KNU တပ္နဲ႔ တပ္မေတာ္အၾကား တိုက္ပြဲ ၄ ရက္ ဆက္တိုက္ျဖစ္ပြား

ဗိုလ္ခ်ဳပ္ႀကီး ေစာေဂ်ာ္နီ
(Zawgyi)⤵⤵⤵
အစိုးရနဲ႔ တႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈသေဘာတူစာခ်ဳပ္ အန္စီေအ လက္မွတ္ေရးထိုးထားတဲ့ ကရင္အမ်ိဳးသားအစည္းအ႐ုံး ေကအန္ယူတပ္ဖြဲ႕နဲ႔ တပ္မေတာ္တပ္ဖြဲ႕ေတြအၾကား ဇန္နဝါရီ ၂ ရက္ေန႔ကေန ၅ ရက္ေန႔အထိ တိုက္ပြဲငယ္ေတြျဖစ္ပြားခဲ့ပါတယ္။

ကရင္ျပည္နယ္၊ ဖာပြန္ခ႐ိုင္က ကရင္အမ်ိဳးသားအစည္းအ႐ုံး ေကအန္ယူတပ္ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ KNLA တပ္မဟာ ၅ တပ္ဖြဲ႕ဝင္ထိန္းခ်ဳပ္ထားတဲ့ နယ္ေျမတခ်ိဳ႕ မွာ တပ္မေတာ္တပ္ဖြဲ႕ဝင္ေတြနယ္ေျမေက်ာ္လြန္ၿပီးသြားလာတဲ့အတြက္ ပစ္ခတ္မႈျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ တပ္မဟာ ၅ က သတင္းထုတ္ျပန္ထားပါတယ္။

တိုက္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ ပစ္ခတ္မႈအနား မွာရွိတဲ့ေက်း႐ြာက ေဒသခံ႐ြာသားေတြက စိုးရိမ္ေနၾကသလို တခ်ိဳ႕ကလည္း ႐ြာမွာမေနရဲၾကေတာ့ဘဲ ထြက္ေျပးေနၾကရပါတယ္လို႔ KNLA တပ္မဟာ ၅ က သတင္းထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ တိုက္ပြဲျဖစ္ပြားတဲ့အနားကရွိတဲ့ ေလးဖိုးထာ၊ ပုဇြန္ေျမာင္း၊ လယ္ဂူစတဲ့ေက်း႐ြာေတြက ေဒသခံေတြလည္း တိုက္ပြဲထပ္ျဖစ္လာမွာစိုးရိမ္ေနၾကၿပီး တခ်ိဳ႕ဆိုရင္တိုက္ပြဲျဖစ္လာရင္ထြက္ေျပးဖို႔ ျပင္ဆင္တာေတြလည္းရွိတယ္လို႔ ေဒသခံ႐ြာသားတဦးက ေျပာပါတယ္။ ႏွစ္ဖက္တပ္ေတြအၾကား တင္းမာမႈအရွိန္ မေလ်ာ့က်ေသးပဲ တဖက္နဲ႔တဖက္ အျပန္အလွန္ေစာင့္ၾကည့္ေနၾကတယ္လို႔ အဲဒီေဒသခံ႐ြာသားက ေျပာပါတယ္။

ဖာပြန္ခ႐ိုင္ ကမေမာင္းၿမိဳ႕အထက္က ဝါသိုးခို႐ြာအနားမွာ တိုက္ပြဲျဖစ္ပြားခဲ့လို႔ ဝါသိုးခို႐ြာမွာ ရွိတဲ့ေဒသခံေတြက လယ္ကြယ္နဲ႔ ဝါးဒူး႐ြာေတြမွာ ထြက္ေျပးခိုလႈံေနၾကတယ္လို႔ KNLA တပ္မေတာ္ ၅ က သတင္းထုတ္ျပန္ထားပါတယ္။

"တစ္ႏွစ္တစ္ခါ ရိကၡာပို႔တဲ့အခ်ိန္မွာ ဒီလိုတိုက္ပြဲေတြျဖစ္ေလ့ရွိပါတယ္။ ရိကၡာပို႔တဲ့အခါမွာ ကြၽန္ေတာ္တို႔တပ္ဖြဲ႕ကို အေၾကာင္းၾကားရမယ္။ သတ္မွတ္ထားတဲ့နယ္ေျမမွာပဲ ကားနဲ႔ရိကၡာ ပို႔လို႔ရတယ္။ သတ္မွတ္ထားတဲ့ေနရာေက်ာ္ရင္ ျမင္းနဲ႔ လူေတြနဲ႔ပဲ ရိကၡာပို႔ရမယ္။ ဒီလိုမလိုက္နာလို႔ ကြၽန္ေတာ္တို႔တပ္ဖြဲ႕က ပစ္ခတ္လိုက္တာျဖစ္တယ္" လို႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ ရဲ႕ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ေစာေဂ်ာ္နီ က ဘီဘီစီကိုေျပာပါတယ္။

တိုက္ပြဲျဖစ္ပြားတဲ့ ဝါသိုးခို႐ြာက႐ြာသားႏွစ္ေယာက္ကိုလည္း တပ္မေတာ္တပ္ဖြဲ႕က ပစ္ခတ္လို႔ ဒဏ္ရာရ ရွိၿပီး အဲဒီ႐ြာသားႏွစ္ေယာက္ကို ဘားအံၿမိဳ႕ ေဆး႐ုံမွာ ေဆးကုသမႈခံယူေနတယ္လို႔ KNLA တပ္မေတာ္ ၅ က သတင္းထုတ္ျပန္ထားပါတယ္။

လက္ရွိပစ္ခတ္မႈျဖစ္ပြားတဲ့ေနရာက တပ္မဟာ ၅ ထိန္းခ်ဳပ္တဲ့နယ္ေျမျဖစ္ၿပီး အရင္ကတင္းမာမႈျဖစ္ ပြားတဲ့ ပဲခူးတိုင္း ေက်ာက္ႀကီးၿမိဳ႕ နယ္က လမ္းေဖာက္လုပ္တဲ့ေဒသေတြေတာ့ မဟုတ္ဘူးလို႔သိ ရပါတယ္။

ေက်ာက္ႀကီးၿမိဳ႕နယ္က တပ္မေတာ္ေဖာက္လုပ္တဲ့ကားလမ္းေၾကာင့္ KNLA တပ္မဟာ ၃ နဲ႔ တပ္မေတာ္တပ္ဖြဲ႕အၾကားမွာလည္း တင္းမာမႈေတြရွိခဲ့ၿပီး ႏွစ္ဖက္တပ္ကိုယ္စားလွယ္ေတြ ဒီဇင္ဘာ လ ၂၇ ရက္ေန႔မွာ ေတြ႕ဆုံခဲ့ေပမဲ့ ေျပလည္မႈမရရွိေသးဘူးလို႔ စုံစမ္းသိရွိရပါတယ္။

"သတ္မွတ္ထားတဲ့ေနရာအတြင္း သြားလာရင္ သူတို႔ကို ဘာမွမလုပ္ဘူး။ သတ္မွတ္ထားတဲ့နယ္ေျမ ေက်ာ္လာရင္ေတာ့ ပစ္ခတ္မွာပဲ။ တပ္မဟာ ၅ မွာ ႏွစ္တိုင္းလိုလိုပဲ ဒီလိုျဖစ္တာ။ အရင္ကလည္း တပ္မဟာ ၅ နယ္ေျမက ေက်ာ္မူပေလာ၊ လယ္မူပေလာ႐ြာေတြမွာ လမ္းမေဖာက္နဲ႔လို႔ ကြၽန္ေတာ္တို႔ဘက္က ေျပာတယ္။ ရိကၡာပို႔ရင္လည္း လူ၊ ျမင္း၊ လားနဲ႔ပို႔ရတယ္။ အဲဒီလိုေျပာလည္း မရဘူး။ အမွန္မွန္က အန္စီေအ လက္မွတ္ေရးထိုးၿပီး ေနာက္မွာ သတ္မွတ္ထားတဲ့နယ္ေျမကို ေက်ာ္လြန္ၿပီးသြားလာခ်င္ရင္ တဖက္နဲ႔တဖက္ အေၾကာင္းၾကားရမွာျဖစ္ၿပီး၊ ညႇိႏႈိင္းေဆြးေႏြးၿပီး ႏွစ္ဖက္စလုံးသေဘာတူမွ သြားလာလို႔ရမယ္။ ကြၽန္ေတာ္တို႔က သူတို႔ကို ေနျပည္ေတာ္၊ ဘားအံ၊ ေမာ္လၿမိဳင္ၿမိဳ႕ေတြေပၚမွာ သြားပစ္တာမွမဟုတ္တာ။ ကြၽန္ေတာ္တို႔ နယ္ေျမမွာတက္လာတယ္၊ သတ္မွတ္ထားတဲ့နယ္ေျမကို ေက်ာ္ၿပီးသြားလာတဲ့အတြက္ သူတို႔ကို နည္းနည္းပါးပါး ဆုံးမလိုက္တဲ့သေဘာျဖစ္မွာပါ" လို႔ ဗိုလ္ခ်ဳပ္ႀကီး ေစာေဂ်ာ္နီ က ေျပာပါတယ္။

 ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ နဲ႔ ေကအန္ယူဥကၠ႒ ေစာမူတူးေစးဖိုး
ဇန္နဝါရီလ ၂ ရက္ေန႔က ေကအန္ယူ တပ္မဟာ ၅ တပ္ဖြဲ႕နဲ႔ ပစ္ခတ္မႈမွာ တပ္မေတာ္ဘက္က တပ္သားတဦးက်တယ္လို႔ တပ္မေတာ္ဘက္က ေျပာပါတယ္။ ေကအန္ယူတပ္ဖြဲ႕က လက္ေျဖာင့္ ေသနတ္သမားသုံးၿပီး ေခ်ာင္းေျမာင္းတာျဖစ္ၿပီး၊ ဒီပစ္ခတ္မႈဟာ ၿငိမ္းခ်မ္းေရးျဖစ္စဥ္အတြက္ မေကာင္းဘူးလို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း က ေျပာပါတယ္။

ဒါေပမဲ့ ေကအန္ယူဟာ အန္စီေအလက္မွတ္ေရးထိုးၿပီးသား အဖြဲ႕ျဖစ္တဲ့အတြက္ ေတြ႕ဆုံညႇိႏႈိင္းတဲ့ နည္းလမ္းကပဲ ႏွစ္ဖက္စလုံးအတြက္ အက်ိဳးရွိေစတဲ့အတြက္ ေအာက္ေျခမွာျဖစ္ေနတဲ့ျပႆနာ ေတြကို ေနာက္ထပ္ေတြ႕ဆုံညႇိႏႈိင္းမယ္လို႔ သူကေျပာပါတယ္။ ေကအန္ယူဘက္က တပ္မေတာ္ဟာ စစ္ဆင္ေရးအတြက္ ကားလမ္းေဖာက္လုပ္တာလို႔ ယူဆေပမဲ့ ေဒသဖြံ႕ၿဖိဳးေရးအတြက္လုပ္ေဆာင္ ေနတာျဖစ္တယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း က ေျပာပါတယ္။

BBC Burmese
https://www.bbc.com
---------
(Unicode)⤵⤵⤵
KNU တပ်နဲ့ တပ်မတော်အကြား တိုက်ပွဲ ၄ ရက် ဆက်တိုက်ဖြစ်ပွား

ဓာတ်ပုံ မူပိုင် KC ORTIZ/AFP/Getty Images
Image caption ဗိုလ်ချုပ်ကြီး စောဂျော်နီ

အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ် အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူတပ်ဖွဲ့နဲ့ တပ်မတော်တပ်ဖွဲ့တွေအကြား ဇန်နဝါရီ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ တိုက်ပွဲငယ်တွေဖြစ်ပွားခဲ့ပါတယ်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်က ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူတပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်ထိန်းချုပ်ထားတဲ့ နယ်မြေတချို့ မှာ တပ်မတော်တပ်ဖွဲ့ဝင်တွေနယ်မြေကျော်လွန်ပြီးသွားလာတဲ့အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ တပ်မဟာ ၅ က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပစ်ခတ်မှုအနား မှာရှိတဲ့ကျေးရွာက ဒေသခံရွာသားတွေက စိုးရိမ်နေကြသလို တချို့ကလည်း ရွာမှာမနေရဲကြတော့ဘဲ ထွက်ပြေးနေကြရပါတယ်လို့ KNLA တပ်မဟာ ၅ က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတဲ့အနားကရှိတဲ့ လေးဖိုးထာ၊ ပုဇွန်မြောင်း၊ လယ်ဂူစတဲ့ကျေးရွာတွေက ဒေသခံတွေလည်း တိုက်ပွဲထပ်ဖြစ်လာမှာစိုးရိမ်နေကြပြီး တချို့ဆိုရင်တိုက်ပွဲဖြစ်လာရင်ထွက်ပြေးဖို့ ပြင်ဆင်တာတွေလည်းရှိတယ်လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။ နှစ်ဖက်တပ်တွေအကြား တင်းမာမှုအရှိန် မလျော့ကျသေးပဲ တဖက်နဲ့တဖက် အပြန်အလှန်စောင့်ကြည့်နေကြတယ်လို့ အဲဒီဒေသခံရွာသားက ပြောပါတယ်။

ဖာပွန်ခရိုင် ကမမောင်းမြို့အထက်က ဝါသိုးခိုရွာအနားမှာ တိုက်ပွဲဖြစ်ပွားခဲ့လို့ ဝါသိုးခိုရွာမှာ ရှိတဲ့ဒေသခံတွေက လယ်ကွယ်နဲ့ ဝါးဒူးရွာတွေမှာ ထွက်ပြေးခိုလှုံနေကြတယ်လို့ KNLA တပ်မတော် ၅ က သတင်းထုတ်ပြန်ထားပါတယ်။

"တစ်နှစ်တစ်ခါ ရိက္ခာပို့တဲ့အချိန်မှာ ဒီလိုတိုက်ပွဲတွေဖြစ်လေ့ရှိပါတယ်။ ရိက္ခာပို့တဲ့အခါမှာ ကျွန်တော်တို့တပ်ဖွဲ့ကို အကြောင်းကြားရမယ်။ သတ်မှတ်ထားတဲ့နယ်မြေမှာပဲ ကားနဲ့ရိက္ခာ ပို့လို့ရတယ်။ သတ်မှတ်ထားတဲ့နေရာကျော်ရင် မြင်းနဲ့ လူတွေနဲ့ပဲ ရိက္ခာပို့ရမယ်။ ဒီလိုမလိုက်နာလို့ ကျွန်တော်တို့တပ်ဖွဲ့က ပစ်ခတ်လိုက်တာဖြစ်တယ်" လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ က ဘီဘီစီကိုပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ဝါသိုးခိုရွာကရွာသားနှစ်ယောက်ကိုလည်း တပ်မတော်တပ်ဖွဲ့က ပစ်ခတ်လို့ ဒဏ်ရာရ ရှိပြီး အဲဒီရွာသားနှစ်ယောက်ကို ဘားအံမြို့ ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ KNLA တပ်မတော် ၅ က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိပစ်ခတ်မှုဖြစ်ပွားတဲ့နေရာက တပ်မဟာ ၅ ထိန်းချုပ်တဲ့နယ်မြေဖြစ်ပြီး အရင်ကတင်းမာမှုဖြစ် ပွားတဲ့ ပဲခူးတိုင်း ကျောက်ကြီးမြို့ နယ်က လမ်းဖောက်လုပ်တဲ့ဒေသတွေတော့ မဟုတ်ဘူးလို့သိ ရပါတယ်။

ကျောက်ကြီးမြို့နယ်က တပ်မတော်ဖောက်လုပ်တဲ့ကားလမ်းကြောင့် KNLA တပ်မဟာ ၃ နဲ့ တပ်မတော်တပ်ဖွဲ့အကြားမှာလည်း တင်းမာမှုတွေရှိခဲ့ပြီး နှစ်ဖက်တပ်ကိုယ်စားလှယ်တွေ ဒီဇင်ဘာ လ ၂၇ ရက်နေ့မှာ တွေ့ဆုံခဲ့ပေမဲ့ ပြေလည်မှုမရရှိသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

"သတ်မှတ်ထားတဲ့နေရာအတွင်း သွားလာရင် သူတို့ကို ဘာမှမလုပ်ဘူး။ သတ်မှတ်ထားတဲ့နယ်မြေ ကျော်လာရင်တော့ ပစ်ခတ်မှာပဲ။ တပ်မဟာ ၅ မှာ နှစ်တိုင်းလိုလိုပဲ ဒီလိုဖြစ်တာ။ အရင်ကလည်း တပ်မဟာ ၅ နယ်မြေက ကျော်မူပလော၊ လယ်မူပလောရွာတွေမှာ လမ်းမဖောက်နဲ့လို့ ကျွန်တော်တို့ဘက်က ပြောတယ်။ ရိက္ခာပို့ရင်လည်း လူ၊ မြင်း၊ လားနဲ့ပို့ရတယ်။ အဲဒီလိုပြောလည်း မရဘူး။ အမှန်မှန်က အန်စီအေ လက်မှတ်ရေးထိုးပြီး နောက်မှာ သတ်မှတ်ထားတဲ့နယ်မြေကို ကျော်လွန်ပြီးသွားလာချင်ရင် တဖက်နဲ့တဖက် အကြောင်းကြားရမှာဖြစ်ပြီး၊ ညှိနှိုင်းဆွေးနွေးပြီး နှစ်ဖက်စလုံးသဘောတူမှ သွားလာလို့ရမယ်။ ကျွန်တော်တို့က သူတို့ကို နေပြည်တော်၊ ဘားအံ၊ မော်လမြိုင်မြို့တွေပေါ်မှာ သွားပစ်တာမှမဟုတ်တာ။ ကျွန်တော်တို့ နယ်မြေမှာတက်လာတယ်၊ သတ်မှတ်ထားတဲ့နယ်မြေကို ကျော်ပြီးသွားလာတဲ့အတွက် သူတို့ကို နည်းနည်းပါးပါး ဆုံးမလိုက်တဲ့သဘောဖြစ်မှာပါ" လို့ ဗိုလ်ချုပ်ကြီး စောဂျော်နီ က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် THET AUNG/AFP/Getty Images
Image caption ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ကေအန်ယူဥက္ကဋ္ဌ စောမူတူးစေးဖိုး

ဇန်နဝါရီလ ၂ ရက်နေ့က ကေအန်ယူ တပ်မဟာ ၅ တပ်ဖွဲ့နဲ့ ပစ်ခတ်မှုမှာ တပ်မတော်ဘက်က တပ်သားတဦးကျတယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။ ကေအန်ယူတပ်ဖွဲ့က လက်ဖြောင့် သေနတ်သမားသုံးပြီး ချောင်းမြောင်းတာဖြစ်ပြီး၊ ဒီပစ်ခတ်မှုဟာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် မကောင်းဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

ဒါပေမဲ့ ကေအန်ယူဟာ အန်စီအေလက်မှတ်ရေးထိုးပြီးသား အဖွဲ့ဖြစ်တဲ့အတွက် တွေ့ဆုံညှိနှိုင်းတဲ့ နည်းလမ်းကပဲ နှစ်ဖက်စလုံးအတွက် အကျိုးရှိစေတဲ့အတွက် အောက်ခြေမှာဖြစ်နေတဲ့ပြဿနာ တွေကို နောက်ထပ်တွေ့ဆုံညှိနှိုင်းမယ်လို့ သူကပြောပါတယ်။ ကေအန်ယူဘက်က တပ်မတော်ဟာ စစ်ဆင်ရေးအတွက် ကားလမ်းဖောက်လုပ်တာလို့ ယူဆပေမဲ့ ဒေသဖွံ့ဖြိုးရေးအတွက်လုပ်ဆောင် နေတာဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

BBC Burmese
https://www.bbc.com
KNU တပ္နဲ႔ တပ္မေတာ္အၾကား တိုက္ပြဲ ၄ ရက္ ဆက္တိုက္ျဖစ္ပြား KNU တပ္နဲ႔ တပ္မေတာ္အၾကား တိုက္ပြဲ ၄ ရက္ ဆက္တိုက္ျဖစ္ပြား Reviewed by THITHTOOLWIN on 03:24 Rating: 5
Powered by Blogger.