ကရင္ေဒသ လမ္းစီမံကိန္း NCA ထိခိုက္ႏိုင္

KNU တပ္သားမ်ား

(Zawgyi/Unicode)

ေကအန္ယူ ကရင္အမ်ိဳးသားအစည္းအရံုးနဲ႔ ျမန္မာတပ္မေတာ္ၾကား ထိပ္တိုက္ရင္ဆိုင္မႈေတြ ျဖစ္ေနတဲ့ ကရင္ ျပည္နယ္တြင္းက လမ္းေဖာက္လုပ္မူနဲ႔ ပတ္သက္လို႔ ေဆြးေႏြးမူေတြ လုပ္ခဲ့ေပမယ့္ အခုထိ သေဘာတူညီခ်က္ တစံုတရာ မရေသး တာဟာ NCA တႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မူ ရပ္စဲေရး သေဘာတူစာခ်ဳပ္ကို ထိခုိက္လာေစ ႏိုင္တယ္လို႔ ေကအန္ယူ တာ၀န္ရွိသူေတြကဆုိပါတယ္။

ဆက္သြယ္ေမးျမန္း ထားတဲ့ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ျမန္မာတပ္မေတာ္နဲ႔ ေကအန္ယူၾကား အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ ရခဲ့ၿပီးတဲ့ ေနာက္ပိုင္း ေကအန္ယူ တပ္မဟာ ၃နဲ႔ တပ္မဟာ ၅ နယ္ေျမေတြမွာ တပ္မေတာ္ဘက္က လမ္းေဖာက္လုပ္မႈေတြ ေၾကာင့္ ထိပ္တုိက္ ရင္ဆိုင္ တိုက္ပြဲ တခ်ိဳ႕ ျဖစ္ပြားခဲ့ရတာပါ။ မၾကာေသးခင္က ေကအင္ယူ နဲ႔ တပ္မေတာ္ တို႔ၾကား ထိပ္ပိုင္းေခါင္းေဆာင္ေတြရဲ႕ ေဆြးေႏြးမႈမွာ ဒီလမ္းေဖာက္လုပ္ေရး နဲ႔ ပတ္သက္ၿပီး ျဖစ္ေပၚေနတဲ့ တင္းမာမႈေတြ ေျပေလ်ာ့ ေရးကိုပါ ထည့္သြင္း ေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ သေဘာတူညီမႈ မရေသး ေၾကာင္းနဲ႔ တပ္မေတာ္က လမ္းေဖာက္လုပ္ေရးကိစၥကို ဆက္လုပ္မယ္ ဆိုရင္ ေကအန္ယူ ရဲ႕ ထိန္းခ်ဳပ္မူေတြကုိ ထိခိုက္လာႏိုင္တဲ့ အတြက္ NCA တႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မူရပ္စဲေရး သေဘာတူစာခ်ဳပ္ အတြက္ပါ ထိခိုက္လာေစ ႏိုင္တယ္လုိ႔ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္ တပ္မဟာ ၅နယ္ေျမက တပ္ပုိင္းဆုိင္ရာ ေျပာေရးဆုိခြင့္ရွိသူ ဗိုလ္မွဴး ေစာကလဲဒိုက ေျပာပါတယ္။

“ျပီးခဲ့တဲ့ ဒီဇင္ဘာလ၂၇ ရက္ေန႔က ေတြ႔ဆံု ေဆြးေႏြးတာ ကေတာ့ လမ္းေဖာက္ဖို႔ေတာ့ အစီအစဥ္ရိွတယ္။ သူတို႔က မျဖစ္မေန ေဖာက္မယ္ေပါ့ေလ။ ေကအန္ယူက ေျပာတာကေတာ့့ ဒီလိုမ်ိဳး မလုပ္သင့္ေပါ့။ လမ္းရဲ႕ အခက္အခဲက က်ေနာ္တို ့တပ္မဟာ ၅နယ္ေျမ မူတေရာ္က ခရိုင္အတြက္ပဲ အက်ံဳး၀င္တာ မဟုတ္ဘူး ေကအန္ယူရဲ႕ အုပ္ခ်ဳပ္မူေအာက္မွာ ရွိတဲ့ေဒသ အကုန္လံုးအတြက္ အက်ဳံး၀င္တယ္။ NCA လမ္းေၾကာင္းအတုိင္း မသြားပဲနဲ႔ ဒီလို လုပ္ျခင္းအားျဖင့္ NCA ကို ထိခိုက္လာမယ္ ဆုိရင္ေတာ့ အကုန္လံုးနဲ႔ အက်ံဳး၀င္သြားမွာျဖစ္တယ္ လို႔ က်ေနာ္ ေျပာခ်င္တယ္။”

အခုလို တပ္ဘက္က လမ္းေဖာက္လုပ္မူေတြနဲ႔ ပတ္သက္လို႔ ေဒသခံေတြကလည္း လက္မခံႏိုင္ဘူးလို႔ ေကအန္ယူကို တင္ျပခဲ့တာေၾကာင့္ ေကအန္ယူက ဒီလို လမ္းေဖာက္ဖို႔ ကိစၥကို လက္မခံႏိုင္ဘူး လို႔လည္း ေျပာဆုိပါတယ္။

“တပ္မဟာ ၃ရယ္၊ တပ္မဟာ ၅ရယ္ ထိန္းခ်ဴပ္နယ္ေျမေတြျဖစ္တဲ့အေပၚမွာ ကန့္သတ္နယ္ေျမ ျဖစ္တဲ့အေပၚမွာ သူတို႔ အဲဒီလိုေဖာက္ရင္ ထိခိုက္မူေတြရွိမယ္။ ရြာသားေတြ အတြက္လည္း သူတုိ႔ လုပ္ကုိင္စားေသာက္တဲ့ ေျမကြက္ ေတြလည္း ထိခိုက္တာရွိမယ္။ ရြာသူရြာသားေတြကလည္း ကုိယ္ထူ ကုိယ္ထ လုပ္ထားတဲ့ စာသင္ေက်ာင္းေတြ အမ်ားႀကီး တည္ေဆာက္ထားတယ္။ ကေလးေတြအတြက္ေပါ့ေလ။ သူတို႔ လမ္းေဖာက္ရင္ ရြာသူရြာသားေတြက ထြက္ေျပးရမယ္။ ဒီအတြက္ ကေလးေတြ ပညာေရးလည္း အမ်ားႀကီးထိခိုက္မယ္။”

အခုလို ေကအန္ယူဘက္က သေဘာမတူ ေပမယ့္ ဒီလမ္းေဖာက္လုပ္မဲ့ကိစၥကို တပ္မေတာ္ဘက္က ရပ္ဆိုင္း ပစ္မယ့္ သေဘာထား မေတြ႔ရ ေသးဘူးလုိလည္း ဗိုလ္မွဴး ေစာကလဲဒုိက ေျပာပါတယ္။

ျမန္မာအစိုးရနဲ႔ ေကအန္ယူတို ့ဟာ၂၀၁၂ ခုႏွစ္မွာ အပစ္ခတ္ရပ္စဲေရး လက္မွတ္ေရးထုိးခဲ့တာ ျဖစ္ၿပီး၊ ၂၀၁၅ ခုႏွစ္မွာ ေတာ့ တႏိုင္ငံလံုးပစ္ခတ္တိုက္ခတ္မူ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို KNU က လက္မွတ္ေရးထုိးခဲ့ပါတယ္။

...................

ကရင်ဒေသ လမ်းစီမံကိန်း NCA ထိခိုက်နိုင်

(Unicode)

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးနဲ့ မြန်မာတပ်မတော်ကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်နေတဲ့ ကရင် ပြည်နယ်တွင်းက လမ်းဖောက်လုပ်မူနဲ့ ပတ်သက်လို့ ဆွေးနွေးမူတွေ လုပ်ခဲ့ပေမယ့် အခုထိ သဘောတူညီချက် တစုံတရာ မရသေး တာဟာ NCA တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲရေး သဘောတူစာချုပ်ကို ထိခိုက်လာစေ နိုင်တယ်လို့ ကေအန်ယူ တာဝန်ရှိသူတွေကဆိုပါတယ်။

ဆက်သွယ်မေးမြန်း ထားတဲ့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာတပ်မတော်နဲ့ ကေအန်ယူကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရခဲ့ပြီးတဲ့ နောက်ပိုင်း ကေအန်ယူ တပ်မဟာ ၃နဲ့ တပ်မဟာ ၅ နယ်မြေတွေမှာ တပ်မတော်ဘက်က လမ်းဖောက်လုပ်မှုတွေ ကြောင့် ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲ တချို့ ဖြစ်ပွားခဲ့ရတာပါ။ မကြာသေးခင်က ကေအင်ယူ နဲ့ တပ်မတော် တို့ကြား ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ဆွေးနွေးမှုမှာ ဒီလမ်းဖောက်လုပ်ရေး နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေ ပြေလျော့ ရေးကိုပါ ထည့်သွင်း ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သဘောတူညီမှု မရသေး ကြောင်းနဲ့ တပ်မတော်က လမ်းဖောက်လုပ်ရေးကိစ္စကို ဆက်လုပ်မယ် ဆိုရင် ကေအန်ယူ ရဲ့ ထိန်းချုပ်မူတွေကို ထိခိုက်လာနိုင်တဲ့ အတွက် NCA တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူရပ်စဲရေး သဘောတူစာချုပ် အတွက်ပါ ထိခိုက်လာစေ နိုင်တယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် တပ်မဟာ ၅နယ်မြေက တပ်ပိုင်းဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စောကလဲဒိုက ပြောပါတယ်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာလ၂၇ ရက်နေ့က တွေ့ဆုံ ဆွေးနွေးတာ ကတော့ လမ်းဖောက်ဖို့တော့ အစီအစဉ်ရှိတယ်။ သူတို့က မဖြစ်မနေ ဖောက်မယ်ပေါ့လေ။ ကေအန်ယူက ပြောတာကတော့ ဒီလိုမျိုး မလုပ်သင့်ပေါ့။ လမ်းရဲ့ အခက်အခဲက ကျနော်တို့တပ်မဟာ ၅နယ်မြေ မူတရော်က ခရိုင်အတွက်ပဲ အကျုံးဝင်တာ မဟုတ်ဘူး ကေအန်ယူရဲ့ အုပ်ချုပ်မူအောက်မှာ ရှိတဲ့ဒေသ အကုန်လုံးအတွက် အကျုံးဝင်တယ်။ NCA လမ်းကြောင်းအတိုင်း မသွားပဲနဲ့ ဒီလို လုပ်ခြင်းအားဖြင့် NCA ကို ထိခိုက်လာမယ် ဆိုရင်တော့ အကုန်လုံးနဲ့ အကျုံးဝင်သွားမှာဖြစ်တယ် လို့ ကျနော် ပြောချင်တယ်။”

အခုလို တပ်ဘက်က လမ်းဖောက်လုပ်မူတွေနဲ့ ပတ်သက်လို့ ဒေသခံတွေကလည်း လက်မခံနိုင်ဘူးလို့ ကေအန်ယူကို တင်ပြခဲ့တာကြောင့် ကေအန်ယူက ဒီလို လမ်းဖောက်ဖို့ ကိစ္စကို လက်မခံနိုင်ဘူး လို့လည်း ပြောဆိုပါတယ်။

“တပ်မဟာ ၃ရယ်၊ တပ်မဟာ ၅ရယ် ထိန်းချူပ်နယ်မြေတွေဖြစ်တဲ့အပေါ်မှာ ကန့်သတ်နယ်မြေ ဖြစ်တဲ့အပေါ်မှာ သူတို့ အဲဒီလိုဖောက်ရင် ထိခိုက်မူတွေရှိမယ်။ ရွာသားတွေ အတွက်လည်း သူတို့ လုပ်ကိုင်စားသောက်တဲ့ မြေကွက် တွေလည်း ထိခိုက်တာရှိမယ်။ ရွာသူရွာသားတွေကလည်း ကိုယ်ထူ ကိုယ်ထ လုပ်ထားတဲ့ စာသင်ကျောင်းတွေ အများကြီး တည်ဆောက်ထားတယ်။ ကလေးတွေအတွက်ပေါ့လေ။ သူတို့ လမ်းဖောက်ရင် ရွာသူရွာသားတွေက ထွက်ပြေးရမယ်။ ဒီအတွက် ကလေးတွေ ပညာရေးလည်း အများကြီးထိခိုက်မယ်။”

အခုလို ကေအန်ယူဘက်က သဘောမတူ ပေမယ့် ဒီလမ်းဖောက်လုပ်မဲ့ကိစ္စကို တပ်မတော်ဘက်က ရပ်ဆိုင်း ပစ်မယ့် သဘောထား မတွေ့ရ သေးဘူးလိုလည်း ဗိုလ်မှူး စောကလဲဒိုက ပြောပါတယ်။

မြန်မာအစိုးရနဲ့ ကေအန်ယူတို့ဟာ၂၀၁၂ ခုနှစ်မှာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပြီး၊ ၂၀၁၅ ခုနှစ်မှာ တော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မူ ရပ်စဲရေး သဘောတူစာချုပ် NCA ကို KNU က လက်မှတ်ရေးထိုးခဲ့ပါတယ်။

ေအးေအးမာ/VOA Burmese
https://burmese.voanews.com
ကရင္ေဒသ လမ္းစီမံကိန္း NCA ထိခိုက္ႏိုင္ ကရင္ေဒသ လမ္းစီမံကိန္း NCA ထိခိုက္ႏိုင္ Reviewed by THITHTOOLWIN on 22:39 Rating: 5
Powered by Blogger.