ျမန္မာ နည္းပညာကုမၸဏီကို Nikkei Asian သတင္းဌာနဆုခ်ီးျမွင့္

(ဓါတ္ပံု- 360ed ဓါတ္သင္ပုန္းကုမၸဏီ)

(Zawgyi / Unicode)

နည္းပညာဖြံ႔ၿဖိဳးမႈ ေနာက္က်ေနတဲ့ ျမန္မာႏုိင္ငံမွာ ျမန္မာႏုိင္ငံက ပညာသင္ၾကားသူေတြအတြက္ Augmented Reality (AR) လုိ႔ေခၚတဲ့ 3D ၃ ဘက္ျမင္ နည္းပညာကုိ အသုံးျပဳၿပီး အြန္လုိင္း သင္ေထာက္ကူ Application ေတြ တီထြင္ ထုတ္လုပ္ေနတဲ့ ျမန္မာႏုိင္ငံက 360ed ဓါတ္သင္ပုန္းကုမၸဏီဟာ အခုႏွစ္အတြက္ ဂ်ပန္အေျခစုိက္ Nikkei သတင္းဌာနႀကီးက ခ်ီးျမင့္တဲ့ Nikkei Asian Review Award for Excellence ဆု ရရွိသြားပါတယ္။

360ed ဓါတ္သင္ပုန္းကုမၸဏီက AR နည္းပညာနဲ႔ Flashcard Application ၃ ခု ထုတ္လုပ္ထားပါတယ္။ ပထမ ၂ ခုကေတာ့ ၁၀ တန္း ေက်ာင္းသူ၊ ေက်ာင္းသားေတြအတြက္ျဖစ္ၿပီး ပညာေရးဌာနက ျပဌာန္းထားတဲ့ သင္႐ိုးေတြကိုအေျခခံၿပီး ဇီဝေဗဒနဲ႔ ဓါတုေဗဒ ပညာရပ္နဲ႔ဆုိင္တဲ့ Application ၂ ခု ပါ၀င္သလုိ၊ အဲဒီအထဲမွာဘဲ ေမးခြန္းေတြအျပင္ Video Game ကစားသလုိ ေက်ာင္းသခၤန္းစာေတြကုိ ေလ့က်င္ႏုိင္တဲ့ Software ေတြလည္း ထည့္သြင္း ေပးထားတာပါ။ တတိယတခုကေတာ့ ပထမတန္း ေက်ာင္းသူ၊ ေက်ာင္းသားေတြအတြက္ AR နည္းပညာနဲ႔ အဂၤလိပ္စာလုံးေပါင္းေတြအျပင္ ရုပ္ပုံေတြပါ ထည့္ေပးထားတယ္လုိ႔ ဆုိပါတယ္။

AR နည္းပညာကုိ မ်ားေသာအားျဖင့္ Video Game နဲ႔ တျခား ေဖ်ာ္ေျဖေရးက႑ေတြမွာ အသုံးျပဳတာမ်ားပါတယ္။ ဒါေပမယ့္ ဒီနည္းပညာကုိ အသုံးျပဳၿပီး 360ed ဓါတ္သင္ပုန္းကုမၸဏီအျဖစ္နဲ႔ ၂၀၁၆ ခုႏွစ္မွာ ျမန္မာႏုိင္ငံက မလွလွ၀င္းနဲ႔ တျခား Silicon Valley မွာ မိတ္ေဆြတခ်ဳိ႕နဲ႔ စတင္ ထည္ေထာင္ခဲ့တာပါ။

ဒီနည္းပညာကုိ ျမန္မာႏုိင္ငံက ပညာေရးက႑မွာ သင္ေထာက္ကူနည္းပညာအျဖစ္ အသုံးျပဳႏုိင္ဖုိ႔ ၂၀၁၈ ခုႏွစ္ ေဖေဖာ္၀ါရီလဆန္းပုိင္းမွာ တရား၀င္ စတင္မိတ္ဆက္ခဲ့ပါတယ္။

အခု ရရွိတဲ့ Nikkei သတင္းဌာနကခ်ီးျမင့္တဲ့ဆုအျပင္ မႏွစ္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၂၄ ရက္ေန႔တုန္းကလည္း နယူးေယာက္ၿမိဳ႕ အေျခစိုက္ The Schwab Foundation ရန္ပံုေငြအဖြဲ႔ႀကီးကေန 360ed ပညာေရးအေထာက္အကူျပဳလုပ္ငန္းရဲ႕ CEO အမႈေဆာင္အရာရွိခ်ဳပ္ မလွလွဝင္းကို ၂၀၁၉ ခုႏွစ္အတြက္ လူမႈ-စြန္႔ဦးတီထြင္ထူးခၽြန္ဆုကို ခ်ီးျမင့္ခဲ့ပါတယ္။

...........

မြန်မာ နည်းပညာကုမ္ပဏီကို Nikkei Asian သတင်းဌာနဆုချီးမြှင့်

(Unicode)

နည်းပညာဖွံ့ဖြိုးမှု နောက်ကျနေတဲ့ မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံက ပညာသင်ကြားသူတွေအတွက် Augmented Reality (AR) လို့ခေါ်တဲ့ 3D ၃ ဘက်မြင် နည်းပညာကို အသုံးပြုပြီး အွန်လိုင်း သင်ထောက်ကူ Application တွေ တီထွင် ထုတ်လုပ်နေတဲ့ မြန်မာနိုင်ငံက 360ed ဓါတ်သင်ပုန်းကုမ္ပဏီဟာ အခုနှစ်အတွက် ဂျပန်အခြေစိုက် Nikkei သတင်းဌာနကြီးက ချီးမြင့်တဲ့ Nikkei Asian Review Award for Excellence ဆု ရရှိသွားပါတယ်။

360ed ဓါတ်သင်ပုန်းကုမ္ပဏီက AR နည်းပညာနဲ့ Flashcard Application ၃ ခု ထုတ်လုပ်ထားပါတယ်။ ပထမ ၂ ခုကတော့ ၁၀ တန်း ကျောင်းသူ၊ ကျောင်းသားတွေအတွက်ဖြစ်ပြီး ပညာရေးဌာနက ပြဌာန်းထားတဲ့ သင်ရိုးတွေကိုအခြေခံပြီး ဇီဝဗေဒနဲ့ ဓါတုဗေဒ ပညာရပ်နဲ့ဆိုင်တဲ့ Application ၂ ခု ပါဝင်သလို၊ အဲဒီအထဲမှာဘဲ မေးခွန်းတွေအပြင် Video Game ကစားသလို ကျောင်းသင်္ခန်းစာတွေကို လေ့ကျင်နိုင်တဲ့ Software တွေလည်း ထည့်သွင်း ပေးထားတာပါ။ တတိယတခုကတော့ ပထမတန်း ကျောင်းသူ၊ ကျောင်းသားတွေအတွက် AR နည်းပညာနဲ့ အင်္ဂလိပ်စာလုံးပေါင်းတွေအပြင် ရုပ်ပုံတွေပါ ထည့်ပေးထားတယ်လို့ ဆိုပါတယ်။

AR နည်းပညာကို များသောအားဖြင့် Video Game နဲ့ တခြား ဖျော်ဖြေရေးကဏ္ဍတွေမှာ အသုံးပြုတာများပါတယ်။ ဒါပေမယ့် ဒီနည်းပညာကို အသုံးပြုပြီး 360ed ဓါတ်သင်ပုန်းကုမ္ပဏီအဖြစ်နဲ့ ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံက မလှလှဝင်းနဲ့ တခြား Silicon Valley မှာ မိတ်ဆွေတချို့နဲ့ စတင် ထည်ထောင်ခဲ့တာပါ။

ဒီနည်းပညာကို မြန်မာနိုင်ငံက ပညာရေးကဏ္ဍမှာ သင်ထောက်ကူနည်းပညာအဖြစ် အသုံးပြုနိုင်ဖို့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှာ တရားဝင် စတင်မိတ်ဆက်ခဲ့ပါတယ်။

အခု ရရှိတဲ့ Nikkei သတင်းဌာနကချီးမြင့်တဲ့ဆုအပြင် မနှစ် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တုန်းကလည်း နယူးယောက်မြို့ အခြေစိုက် The Schwab Foundation ရန်ပုံငွေအဖွဲ့ကြီးကနေ 360ed ပညာရေးအထောက်အကူပြုလုပ်ငန်းရဲ့ CEO အမှုဆောင်အရာရှိချုပ် မလှလှဝင်းကို ၂၀၁၉ ခုနှစ်အတွက် လူမှု-စွန့်ဦးတီထွင်ထူးချွန်ဆုကို ချီးမြင့်ခဲ့ပါတယ်။

VOA Burmese
https://burmese.voanews.com
ျမန္မာ နည္းပညာကုမၸဏီကို Nikkei Asian သတင္းဌာနဆုခ်ီးျမွင့္ ျမန္မာ နည္းပညာကုမၸဏီကို Nikkei Asian သတင္းဌာနဆုခ်ီးျမွင့္ Reviewed by THITHTOOLWIN on 09:48 Rating: 5
Powered by Blogger.