
(Zawgyi)⤵⤵⤵



(Xinhua)
---------
(Unicode)⤵⤵⤵
အီရန်နိုင်ငံထိပ်တန်းတပ်မှူး Qasem Soleimani ဘဂ္ဂဒတ်လေဆိပ်၌ အမေရိကန်၏ တိုက်ခိုက်မှုကြောင့် သေဆုံး

အီရန်နိုင်ငံထိပ်တန်း တပ်မှူး Qasem Soleimani အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

    ဘဂ္ဂဒတ် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံထိပ်တန်းတပ်မှူး ဗိုလ်ချုပ် Qasem Soleimani သည် ယနေ့(ဇန်နဝါရီ ၃ ရက်) နံနက်အစောပိုင်းတွင် အီရတ်နိုင်ငံ ဘဂ္ဂဒတ်လေဆိပ်၌ အမေရိကန်၏ တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားကြောင်း အီရတ်နိုင်ငံပိုင် ရုပ်သံက သတင်းဖော်ပြခဲ့သည်။

ထို့ပြင် အီရတ်နိုင်ငံ၏ လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သော Hashd Shaabi တပ်ဖွဲ့၏ ဒုတိယထိပ်တန်းခေါင်းဆောင် Abu Mahdi al-Muhamdis သည်လည်း အီရတ်နိုင်ငံလေဆိပ်အနီး၌ ယနေ့နံနက်တွင် ဖြစ်ပွားခဲ့သော ဗုံးခွဲတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင် သတင်းအရင်းအမြစ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အီရန်နိုင်ငံထိပ်တန်းတပ်မှူး Qasem Soleimani ဘဂ္ဂဒတ်လေဆိပ်၌ အမေရိကန်၏ တိုက်ခိုက်မှုကြောင့် သေဆုံး အီရန်နိုင်ငံထိပ်တန်းတပ်မှူး Qasem Soleimani ဘဂ္ဂဒတ်လေဆိပ်၌ အမေရိကန်၏ တိုက်ခိုက်မှုကြောင့် သေဆုံး Reviewed by THITHTOOLWIN on 23:48 Rating: 5
Powered by Blogger.