IRC ရဲ႕ ရခိုင္ျပည္နယ္ထဲက တက္လမ္းစီမံခ်က္ ရပ္ဆိုင္း

တက္လမ္းစီမံကိန္း ေဆာင္႐ြက္ခဲ့တဲ့ ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ ေက်းလက္ေဒသတစ္ခု ျမင္ကြင္း
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္မွာ ေဆာင္႐ြက္ေပးေနတဲ့ အျပည္ျပည္ဆိုင္ရာ အကူအညီေပးေရးအဖြဲ႕ IRC ရဲ႕ အသက္ေမြးဝမ္းေက်ာင္းႏွင့္ စားနပ္ရိကၡာဖူလုံေရး စီမံကိန္း တက္လမ္းစီမံခ်က္ကို ဇန္နဝါရီ ၆ ရက္ေန႔က စတင္ရပ္ဆိုင္းလိုက္ေၾကာင္း IRC က သတင္းထုတ္ျပန္ လိုက္ပါတယ္။

အျပည္ျပည္ဆိုင္ရာ အကူအညီေပးေရးအဖြဲ႕ IRC ရဲ႕ တက္လမ္းစီမံခ်က္ဟာ ေျမပုံနဲ႔ မင္းျပားၿမိဳ႕နယ္ေတြက ေက်း႐ြာေပါင္း ၁၀၂ ႐ြာမွာ အကူအညီေပးေရးလုပ္ငန္းေတြ ေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္။

တက္လမ္းစီမံခ်က္ ေဆာင္႐ြက္ေနတာ ၅ႏွစ္ၾကာ ရွိၿပီျဖစ္ၿပီး လူဦးေရ ငါးေသာင္းေျခာက္ေထာင္ေက်ာ္ ကို စားနပ္ရိကၡာဖူလုံေရးနဲ႔ အသက္ေမြးဝမ္းေက်ာင္း အကူအညီေတြ ေပးခဲ့ၿပီးျဖစ္တယ္လို႔ သတင္းထုတ္ျပန္ ထားပါတယ္။

ရခိုင္ျပည္နယ္အစိုးရက လုပ္ငန္းေတြ ရပ္ဆိုင္းထားဖို႔ ၂၀၁၈ ခုႏွစ္က ၫႊန္ၾကားခဲ့ၿပီးေနာက္ ခရီးသြား လာခြင့္ တစ္ႏွစ္ခန႔္ မရရွိပဲ စီမံကိန္းကို မူလသတ္မွတ္ထားတာထက္ တစ္ႏွစ္ေစာၿပီး ရပ္ဆိုင္းခဲ့ရ တယ္လို႔ သတင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ စည္ပင္သာယာေရးဝန္ႀကီး ဦးဝင္းျမင့္ဟာ IRC ဟာ မူလသေဘာတူညီခ်က္ MOU မွာမပါဝင္တဲ့ သတင္းသမားေတြကို နယ္ေျမတြင္း ေခၚေဆာင္ခဲ့တာေၾကာင့္ ရပ္ဆိုင္းခဲ့တာလို႔  ေျပာပါတယ္။

“ဟုတ္ပါတယ္ သူတို႔မွာအသုံးျပဳတဲ့သူေတြက သတင္းသမားေတြျဖစ္ေနတယ္။ သူတို႔က ဘယ္လို ရည္႐ြယ္ခ်က္နဲ႔ လုပ္တယ္ဆိုတာ မေျပာတတ္ဘူး အဲဒီေတာ့ ဒါေတြက မျဖစ္သင့္တဲ့အရာေတြ MOU ထဲမွာပါတဲ့ သူေတြလည္းမဟုတ္ဘူး ျဖစ္တာေၾကာင့္ ခဏ ရပ္ဆိုင္းထားတာပါ။”

တက္လမ္းစီမံခ်က္ ပိတ္သိမ္းရတာဟာ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလက IRC အေနနဲ႔ ျပည္နယ္အစိုးရထံ ခရီး သြားလာခြင့္ ေလွ်ာက္ထားရာမွာ စာ႐ြက္စာတမ္းအပိုင္းမွာ မရည္႐ြယ္ဘဲ ႐ိုးသားစြာ မွားယြင္းခဲ့တာေၾကာင့္ ျဖစ္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

“IRC အေနနဲ႔ သတင္းသမားေတြကို ရခိုင္ျပည္နယ္တြင္း ေခၚယူတာမ်ိဳးမဟုတ္ပဲ ျပည္တြင္းက ျမန္မာႏိုင္ငံသား သတင္းသမား ရန္ကုန္ဂ်ာနယ္လစ္ သင္တန္းသားေတြကို တက္လမ္းစီမံကိန္းရဲ႕ လုပ္ေဆာင္မႈ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ေရးသားေဖာ္ျပႏိုင္ဖို႔ ေခၚယူရာမွာ မွားယြင္းၿပီး ဝန္ထမ္းစာရင္းနဲ႔ ေလွ်ာက္ထားမိခဲ့တာ ျဖစ္တယ္လို႔ IRC တာဝန္ရွိသူတစ္ဦးက RFA ကို အီးေမးလ္က တစ္ဆင့္ေျဖၾကားပါတယ္။ IRC အေနနဲ႔ လိမ္လည္ လွည့္ဖ်ားလိုျခင္း မဟုတ္ပဲ ေလွ်ာက္ထားတင္ျပပုံ လြဲမွားသြားခဲ့တာ သာျဖစ္ေၾကာင္း ေျဖၾကားပါတယ္။”

တက္လမ္းစီမံခ်က္အတြင္း ေျမပုံနဲ႔ မင္းျပားၿမိဳ႕နယ္ေတြမွာ လုပ္ေဆာင္ေပးတဲ့လုပ္ငန္း တခ်ိဳ႕အေနနဲ႔ ေရငန္တား တာတမံေဆာက္လုပ္ေပးတာ၊ ေရတံခါး ၂၄ ခုတည္ေဆာက္ေပးတာ၊ ဆားငန္ေရဒါဏ္ခံ စပါးမ်ိဳးေစ့နဲ႔ နည္းပညာေတြကို ျဖန႔္ေဝေပးခဲ့တာ ေက်း႐ြာေပါင္း ၉၇ ႐ြာမွာ အမ်ိဳးသမီး ၂၅၀၀ ေက်ာ္ ကို ေငြေၾကးစီမံခန႔္ခြဲမႈ သင္တန္းေတြေပးၿပီး အသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းေတြ ဖန္တီးေပးခဲ့ တာေတြ ရွိပါတယ္။

တက္လမ္းစီမံခ်က္ဟာ အစိုးရမေရာက္ႏိုင္တဲ့ ေနရာေတြအထိ ပံ့ပိုးကူညီေပးႏိုင္ခဲ့တာျဖစ္ၿပီး ခုလို ရပ္ဆိုင္း လိုက္ရတာဟာ ဆုံးရႈံးမႈပဲလို႔ မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ေျပာပါတယ္။

“အခုအစိုးရက ရပ္ဆိုင္းလိုက္တာ ဘာေၾကာင့္လဲဆိုတာ မသိေပမယ့္ မလုပ္သင့္တဲ့ အရာတစ္ခုလို႔ေတာ့ ျမင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ တက္လမ္းစီမံကိန္းဟာ အစိုးရမလုပ္ႏိုင္တဲ့ ေနရာေတြ သိပ္ၿပီး အေလးမထားတဲ့ အရာေတြကို တက္လမ္းက အေကာင္အထည္ေဖာ္ေပးတာ ရွိတယ္။ အစိုးရမသြားႏိုင္တဲ့ ေနရာေတြကို ေရာက္ေအာင္သြားၿပီး အမ်ားႀကီး လုပ္ေဆာင္ေပးတာ ရွိတယ္ ေက်းလက္ေဒသက လိုအပ္တဲ့ အပိုင္းေတြကို လုပ္ေဆာင္ေပးေနတာရွိတယ္။ လိုအပ္ခ်က္ေပါင္းမ်ားစြာကို ျဖည့္စည္းေပးေနတဲ့ အဖြဲ႕တစ္ဖြဲ႕ ဆုံးရႈံးသြားတယ္လို႔ ျမင္တယ္။”

တက္လမ္းစီမံခ်က္ကို "ကုလသမဂၢရဲ႕ အသက္ေမြးဝမ္းေက်ာင္းမႈႏွင့္ စားနပ္ရိကၡာဖူလုံေရး ရန္ပုံေငြ  အစီအစဥ္" က အေမရိကန္ေဒၚလာ ၁၉ ဒသမ ၆ သန္း ရန္ပုံေငြ ေထာက္ပံ့ခဲ့တာျဖစ္ၿပီး စီမံကိန္း ရပ္ဆိုင္းထားရတဲ့ ၁၂ လၾကာ ကာလအတြင္း ရန္ပုံေငြ ဆက္လက္ေထာက္ပံ့ခဲ့ေပမယ့္ အခုအခါ လုပ္ငန္းမလုပ္ေဆာင္ႏိုင္ေတာ့တဲ့အတြက္ ေထာက္ပံ့မႈကို ရပ္ဆိုင္းလိုက္ေၾကာင္း IRC ရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

လုပ္ငန္း ရပ္ဆိုင္းလိုက္ရတာေၾကာင့္ ေျမပုံနဲ႔ မင္းျပားေဒသခံ ဝန္ထမ္း ၆၀ နီးပါး အလုပ္အကိုင္ဆုံးရႈံးခဲ့ ရပါတယ္။

စီမံကိန္း ရပ္ဆိုင္းလိုက္ရတာေၾကာင့္ ေဒသခံေတြရဲ႕လိုအပ္ခ်က္ေတြ ျဖည့္စည္းေပးႏိုင္မႈ ေလ်ာ့သြားၿပီး လက္ရွိျဖစ္ေနတဲ့ ပဋိပကၡအတြင္း ျပန္လည္ ထူေထာင္ႏိုင္မႈကိုလည္း ေႏွးေကြးသြားေစႏိုင္တယ္လို႔ IRC က ထုတ္ျပန္ေျပာၾကားပါတယ္။

ျမန္မာႏိုင္ငံဟာ လူမႈက႐ုဏာလုပ္ငန္းေတြ အျမန္ဆုံးေဆာင္႐ြက္ေပးမယ့္ အဖြဲ႕အစည္းလိုအပ္ေနၿပီး IRC ရဲ႕ ၂၀၂၀ ျပည့္ႏွစ္အတြက္ ေဘးအႏၲရာယ္ က်ေရာက္ႏိုင္မႈ ျမင့္မားတဲ့ ႏိုင္ငံစာရင္းထဲမွာ ပါဝင္တယ္လို႔ ဆိုထားပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
IRC ရဲ့ ရခိုင်ပြည်နယ်ထဲက တက်လမ်းစီမံချက် ရပ်ဆိုင်း

တက်လမ်းစီမံကိန်း ဆောင်ရွက်ခဲ့တဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကျေးလက်ဒေသတစ်ခု မြင်ကွင်း

ရခိုင်ပြည်နယ်မှာ ဆောင်ရွက်ပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ IRC ရဲ့ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး စီမံကိန်း တက်လမ်းစီမံချက်ကို ဇန်နဝါရီ ၆ ရက်နေ့က စတင်ရပ်ဆိုင်းလိုက်ကြောင်း IRC က သတင်းထုတ်ပြန် လိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ IRC ရဲ့ တက်လမ်းစီမံချက်ဟာ မြေပုံနဲ့ မင်းပြားမြို့နယ်တွေက ကျေးရွာပေါင်း ၁၀၂ ရွာမှာ အကူအညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

တက်လမ်းစီမံချက် ဆောင်ရွက်နေတာ ၅နှစ်ကြာ ရှိပြီဖြစ်ပြီး လူဦးရေ ငါးသောင်းခြောက်ထောင်ကျော် ကို စားနပ်ရိက္ခာဖူလုံရေးနဲ့ အသက်မွေးဝမ်းကျောင်း အကူအညီတွေ ပေးခဲ့ပြီးဖြစ်တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

ရခိုင်ပြည်နယ်အစိုးရက လုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ ၂၀၁၈ ခုနှစ်က ညွှန်ကြားခဲ့ပြီးနောက် ခရီးသွား လာခွင့် တစ်နှစ်ခန့် မရရှိပဲ စီမံကိန်းကို မူလသတ်မှတ်ထားတာထက် တစ်နှစ်စောပြီး ရပ်ဆိုင်းခဲ့ရ တယ်လို့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ဟာ IRC ဟာ မူလသဘောတူညီချက် MOU မှာမပါဝင်တဲ့ သတင်းသမားတွေကို နယ်မြေတွင်း ခေါ်ဆောင်ခဲ့တာကြောင့် ရပ်ဆိုင်းခဲ့တာလို့  ပြောပါတယ်။

“ဟုတ်ပါတယ် သူတို့မှာအသုံးပြုတဲ့သူတွေက သတင်းသမားတွေဖြစ်နေတယ်။ သူတို့က ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာ မပြောတတ်ဘူး အဲဒီတော့ ဒါတွေက မဖြစ်သင့်တဲ့အရာတွေ MOU ထဲမှာပါတဲ့ သူတွေလည်းမဟုတ်ဘူး ဖြစ်တာကြောင့် ခဏ ရပ်ဆိုင်းထားတာပါ။”

တက်လမ်းစီမံချက် ပိတ်သိမ်းရတာဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက IRC အနေနဲ့ ပြည်နယ်အစိုးရထံ ခရီး သွားလာခွင့် လျှောက်ထားရာမှာ စာရွက်စာတမ်းအပိုင်းမှာ မရည်ရွယ်ဘဲ ရိုးသားစွာ မှားယွင်းခဲ့တာကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

“IRC အနေနဲ့ သတင်းသမားတွေကို ရခိုင်ပြည်နယ်တွင်း ခေါ်ယူတာမျိုးမဟုတ်ပဲ ပြည်တွင်းက မြန်မာနိုင်ငံသား သတင်းသမား ရန်ကုန်ဂျာနယ်လစ် သင်တန်းသားတွေကို တက်လမ်းစီမံကိန်းရဲ့ လုပ်ဆောင်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြနိုင်ဖို့ ခေါ်ယူရာမှာ မှားယွင်းပြီး ဝန်ထမ်းစာရင်းနဲ့ လျှောက်ထားမိခဲ့တာ ဖြစ်တယ်လို့ IRC တာဝန်ရှိသူတစ်ဦးက RFA ကို အီးမေးလ်က တစ်ဆင့်ဖြေကြားပါတယ်။ IRC အနေနဲ့ လိမ်လည် လှည့်ဖျားလိုခြင်း မဟုတ်ပဲ လျှောက်ထားတင်ပြပုံ လွဲမှားသွားခဲ့တာ သာဖြစ်ကြောင်း ဖြေကြားပါတယ်။”

တက်လမ်းစီမံချက်အတွင်း မြေပုံနဲ့ မင်းပြားမြို့နယ်တွေမှာ လုပ်ဆောင်ပေးတဲ့လုပ်ငန်း တချို့အနေနဲ့ ရေငန်တား တာတမံဆောက်လုပ်ပေးတာ၊ ရေတံခါး ၂၄ ခုတည်ဆောက်ပေးတာ၊ ဆားငန်ရေဒါဏ်ခံ စပါးမျိုးစေ့နဲ့ နည်းပညာတွေကို ဖြန့်ဝေပေးခဲ့တာ ကျေးရွာပေါင်း ၉၇ ရွာမှာ အမျိုးသမီး ၂၅၀၀ ကျော် ကို ငွေကြေးစီမံခန့်ခွဲမှု သင်တန်းတွေပေးပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ဖန်တီးပေးခဲ့ တာတွေ ရှိပါတယ်။

တက်လမ်းစီမံချက်ဟာ အစိုးရမရောက်နိုင်တဲ့ နေရာတွေအထိ ပံ့ပိုးကူညီပေးနိုင်ခဲ့တာဖြစ်ပြီး ခုလို ရပ်ဆိုင်း လိုက်ရတာဟာ ဆုံးရှုံးမှုပဲလို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

“အခုအစိုးရက ရပ်ဆိုင်းလိုက်တာ ဘာကြောင့်လဲဆိုတာ မသိပေမယ့် မလုပ်သင့်တဲ့ အရာတစ်ခုလို့တော့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ တက်လမ်းစီမံကိန်းဟာ အစိုးရမလုပ်နိုင်တဲ့ နေရာတွေ သိပ်ပြီး အလေးမထားတဲ့ အရာတွေကို တက်လမ်းက အကောင်အထည်ဖော်ပေးတာ ရှိတယ်။ အစိုးရမသွားနိုင်တဲ့ နေရာတွေကို ရောက်အောင်သွားပြီး အများကြီး လုပ်ဆောင်ပေးတာ ရှိတယ် ကျေးလက်ဒေသက လိုအပ်တဲ့ အပိုင်းတွေကို လုပ်ဆောင်ပေးနေတာရှိတယ်။ လိုအပ်ချက်ပေါင်းများစွာကို ဖြည့်စည်းပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ ဆုံးရှုံးသွားတယ်လို့ မြင်တယ်။”

တက်လမ်းစီမံချက်ကို "ကုလသမဂ္ဂရဲ့ အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ  အစီအစဉ်" က အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၆ သန်း ရန်ပုံငွေ ထောက်ပံ့ခဲ့တာဖြစ်ပြီး စီမံကိန်း ရပ်ဆိုင်းထားရတဲ့ ၁၂ လကြာ ကာလအတွင်း ရန်ပုံငွေ ဆက်လက်ထောက်ပံ့ခဲ့ပေမယ့် အခုအခါ လုပ်ငန်းမလုပ်ဆောင်နိုင်တော့တဲ့အတွက် ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ကြောင်း IRC ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လုပ်ငန်း ရပ်ဆိုင်းလိုက်ရတာကြောင့် မြေပုံနဲ့ မင်းပြားဒေသခံ ဝန်ထမ်း ၆၀ နီးပါး အလုပ်အကိုင်ဆုံးရှုံးခဲ့ ရပါတယ်။

စီမံကိန်း ရပ်ဆိုင်းလိုက်ရတာကြောင့် ဒေသခံတွေရဲ့လိုအပ်ချက်တွေ ဖြည့်စည်းပေးနိုင်မှု လျော့သွားပြီး လက်ရှိဖြစ်နေတဲ့ ပဋိပက္ခအတွင်း ပြန်လည် ထူထောင်နိုင်မှုကိုလည်း နှေးကွေးသွားစေနိုင်တယ်လို့ IRC က ထုတ်ပြန်ပြောကြားပါတယ်။

မြန်မာနိုင်ငံဟာ လူမှုကရုဏာလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်ပေးမယ့် အဖွဲ့အစည်းလိုအပ်နေပြီး IRC ရဲ့ ၂၀၂၀ ပြည့်နှစ်အတွက် ဘေးအန္တရာယ် ကျရောက်နိုင်မှု မြင့်မားတဲ့ နိုင်ငံစာရင်းထဲမှာ ပါဝင်တယ်လို့ ဆိုထားပါတယ်။

RFA Burmese
https://www.rfa.org
IRC ရဲ႕ ရခိုင္ျပည္နယ္ထဲက တက္လမ္းစီမံခ်က္ ရပ္ဆိုင္း IRC ရဲ႕ ရခိုင္ျပည္နယ္ထဲက တက္လမ္းစီမံခ်က္ ရပ္ဆိုင္း Reviewed by THITHTOOLWIN on 21:46 Rating: 5
Powered by Blogger.