်ကြား တင်းမာမှုတွေကြောင့် အရပ်သား ထိခိုက် ဒဏ်ရာရမှုဟာ လူပေါင်း ၂၅၀ ကျော်အထိရှိခဲ့တယ်လို့ စစ်တွေမြို့ အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org
ေျမာက္ဦး လူငယ္တစ္ဦး ေသဆုံးမႈအတြက္ တပ္နဲ႔ AA အျပန္အလွန္စြပ္စြဲ ေျမာက္ဦး လူငယ္တစ္ဦး ေသဆုံးမႈအတြက္ တပ္နဲ႔ AA အျပန္အလွန္စြပ္စြဲ Reviewed by THITHTOOLWIN on 21:40 Rating: 5
Powered by Blogger.