ေမေမတို႔အတြက္ အစားအေသာက္ Label ဖတ္နည္း

(Zawgyi)⤵⤵⤵
ကေလးတို႔ရဲ႕က်န္းမာဖြံ႕ၿဖိဳးမႈအတြက္ အာဟာရမလုံေလာက္မွာ ဒါမွမဟုတ္ အစားအေသာက္ကေန ေဘးျဖစ္ေစမွာ စိုးရိမ္ရတာနဲ႔ ရင္ေမာေနေရာေပါ့။ ကိုယ့္ရဲ႕တန္ဖိုးအထားရဆုံး ရင္ေသြးရတနာေတြ အတြက္ အစားအေသာက္ေ႐ြးခ်ယ္ရာမွာ ေမေမတို႔ သတိထားသင့္တဲ့ အခ်က္တစ္ခုကို အခုပဲ သတိေပးလိုက္ပါရေစ။ အဲဒါကေတာ့ ကေလးအတြက္ အစားအေသာက္ေတြမဝယ္ခင္ သူ႔ရဲ႕ပါကင္ဘူး သို႔မဟုတ္ အထုပ္မွာပါတဲ့ Label (ပါဝင္မႈအၫႊန္း) ကို အရင္ဖတ္ဖို႔ပါပဲ။

Label ဖတ္ဖို႔ ဘာေၾကာင့္ အေရးႀကီးတာလဲ

Label ဆိုတာ ဒီအစားအေသာက္ထုတ္ကုန္မွာ ဒါေတြ ပါဝင္ပါတယ္လို႔ ထင္သာျမင္သာ ေဖာ္ျပေပးထားတဲ့ ပါဝင္မႈအၫႊန္းျဖစ္ၿပီး သူတို႔ရဲ႕ အခ်ိဳးအစားပမာဏကိုလည္း ႏႈန္းအတိအက် ေဖာ္ျပထားပါတယ္။ ဒါ့ေၾကာင့္ ကိုယ့္ကေလးဗိုက္ထဲ ဝင္မယ့္ အစားအေသာက္ေတြကို မဝယ္ခင္ ေသခ်ာစစ္ေဆးႏိုင္တယ္၊ ေ႐ြးခ်ယ္ႏိုင္တယ္၊ က်န္းမာေရးအတြက္ မသင့္ေတာ္တာ ပါေနၿပီဆို ေ႐ြးခ်ယ္မႈစာရင္းက ခ်က္ခ်င္းဖယ္လိုက္လို႔ရတယ္။

ဒီေတာ့ Label ကို ဘယ္လိုၾကည့္ၾကမလဲ

တစ္ခါစားပမာဏအတြက္ ပါဝင္မႈႏႈန္းကို ၾကည့္ပါ (Per Serving)
အထုပ္ခြံ သို႔မဟုတ္ ဘူးခြံမွာေဖာ္ျပထားတဲ့ အာဟာရပါဝင္မႈ Label ဟာ ပါဝင္မႈႏႈန္းေတြကို တစ္ခါစားပမာဏ (တစ္ခြက္စာ သို႔မဟုတ္ တစ္ထုပ္စာ) ဒါမွမဟုတ္ ဂရမ္တြက္ခ်က္မႈပမာဏနဲ႔ ေဖာ္ျပထားတာျဖစ္ပါတယ္။ ဘယ္ေလာက္စားရင္၊ ေသာက္ရင္ အာဟာရဓာတ္ေတြ ဘယ္ေလာက္ပမာဏ ဗိုက္ထဲေရာက္မလဲဆိုတာ Label ဖတ္ၿပီး သိႏိုင္ပါလိမ့္မယ္။

ကယ္လိုရီကို ထည့္စဥ္းစားပါ

ကေလးရဲ႕ခႏၶာကိုယ္လုပ္ေဆာင္ခ်က္ေတြနဲ႔ ႀကီးထြားဖြံ႕ၿဖိဳးမႈေတြအတြက္ အစားအေသာက္ေတြဆီက ကယ္လိုရီကို ခြန္အားအျဖစ္ သုံးပါတယ္။ ကိုယ့္ကေလးကို က်န္းမာေစခ်င္တယ္၊ ႀကီးထြားဖြံ႕ၿဖိဳးေစခ်င္တယ္ဆိုရင္ ကေလးရဲ႕ခႏၶာကိုယ္က လိုအပ္တဲ့ ကယ္လိုရီနဲ႔ ညီမွ်တဲ့ပမာဏကိုပဲ ေကြၽးမိဖို႔ တြက္ခ်က္စဥ္းစားရပါမယ္။ ကေလးဆိုတာ စားတိုင္း၊ ဝတိုင္း ေကာင္းတာမဟုတ္လို႔ပါပဲ။ ကယ္လိုရီအလြန္အကြၽံေကြၽးမိတဲ့အခါ ေနာက္ဆက္တြဲျပႆနာမ်ားတဲ့ အဝလြန္ေရာဂါ ျဖစ္လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ Label မွာပါတဲ့ ကယ္လိုရီကိုေသခ်ာဖတ္ပါ။

အာဟာရဓာတ္ေတြ ေသခ်ာဆန္းစစ္ပါ

ကေလးအာဟာရမွာ အလိုအပ္ဆုံးျဖစ္တဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ၊ အက်ိဳးျပဳအဆီဓာတ္၊ ကယ္လ္စီယမ္နဲ႔ ပိုတက္ဆီယမ္တို႔လို တျခားအက်ိဳးျပဳအာဟာရဓာတ္ေတြ ဘယ္ေလာက္မ်ားမ်ားပါသလဲ သိႏိုင္ဖို႔ Label ဖတ္ပါ။ ျပည့္ဝဆီ၊ အသြင္ေျပာင္းဆီ၊ ဆိုဒီယမ္နဲ႔ အခ်ိဳဓာတ္ပါဝင္မႈနည္းတာေတြ ေ႐ြးပါ။

ဆိုးေဆးနဲ႔ သၾကားအတုပါဝင္မႈ သတိျပဳပါ

အစားအေသာက္ကို အလွဆင္တဲ့ အေရာင္ဆိုးေဆးေတြဟာ ငယ္႐ြယ္တဲ့ခႏၶာကိုယ္အတြက္ အဆိပ္အေတာက္ျဖစ္ေစႏိုင္တဲ့ ဓာတုပစၥည္းေတြပါပဲ။ သၾကားလုံး၊ ဂ်ယ္လီ၊ ေရခဲမုန္႔၊ အခ်ိဳရည္၊ ကိတ္မုန္႔ စတာေတြေတာ္ေတာ္မ်ားမ်ားမွာ အေရာင္လွလွျဖစ္ေစဖို႔ ထည့္သုံးေလ့ရွိၾကေပမယ့္ ဒါေတြပါဝင္မႈနည္းတာကို ေ႐ြးခ်ယ္တာ အေကာင္းဆုံးပါ။ ဆိုးေဆးေတြေၾကာင့္ ကေလးမွာ ေလ့လာသင္ယူမႈနဲ႔ အာ႐ုံစူးစိုက္မႈျပႆနာေတြရွိလာႏိုင္တယ္၊ အိပ္စက္မႈျပႆနာနဲ႔ အျပဳအမူပိုင္း ျပႆနာေတြ ရွိလာႏိုင္တယ္။ သၾကားအတုေတြကေတာ့ အခ်ိဳစြဲလမ္းမႈကို ပိုဆိုးေစၿပီး ကိုယ္အေလးခ်ိန္တိုးလာေစႏိုင္တယ္။

သၾကားဓာတ္ပါဝင္မႈ တြက္ခ်က္ပါ

ကေလးႀကိဳက္တဲ့အစားအေသာက္ဆိုတာ အခ်ိဳနဲ႔မကင္းပါဘူး။ မုန္႔နဲ႔ အစားအေသာက္ေတြမွာ သၾကားဓာတ္ပါဝင္မႈကိုလည္း ေဖာ္ျပထားတာပါပဲ။ ဒါ့ေၾကာင့္ အဝလြန္ျခင္းနဲ႔ ေနာက္ဆက္တြဲျပႆနာေတြ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ သၾကားဓာတ္ပါဝင္မႈမလြန္ကဲတဲ့ အစားအေသာက္ကိုပဲ ေ႐ြးခ်ယ္ရမွာပါ။ Label မွာပါတဲ့ သၾကားဓာတ္အတိုင္းအတာကို ၾကည့္တဲ့အခါ sugar အျပင္ glucose၊ sucrose၊ dextrose နဲ႔ lactose တို႔ဟာလည္း သၾကားအမ်ိဳးအစားေတြပါပဲ ဆိုတာ သိထားဖို႔လိုပါတယ္။

ဓာတ္မတည့္တဲ့အရာ ရွာေဖြပါ

အစားအေသာက္ Label ေတြဖတ္တဲ့အခါ ကိုယ့္ကေလးနဲ႔ ဓာတ္မတည့္တဲ့အရာ ပါေနခဲ့ရင္ ႀကိဳတင္ေရွာင္ရွားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဓာတ္မတည့္ျဖစ္လြယ္တဲ့ ကေလးအတြက္ အစားအစာေ႐ြးခ်ယ္ရာမွာ Label ဖတ္ဖို႔ ပိုအေရးႀကီးပါတယ္။

ေမေမတို႔ေရ အေပၚကအႀကံျပဳခ်က္ေလးေတြ ဖတ္ၿပီးၿပီဆိုရင္ေတာ့ ကေလးအတြက္ ဘာပဲဝယ္ဝယ္ Label သာ အရင္ရွာၾကည့္ေပေတာ့။

ေရးသားသူ Yun Sandi Nan Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
------------
(Unicode)⤵⤵⤵
မေမေတို့အတွက် အစားအသောက် Label ဖတ်နည်း

မေမေတို့ရေ…

ကလေးတို့ရဲ့ကျန်းမာဖွံ့ဖြိုးမှုအတွက် အာဟာရမလုံလောက်မှာ ဒါမှမဟုတ် အစားအသောက်ကနေ ဘေးဖြစ်စေမှာ စိုးရိမ်ရတာနဲ့ ရင်မောနေရောပေါ့။ ကိုယ့်ရဲ့တန်ဖိုးအထားရဆုံး ရင်သွေးရတနာတွေ အတွက် အစားအသောက်ရွေးချယ်ရာမှာ မေမေတို့ သတိထားသင့်တဲ့ အချက်တစ်ခုကို အခုပဲ သတိပေးလိုက်ပါရစေ။ အဲဒါကတော့ ကလေးအတွက် အစားအသောက်တွေမဝယ်ခင် သူ့ရဲ့ပါကင်ဘူး သို့မဟုတ် အထုပ်မှာပါတဲ့ Label (ပါဝင်မှုအညွှန်း) ကို အရင်ဖတ်ဖို့ပါပဲ။

Label ဖတ်ဖို့ ဘာကြောင့် အရေးကြီးတာလဲ

Label ဆိုတာ ဒီအစားအသောက်ထုတ်ကုန်မှာ ဒါတွေ ပါဝင်ပါတယ်လို့ ထင်သာမြင်သာ ဖော်ပြပေးထားတဲ့ ပါဝင်မှုအညွှန်းဖြစ်ပြီး သူတို့ရဲ့ အချိုးအစားပမာဏကိုလည်း နှုန်းအတိအကျ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် ကိုယ့်ကလေးဗိုက်ထဲ ဝင်မယ့် အစားအသောက်တွေကို မဝယ်ခင် သေချာစစ်ဆေးနိုင်တယ်၊ ရွေးချယ်နိုင်တယ်၊ ကျန်းမာရေးအတွက် မသင့်တော်တာ ပါနေပြီဆို ရွေးချယ်မှုစာရင်းက ချက်ချင်းဖယ်လိုက်လို့ရတယ်။

ဒီတော့ Label ကို ဘယ်လိုကြည့်ကြမလဲ

တစ်ခါစားပမာဏအတွက် ပါဝင်မှုနှုန်းကို ကြည့်ပါ (Per Serving)
အထုပ်ခွံ သို့မဟုတ် ဘူးခွံမှာဖော်ပြထားတဲ့ အာဟာရပါဝင်မှု Label ဟာ ပါဝင်မှုနှုန်းတွေကို တစ်ခါစားပမာဏ (တစ်ခွက်စာ သို့မဟုတ် တစ်ထုပ်စာ) ဒါမှမဟုတ် ဂရမ်တွက်ချက်မှုပမာဏနဲ့ ဖော်ပြထားတာဖြစ်ပါတယ်။ ဘယ်လောက်စားရင်၊ သောက်ရင် အာဟာရဓာတ်တွေ ဘယ်လောက်ပမာဏ ဗိုက်ထဲရောက်မလဲဆိုတာ Label ဖတ်ပြီး သိနိုင်ပါလိမ့်မယ်။

ကယ်လိုရီကို ထည့်စဉ်းစားပါ

ကလေးရဲ့ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေနဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေအတွက် အစားအသောက်တွေဆီက ကယ်လိုရီကို ခွန်အားအဖြစ် သုံးပါတယ်။ ကိုယ့်ကလေးကို ကျန်းမာစေချင်တယ်၊ ကြီးထွားဖွံ့ဖြိုးစေချင်တယ်ဆိုရင် ကလေးရဲ့ခန္ဓာကိုယ်က လိုအပ်တဲ့ ကယ်လိုရီနဲ့ ညီမျှတဲ့ပမာဏကိုပဲ ကျွေးမိဖို့ တွက်ချက်စဉ်းစားရပါမယ်။ ကလေးဆိုတာ စားတိုင်း၊ ဝတိုင်း ကောင်းတာမဟုတ်လို့ပါပဲ။ ကယ်လိုရီအလွန်အကျွံကျွေးမိတဲ့အခါ နောက်ဆက်တွဲပြဿနာများတဲ့ အဝလွန်ရောဂါ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် Label မှာပါတဲ့ ကယ်လိုရီကိုသေချာဖတ်ပါ။

အာဟာရဓာတ်တွေ သေချာဆန်းစစ်ပါ

ကလေးအာဟာရမှာ အလိုအပ်ဆုံးဖြစ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အကျိုးပြုအဆီဓာတ်၊ ကယ်လ်စီယမ်နဲ့ ပိုတက်ဆီယမ်တို့လို တခြားအကျိုးပြုအာဟာရဓာတ်တွေ ဘယ်လောက်များများပါသလဲ သိနိုင်ဖို့ Label ဖတ်ပါ။ ပြည့်ဝဆီ၊ အသွင်ပြောင်းဆီ၊ ဆိုဒီယမ်နဲ့ အချိုဓာတ်ပါဝင်မှုနည်းတာတွေ ရွေးပါ။

ဆိုးဆေးနဲ့ သကြားအတုပါဝင်မှု သတိပြုပါ

အစားအသောက်ကို အလှဆင်တဲ့ အရောင်ဆိုးဆေးတွေဟာ ငယ်ရွယ်တဲ့ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါပဲ။ သကြားလုံး၊ ဂျယ်လီ၊ ရေခဲမုန့်၊ အချိုရည်၊ ကိတ်မုန့် စတာတွေတော်တော်များများမှာ အရောင်လှလှဖြစ်စေဖို့ ထည့်သုံးလေ့ရှိကြပေမယ့် ဒါတွေပါဝင်မှုနည်းတာကို ရွေးချယ်တာ အကောင်းဆုံးပါ။ ဆိုးဆေးတွေကြောင့် ကလေးမှာ လေ့လာသင်ယူမှုနဲ့ အာရုံစူးစိုက်မှုပြဿနာတွေရှိလာနိုင်တယ်၊ အိပ်စက်မှုပြဿနာနဲ့ အပြုအမူပိုင်း ပြဿနာတွေ ရှိလာနိုင်တယ်။ သကြားအတုတွေကတော့ အချိုစွဲလမ်းမှုကို ပိုဆိုးစေပြီး ကိုယ်အလေးချိန်တိုးလာစေနိုင်တယ်။

သကြားဓာတ်ပါဝင်မှု တွက်ချက်ပါ

ကလေးကြိုက်တဲ့အစားအသောက်ဆိုတာ အချိုနဲ့မကင်းပါဘူး။ မုန့်နဲ့ အစားအသောက်တွေမှာ သကြားဓာတ်ပါဝင်မှုကိုလည်း ဖော်ပြထားတာပါပဲ။ ဒါ့ကြောင့် အဝလွန်ခြင်းနဲ့ နောက်ဆက်တွဲပြဿနာတွေ ကြိုတင်ကာကွယ်တဲ့အနေနဲ့ သကြားဓာတ်ပါဝင်မှုမလွန်ကဲတဲ့ အစားအသောက်ကိုပဲ ရွေးချယ်ရမှာပါ။ Label မှာပါတဲ့ သကြားဓာတ်အတိုင်းအတာကို ကြည့်တဲ့အခါ sugar အပြင် glucose၊ sucrose၊ dextrose နဲ့ lactose တို့ဟာလည်း သကြားအမျိုးအစားတွေပါပဲ ဆိုတာ သိထားဖို့လိုပါတယ်။

ဓာတ်မတည့်တဲ့အရာ ရှာဖွေပါ

အစားအသောက် Label တွေဖတ်တဲ့အခါ ကိုယ့်ကလေးနဲ့ ဓာတ်မတည့်တဲ့အရာ ပါနေခဲ့ရင် ကြိုတင်ရှောင်ရှားနိုင်ပါတယ်။ ဒါ့ကြောင့် ဓာတ်မတည့်ဖြစ်လွယ်တဲ့ ကလေးအတွက် အစားအစာရွေးချယ်ရာမှာ Label ဖတ်ဖို့ ပိုအရေးကြီးပါတယ်။

မေမေတို့ရေ အပေါ်ကအကြံပြုချက်လေးတွေ ဖတ်ပြီးပြီဆိုရင်တော့ ကလေးအတွက် ဘာပဲဝယ်ဝယ် Label သာ အရင်ရှာကြည့်ပေတော့။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ေမေမတို႔အတြက္ အစားအေသာက္ Label ဖတ္နည္း ေမေမတို႔အတြက္ အစားအေသာက္ Label ဖတ္နည္း Reviewed by THITHTOOLWIN on 03:45 Rating: 5
Powered by Blogger.