သိမ္ႀကီးေဈးရွိ ႐ုပ္ရွင္႐ုံ နဲ႔ KTV အပါအဝင္ လုပ္ငန္ း ၄၀ ေက်ာ္ကို ငွားရမ္းခေတြ တုိးေကာက္မယ္

(Zawgyi)⤵⤵⤵
ရန္ကုန္၊ ဇန္နဝါရီ ၁၅

ရန္ကုန္တုိင္းေဒသႀကီး လသာၿမိဳ႕နယ္ သိမ္ႀကီးေဈးရွိ KTVနဲ႔ ႐ုပ္ရွင္႐ုံ အပါအဝင္ လုပ္ငန္းေပါင္း ၄၀ ေက်ာ္ကို ငွားရမ္း လုပ္ကိ္ုင္ခြင့္ျပဳထားတာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ လက္ရွိမွာ စာရင္းစစ္ခ်ဳပ္ရဲ႕ အႀကံျပဳခ်က္အရ ငွားရမ္းခေတြ တိုးျမႇင့္ေကာက္ခံေတာ့မယ္လုိ႔ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ေျပာၾကားခဲ့ပါတယ္။

ဇန္နဝါရီ ၁၅ ရက္ေန႔က ျပဳလုပ္တဲ့ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းေဝးမွာ လသာၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ဦးေက်ာ္မင္းဟန္က လသာၿမိဳ႕နယ္ သိမ္ႀကီးေစ်း (ဃ) ရုံက ရန္ကုန္ၿမိဳ႕လယ္ေခါင္ ေစ်းႀကီးျဖစ္တဲ့အျပင္ ေခတ္မီေစ်းအဂၤါနဲ႔ညီညႊတ္ၿပီး ေစ်းအားေခတ္မီေစ်းအျဖစ္ အဆင့္ျမင့္တင္ဖုိ႔ ေစ်းနဲ႔ ဆီေလ်ာ္တဲ့ စီးပြားေရးလုပ္ငန္းေတြသာ ခြင့္ျပဳဖုိ႔ နဲ႔ ေခတ္နဲ႔ေလ်ာ္ညီတဲ့ စီးပြားေရးလုပ္ငန္း ေတြသာခြင့့္ျပဳဖုိ႔ ေမးျမန္းခ်က္အေပၚ ရန္ကုန္ၿမိဳ႕ေတာ္ ဝန္ဦးေမာင္ေမာင္စိုးက က အခုလုိျပန္လည္ေျဖၾကားခဲ့တာပါ။

“ဒီေဈးမွာ စာခ်ဳပ္စာတန္း မျပတ္ေသးတာေတြလည္းရွိတယ္။ အဲ့အတြက္ေၾကာင့္ ႏႈန္းထားေတြကေတာ့ ကြၽန္ေတာ္တို႔ျပင္မယ္။ ႏႈန္းထားေတြက ကာလေပါက္ေဈးမေပးႏိုင္ရင္ေတာ့လည္း တင္ဒါျပန္ေခၚရမဲ့ အစီစဥ္ေတာ့ရွိပါတယ္။ သို႔ေသာ္လည္း တစ္ဖက္ကို လည္းစာခ်ဳပ္ျပန္ၾကည့္ရတဲ့အတြက္ ညႇိႏႈိင္းရတဲ့အခ်က္ အမ်ားႀကီးရွိေနတယ္” လို႔ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး ကေျပာပါတယ္။

သိမ္ႀကီးေဈး(ဃ)႐ုံကလည္း အဆင့္ျမင့္ေဈးအျဖစ္ ျပန္လည္ျပင္ဆင့္မယ့္ ေဈး၄ခုမွာ ပါရွိၿပီး အဆင့္ျမႇင့္တင္ရန္ လုပ္ေဆာင္ေနေၾကာင္းနဲ႔ ရန္ကုန္ၿမိဳ႕လယ္ လူ ေန သိပ္သည္းထူထပ္မႈတို႔ေၾကာင့္ ေရာင္းဝယ္ေဖာက္ကား မႈမပ်က္ေစေရး ေနရာျပန္လည္ခ်ထားေပးရမယ့္ အခ်က္ေတြကိုလည္း ထည့္သြင္း စဥ္းစား ေနရေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဆုိပါတယ္။

“ ဒီေဈးမွာဆိုရင္ KTV ေတြရွိပါတယ္။ အဲ့ဒါေတြ ကိုငွားရမ္းတဲ့ေဈးႏႈန္းေတြဟာဆိုရင္ ေခတ္ကာလနဲ႔ႏႈိင္းယွဥ္ရင္ နည္းေနတာကို ေတြ႕ရပါတယ္။ ပတ္ဝန္းက်င္ကို လည္းဆူညံမႈရွိေနတဲ့အတြက္ မၾကာခဏတိုင္ၾကားမႈရွိ ေနတာေတြ႕ေနရပါတယ္။ ေနာက္ ႐ုပ္ရွင္႐ုံေတြ၊ ကားပါကင္ ကန္ထ႐ိုက္ေတြ၊ ေနာက္ အျခားေသာလုပ္ငန္းအဖြဲ႕ေတြေၾကာင့္ ႏွစ္တိုႏွစ္ရွည္ အငွားခ် ထားတာကိုလည္း ေတြ႕ေနရပါတယ္။ ဂိုေဒါင္ေတြ လည္း ေတြ႕ေနရပါတယ္။ သို႔ေသာ္လည္းပဲ ႏွစ္စဥ္ တင္ဒါေခၚယူမႈမရွိဘဲနဲ႔ ေဆာင္႐ြက္ေနတာ ေၾကာင့္ လုပ္ငန္းရွင္တစ္ဦးထဲမွ ႏွစ္စဥ္ လက္ဝါးႀကီး အုပ္ငွားရမ္းမႈ မ်ားမျဖစ္ေစေရးအတြက္ စီမံေဆာင္႐ြက္သင့္တယ္” လုိ႔ လသာၿမိဳ႕နယ္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္မင္းဟန္ က ေျပာပါတယ္။

သိမ္ႀကီးေစ်းရွိ စီးပြားေရး လုပ္ငန္းေတြမွာ ဌားရမ္းထားတဲ့ ငွားရမ္းခေငြႏႈန္းထားေတြ ျပန္ လည္ျပင္ဆင္ရမယ္ ဆုိတဲ့ စာရင္းစစ္ခ်ဳပ္ရဲ႕ သုံးသပ္အႀကံဳျပဳခ်က္အရ ႏႈန္းထားေတြကုိ ျပင္ဆင္ဖို႔ လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္၀န္က ေျပာၾကားခဲ့ပါတယ္။

ဆုသီရိစံ
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
သိမ်ကြီးဈေးရှိ ရုပ်ရှင်ရုံ နဲ့ KTV အပါအဝင် လုပ်ငန် း ၄၀ ကျော်ကို ငှားရမ်းခတွေ တိုးကောက်မယ်

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် သိမ်ကြီးဈေးရှိ KTVနဲ့ ရုပ်ရှင်ရုံ အပါအဝင် လုပ်ငန်းပေါင်း ၄၀ ကျော်ကို ငှားရမ်း လုပ်ကိုင်ခွင့်ပြုထားတာ ဖြစ်ပါတယ်။

အဲဒါကြောင့် လက်ရှိမှာ စာရင်းစစ်ချုပ်ရဲ့ အကြံပြုချက်အရ ငှားရမ်းခတွေ တိုးမြှင့်ကောက်ခံတော့မယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီ ၁၅ ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းဝေးမှာ လသာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးကျော်မင်းဟန်က လသာမြို့နယ် သိမ်ကြီးဈေး (ဃ) ရုံက ရန်ကုန်မြို့လယ်ခေါင် ဈေးကြီးဖြစ်တဲ့အပြင် ခေတ်မီဈေးအင်္ဂါနဲ့ညီညွှတ်ပြီး ဈေးအားခေတ်မီဈေးအဖြစ် အဆင့်မြင့်တင်ဖို့ ဈေးနဲ့ ဆီလျော်တဲ့ စီးပွားရေးလုပ်ငန်းတွေသာ ခွင့်ပြုဖို့ နဲ့ ခေတ်နဲ့လျော်ညီတဲ့ စီးပွားရေးလုပ်ငန်း တွေသာခွင့်ပြုဖို့ မေးမြန်းချက်အပေါ် ရန်ကုန်မြို့တော် ဝန်ဦးမောင်မောင်စိုးက က အခုလိုပြန်လည်ဖြေကြားခဲ့တာပါ။

“ဒီဈေးမှာ စာချုပ်စာတန်း မပြတ်သေးတာတွေလည်းရှိတယ်။ အဲ့အတွက်ကြောင့် နှုန်းထားတွေကတော့ ကျွန်တော်တို့ပြင်မယ်။ နှုန်းထားတွေက ကာလပေါက်ဈေးမပေးနိုင်ရင်တော့လည်း တင်ဒါပြန်ခေါ်ရမဲ့ အစီစဉ်တော့ရှိပါတယ်။ သို့သော်လည်း တစ်ဖက်ကို လည်းစာချုပ်ပြန်ကြည့်ရတဲ့အတွက် ညှိနှိုင်းရတဲ့အချက် အများကြီးရှိနေတယ်” လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ကပြောပါတယ်။

သိမ်ကြီးဈေး(ဃ)ရုံကလည်း အဆင့်မြင့်ဈေးအဖြစ် ပြန်လည်ပြင်ဆင့်မယ့် ဈေး၄ခုမှာ ပါရှိပြီး အဆင့်မြှင့်တင်ရန် လုပ်ဆောင်နေကြောင်းနဲ့ ရန်ကုန်မြို့လယ် လူ နေ သိပ်သည်းထူထပ်မှုတို့ကြောင့် ရောင်းဝယ်ဖောက်ကား မှုမပျက်စေရေး နေရာပြန်လည်ချထားပေးရမယ့် အချက်တွေကိုလည်း ထည့်သွင်း စဉ်းစား နေရကြောင်း ရန်ကုန်မြို့တော်ဝန် ဆိုပါတယ်။

“ ဒီဈေးမှာဆိုရင် KTV တွေရှိပါတယ်။ အဲ့ဒါတွေ ကိုငှားရမ်းတဲ့ဈေးနှုန်းတွေဟာဆိုရင် ခေတ်ကာလနဲ့နှိုင်းယှဉ်ရင် နည်းနေတာကို တွေ့ရပါတယ်။ ပတ်ဝန်းကျင်ကို လည်းဆူညံမှုရှိနေတဲ့အတွက် မကြာခဏတိုင်ကြားမှုရှိ နေတာတွေ့နေရပါတယ်။ နောက် ရုပ်ရှင်ရုံတွေ၊ ကားပါကင် ကန်ထရိုက်တွေ၊ နောက် အခြားသောလုပ်ငန်းအဖွဲ့တွေကြောင့် နှစ်တိုနှစ်ရှည် အငှားချ ထားတာကိုလည်း တွေ့နေရပါတယ်။ ဂိုဒေါင်တွေ လည်း တွေ့နေရပါတယ်။ သို့သော်လည်းပဲ နှစ်စဉ် တင်ဒါခေါ်ယူမှုမရှိဘဲနဲ့ ဆောင်ရွက်နေတာ ကြောင့် လုပ်ငန်းရှင်တစ်ဦးထဲမှ နှစ်စဉ် လက်ဝါးကြီး အုပ်ငှားရမ်းမှု များမဖြစ်စေရေးအတွက် စီမံဆောင်ရွက်သင့်တယ်” လို့ လသာမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန် က ပြောပါတယ်။

သိမ်ကြီးဈေးရှိ စီးပွားရေး လုပ်ငန်းတွေမှာ ဌားရမ်းထားတဲ့ ငှားရမ်းခငွေနှုန်းထားတွေ ပြန် လည်ပြင်ဆင်ရမယ် ဆိုတဲ့ စာရင်းစစ်ချုပ်ရဲ့ သုံးသပ်အကြုံပြုချက်အရ နှုန်းထားတွေကို ပြင်ဆင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။

ဆုသီရိစံ
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
သိမ္ႀကီးေဈးရွိ ႐ုပ္ရွင္႐ုံ နဲ႔ KTV အပါအဝင္ လုပ္ငန္ း ၄၀ ေက်ာ္ကို ငွားရမ္းခေတြ တုိးေကာက္မယ္ သိမ္ႀကီးေဈးရွိ ႐ုပ္ရွင္႐ုံ နဲ႔ KTV အပါအဝင္ လုပ္ငန္ း ၄၀ ေက်ာ္ကို ငွားရမ္းခေတြ တုိးေကာက္မယ္ Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.