အီရန္စစ္ဗုိလ္ခ်ဳပ္ Qassem Soleimani ႐ုပ္အေလာင္း အီရန္ေရာက္ရွိ

Qassem Soleimani ၏ စ်ာပနအခမ္းအနားသို႔ တက္ေရာက္ခဲ့သည့္ အီရန္ျပည္သူမ်ား။ (ဇန္နဝါရီ ၅၊ ၂၀၂၀)
(Zawgyi / Unicode)

အီရတ္ႏုိင္ငံရဲ႕ ၿမိဳ႕ေတာ္ ဘဂၢဒက္မွာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က အေမရိကန္ရဲ႕ ေလေၾကာင္းတုိက္ခုိက္မႈအတြင္း ေသဆုံးသြားခဲ့တဲ့ အီရန္စစ္ဗုိလ္ခ်ဳပ္ Qassem Soleimani ရဲ႕ ႐ုပ္အေလာင္းဟာ အီရန္ႏုိင္ငံကို ျပန္ေရာက္လာၿပီ ျဖစ္ပါတယ္။

Qassem Soleimani ေသဆုံးသြားတာနဲ႔ ပတ္သက္ၿပီး အီရန္ႏုိင္ငံ အေနာက္ေတာင္ပိုင္းက Ahvaz ၿမိဳ႕မွာေတာ့ လူေတြေသာင္းနဲ႔ခ်ီၿပီး ၀မ္းနည္းပူေဆြးေၾကာင္း ျပသတဲ့အေနနဲ႔ လမ္းေတြေပၚကိုထြက္ ခ်ီတက္ခဲ့ၾကပါတယ္။

ဒါကို အီရန္ႏုိင္ငံရဲ႕ အစိုးရပိုင္ ႐ုပ္သံကေနလည္း ထုတ္လႊင့္ျပသခဲ့ၿပီး အနက္ေရာင္၀တ္စုံေတြ ၀တ္ထားတဲ့လူေတြဟာ ေႂကြးေၾကာ္သံေတြကို ေအာ္ဟစ္ ရင္ဘတ္ေတြကိုထုၿပီး Soleimani ကို ေနာက္ဆုံးအေနနဲ႔ ဂုဏ္ျပဳခဲ့ၾကၿပီး အေတာ္မ်ားမ်ားကေတာ့ အေမရိကန္ က်ဆုံးပါေစဆုိတဲ့ ေႂကြးေၾကာ္သံေတြကို ေအာ္ဟစ္ခဲ့ၾကပါတယ္။

Soleimani ရဲ႕ အေခါင္းေပၚမွာေတာ့ အီရန္ႏုိင္ငံရဲ႕ အလံကို လႊမ္းၿခဳံထားၿပီး ေလယာဥ္ေပၚကေန ခ်လာတဲ့အခ်ိန္မွာေတာ့ စစ္တီး၀ိုင္းနဲ႔ ဂုဏ္ျပဳခဲ့ၾကပါတယ္။

Soleimani ရဲ႕ ႐ုပ္အေလာင္းကို အီရန္ႏုိင္ငံက ရွီယာဘာသာ၀င္ေတြ အထြတ္အျမတ္ထားရာ မာရွတ္ၿမိဳ႕ကို ဒီကေန႔မွာ သယ္ေဆာင္သြားမွာျဖစ္ၿပီး အဲဒီေနာက္ေတာ့ တီဟီရန္ၿမိဳ႕ကို သယ္ေဆာင္မွာျဖစ္ပါတယ္။ အဲဒီေနာက္ေတာ့ သူ႔ရဲ႕ ဇာတိၿမိဳ႕ျဖစ္တဲ့ Kermen ၿမိဳ႕မွာ အဂၤါေန႔က်ရင္ ေျမျမႇဳပ္သၿဂႋဳဟ္မွာ ျဖစ္ပါတယ္။

Soleimani ဟာ အီရန္ႏုိင္ငံ Quds အထူးတပ္ဖဲြ႔ရဲ႕ ေခါင္းေဆာင္တဦးျဖစ္ၿပီး အီရန္စစ္တပ္အတြင္းမွာလည္း ထင္ရွားတဲ့ စစ္ဗုိလ္ခ်ဳပ္တဦး ျဖစ္ပါတယ္။ ဒါ့အျပင္ အေရွ႕အလယ္ပိုင္းေဒသတြင္း အီရန္ႏုိင္ငံရဲ႕ ၾသဇာႀကီးထြားလာတဲ့ေနရာမွာ အေရးပါတဲ့ ပုဂၢိဳလ္တဦး ျဖစ္ပါတယ္။

-----------------------------------

(Unicode)

အီရန်စစ်ဗိုလ်ချုပ် Qassem Soleimani ရုပ်အလောင်း အီရန်ရောက်ရှိ

အီရတ်နိုင်ငံရဲ့ မြို့တော် ဘဂ္ဂဒက်မှာ ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တဲ့ အီရန်စစ်ဗိုလ်ချုပ် Qassem Soleimani ရဲ့ ရုပ်အလောင်းဟာ အီရန်နိုင်ငံကို ပြန်ရောက်လာပြီ ဖြစ်ပါတယ်။

Qassem Soleimani သေဆုံးသွားတာနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံ အနောက်တောင်ပိုင်းက Ahvaz မြို့မှာတော့ လူတွေသောင်းနဲ့ချီပြီး ဝမ်းနည်းပူဆွေးကြောင်း ပြသတဲ့အနေနဲ့ လမ်းတွေပေါ်ကိုထွက် ချီတက်ခဲ့ကြပါတယ်။

ဒါကို အီရန်နိုင်ငံရဲ့ အစိုးရပိုင် ရုပ်သံကနေလည်း ထုတ်လွှင့်ပြသခဲ့ပြီး အနက်ရောင်ဝတ်စုံတွေ ဝတ်ထားတဲ့လူတွေဟာ ကြွေးကြော်သံတွေကို အော်ဟစ် ရင်ဘတ်တွေကိုထုပြီး Soleimani ကို နောက်ဆုံးအနေနဲ့ ဂုဏ်ပြုခဲ့ကြပြီး အတော်များများကတော့ အမေရိကန် ကျဆုံးပါစေဆိုတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။

Soleimani ရဲ့ အခေါင်းပေါ်မှာတော့ အီရန်နိုင်ငံရဲ့ အလံကို လွှမ်းခြုံထားပြီး လေယာဉ်ပေါ်ကနေ ချလာတဲ့အချိန်မှာတော့ စစ်တီးဝိုင်းနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။

Soleimani ရဲ့ ရုပ်အလောင်းကို အီရန်နိုင်ငံက ရှီယာဘာသာဝင်တွေ အထွတ်အမြတ်ထားရာ မာရှတ်မြို့ကို ဒီကနေ့မှာ သယ်ဆောင်သွားမှာဖြစ်ပြီး အဲဒီနောက်တော့ တီဟီရန်မြို့ကို သယ်ဆောင်မှာဖြစ်ပါတယ်။ အဲဒီနောက်တော့ သူ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ Kermen မြို့မှာ အင်္ဂါနေ့ကျရင် မြေမြှုပ်သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

Soleimani ဟာ အီရန်နိုင်ငံ Quds အထူးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး အီရန်စစ်တပ်အတွင်းမှာလည်း ထင်ရှားတဲ့ စစ်ဗိုလ်ချုပ်တဦး ဖြစ်ပါတယ်။ ဒါ့အပြင် အရှေ့အလယ်ပိုင်းဒေသတွင်း အီရန်နိုင်ငံရဲ့ သြဇာကြီးထွားလာတဲ့နေရာမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။

VOA Burmese
https://burmese.voanews.com
အီရန္စစ္ဗုိလ္ခ်ဳပ္ Qassem Soleimani ႐ုပ္အေလာင္း အီရန္ေရာက္ရွိ အီရန္စစ္ဗုိလ္ခ်ဳပ္ Qassem Soleimani ႐ုပ္အေလာင္း အီရန္ေရာက္ရွိ Reviewed by THITHTOOLWIN on 02:43 Rating: 5
Powered by Blogger.