Trump ကို တရားစြဲတဲ့အမႈမွာ John Bolton ကို သက္ေသအျဖစ္ ေခၚသင့္-မေခၚသင့္

(Zawgyi)⤵⤵⤵
အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္ကို ရာထူးက ဖယ္ရွားႏိုင္ေရး တရားစြဲထားတဲ့အေပၚ အထက္လႊတ္ေတာ္မွာ ၾကားနာစစ္ေဆးပြဲဟာ ဗုဒၶဟူးေန႔မွာ တစ္မုဟုတ္ခ်င္းပဲ စကား စစ္ထိုးပြဲ အသြင္း ေျပာင္းလဲသြားခဲ့ပါတယ္။ သမၼတရဲ႕ အမ်ိဳးသား အႀကံေပး ပုဂၢိဳလ္ေဟာင္း John Bolton ကို ၾကားနာပြဲကို သက္ေသအျဖစ္ ေခၚယူေရး မေခၚယူေရးဟာ လႊတ္ေတာ္အမတ္ေတြ အၾကား အေျခအတင္ ေျပာဆိုၾကတဲ့ အဓိက အေၾကာင္းအရာ ျဖစ္လာခဲ့ပါတယ္။

သမၼတကို တရားစြဲထားမႈမွာ တရားလိုတစ္ဦး သဖြယ္ ေဆာင္႐ြက္ေနသူ ေအာက္လႊတ္ေတာ္ အမတ္ Adam Schiff က သက္ေသမပါဘဲနဲ႔ တရားမွ်တတဲ့ တရားစီရင္မႈတခု ျဖစ္မွာ မဟုတ္ဘူးလို႔ သမၼတကို တရားစြဲထားမႈမွာ ဂ်ဴရီလူႀကီးမ်ားအျဖစ္ ေဆာင္႐ြက္ေနတဲ့ အထက္လႊတ္ေတာ္ အမတ္ ၁၀၀ ကို ေျပာပါတယ္။

သမၼတ ထရမ့္က ဒုတိယ သမၼတေတာင္း Joe Biden ကိစၥ စုံစမ္းစစ္ေဆးေပးဖို႔ ယူကရိန္းကို ေတာင္းဆိုခဲ့တာရဲ႕ ရည္႐ြယ္ခ်က္ကို ေမးခြန္း ထုတ္စရာ မလိုဘူးလို႔လည္း သူက ေျပာပါတယ္။

သမၼတ ထရမ့္ကေတာ့ ယူကရိန္းကို ေပးမယ့္ စစ္ေရး အကူအညီကို ဆိုင္းငံ့ထားတာနဲ႔ သူ႔ရဲ႕ႏိုင္ငံေရး ၿပိဳင္ဖက္ Biden ကို စုံစမ္းစစ္ေဆးခိုင္းတဲ့ အၾကား ဆက္စပ္ၿပီး အေပးအယူ သေဘာလုပ္ထားတာ မရွိဘူးလို႔ ျငင္းဆိုထားပါတယ္။

အထက္လႊတ္ေတာ္ ၾကားနာပြဲမွာ အဓိက သက္ေသျဖစ္လာႏိုင္သူ အျဖစ္ ယူဆခံထားရသူ အေမရိကန္ သမၼတရဲ႕ အမ်ိဳးသား လုံၿခဳံေရး အႀကံေပးေဟာင္း Bolton ဟာ သမၼတထရမ့္က သူ႔ကို ရာထူးက မထုတ္ပယ္ခ်ိန္အထိ သမၼတထရမ့္နဲ႔ မၾကာ ခဏ ေတြ႕ဆုံရသူတစ္ဦး ျဖစ္ပါတယ္။ ာ ယူကရိမ္းကို စစ္ေရး အကူအညီ မေပးခင္ ယူကရိန္းက Joe Biden ကိစၥကို စုံစမ္းစစ္ေဆးေစခ်င္တယ္လို႔ သမၼတ ထရမ့္က ၿပီးခဲ့တဲ့ ၾသဂုတ္လက သူ႔ကို တိုက္႐ိုက္ ေျပာၾကားခဲ့ေၾကာင္း The Room Where It Happened ေခါင္းစဥ္နဲ႔ မၾကာခင္ ထုတ္ေဝမယ့္ စာအုပ္မွ Bolton က ထုတ္ေဖာ္ ေရးသားထားပါတယ္။


(Unicode)

Trump ကို တရားစွဲတဲ့အမှုမှာ John Bolton ကို သက်သေအဖြစ် ခေါ်သင့်-မခေါ်သင့်

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ကို ရာထူးက ဖယ်ရှားနိုင်ရေး တရားစွဲထားတဲ့အပေါ် အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးပွဲဟာ ဗုဒ္ဓဟူးနေ့မှာ တစ်မုဟုတ်ချင်းပဲ စကား စစ်ထိုးပွဲ အသွင်း ပြောင်းလဲသွားခဲ့ပါတယ်။ သမ္မတရဲ့ အမျိုးသား အကြံပေး ပုဂ္ဂိုလ်ဟောင်း John Bolton ကို ကြားနာပွဲကို သက်သေအဖြစ် ခေါ်ယူရေး မခေါ်ယူရေးဟာ လွှတ်တော်အမတ်တွေ အကြား အခြေအတင် ပြောဆိုကြတဲ့ အဓိက အကြောင်းအရာ ဖြစ်လာခဲ့ပါတယ်။

သမ္မတကို တရားစွဲထားမှုမှာ တရားလိုတစ်ဦး သဖွယ် ဆောင်ရွက်နေသူ အောက်လွှတ်တော် အမတ် Adam Schiff က သက်သေမပါဘဲနဲ့ တရားမျှတတဲ့ တရားစီရင်မှုတခု ဖြစ်မှာ မဟုတ်ဘူးလို့ သမ္မတကို တရားစွဲထားမှုမှာ ဂျူရီလူကြီးများအဖြစ် ဆောင်ရွက်နေတဲ့ အထက်လွှတ်တော် အမတ် ၁၀၀ ကို ပြောပါတယ်။

သမ္မတ ထရမ့်က ဒုတိယ သမ္မတတောင်း Joe Biden ကိစ္စ စုံစမ်းစစ်ဆေးပေးဖို့ ယူကရိန်းကို တောင်းဆိုခဲ့တာရဲ့ ရည်ရွယ်ချက်ကို မေးခွန်း ထုတ်စရာ မလိုဘူးလို့လည်း သူက ပြောပါတယ်။

သမ္မတ ထရမ့်ကတော့ ယူကရိန်းကို ပေးမယ့် စစ်ရေး အကူအညီကို ဆိုင်းငံ့ထားတာနဲ့ သူ့ရဲ့နိုင်ငံရေး ပြိုင်ဖက် Biden ကို စုံစမ်းစစ်ဆေးခိုင်းတဲ့ အကြား ဆက်စပ်ပြီး အပေးအယူ သဘောလုပ်ထားတာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

အထက်လွှတ်တော် ကြားနာပွဲမှာ အဓိက သက်သေဖြစ်လာနိုင်သူ အဖြစ် ယူဆခံထားရသူ အမေရိကန် သမ္မတရဲ့ အမျိုးသား လုံခြုံရေး အကြံပေးဟောင်း Bolton ဟာ သမ္မတထရမ့်က သူ့ကို ရာထူးက မထုတ်ပယ်ချိန်အထိ သမ္မတထရမ့်နဲ့ မကြာ ခဏ တွေ့ဆုံရသူတစ်ဦး ဖြစ်ပါတယ်။ ာ ယူကရိမ်းကို စစ်ရေး အကူအညီ မပေးခင် ယူကရိန်းက Joe Biden ကိစ္စကို စုံစမ်းစစ်ဆေးစေချင်တယ်လို့ သမ္မတ ထရမ့်က ပြီးခဲ့တဲ့ သြဂုတ်လက သူ့ကို တိုက်ရိုက် ပြောကြားခဲ့ကြောင်း The Room Where It Happened ခေါင်းစဉ်နဲ့ မကြာခင် ထုတ်ဝေမယ့် စာအုပ်မှ Bolton က ထုတ်ဖော် ရေးသားထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
Trump ကို တရားစြဲတဲ့အမႈမွာ John Bolton ကို သက္ေသအျဖစ္ ေခၚသင့္-မေခၚသင့္ Trump ကို တရားစြဲတဲ့အမႈမွာ John Bolton ကို သက္ေသအျဖစ္ ေခၚသင့္-မေခၚသင့္ Reviewed by THITHTOOLWIN on 21:20 Rating: 5
Powered by Blogger.