မႏၲေလးၿမိဳ႕ ရတနာပုံေဈး skywalk တြင္ မီးေလာင္မႈ ျဖစ္ပြား

(Zawgyi)⤵⤵⤵
မႏၲေလး ၁၇ ဇန္နဝါရီ

မႏၲေလးၿမိဳ႕ရတနာပုံေဈး၇၈ လမ္းႏွင့္ ၃၄လမ္းေထာင့္ရွိ skywalk (ရတနာပုံေဈး) ရတနာေမာ အေပၚထပ္ ေလးလႊာတြင္ ယေန႔ ညေန ၆ နာရီဝန္းက်င္မွ စတင္၍ မီးေလာင္မႈ ျဖစ္ပြားခဲ့ရာ level. 4 အဆင့္ကို ေက်ာ္လြန္ၿပီး တိုင္းအဆင့္ သတ္မွတ္၍ ျငႇိမ္းသတ္ခဲ့ေၾကာင္း သိရသည္။


အဆိုပါ မီးေလာင္မႈ ျဖစ္ပြားရာသို႔ ေရာက္ရွိေနသည့္ မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ ေခတၱ ဝန္ႀကီးခ်ဳပ္ ဦးဇာနည္ေအာင္က "တစ္တိုင္းလုံးမွာ ရွိတဲ့ မီးသတ္သမားေတြက စြန္႔စြန္႔စားစား ေအာက္စီဂ်င္စက္ေတြ အကူအညီနဲ႔ အထဲဝင္ေရာက္ၿပီး ျငႇိမ္းသတ္ေနပါတယ္။ လက္ရွိ အေျခအေနမွာေတာ့ မီးကို ထိန္းထားႏိုင္ပါၿပီ။ အထပ္ျမင့္ျဖစ္တဲ့အတြက္ မီးျငႇိမ္းသတ္ရတာ ခက္ခဲပါတယ္။ လိုအပ္ရင္ စစ္ကိုင္းတိုင္းကလည္း ကူညီဖို႔အတြက္ အဆင္သင့္ ျပင္ဆင္ထားပါတယ္" ဟု ေျပာၾကားသည္။


ထို႔ျပင္ မႏၲေလး ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီဝင္ ဦးေက်ာ္ဆန္းျမင့္ကလည္း "ရတနာပုံေဈး မီးေလာင္မႈကို တစ္တိုင္းလုံးမွာရွိတဲ့ မီသတ္ဌာနေတြနဲ႔အတူ စည္ပင္ ဝန္ထမ္းေတြနဲ႔ အဖြဲ႕အစည္း ေပါင္းစုံ ပူးေပါင္းၿပီး ျငႇိမ္းသတ္ေနပါတယ္။ မီးေလာင္ၿပီး ၂ နာရီခြဲအၾကာမွာ မီးကို ထိန္းခ်ဳပ္ႏိုင္ေပမယ့္ စိတ္ခ်ရတဲ့ အေျခအေနေတာ့ မဟုတ္ေသးပါဘူး။ ဝါယာေရွာ့ ျဖစ္ၿပီး ေလာင္တယ္လို႔ ယူဆေနၾကတယ္။ အထပ္ျမင့္မွာ ေလာင္တာျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔ဆီမွာ ဒီလို ျငႇိမ္းသတ္တဲ့ စက္ပစၥည္းကိရိယာေတြ လုံလုံေလာက္ေလာက္ မရွိေသးဘူး။ ေနာက္ပိုင္းမွာ ဝယ္ယူျဖည့္တင္းၿပီးၿပီ ဆိုရင္ေတာ့ ဆုံးရႈံးမႈ အနည္းဆုံး ျဖစ္ေအာင္ ျငႇိမ္းသတ္ႏိုင္မွာပါ" ဟု ေျပာသည္။

အဆိုပါ မီးေလာင္ရာသို႔ လာေရာက္၍ မီးျငႇိမ္းသတ္ေနသည့္ သံလ်က္ေမာ္ေတာင္ မီးသတ္တပ္ဖြဲ႕မွ ဒုတပ္ခြဲမႉး ဦးသန္းဗိုလ္ကလည္း "ကြၽန္ေတာ္တို႔ရဲ႕ တာဝန္က မီးမၿငိမ္းမျခင္း ဝိုင္းဝန္း ျငႇိမ္းသတ္ရမွာပါ။ အတြင္းထဲမွာ ကုန္ေျခာက္ပစၥည္းေတြ ရွိေနတဲ့ အတြက္ ျငႇိမ္းသတ္ရတာ ၾကာေနတယ္" ဟု ေျပာသည္။

အဆိုပါ ရတနာပုံေဈးမွာ ၂၀ဝ၈ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၅ ရက္ကလည္း မီးေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့ၿပီး ဆိုင္ခန္းေပါင္း ၁၅၀ဝ ေက်ာ္ႏွင့္ ေငြက်ပ္သန္းေပါင္း ႏွစ္ေထာင့္ေျခာက္ရာေက်ာ္ ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

မင္းထက္ေအာင္(မန္းကိုယ္ပြား)
ဓာတ္ပုံ- ေအာင္ၿဖိဳးေက်ာ္
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
---------------
(Unicode)⤵⤵⤵
မန္တလေးမြို့ ရတနာပုံဈေး skywalk တွင် မီးလောင်မှု ဖြစ်ပွား

မန္တလေး ၁၇ ဇန်နဝါရီ

မန္တလေးမြို့ရတနာပုံဈေး၇၈ လမ်းနှင့် ၃၄လမ်းထောင့်ရှိ skywalk (ရတနာပုံဈေး) ရတနာမော အပေါ်ထပ် လေးလွှာတွင် ယနေ့ ညနေ ၆ နာရီဝန်းကျင်မှ စတင်၍ မီးလောင်မှု ဖြစ်ပွားခဲ့ရာ level. 4 အဆင့်ကို ကျော်လွန်ပြီး တိုင်းအဆင့် သတ်မှတ်၍ ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ ရောက်ရှိနေသည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တ ဝန်ကြီးချုပ် ဦးဇာနည်အောင်က "တစ်တိုင်းလုံးမှာ ရှိတဲ့ မီးသတ်သမားတွေက စွန့်စွန့်စားစား အောက်စီဂျင်စက်တွေ အကူအညီနဲ့ အထဲဝင်ရောက်ပြီး ငြှိမ်းသတ်နေပါတယ်။ လက်ရှိ အခြေအနေမှာတော့ မီးကို ထိန်းထားနိုင်ပါပြီ။ အထပ်မြင့်ဖြစ်တဲ့အတွက် မီးငြှိမ်းသတ်ရတာ ခက်ခဲပါတယ်။ လိုအပ်ရင် စစ်ကိုင်းတိုင်းကလည်း ကူညီဖို့အတွက် အဆင်သင့် ပြင်ဆင်ထားပါတယ်" ဟု ပြောကြားသည်။

ထို့ပြင် မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်ကလည်း "ရတနာပုံဈေး မီးလောင်မှုကို တစ်တိုင်းလုံးမှာရှိတဲ့ မီသတ်ဌာနတွေနဲ့အတူ စည်ပင် ဝန်ထမ်းတွေနဲ့ အဖွဲ့အစည်း ပေါင်းစုံ ပူးပေါင်းပြီး ငြှိမ်းသတ်နေပါတယ်။ မီးလောင်ပြီး ၂ နာရီခွဲအကြာမှာ မီးကို ထိန်းချုပ်နိုင်ပေမယ့် စိတ်ချရတဲ့ အခြေအနေတော့ မဟုတ်သေးပါဘူး။ ဝါယာရှော့ ဖြစ်ပြီး လောင်တယ်လို့ ယူဆနေကြတယ်။ အထပ်မြင့်မှာ လောင်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ဆီမှာ ဒီလို ငြှိမ်းသတ်တဲ့ စက်ပစ္စည်းကိရိယာတွေ လုံလုံလောက်လောက် မရှိသေးဘူး။ နောက်ပိုင်းမှာ ဝယ်ယူဖြည့်တင်းပြီးပြီ ဆိုရင်တော့ ဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင် ငြှိမ်းသတ်နိုင်မှာပါ" ဟု ပြောသည်။

အဆိုပါ မီးလောင်ရာသို့ လာရောက်၍ မီးငြှိမ်းသတ်နေသည့် သံလျက်မော်တောင် မီးသတ်တပ်ဖွဲ့မှ ဒုတပ်ခွဲမှူး ဦးသန်းဗိုလ်ကလည်း "ကျွန်တော်တို့ရဲ့ တာဝန်က မီးမငြိမ်းမခြင်း ဝိုင်းဝန်း ငြှိမ်းသတ်ရမှာပါ။ အတွင်းထဲမှာ ကုန်ခြောက်ပစ္စည်းတွေ ရှိနေတဲ့ အတွက် ငြှိမ်းသတ်ရတာ ကြာနေတယ်" ဟု ပြောသည်။

အဆိုပါ ရတနာပုံဈေးမှာ ၂၀ဝ၈ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်ကလည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၅၀ဝ ကျော်နှင့် ငွေကျပ်သန်းပေါင်း နှစ်ထောင့်ခြောက်ရာကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)
ဓာတ်ပုံ- အောင်ဖြိုးကျော်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
မႏၲေလးၿမိဳ႕ ရတနာပုံေဈး skywalk တြင္ မီးေလာင္မႈ ျဖစ္ပြား မႏၲေလးၿမိဳ႕ ရတနာပုံေဈး skywalk တြင္ မီးေလာင္မႈ ျဖစ္ပြား Reviewed by THITHTOOLWIN on 06:10 Rating: 5
Powered by Blogger.