NLD ကေန အထုတ္ခံရလို႔ အမတ္ ဦးေက်ာ္ေဇေယ် အံ့အားသင့္မိ

ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၁၉ ရက္ေန႔က က်င္းပတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ ဗဟိုအလုပ္အမႈေဆာင္ အစည္းအေဝးမွာ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်ကို ပါတီကေန ထုတ္ဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ေၾကာင္း NLD ပါတီက ထုတ္ျပန္ပါတယ္။

ပါတီကေန အထုတ္ခံခဲ့ရတဲ့ ဦးေက်ာ္ေဇယ်ကေတာ့ ဗဟိုဦးစီးစနစ္ႀကီးကို မႀကိဳက္လို႔ ဒီမိုကေရစီစနစ္ဆီကို ေမွ်ာ္မွန္းခ်ီတက္ေနတဲ့ ပါတီႀကီးက အခုလိုေအာက္ေျခ ၿမိဳ႕နယ္၊ ခ႐ိုင္၊ တိုင္းေဒသႀကီးက ပါတီဝင္ေတြရဲ႕ သေဘာထားေတြကို ရယူတာမ်ိဳးမရွိဘဲ ဗဟိုကတိုက္႐ိုက္ ဆုံးျဖတ္ခ်က္အရဆိုၿပီး ဆုံးျဖတ္ခဲ့တဲ့အတြက္ အလြန္အံ့ၾသမိတယ္လို႔ဆိုပါတယ္။

၂၀၁၆ -၂၀၁၇ စာရင္းစစ္ခ်ဳပ္အစီရင္ခံစာကို ေဆြးေႏြးအၿပီးမွာ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဒဂုံၿမိဳ႕နယ္ အလုပ္အမႈေဆာင္အျဖစ္ကေန ရပ္စဲခံခဲ့ရၿပီး ၂၀၁၇-၂၀၁၈ စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာ ေဆြးေႏြးအၿပီးမွာလည္း အခုလို ပါတီဝင္အျဖစ္ကေန ႐ုပ္သိမ္းခံလိုက္ရတာ ျဖစ္ႏိုင္တယ္လို႔ ဦးေက်ာ္ေဇယ်က ေျပာပါတယ္။

“အန္ကယ္ေျပာတာက လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ ေျပာတာပဲ။ ပါတီနဲ႔အတြင္းစကားကို ေျပာခ်င္ရင္ ပါတီထဲမွာ ေျပာလို႔ရတယ္ဆိုေတာ့ အန္ကယ္ပါတီတြင္းေျပာတယ္။ သက္ေသအေထာက္အထား ရွိတယ္။ ပါတီ လႊတ္ေတာ္ အစိုးရ သုံးပြင့္ဆိုင္ေတြ႕ဆုံပြဲမွာ။ ေနာက္ဆုံးေတြ႕ဆုံပြဲမွာ အႀကီးဆုံးက ေဒါက္တာ ေဇာ္ျမင့္ေမာင္အေရွ႕မွာ ဝန္ႀကီးခ်ဳပ္ကို ေမးခ်င္တာေတြေမးတယ္။ သူကေမးခြန္းမ်ားကို ျပန္မေျဖဘူး။ ဝန္ႀကီးခ်ဳပ္ကြၽန္ေတာ့္ေမးခြန္းကို ေျဖသင့္ပါတယ္ဆိုၿပီး အန္ကယ္ထေျပာတယ္။ ရန္ကုန္တိုင္းပါတီဥကၠ႒က ေတာ္ပါေတာ့ဗ်ာဆိုၿပီး ထိုင္ခိုင္းတယ္။ အဲေတာ့ ပါတီတြင္းမွာေဆြးေႏြးေတာ့လည္း အစိုးရအဖြဲ႕က ျပန္ရွင္းမျပဘူး။ ျပန္ရွင္းမျပတဲ့အခါမွာ အန္ကယ္အေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ေယာက္ ျဖစ္တဲ့အတြက္ လႊတ္ေတာ္အျပင္မွာ အစိုးရကို ေမးရေတာ့မွာေပါ့။ အစိုးရကို Check and Balance လုပ္တဲ့ေနရာမွာ။”

ပါတီတြင္းေဆြးေႏြးရမယ့္ အေၾကာင္းအရာေတြကို ျပင္ပကို ထုတ္ေဖာ္ေျပာဆိုခဲ့တာေတြေၾကာင့္ ဦးေက်ာ္ေဇယ်ကို ပါတီစည္းကမ္းအရ အေရးယူလိုက္တာျဖစ္တယ္လို႔ ေဒါက္တာမ်ိဳးၫြန႔္က ေျပာပါတယ္။

“ဒီမိုကေရစီႏိုင္ငံမွာေတာ့ လြတ္လပ္စြာ ေမးျမန္းခြင့္ရွိပါတယ္။ ကြၽန္ေတာ္တို႔လည္းေျဖလို႔ရသေလာက္ ေျဖပါ့မယ္။ ပါတီမွာက ပါတီတြင္းေျပာရတာရွိတယ္။ ျပင္ပကို လူထုကို အသိေပးရတာ ရွိတယ္။ ဒီလိုေတာ့ ခြဲျခားထားတာ ရွိပါတယ္။”

ဘယ္ကိစၥေတြကို ထုတ္ေဖာ္ေျပာဆိုတာေၾကာင့္ ဦးေက်ာ္ေဇယ်ကို အေရးယူတယ္ဆိုတာကိုေတာ့ တိတိက်က် ေျပာဆိုျခင္းမရွိပါဘူး။

NLD ပါတီအေနနဲ႔ စည္းကမ္းခ်ိဳးေဖာက္တဲ့ ပါတီဝင္ေတြကို ႏႈတ္နဲ႔သတိေပးတာ၊ စာပို႔ေရးသား သတိေပးတာ၊ အခ်ိန္အကန႔္အသတ္နဲ႔ ပါတီတာဝန္ကေနရပ္ဆိုင္းတာ၊ ဒဏ္ေငြခ်မွတ္တာနဲ႔ ပါတီဝင္အျဖစ္ကေန ထုတ္ပယ္တာေတြကို အေၾကာင္းအခ်င္းအရာအေပၚမူတည္ၿပီး အေရးယူေဆာင္႐ြက္ေလ့ရွိတယ္လို႔လည္း ဆိုပါတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်ကို ႏႈတ္နဲ႔ သတိေပးတာ၊ စာနဲ႔သတိေပးတာေတြ မလုပ္ခဲ့ဘဲ အျမင့္ဆုံးအေရးယူျခင္းျဖစ္တဲ့ ပါတီဝင္အျဖစ္ကေန ထုတ္ပယ္တာကို ေဆာင္႐ြက္ခဲ့တာျဖစ္တယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္က ေျပာပါတယ္။

NLD ပါတီရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြမွာ ပါတီရဲ႕ပုံရိပ္က်ဆင္းေစတာ၊ ပါတီရဲ႕စည္းလုံးညီၫြတ္မႈကို ထိခိုက္ေစမယ့္ အျပဳအမူအေျပာဆိုေတြ မလုပ္ရဘူးလို႔ ပါရွိတယ္လို႔လည္း ေျပာပါတယ္။

အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ ပါတီရဲ႕စည္းမ်ဥ္းကို ခ်ိဳးေဖာက္တယ္ဆိုၿပီး ပါတီဝင္အျဖစ္က ထုတ္ပယ္ခဲ့တာ ‌ေလးဦးခန႔္ရွိၿပီလို႔ သိရပါတယ္။

ဒီလိုအေရးယူတာနဲ႔ပတ္သက္ၿပီး  မွန္ကန္မႈမရွိဘူးထင္တာ၊ တစ္စုံတစ္ရာျပန္ၿပီး ေခ်ပလိုတာရွိရင္ အယူခံလႊာ တင္သြင္းၿပီး အေရးယူထားတာကို ပယ္ဖ်က္ေပးဖို႔ ေဆာင္႐ြက္ႏိုင္တယ္လို႔ ေဒါက္တာမ်ိဳးၫြန႔္က ေျပာပါတယ္။

ဦးေက်ာ္ေဇယ်ကေတာ့ ပါတီကေန ထုတ္ပယ္ခံရတဲ့အေပၚ အယူခံတင္မွာ မဟုတ္ဘဲ ျပည္သူ႔ေရွ႕ေဆာင္ပါတီ (PPP) ကို ဝင္ေရာက္ဖို႔ ဒီကေန႔မွာ ပါတီဝင္ေလွ်ာက္လႊာ တင္ခဲ့ၿပီလို႔ ေျပာပါတယ္။

ျပည္သူ႔ေရွ႕ေဆာင္ပါတီ (PPP) ကို ဦးေဆာင္တည္ေထာင္သူတစ္ဦးျဖစ္တဲ့ ဒဂုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာ သက္သက္ခိုင္နဲ႔ ဦးေက်ာ္ေဇယ်တို႔ဟာ လႊတ္ေတာ္တြင္းမွာ အစိုးရရဲ႕ ေဆာင္႐ြက္ ခ်က္ေတြအေပၚ ေဝဖန္ေထာက္ျပေနသူေတြ ျဖစ္ပါတယ္။

ေဒၚသက္သက္ခိုင္ကေတာ့ ျပည္သူ႔ေရွ႕ေဆာင္ပါတီ တည္ေထာင္ဖို႔အတြက္ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ လကုန္ပိုင္းမွာ NLD ပါတီကေန ႏႈတ္ထြက္ခဲ့သူျဖစ္ပါတယ္။

NLD အေနနဲ႔ သူ႔ရဲ႕ပါတီတြင္းမွာရွိတဲ့ ေျပာရဲဆိုရဲရွိတဲ့ အမတ္ေတြအေပၚ အခုလို ထုတ္ပယ္တဲ့အထိ အေရးယူ လိုက္တာေၾကာင့္ တျခားအမတ္ေတြရဲ႕ အစိုးရအေပၚထိန္းေက်ာင္းမႈ အပိုင္းမွာ မရွိသေလာက္ရွားသြားႏိုင္တယ္လို႔ အစိုးရအဖြဲ႕ရဲ႕ ေဆာင္႐ြက္ခ်က္ေတြကို ေစာင့္ၾကည့္ေလ့လာေနသူလည္းျဖစ္၊ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္းလည္းျဖစ္တဲ့ ေဒါက္တာညိဳညိဳသင္းက သုံးသပ္ပါတယ္။

“ေ႐ြးေကာက္ပြဲ နီးလာေလေလ အမတ္ေတြေတာ္ေတာ္မ်ားမ်ားက ကိုယ့္ကိုယ္ ျပန္မေ႐ြးေတာ့မွာ စိုးရိမ္လာေလေလ အစိုးရအေပၚမွာ ေထာက္ျပမႈေတြ နည္းလာေလေလ ျပည္သူလူထုအတြက္ ဆုံးရႈံးမႈ ႀကီးလာေလေလလို႔ပဲ အန္တီတို႔ သတ္မွတ္တယ္”

ဦးေက်ာ္ေဇယ်ဟာ ၿပီးခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ဒဂုံၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္အေနနဲ႔ NLD ပါတီကေန ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး အႏိုင္ရရွိခဲ့သူျဖစ္ပါတယ္။ တပ္မေတာ္မွာလည္း ဒုဗိုလ္မႉးႀကီးတာဝန္နဲ႔ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း (ဦးပိုင္) မွာ ဒါ႐ိုက္တာအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
NLD ကနေ အထုတ်ခံရလို့ အမတ် ဦးကျော်ဇေယျေ အံ့အားသင့်မိ

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို တွေ့ရစဉ်
Photo: RFA

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ပါတီကနေ ထုတ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန်ပါတယ်။

ပါတီကနေ အထုတ်ခံခဲ့ရတဲ့ ဦးကျော်ဇေယျကတော့ ဗဟိုဦးစီးစနစ်ကြီးကို မကြိုက်လို့ ဒီမိုကရေစီစနစ်ဆီကို မျှော်မှန်းချီတက်နေတဲ့ ပါတီကြီးက အခုလိုအောက်ခြေ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးက ပါတီဝင်တွေရဲ့ သဘောထားတွေကို ရယူတာမျိုးမရှိဘဲ ဗဟိုကတိုက်ရိုက် ဆုံးဖြတ်ချက်အရဆိုပြီး ဆုံးဖြတ်ခဲ့တဲ့အတွက် အလွန်အံ့သြမိတယ်လို့ဆိုပါတယ်။

၂၀၁၆ -၂၀၁၇ စာရင်းစစ်ချုပ်အစီရင်ခံစာကို ဆွေးနွေးအပြီးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒဂုံမြို့နယ် အလုပ်အမှုဆောင်အဖြစ်ကနေ ရပ်စဲခံခဲ့ရပြီး ၂၀၁၇-၂၀၁၈ စာရင်းစစ်ချုပ် အစီရင်ခံစာ ဆွေးနွေးအပြီးမှာလည်း အခုလို ပါတီဝင်အဖြစ်ကနေ ရုပ်သိမ်းခံလိုက်ရတာ ဖြစ်နိုင်တယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။

“အန်ကယ်ပြောတာက လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြောတာပဲ။ ပါတီနဲ့အတွင်းစကားကို ပြောချင်ရင် ပါတီထဲမှာ ပြောလို့ရတယ်ဆိုတော့ အန်ကယ်ပါတီတွင်းပြောတယ်။ သက်သေအထောက်အထား ရှိတယ်။ ပါတီ လွှတ်တော် အစိုးရ သုံးပွင့်ဆိုင်တွေ့ဆုံပွဲမှာ။ နောက်ဆုံးတွေ့ဆုံပွဲမှာ အကြီးဆုံးက ဒေါက်တာ ဇော်မြင့်မောင်အရှေ့မှာ ဝန်ကြီးချုပ်ကို မေးချင်တာတွေမေးတယ်။ သူကမေးခွန်းများကို ပြန်မဖြေဘူး။ ဝန်ကြီးချုပ်ကျွန်တော့်မေးခွန်းကို ဖြေသင့်ပါတယ်ဆိုပြီး အန်ကယ်ထပြောတယ်။ ရန်ကုန်တိုင်းပါတီဥက္ကဋ္ဌက တော်ပါတော့ဗျာဆိုပြီး ထိုင်ခိုင်းတယ်။ အဲတော့ ပါတီတွင်းမှာဆွေးနွေးတော့လည်း အစိုးရအဖွဲ့က ပြန်ရှင်းမပြဘူး။ ပြန်ရှင်းမပြတဲ့အခါမှာ အန်ကယ်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် ဖြစ်တဲ့အတွက် လွှတ်တော်အပြင်မှာ အစိုးရကို မေးရတော့မှာပေါ့။ အစိုးရကို Check and Balance လုပ်တဲ့နေရာမှာ။”

ပါတီတွင်းဆွေးနွေးရမယ့် အကြောင်းအရာတွေကို ပြင်ပကို ထုတ်ဖော်ပြောဆိုခဲ့တာတွေကြောင့် ဦးကျော်ဇေယျကို ပါတီစည်းကမ်းအရ အရေးယူလိုက်တာဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“ဒီမိုကရေစီနိုင်ငံမှာတော့ လွတ်လပ်စွာ မေးမြန်းခွင့်ရှိပါတယ်။ ကျွန်တော်တို့လည်းဖြေလို့ရသလောက် ဖြေပါ့မယ်။ ပါတီမှာက ပါတီတွင်းပြောရတာရှိတယ်။ ပြင်ပကို လူထုကို အသိပေးရတာ ရှိတယ်။ ဒီလိုတော့ ခွဲခြားထားတာ ရှိပါတယ်။”

ဘယ်ကိစ္စတွေကို ထုတ်ဖော်ပြောဆိုတာကြောင့် ဦးကျော်ဇေယျကို အရေးယူတယ်ဆိုတာကိုတော့ တိတိကျကျ ပြောဆိုခြင်းမရှိပါဘူး။

NLD ပါတီအနေနဲ့ စည်းကမ်းချိုးဖောက်တဲ့ ပါတီဝင်တွေကို နှုတ်နဲ့သတိပေးတာ၊ စာပို့ရေးသား သတိပေးတာ၊ အချိန်အကန့်အသတ်နဲ့ ပါတီတာဝန်ကနေရပ်ဆိုင်းတာ၊ ဒဏ်ငွေချမှတ်တာနဲ့ ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်တာတွေကို အကြောင်းအချင်းအရာအပေါ်မူတည်ပြီး အရေးယူဆောင်ရွက်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို နှုတ်နဲ့ သတိပေးတာ၊ စာနဲ့သတိပေးတာတွေ မလုပ်ခဲ့ဘဲ အမြင့်ဆုံးအရေးယူခြင်းဖြစ်တဲ့ ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်တာကို ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

NLD ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေမှာ ပါတီရဲ့ပုံရိပ်ကျဆင်းစေတာ၊ ပါတီရဲ့စည်းလုံးညီညွတ်မှုကို ထိခိုက်စေမယ့် အပြုအမူအပြောဆိုတွေ မလုပ်ရဘူးလို့ ပါရှိတယ်လို့လည်း ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါတီရဲ့စည်းမျဉ်းကို ချိုးဖောက်တယ်ဆိုပြီး ပါတီဝင်အဖြစ်က ထုတ်ပယ်ခဲ့တာ ‌လေးဦးခန့်ရှိပြီလို့ သိရပါတယ်။

ဒီလိုအရေးယူတာနဲ့ပတ်သက်ပြီး  မှန်ကန်မှုမရှိဘူးထင်တာ၊ တစ်စုံတစ်ရာပြန်ပြီး ချေပလိုတာရှိရင် အယူခံလွှာ တင်သွင်းပြီး အရေးယူထားတာကို ပယ်ဖျက်ပေးဖို့ ဆောင်ရွက်နိုင်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ဦးကျော်ဇေယျကတော့ ပါတီကနေ ထုတ်ပယ်ခံရတဲ့အပေါ် အယူခံတင်မှာ မဟုတ်ဘဲ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကို ဝင်ရောက်ဖို့ ဒီကနေ့မှာ ပါတီဝင်လျှောက်လွှာ တင်ခဲ့ပြီလို့ ပြောပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကို ဦးဆောင်တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်နဲ့ ဦးကျော်ဇေယျတို့ဟာ လွှတ်တော်တွင်းမှာ အစိုးရရဲ့ ဆောင်ရွက် ချက်တွေအပေါ် ဝေဖန်ထောက်ပြနေသူတွေ ဖြစ်ပါတယ်။

ဒေါ်သက်သက်ခိုင်ကတော့ ပြည်သူ့ရှေ့ဆောင်ပါတီ တည်ထောင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းမှာ NLD ပါတီကနေ နှုတ်ထွက်ခဲ့သူဖြစ်ပါတယ်။

NLD အနေနဲ့ သူ့ရဲ့ပါတီတွင်းမှာရှိတဲ့ ပြောရဲဆိုရဲရှိတဲ့ အမတ်တွေအပေါ် အခုလို ထုတ်ပယ်တဲ့အထိ အရေးယူ လိုက်တာကြောင့် တခြားအမတ်တွေရဲ့ အစိုးရအပေါ်ထိန်းကျောင်းမှု အပိုင်းမှာ မရှိသလောက်ရှားသွားနိုင်တယ်လို့ အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို စောင့်ကြည့်လေ့လာနေသူလည်းဖြစ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ်တဲ့ ဒေါက်တာညိုညိုသင်းက သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲ နီးလာလေလေ အမတ်တွေတော်တော်များများက ကိုယ့်ကိုယ် ပြန်မရွေးတော့မှာ စိုးရိမ်လာလေလေ အစိုးရအပေါ်မှာ ထောက်ပြမှုတွေ နည်းလာလေလေ ပြည်သူလူထုအတွက် ဆုံးရှုံးမှု ကြီးလာလေလေလို့ပဲ အန်တီတို့ သတ်မှတ်တယ်”

ဦးကျော်ဇေယျဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။ တပ်မတော်မှာလည်း ဒုဗိုလ်မှူးကြီးတာဝန်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (ဦးပိုင်) မှာ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
NLD ကေန အထုတ္ခံရလို႔ အမတ္ ဦးေက်ာ္ေဇေယ် အံ့အားသင့္မိ NLD ကေန အထုတ္ခံရလို႔ အမတ္ ဦးေက်ာ္ေဇေယ် အံ့အားသင့္မိ Reviewed by THITHTOOLWIN on 20:51 Rating: 5
Powered by Blogger.