Soleimani ကို လုပ္ႀကံသတ္ျဖတ္မႈအေပၚ အေမရိကန္မွာ ကန္႔ကြက္ဆႏၵျပ

အီရန္တပ္မွဴး Qasem Soleimani ကို လုပ္ႀကံသတ္ျဖတ္တဲ့ အေပၚ အိမ္ျဖဴေတာ္အနီး ကန္႔ကြက္ဆႏၵျပၾကသည့္ စစ္ဆန္႔က်င္ေရး ဆႏၵျပသူမ်ား။ ဇန္နဝါရီ ၄၊ ၂၀၁၉။

(Zawgyi/Unicode)

အီရန္ႏုိင္ငံရဲ႕ ထိပ္တန္းတပ္မွဴးတဦးကို အေမရိကန္က အေဝးထိန္းဒ႐ုံုးယာဥ္ကေန ဒံုးက်ည္ပစ္လႊတ္ၿပီး သုတ္သင္လိုက္တဲ့အေပၚ ဝါရွင္တန္၊ နယူးေယာက္နဲ႔ ႏုိင္ငံတဝန္းမွာ စေနေန႔က ကန္႔ကြက္ဆႏၵျပၾကၿပီး “no war on iran” “အီရန္ေပၚ စစ္မတိုက္ရ” လို႔ ဆႏၵျပသူေတြက ေႂကြးေၾကာ္ၾကပါတယ္။

လက္ဝဲယိမ္းအဖြဲ႔အစည္းေတြက ႏႈိးေဆာ္တဲ့ ဒီဆႏၵျပပြဲေတြထဲကတခုကို သမၼတအိမ္ျဖဴေတာ္ ေရွ႕မွာ လုပ္ခဲ့ၾကၿပီး လူ ၂၀၀ ပတ္ဝန္းက်င္ပါဝင္ပါတယ္။ ဆႏၵျပသူေတြရဲ႕ ေႂကြးေၾကာ္သံေတြ ထဲမွာ “တရားမွ်တမႈမရွိရင္ ၿငိမ္းခ်မ္းမႈမရွိ၊ အေရွ႕အလယ္ပိုင္းကေန အေမရိကန္ထြက္” ဆိုတာေတြလည္း ပါဝင္ပါတယ္။

ဗိုလ္ခ်ဳပ္ Qasem Soleimani ကို သတ္ပစ္လိုက္တဲ့အေပၚ ႐ႈတ္ခ်တဲ့ဆႏၵျပပြဲေတြကို အေမရိကန္ ႏုိင္ငံတဝန္းက ၿမိဳ႕ႀကီး ၇၀ ေလာက္မွာ လုပ္ၾကတယ္လုိ႔ စီစဥ္သူေတြကေျပာပါတယ္။ သမၼတ Donald Trump ရဲ႕ ၫႊန္ၾကားခ်က္နဲ႔ Soleimani ကို ဘဂၢဒက္ၿမိဳ႕ ေလဆိပ္အနီးမွာ ေသာၾကာေန႔အေစာပိုင္းက လုပ္ႀကံသတ္ျဖတ္လိုက္တာပါ။ ဒီတိုက္ခိုက္မႈေၾကာင့္ အေရွ႕အလယ္ပိုင္းေဒသမွာ ပဋိပကၡႀကီးျဖစ္လာမွာကို စိုးရိမ္ေနၾကပါတယ္။

အိမ္ျဖဴေတာ္ေရွ႕မွာ ဆႏၵျပသူေတြဟာ ေနာက္ပိုင္းမွာေတာ့ အိမ္ျဖဴေတာ္နဲ႔ သိပ္မေဝးလွတဲ့ေနရာက Trump International Hotel ဘက္ကို ေရႊ႕သြားၾကပါတယ္။

“အာ႐ံုလႊဲဖို႔ လိုေနသလား၊ စစ္ပြဲတပြဲ စလိုက္ပါ” လို႔ ဆႏၵျပသူတဦး ကိုင္ေဆာင္ထားတဲ့ ဆိုင္းဘုတ္မွာ ေရးထားပါတယ္။ သမၼတ Trump အေပၚ တရားစြဲထားတာကို အထက္လႊတ္ေတာ္မွာ တရားစစ္ေဆးဖို႔ ရွိေနခ်ိန္မွာပဲ အခုလို Soleimani ကို လုပ္ႀကံသတ္ျဖတ္တဲ့ျဖစ္ရပ္ ေပၚလာတာျဖစ္ပါတယ္။

------------------------------------

(Unicode)

Soleimani ကို လုပ်ကြံသတ်ဖြတ်မှုအပေါ် အမေရိကန်မှာ ကန့်ကွက်ဆန္ဒပြ

အီရန်နိုင်ငံရဲ့ ထိပ်တန်းတပ်မှူးတဦးကို အမေရိကန်က အဝေးထိန်းဒရုံးယာဉ်ကနေ ဒုံးကျည်ပစ်လွှတ်ပြီး သုတ်သင်လိုက်တဲ့အပေါ် ဝါရှင်တန်၊ နယူးယောက်နဲ့ နိုင်ငံတဝန်းမှာ စနေနေ့က ကန့်ကွက်ဆန္ဒပြကြပြီး “no war on iran” “အီရန်ပေါ် စစ်မတိုက်ရ” လို့ ဆန္ဒပြသူတွေက ကြွေးကြော်ကြပါတယ်။

လက်ဝဲယိမ်းအဖွဲ့အစည်းတွေက နှိုးဆော်တဲ့ ဒီဆန္ဒပြပွဲတွေထဲကတခုကို သမ္မတအိမ်ဖြူတော် ရှေ့မှာ လုပ်ခဲ့ကြပြီး လူ ၂၀၀ ပတ်ဝန်းကျင်ပါဝင်ပါတယ်။ ဆန္ဒပြသူတွေရဲ့ ကြွေးကြော်သံတွေ ထဲမှာ “တရားမျှတမှုမရှိရင် ငြိမ်းချမ်းမှုမရှိ၊ အရှေ့အလယ်ပိုင်းကနေ အမေရိကန်ထွက်” ဆိုတာတွေလည်း ပါဝင်ပါတယ်။

ဗိုလ်ချုပ် Qasem Soleimani ကို သတ်ပစ်လိုက်တဲ့အပေါ် ရှုတ်ချတဲ့ဆန္ဒပြပွဲတွေကို အမေရိကန် နိုင်ငံတဝန်းက မြို့ကြီး ၇၀ လောက်မှာ လုပ်ကြတယ်လို့ စီစဉ်သူတွေကပြောပါတယ်။ သမ္မတ Donald Trump ရဲ့ ညွှန်ကြားချက်နဲ့ Soleimani ကို ဘဂ္ဂဒက်မြို့ လေဆိပ်အနီးမှာ သောကြာနေ့အစောပိုင်းက လုပ်ကြံသတ်ဖြတ်လိုက်တာပါ။ ဒီတိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခကြီးဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

အိမ်ဖြူတော်ရှေ့မှာ ဆန္ဒပြသူတွေဟာ နောက်ပိုင်းမှာတော့ အိမ်ဖြူတော်နဲ့ သိပ်မဝေးလှတဲ့နေရာက Trump International Hotel ဘက်ကို ရွှေ့သွားကြပါတယ်။

“အာရုံလွှဲဖို့ လိုနေသလား၊ စစ်ပွဲတပွဲ စလိုက်ပါ” လို့ ဆန္ဒပြသူတဦး ကိုင်ဆောင်ထားတဲ့ ဆိုင်းဘုတ်မှာ ရေးထားပါတယ်။ သမ္မတ Trump အပေါ် တရားစွဲထားတာကို အထက်လွှတ်တော်မှာ တရားစစ်ဆေးဖို့ ရှိနေချိန်မှာပဲ အခုလို Soleimani ကို လုပ်ကြံသတ်ဖြတ်တဲ့ဖြစ်ရပ် ပေါ်လာတာဖြစ်ပါတယ်။

VOA Burmese
https://burmese.voanews.com
Soleimani ကို လုပ္ႀကံသတ္ျဖတ္မႈအေပၚ အေမရိကန္မွာ ကန္႔ကြက္ဆႏၵျပ Soleimani ကို လုပ္ႀကံသတ္ျဖတ္မႈအေပၚ အေမရိကန္မွာ ကန္႔ကြက္ဆႏၵျပ Reviewed by THITHTOOLWIN on 14:02 Rating: 5
Powered by Blogger.