ကို႐ိုနာဗိုင္းရပ္စ္ - ကေလးေတြမွာ ဘာ့ေၾကာင့္ အျဖစ္နည္းတာလဲ

ကို႐ိုနာဗိုင္းရပ္စ္ပိုး ကေလးေတြကို မကူးစက္တာ ဘာ့ေၾကာင့္လဲ ဆိုတာ ေလ့လာစစ္ေဆးေန
(Zawgyi)⤵⤵⤵
ေဖေဖာ္ဝါရီလ ၅ ရက္ေန႔က တ႐ုတ္ႏိုင္ငံမွာ ေမြးကင္းစ ကေလးငယ္တစ္ဦး ေမြးၿပီးၿပီးခ်င္း နာရီ ၃၀ အၾကာမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရေၾကာင္း ေတြ႕ရွိခဲ့တယ္ ဆိုတဲ့ သတင္းက ကမာၻကို ပ်ံ႕သြားခဲ့ပါတယ္။

ဒါဟာ ေလာေလာဆယ္ လူ ၉၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး လူ ၄ ေသာင္းေက်ာ္ ေရာဂါကူးစက္ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုး ျဖစ္ပြားမႈမွာ အသက္အငယ္ဆုံး ျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ပိုးဟာ တ႐ုတ္ႏိုင္ငံမွာ အဓိက ျဖစ္ပြားခဲ့တာ ျဖစ္ေပမဲ့ ႏိုင္ငံ ၃၀ ေက်ာ္မွာလည္း ေရာဂါကူးစက္ျဖစ္ပြားေနသူေတြ ရွိေနပါတယ္။

ဒါေပမဲ့ ကေလးငယ္ေတြထဲမွာေတာ့ ေရာဂါ ကူးစက္ခံရတာ သိပ္ကို နည္းပါးတာ ေတြ႕ရပါတယ္။

အေမရိကန္ ေဆးပညာအဖြဲ႕ရဲ႕ ဂ်ာနယ္မွာ ေဖာ္ျပထားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေရာဂါကူးစက္ ျဖစ္ပြားမႈအေၾကာင္း အခုေနာက္ဆုံး ေလ့လာခ်က္အသစ္ထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး စတင္ျဖစ္ပြားခဲ့တဲ့ ဝူဟန္ၿမိဳ႕က ဂ်င္ယင္တန္ေဆး႐ုံမွာ ေဆးကုသခံေနသူ လူနာေတြကို စမ္းသပ္ေလ့လာထားခ်က္ေတြကို ၫႊန္းဆိုေဖာ္ျပထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူ အားလုံးရဲ႕ တစ္ဝက္ေက်ာ္ဟာ အသက္ ၄၀ နဲ႔ ၅၉ ႏွစ္အၾကား အ႐ြယ္ေတြ ျဖစ္ၿပီး လူနာ ၁၀ ရာခိုင္ႏႈန္းေလာက္ဟာ အသက္ ၃၉ ႏွစ္ေအာက္ အ႐ြယ္ေတြ ျဖစ္တာကို ေတြ႕ခဲ့ရပါတယ္။

ကေလးငယ္ေလးေတြမွာ ေရာဂါကူးစက္တာကေတာ့ အေတာ္ေလး ရွားတယ္လို႔ ေလ့လာသူေတြက ဆိုပါတယ္။

ဘာ့ေၾကာင့္ ဒီလို ျဖစ္ရတာပါလဲ။

ကေလးေတြက ကို႐ိုနာဗိုင္းရပ္စ္ပိုးဒဏ္ကို ပိုခံႏိုင္လို႔လား

ကေလးေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈနည္းပါး

ထင္ျမင္ယူဆခ်က္ေတြ အမ်ားႀကီး ရွိေနပါတယ္။ ဒါေပမဲ့ ကေလးေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ျဖစ္ပြားမႈ နည္းပါးတာ ဘာ့ေၾကာင့္လဲ ဆိုတာကို ကြၽမ္းက်င္သူ သိပၸံပညာရွင္ေတြအေနနဲ႔ တိက်တဲ့ အေျဖတစ္ခုကို အတည္မျပဳႏိုင္ေသးပါဘူး။

"ကေလးေတြ ေရာဂါကူးစက္ခံရမႈကေန ေရွာင္ရွားႏိုင္တာ ဒါမွမဟုတ္ ေရာဂါျဖစ္ပြားမႈ ဆိုးဆိုးဝါးဝါး မျဖစ္ၾကတာဟာ ဘယ္လိုအေၾကာင္းေၾကာင့္လဲ ဆိုတာ အတိအက် မသိရဘူး" လို႔ ရယ္ဒင္း တကၠသိုလ္က ေရာဂါပိုးမႊားေဗဒ ပါေမာကၡ အီယန္ဂ်ဳန္းစ္ က ဘီဘီစီကို ေျပာပါတယ္။

ဒါဟာ ကေလးေတြအေနနဲ႔ ဒီေရာဂါပိုး အေပ်ာ့စားမ်ိဳး ကူးစက္ခံရတာ ျဖစ္ႏိုင္ၿပီး ေရာဂါျဖစ္ပြားတဲ့အဆင့္အထိ မေရာက္ခဲ့ဘဲ ဆရာဝန္ေတြဆီ သြားျပရေလာက္ေအာင္၊ ေဆး႐ုံတက္ရေလာက္ေအာင္ အထိ မျဖစ္ခဲ့တာေၾကာင့္လို႔ ယူဆရပါတယ္။

လန္ဒန္ေကာလိပ္ တကၠသိုလ္က ေဆးပညာဆိုင္ရာကထိက နက္သာလီ မက္ဒါေမာ့က ဒီအခ်က္ကို လက္ခံပါတယ္။

"အသက္ ၅ ႏွစ္ အထက္ ကေလးေတြနဲ႔ ဆယ္ေက်ာ္သက္အ႐ြယ္ေတြမွာ ဗိုင္းရပ္စ္ပိုးေတြကို တြန္းလွန္ႏိုင္တဲ့ ကိုယ္ခံအားစနစ္ ရွိၾကပါတယ္၊ သူတို႔ ေရာဂါကူးစက္ခံရေကာင္း ခံရရင္ေတာင္ သိပ္မျပင္းတဲ့ ေရာဂါအမ်ိဳးအစား ျဖစ္ႏိုင္ပါတယ္။ ဒါမွမဟုတ္ ေရာဂါကူးစက္ခံရတဲ့ လကၡဏာ မျပတာလည္း ျဖစ္ႏိုင္ပါတယ္"လို႔ သူက ေျပာပါတယ္။

ကေလးငယ္ေတြမွာ ဒီလို ေရာဂါကူးစက္ခံရမႈနည္းတဲ့ ျဖစ္ရပ္တစ္ခု အရင္က ျဖစ္ခဲ့ဖူးပါတယ္။ ၂၀၀၃ ခုႏွစ္က တ႐ုတ္ႏိုင္ငံမွာပဲ စခဲ့တဲ့ ဆားစ္လိုမ်ိဳး ကို႐ိုနာ ဗိုင္းရပ္စ္ေရာဂါ ျဖစ္ပြားခဲ့ၿပီး လူ ၈၀၀ ေလာက္ ေသဆုံးခဲ့ပါတယ္။ အဲဒီတုန္းကလည္း ကေလးငယ္ေတြ ေရာဂါ ကူးစက္ခံရမႈ သိသိသာသာ နည္းခဲ့ပါတယ္။

၂၀၀၇ ခုႏွစ္မွာ ကေလးသူငယ္ေတြမွာ ဆားစ္ေရာဂါ ျဖစ္ပြားမႈ ၁၃၅ ခု ရွိခဲ့တယ္ဆိုတာကို အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးဌာန (CDC) က ကြၽမ္းက်င္သူေတြက ေဖာ္ထုတ္ေတြ႕ခဲ့ပါတယ္။ ဒါေပမဲ့ ေသဆုံးမႈ တစ္ခုမွ မျဖစ္ခဲ့ဘူးလို႔ ဆိုပါတယ္။

 တ႐ုတ္ႏွစ္သစ္ကူးကာလမွာ ေက်ာင္းေတြ ပိတ္ထားတာေၾကာင့္လည္း ကေလးေတြ ေရာဂါပိုး မကူးစက္ဖို႔ တားဆီးေပးသလို ျဖစ္ခဲ့သလား။
တ႐ုတ္ႏွစ္သစ္ကူး ေက်ာင္းပိတ္ရက္ေၾကာင့္ ကေလးေတြ ခံသာသြားခဲ့တာလား

ဗိုင္းရပ္စ္ပိုး စျဖစ္ပြားခဲ့ခ်ိန္ဟာ ေက်ာင္းေတြ ပိတ္ထားခ်ိန္ ျဖစ္တာမို႔ ကေလးေတြဟာ လူႀကီးေတြေလာက္ ဗိုင္းရပ္စ္ပိုးနဲ႔ သိပ္မထိေတြ႕ရတာေၾကာင့္လည္း ျဖစ္ႏိုင္တယ္လို႔ မက္ဒါေမာ့က ယူဆပါတယ္။

တ႐ုတ္ႏိုင္ငံက ျပည္နယ္ အားလုံးနီးပါးေလာက္မွာ စာသင္ေက်ာင္းေတြ ပိတ္ထားဖို႔ ဆုံးျဖတ္ခဲ့ၿပီး တခ်ိဳ႕ေက်ာင္းေတြဆို ေဖေဖာ္ဝါရီလ တစ္လလုံး ပိတ္ထားမွာ ျဖစ္ပါတယ္။

အိမ္တစ္အိမ္မွာ တစ္ေယာက္ေယာက္ ေရာဂါ ျဖစ္ၿပီ ဆိုတာနဲ႔ လူႀကီးေတြက အဲဒီလူနာကို ျပဳစု ေစာင့္ေရွာက္ေလ့ရွိၿပီး ကေလးေတြကို တျခားတစ္ေနရာ ပို႔ထားေလ့ ရွိတတ္တယ္လို႔ သူက ေျပာပါတယ္။

ေရာဂါပိုးေနာက္ထပ္ ျပန္႔ပြားၿပီး လူမႈအသိုင္းအဝိုင္းမွာ ေရာဂါပိုးနဲ႔ ထိေတြ႕ရမယ့္ အႏၲရာယ္ ပိုမ်ားလာရင္ေတာ့ အေျခအေန ေျပာင္းသြားႏိုင္တယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့လည္း ဒီဗိုင္းရပ္စ္ပိုး တစ္ဟုန္ထိုး ျပန္႔ပြားလာေနတဲ့ ေလာေလာဆယ္ အခ်ိန္မွာေတာ့ ကေလးသူငယ္ေတြမွာ ေရာဂါကူးစက္မႈႏႈန္းကေတာ့ နည္းေနဆဲပါ။

ဆားစ္ ေရာဂါျဖစ္ပြားမႈတုန္းကလည္း အသက္ ၁၂ ႏွစ္ေအာက္ ကေလးငယ္ေတြ ေဆး႐ုံတက္ ေဆးကုသခံရမႈက နည္းပါးခဲ့တယ္ဆိုတာကို CDC ေလ့လာသူေတြ ေတြ႕ရွိခဲ့ပါတယ္။

ဗိုင္းရပ္စ္ပိုး ကူးစက္ခံခဲ့ရသူ အားလုံးထဲက တစ္ဝက္ေက်ာ္ဟာ အသက္ ၄၀ နဲ႔ ၅၉ အၾကား အ႐ြယ္ေတြ ျဖစ္
ဗိုင္းရပ္စ္ပိုးက ကေလးေတြထက္ လူႀကီးေတြအေပၚ ပိုဆိုးဆိုးဝါးဝါး ထိခိုက္သလား။

ကေလး အနည္းအပါးမွာသာ ေရာဂါျဖစ္ခဲ့တယ္လို႔ အတည္ျပဳထားေပမဲ့လည္း ဒါဟာ ကေလးေတြဆီ ေရာဂါမေရာက္ခဲ့တာေၾကာင့္ မဟုတ္ဘူးလို႔ ေဆးပညာ ကြၽမ္းက်င္သူေတြက ေျပာပါတယ္။

ပိုျဖစ္ႏိုင္ေျခ ရွိတာက ကေလးေတြထက္ လူႀကီးေတြမွာ ပိုဆိုးဆိုးဝါးဝါး ထိခိုက္ေလ့ ရွိတဲ့ ေရေက်ာက္လို ေရာဂါ အမ်ိဳးအစား အေတာ္မ်ားမ်ားမွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါလည္း ပါဝင္လာေတာ့မွာ ျဖစ္ပါတယ္။

ကေလးေတြက ဒီလို ေရာဂါမ်ိဳးေတြလိုပဲ ကို႐ိုနာ ဗိုင္းရပ္စ္ေရာဂါပိုးကို ခံႏိုင္ရည္ ရွိတာေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ ကားဒစ္ဖ္ တကၠသိုလ္က ကူးစက္ေရာဂါ ကြၽမ္းက်င္သူတစ္ဦး ျဖစ္တဲ့ အင္ဒ႐ူး ဖရီးဒ္မန္ က ဘီဘီစီကို ေျပာပါတယ္။

ဒါ့အျပင္ ေရာဂါလကၡဏာ မျပတဲ့ ကေလးေတြ၊ ေရာဂါ အေျခအေန သိပ္မျပင္းတဲ့ ကေလးေတြကို အာဏာပိုင္ေတြက မစမ္းသပ္တဲ့အတြက္ ကေလးေတြမွာ ဒီေရာဂါ မျဖစ္ဘူးဆိုၿပီး ေျပာတာမ်ိဳးလည္း ျဖစ္ႏိုင္တယ္လို႔ သူက ေျပာပါတယ္။

ေအာက္စဖို႔ဒ္တကၠသိုလ္ နဲ႔ အင္ပီးရီးယဲလ္ ေကာလိပ္ လန္ဒန္တကၠသိုလ္က ကပ္ေရာဂါဆိုးဆိုင္ရာ ကြၽမ္းက်င္သူ ခရစၥတဲလ္ ေဒၚနယ္လီ ကလည္း "ေဟာင္ေကာင္မွာ ျဖစ္ပြားခဲ့တဲ့ ဆားစ္ေရာဂါ အေထာက္အထားေတြကို ၾကည့္ျခင္းအားျဖင့္ အဲဒီတုန္းက ကေလးငယ္ေတြမွာ ေရာဂါပိုး ဝင္ေရာက္မႈ နည္းတဲ့အတြက္ ဆိုးဆိုးဝါးဝါး ေရာဂါျဖစ္ပြားမႈ မရွိတာ ျဖစ္တယ္လို႔ သူ႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြက ေကာက္ခ်က္ခ်ခဲ့ၾကေၾကာင္း" ေျပာပါတယ္။

အဓိကအားျဖင့္ တ႐ုတ္ႏိုင္ငံမွာ ေလာေလာဆယ္ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါပိုး ကူးစက္မႈေပါင္း ေသာင္းနဲ႔ခ်ီ ရွိေန
အရင္ ေရာဂါအခံ ရွိေနမႈ

ဥပမာ ဆီးခ်ိဳ၊ ႏွလုံး စတဲ့ ေရာဂါမ်ိဳးေတြ အရင္ကတည္းက ရွိထားႏွင့္ၿပီးသား လူႀကီးေတြဟာ သူတို႔ရဲ႕ ကိုယ္ခံအား စနစ္မွာ အားနည္းခ်ိဳ႕ယြင္း ေနတာေၾကာင့္ ဒီလို ဗိုင္းရပ္စ္ပိုးမ်ိဳးကို ခံႏိုင္ရည္ ပိုနည္းသြားႏိုင္ပါတယ္။

"က်န္းမာေရး ခ်ိဳ႕ယြင္းေနၿပီးသား ဒါမွမဟုတ္ သက္ဆိုး မရွည္ေတာ့မယ့္ သူေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါရဲ႕ ရလဒ္တစ္ခုျဖစ္တဲ့ အဆုတ္အေအးမိ ေရာဂါေၾကာင့္ ကိုယ္ခံအားစနစ္ အားနည္းသြားႏိုင္ပါတယ္" လို႔ အီယန္ ဂ်ဳန္းစ္က ရွင္းျပပါတယ္။

"ဒါဟာ တုတ္ေကြးနဲ႔ တျခား အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြနဲ႔လည္း ဆိုင္တယ္" လို႔ သူက ေျပာပါတယ္။

ဂ်င္ယင္တန္ ေဆး႐ုံမွာ စမ္းသပ္ေလ့လာခဲ့တဲ့ လူနာ တစ္ဝက္ေလာက္ဟာ နဂို နာတာရွည္ ေရာဂါ ရွိထားၿပီးသား လူေတြ ျဖစ္တယ္ဆိုတာကို ေတြ႕ရွိခဲ့ရပါတယ္။
 ေရာဂါလကၡဏာ မျပတဲ့ ကေလးေတြ ဒါမွမဟုတ္ ေရာဂါသိပ္မျပင္းတဲ့ ကေလးေတြကေနတဆင့္ ေရာဂါပိုး ျပန္႔ပြား ကူးစက္ခဲ့တယ္ ဆိုတဲ့ အေထာက္အထားမ်ိဳး ေလာေလာဆယ္ မေတြ႕ရေသး

ဒါေပမဲ့ ကေလးေတြဟာ ဗိုင္းရပ္စ္ပိုး ျဖန္႔ျဖဴးတတ္ၾကသူေတြလို႔ သိထားၾကတယ္ မဟုတ္ပါလား။

ဟုတ္ပါတယ္။ တကယ္တမ္းမွာ ကေလးေတြဟာ ဗိုင္းရပ္စ္ေရာဂါပိုး ကူးလြယ္သူေတြ၊ ျပန္ျဖန္႔တတ္သူေတြ ျဖစ္ၿပီး ဗိုင္းရပ္စ္ပိုး ေလွ်ာက္ျဖန္႔တတ္တဲ့ မဟာပုဂၢိဳလ္ေတြ လို႔ေတာင္ သတ္မွတ္ခံရတတ္တယ္လို႔ အီယန္ ဂ်ဳန္းစ္က ေျပာပါတယ္။

အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြကို အလြယ္တကူ ျဖန္႔တတ္တယ္ ဆိုတာကို ကေလးထိန္းေက်ာင္းမွာ ေနတဲ့ ကေလးေတြရဲ႕ မိဘတိုင္း သိၾကမွာပါ လို႔ သူက ေျပာပါတယ္။

ဒီေတာ့ ေရာဂါကူးစက္ ျဖစ္ပြားေနတဲ့ လူနာစာရင္းမွာ ကေလးအေတာ္မ်ားမ်ား ေတြ႕ရမယ္၊ ကို႐ိုနာဗိုင္းရပ္စ္ပိုးသစ္နဲ႔ဆို ေသတဲ့ ကေလးေတြေတာင္ ရွိမယ္လို႔ ေမွ်ာ္လင့္ထားၾကမွာပါ။ ဒါေပမဲ့ လက္ရွိအေျခအေနမွာ ဒီလို မဟုတ္ပါဘူး။

ဒါဟာ ဗိုင္းရပ္စ္ပိုးကို တြန္းလွန္ဖို႔ ကေလးမွာ ပိုအားေကာင္းတဲ့ ကိုယ္ခံအား စနစ္ ရွိေနလို႔ ဒါမွမဟုတ္ အဲဒီ ေရာဂါပိုးကိုယ္တိုင္ကိုက လူႀကီးေတြထက္စာရင္ ကေလးေတြမွာ ျဖစ္ပြားတဲ့အရွိန္ အားနည္းလို႔ ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကေလးေတြအေနနဲ႔ က်န္းမာေရး ကုသခံဖို႔ မလိုဘဲ စမ္းသပ္မႈခံရတာမ်ိဳး လူနာစာရင္းထဲ ထည့္သြင္းခံရတာမ်ိဳး မရွိတာ ျဖစ္ပါတယ္။

လက္ရွိ ေရာဂါျဖစ္ပြားေနမႈကို နားလည္သေဘာေပါက္လာေအာင္ ပိုမိုေဆာင္႐ြက္ေနၿပီမို႔ ပိုရွင္းလင္း ျပတ္သားတဲ့ အေျဖတစ္ခု ေပၚထြက္လာဖို႔ ရွိပါတယ္။

ဒါေပမဲ့လည္း ေက်ာင္းေတြကို ပိတ္ထားတာမ်ိဳး၊ မိဘေတြက အကာအကြယ္ေပး ျပဳစု ေစာင့္ေရွာက္တာမ်ိဳး လုပ္ျခင္းအားျဖင့္ ေရာဂါပိုး ကူးစက္မခံရေအာင္ ကေလးေတြကို ထိထိေရာက္ သီးသန္႔ခြဲထားဖို႔လည္း လိုအပ္မွာ ျဖစ္ပါတယ္။

ဒါဆိုရင္ေတာ့ တ႐ုတ္ႏိုင္ငံတဝန္းလုံးမွာ ကေလးငယ္ေတြ ေက်ာင္းေတြ ျပန္ဖြင့္တဲ့ အခ်ိန္ေရာက္လာတဲ့အခါ က်ရင္ေတာ့ ကေလးေတြမွာ ဒီဗိုင္းရပ္စ္ပိုး ကူးစက္မႈ ဘာ့ေၾကာင့္ နည္းသလဲ ဆိုတာနဲ႔ ပတ္သက္လို႔ ပိုမို သိလာရမွာ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - ကလေးတွေမှာ ဘာ့ကြောင့် အဖြစ်နည်းတာလဲ
ဖာနန်ဒို ဒွာတေး ကမ္ဘာတလွှား ဘီဘီစီအသံလွှင့်ဌာန

Image caption ကိုရိုနာဗိုင်းရပ်စ်ပိုး ကလေးတွေကို မကူးစက်တာ ဘာ့ကြောင့်လဲ ဆိုတာ လေ့လာစစ်ဆေးနေ

ဖေဖော်ဝါရီလ ၅ ရက်နေ့က တရုတ်နိုင်ငံမှာ မွေးကင်းစ ကလေးငယ်တစ်ဦး မွေးပြီးပြီးချင်း နာရီ ၃၀ အကြာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တယ် ဆိုတဲ့ သတင်းက ကမ္ဘာကို ပျံ့သွားခဲ့ပါတယ်။

ဒါဟာ လောလောဆယ် လူ ၉၀၀ ကျော် သေဆုံးခဲ့ပြီး လူ ၄ သောင်းကျော် ရောဂါကူးစက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ဖြစ်ပွားမှုမှာ အသက်အငယ်ဆုံး ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ တရုတ်နိုင်ငံမှာ အဓိက ဖြစ်ပွားခဲ့တာ ဖြစ်ပေမဲ့ နိုင်ငံ ၃၀ ကျော်မှာလည်း ရောဂါကူးစက်ဖြစ်ပွားနေသူတွေ ရှိနေပါတယ်။

ဒါပေမဲ့ ကလေးငယ်တွေထဲမှာတော့ ရောဂါ ကူးစက်ခံရတာ သိပ်ကို နည်းပါးတာ တွေ့ရပါတယ်။

အမေရိကန် ဆေးပညာအဖွဲ့ရဲ့ ဂျာနယ်မှာ ဖော်ပြထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ရောဂါကူးစက် ဖြစ်ပွားမှုအကြောင်း အခုနောက်ဆုံး လေ့လာချက်အသစ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့က ဂျင်ယင်တန်ဆေးရုံမှာ ဆေးကုသခံနေသူ လူနာတွေကို စမ်းသပ်လေ့လာထားချက်တွေကို ညွှန်းဆိုဖော်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အားလုံးရဲ့ တစ်ဝက်ကျော်ဟာ အသက် ၄၀ နဲ့ ၅၉ နှစ်အကြား အရွယ်တွေ ဖြစ်ပြီး လူနာ ၁၀ ရာခိုင်နှုန်းလောက်ဟာ အသက် ၃၉ နှစ်အောက် အရွယ်တွေ ဖြစ်တာကို တွေ့ခဲ့ရပါတယ်။

ကလေးငယ်လေးတွေမှာ ရောဂါကူးစက်တာကတော့ အတော်လေး ရှားတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဘာ့ကြောင့် ဒီလို ဖြစ်ရတာပါလဲ။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ကလေးတွေက ကိုရိုနာဗိုင်းရပ်စ်ပိုးဒဏ်ကို ပိုခံနိုင်လို့လား

ကလေးတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုနည်းပါး

ထင်မြင်ယူဆချက်တွေ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ ကလေးတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ဖြစ်ပွားမှု နည်းပါးတာ ဘာ့ကြောင့်လဲ ဆိုတာကို ကျွမ်းကျင်သူ သိပ္ပံပညာရှင်တွေအနေနဲ့ တိကျတဲ့ အဖြေတစ်ခုကို အတည်မပြုနိုင်သေးပါဘူး။

"ကလေးတွေ ရောဂါကူးစက်ခံရမှုကနေ ရှောင်ရှားနိုင်တာ ဒါမှမဟုတ် ရောဂါဖြစ်ပွားမှု ဆိုးဆိုးဝါးဝါး မဖြစ်ကြတာဟာ ဘယ်လိုအကြောင်းကြောင့်လဲ ဆိုတာ အတိအကျ မသိရဘူး" လို့ ရယ်ဒင်း တက္ကသိုလ်က ရောဂါပိုးမွှားဗေဒ ပါမောက္ခ အီယန်ဂျုန်းစ် က ဘီဘီစီကို ပြောပါတယ်။

ဒါဟာ ကလေးတွေအနေနဲ့ ဒီရောဂါပိုး အပျော့စားမျိုး ကူးစက်ခံရတာ ဖြစ်နိုင်ပြီး ရောဂါဖြစ်ပွားတဲ့အဆင့်အထိ မရောက်ခဲ့ဘဲ ဆရာဝန်တွေဆီ သွားပြရလောက်အောင်၊ ဆေးရုံတက်ရလောက်အောင် အထိ မဖြစ်ခဲ့တာကြောင့်လို့ ယူဆရပါတယ်။

လန်ဒန်ကောလိပ် တက္ကသိုလ်က ဆေးပညာဆိုင်ရာကထိက နက်သာလီ မက်ဒါမော့က ဒီအချက်ကို လက်ခံပါတယ်။

"အသက် ၅ နှစ် အထက် ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ဗိုင်းရပ်စ်ပိုးတွေကို တွန်းလှန်နိုင်တဲ့ ကိုယ်ခံအားစနစ် ရှိကြပါတယ်၊ သူတို့ ရောဂါကူးစက်ခံရကောင်း ခံရရင်တောင် သိပ်မပြင်းတဲ့ ရောဂါအမျိုးအစား ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ရောဂါကူးစက်ခံရတဲ့ လက္ခဏာ မပြတာလည်း ဖြစ်နိုင်ပါတယ်"လို့ သူက ပြောပါတယ်။

ကလေးငယ်တွေမှာ ဒီလို ရောဂါကူးစက်ခံရမှုနည်းတဲ့ ဖြစ်ရပ်တစ်ခု အရင်က ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၀၃ ခုနှစ်က တရုတ်နိုင်ငံမှာပဲ စခဲ့တဲ့ ဆားစ်လိုမျိုး ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားခဲ့ပြီး လူ ၈၀၀ လောက် သေဆုံးခဲ့ပါတယ်။ အဲဒီတုန်းကလည်း ကလေးငယ်တွေ ရောဂါ ကူးစက်ခံရမှု သိသိသာသာ နည်းခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှာ ကလေးသူငယ်တွေမှာ ဆားစ်ရောဂါ ဖြစ်ပွားမှု ၁၃၅ ခု ရှိခဲ့တယ်ဆိုတာကို အမေရိကန် ရောဂါထိန်းချုပ်ရေးဌာန (CDC) က ကျွမ်းကျင်သူတွေက ဖော်ထုတ်တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ သေဆုံးမှု တစ်ခုမှ မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption တရုတ်နှစ်သစ်ကူးကာလမှာ ကျောင်းတွေ ပိတ်ထားတာကြောင့်လည်း ကလေးတွေ ရောဂါပိုး မကူးစက်ဖို့ တားဆီးပေးသလို ဖြစ်ခဲ့သလား။

တရုတ်နှစ်သစ်ကူး ကျောင်းပိတ်ရက်ကြောင့် ကလေးတွေ ခံသာသွားခဲ့တာလား

ဗိုင်းရပ်စ်ပိုး စဖြစ်ပွားခဲ့ချိန်ဟာ ကျောင်းတွေ ပိတ်ထားချိန် ဖြစ်တာမို့ ကလေးတွေဟာ လူကြီးတွေလောက် ဗိုင်းရပ်စ်ပိုးနဲ့ သိပ်မထိတွေ့ရတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ မက်ဒါမော့က ယူဆပါတယ်။

တရုတ်နိုင်ငံက ပြည်နယ် အားလုံးနီးပါးလောက်မှာ စာသင်ကျောင်းတွေ ပိတ်ထားဖို့ ဆုံးဖြတ်ခဲ့ပြီး တချို့ကျောင်းတွေဆို ဖေဖော်ဝါရီလ တစ်လလုံး ပိတ်ထားမှာ ဖြစ်ပါတယ်။

အိမ်တစ်အိမ်မှာ တစ်ယောက်ယောက် ရောဂါ ဖြစ်ပြီ ဆိုတာနဲ့ လူကြီးတွေက အဲဒီလူနာကို ပြုစု စောင့်ရှောက်လေ့ရှိပြီး ကလေးတွေကို တခြားတစ်နေရာ ပို့ထားလေ့ ရှိတတ်တယ်လို့ သူက ပြောပါတယ်။

ရောဂါပိုးနောက်ထပ် ပြန့်ပွားပြီး လူမှုအသိုင်းအဝိုင်းမှာ ရောဂါပိုးနဲ့ ထိတွေ့ရမယ့် အန္တရာယ် ပိုများလာရင်တော့ အခြေအနေ ပြောင်းသွားနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ဒီဗိုင်းရပ်စ်ပိုး တစ်ဟုန်ထိုး ပြန့်ပွားလာနေတဲ့ လောလောဆယ် အချိန်မှာတော့ ကလေးသူငယ်တွေမှာ ရောဂါကူးစက်မှုနှုန်းကတော့ နည်းနေဆဲပါ။

ဆားစ် ရောဂါဖြစ်ပွားမှုတုန်းကလည်း အသက် ၁၂ နှစ်အောက် ကလေးငယ်တွေ ဆေးရုံတက် ဆေးကုသခံရမှုက နည်းပါးခဲ့တယ်ဆိုတာကို CDC လေ့လာသူတွေ တွေ့ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရသူ အားလုံးထဲက တစ်ဝက်ကျော်ဟာ အသက် ၄၀ နဲ့ ၅၉ အကြား အရွယ်တွေ ဖြစ်

ဗိုင်းရပ်စ်ပိုးက ကလေးတွေထက် လူကြီးတွေအပေါ် ပိုဆိုးဆိုးဝါးဝါး ထိခိုက်သလား။

ကလေး အနည်းအပါးမှာသာ ရောဂါဖြစ်ခဲ့တယ်လို့ အတည်ပြုထားပေမဲ့လည်း ဒါဟာ ကလေးတွေဆီ ရောဂါမရောက်ခဲ့တာကြောင့် မဟုတ်ဘူးလို့ ဆေးပညာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ပိုဖြစ်နိုင်ခြေ ရှိတာက ကလေးတွေထက် လူကြီးတွေမှာ ပိုဆိုးဆိုးဝါးဝါး ထိခိုက်လေ့ ရှိတဲ့ ရေကျောက်လို ရောဂါ အမျိုးအစား အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါလည်း ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

ကလေးတွေက ဒီလို ရောဂါမျိုးတွေလိုပဲ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုးကို ခံနိုင်ရည် ရှိတာကြောင့် ဖြစ်နိုင်တယ်လို့ ကားဒစ်ဖ် တက္ကသိုလ်က ကူးစက်ရောဂါ ကျွမ်းကျင်သူတစ်ဦး ဖြစ်တဲ့ အင်ဒရူး ဖရီးဒ်မန် က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ရောဂါလက္ခဏာ မပြတဲ့ ကလေးတွေ၊ ရောဂါ အခြေအနေ သိပ်မပြင်းတဲ့ ကလေးတွေကို အာဏာပိုင်တွေက မစမ်းသပ်တဲ့အတွက် ကလေးတွေမှာ ဒီရောဂါ မဖြစ်ဘူးဆိုပြီး ပြောတာမျိုးလည်း ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ် နဲ့ အင်ပီးရီးယဲလ် ကောလိပ် လန်ဒန်တက္ကသိုလ်က ကပ်ရောဂါဆိုးဆိုင်ရာ ကျွမ်းကျင်သူ ခရစ္စတဲလ် ဒေါ်နယ်လီ ကလည်း "ဟောင်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ ဆားစ်ရောဂါ အထောက်အထားတွေကို ကြည့်ခြင်းအားဖြင့် အဲဒီတုန်းက ကလေးငယ်တွေမှာ ရောဂါပိုး ဝင်ရောက်မှု နည်းတဲ့အတွက် ဆိုးဆိုးဝါးဝါး ရောဂါဖြစ်ပွားမှု မရှိတာ ဖြစ်တယ်လို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကောက်ချက်ချခဲ့ကြကြောင်း" ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption အဓိကအားဖြင့် တရုတ်နိုင်ငံမှာ လောလောဆယ် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှုပေါင်း သောင်းနဲ့ချီ ရှိနေ

အရင် ရောဂါအခံ ရှိနေမှု

ဥပမာ ဆီးချို၊ နှလုံး စတဲ့ ရောဂါမျိုးတွေ အရင်ကတည်းက ရှိထားနှင့်ပြီးသား လူကြီးတွေဟာ သူတို့ရဲ့ ကိုယ်ခံအား စနစ်မှာ အားနည်းချို့ယွင်း နေတာကြောင့် ဒီလို ဗိုင်းရပ်စ်ပိုးမျိုးကို ခံနိုင်ရည် ပိုနည်းသွားနိုင်ပါတယ်။

"ကျန်းမာရေး ချို့ယွင်းနေပြီးသား ဒါမှမဟုတ် သက်ဆိုး မရှည်တော့မယ့် သူတွေဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါရဲ့ ရလဒ်တစ်ခုဖြစ်တဲ့ အဆုတ်အအေးမိ ရောဂါကြောင့် ကိုယ်ခံအားစနစ် အားနည်းသွားနိုင်ပါတယ်" လို့ အီယန် ဂျုန်းစ်က ရှင်းပြပါတယ်။

"ဒါဟာ တုတ်ကွေးနဲ့ တခြား အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့လည်း ဆိုင်တယ်" လို့ သူက ပြောပါတယ်။

ဂျင်ယင်တန် ဆေးရုံမှာ စမ်းသပ်လေ့လာခဲ့တဲ့ လူနာ တစ်ဝက်လောက်ဟာ နဂို နာတာရှည် ရောဂါ ရှိထားပြီးသား လူတွေ ဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

    စင်ကာပူမှာ ဗိုင်းရပ်စ်ပြန့်တာ ဘာကြောင့် စိုးရိမ်စရာ ကောင်းသလဲ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရောဂါလက္ခဏာ မပြတဲ့ ကလေးတွေ ဒါမှမဟုတ် ရောဂါသိပ်မပြင်းတဲ့ ကလေးတွေကနေတဆင့် ရောဂါပိုး ပြန့်ပွား ကူးစက်ခဲ့တယ် ဆိုတဲ့ အထောက်အထားမျိုး လောလောဆယ် မတွေ့ရသေး

ဒါပေမဲ့ ကလေးတွေဟာ ဗိုင်းရပ်စ်ပိုး ဖြန့်ဖြူးတတ်ကြသူတွေလို့ သိထားကြတယ် မဟုတ်ပါလား။

ဟုတ်ပါတယ်။ တကယ်တမ်းမှာ ကလေးတွေဟာ ဗိုင်းရပ်စ်ရောဂါပိုး ကူးလွယ်သူတွေ၊ ပြန်ဖြန့်တတ်သူတွေ ဖြစ်ပြီး ဗိုင်းရပ်စ်ပိုး လျှောက်ဖြန့်တတ်တဲ့ မဟာပုဂ္ဂိုလ်တွေ လို့တောင် သတ်မှတ်ခံရတတ်တယ်လို့ အီယန် ဂျုန်းစ်က ပြောပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို အလွယ်တကူ ဖြန့်တတ်တယ် ဆိုတာကို ကလေးထိန်းကျောင်းမှာ နေတဲ့ ကလေးတွေရဲ့ မိဘတိုင်း သိကြမှာပါ လို့ သူက ပြောပါတယ်။

ဒီတော့ ရောဂါကူးစက် ဖြစ်ပွားနေတဲ့ လူနာစာရင်းမှာ ကလေးအတော်များများ တွေ့ရမယ်၊ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်နဲ့ဆို သေတဲ့ ကလေးတွေတောင် ရှိမယ်လို့ မျှော်လင့်ထားကြမှာပါ။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ ဒီလို မဟုတ်ပါဘူး။

ဒါဟာ ဗိုင်းရပ်စ်ပိုးကို တွန်းလှန်ဖို့ ကလေးမှာ ပိုအားကောင်းတဲ့ ကိုယ်ခံအား စနစ် ရှိနေလို့ ဒါမှမဟုတ် အဲဒီ ရောဂါပိုးကိုယ်တိုင်ကိုက လူကြီးတွေထက်စာရင် ကလေးတွေမှာ ဖြစ်ပွားတဲ့အရှိန် အားနည်းလို့ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကလေးတွေအနေနဲ့ ကျန်းမာရေး ကုသခံဖို့ မလိုဘဲ စမ်းသပ်မှုခံရတာမျိုး လူနာစာရင်းထဲ ထည့်သွင်းခံရတာမျိုး မရှိတာ ဖြစ်ပါတယ်။

လက်ရှိ ရောဂါဖြစ်ပွားနေမှုကို နားလည်သဘောပေါက်လာအောင် ပိုမိုဆောင်ရွက်နေပြီမို့ ပိုရှင်းလင်း ပြတ်သားတဲ့ အဖြေတစ်ခု ပေါ်ထွက်လာဖို့ ရှိပါတယ်။

ဒါပေမဲ့လည်း ကျောင်းတွေကို ပိတ်ထားတာမျိုး၊ မိဘတွေက အကာအကွယ်ပေး ပြုစု စောင့်ရှောက်တာမျိုး လုပ်ခြင်းအားဖြင့် ရောဂါပိုး ကူးစက်မခံရအောင် ကလေးတွေကို ထိထိရောက် သီးသန့်ခွဲထားဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ တရုတ်နိုင်ငံတဝန်းလုံးမှာ ကလေးငယ်တွေ ကျောင်းတွေ ပြန်ဖွင့်တဲ့ အချိန်ရောက်လာတဲ့အခါ ကျရင်တော့ ကလေးတွေမှာ ဒီဗိုင်းရပ်စ်ပိုး ကူးစက်မှု ဘာ့ကြောင့် နည်းသလဲ ဆိုတာနဲ့ ပတ်သက်လို့ ပိုမို သိလာရမှာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ - ကေလးေတြမွာ ဘာ့ေၾကာင့္ အျဖစ္နည္းတာလဲ ကို႐ိုနာဗိုင္းရပ္စ္ - ကေလးေတြမွာ ဘာ့ေၾကာင့္ အျဖစ္နည္းတာလဲ Reviewed by THITHTOOLWIN on 22:19 Rating: 5
Powered by Blogger.