လူမ်ိဳးတုံးသတ္ျဖတ္မႈ မေတြ႕ေၾကာင္း ICOE ေကာ္မရွင္ေျပာ

ICOE အဖြဲ႕ေခါင္းေဆာင္ ႐ိုဆာရီယို မယ္နာလိုႏွင့္ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္တို႔ ေနျပည္ေတာ္တြင္ ၂၀၂၀၊ ဇန္နဝါရီ ၂၀ ရက္ေန႔က ေတြ႕ဆုံစဥ္
Photo: Myanmar State Counsellor Office
(Zawgyi)⤵⤵⤵
ဒီေန႔ ထုတ္ျပန္လိုက္တဲ့ ICOE ရဲ႕ အၿပီးသတ္ အစီရင္ခံစာမွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြဟာ ၂၀၁၇ တုန္းက ရခိုင္ေျမာက္ပိုင္းရွင္းလင္းေရး စစ္ဆင္ေရးမွာ ျပင္းထန္တဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ စစ္ရာဇဝတ္မႈေတြကို က်ဴးလြန္ခဲ့တယ္ဆိုတာ ထင္ရွားေပမယ့္ ရည္႐ြယ္ခ်က္ရွိတဲ့ လူမ်ိဳးတုံးသတ္ျဖတ္မႈမ်ိဳး မေတြ႕ခဲ့ရေၾကာင္း ေဖာ္ျပထားပါတယ္။

အဲဒီ ရခိုင္ျပည္နယ္ဆိုင္ရာလြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ (ICOE)ရဲ႕ အၿပီးသတ္အစီရင္ခံစာကို ေကာ္မရွင္အေနနဲ႔ ႏိုင္ငံေတာ္ သမၼတနဲ႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံကို ဒီကေန႔ မနက္ပိုင္းက ေပးအပ္လိုက္ပါတယ္။

အစီရင္ခံစာအတြက္  မတူညီတဲ့ လူမႈအသိုင္းဝိုင္းေတြျဖစ္တဲ့ ရခိုင္၊ မြတ္စလင္၊ ၿမိဳ၊ သက္၊ ဒိုင္းနက္ အစရွိတဲ့ တိုင္းရင္းသားေတြ၊ တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႕ထဲကလူေတြ စုစုေပါင္း ၁၅၀၀ ဝန္းက်င္ အင္တာဗ်ဴးၿပီး အေျခခံထားတာလို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီလ ၂၃ ရက္မွာပဲ ရခိုင္အေရးကိစၥနဲ႔ပတ္သက္ၿပီး ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို တရားစြဲဆိုထားတဲ့အေပၚ အျပည္ျပည္ဆိုင္ရာခုံ႐ုံး အိုင္စီေဂ်က ၾကားျဖတ္အေရးေပၚစီမံမႈအတြက္ ဆုံးျဖတ္ခ်က္ခ်ဖို႔လည္းရွိတဲ့အတြက္ ဒီအၿပီးသတ္ အစီရင္ခံစာကို ႏိုင္ငံတကာအသိုင္းအဝိုင္းကလည္း စိတ္ဝင္တစားေစာင့္ၾကည့္ေနၾကပါတယ္။

ဒီအစီရင္ခံစာဟာ ျမန္မာႏိုင္ငံအစိုးရရဲ႕ သေဘာထားကို ေဖာ္ျပထားတယ္လို႔ ထင္ျမင္ေၾကာင္းနဲ႔ အိုင္စီေဂ်မွာ ၂၃ ရက္ေန႔ ဆုံးျဖတ္ခ်က္ခ်မယ့္ အခ်ိန္ကိုက္ ဒီအစီရင္ခံစာကို ထုတ္ျပန္ ေဆာင္႐ြက္တယ္လို႔ သုံးသပ္ေၾကာင္း  ဒီမိုကေရစီဖြံ႕ၿဖိဳးတိုးတက္ေရးလႈပ္ရွားေဆာင္႐ြက္မႈ ေကာ္မတီက မသၪၨာ႐ႊန္းလဲ့ရည္က ေျပာပါတယ္။

လြတ္လပ္ေသာစုံစမ္းစစ္ေဆးေရးေကာ္မရွင္အဖြဲ႕ရဲ႕ အစီရင္ခံ ထြက္လာတဲ့အခါ အဲဒီအထဲမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈကို က်ဴးလြန္တယ္လို႔ သံသယရွိသူေတြစာရင္းမွာ တပ္မေတာ္သားေတြပါဝင္ရင္ အေရးယူေဆာင္႐ြက္သြားမယ္လို႔ တပ္မေတာ္ဘက္ကလည္း ေျပာဆိုထားပါတယ္။

အခုထြက္လာတဲ့ အစီရင္ခံစာအေပၚ တပ္မေတာ္ဘက္က သေဘာထားကို ေမးျမန္းရာမွာေတာ့ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က အတြင္းေရးမႉး  ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေကာ္မရွင္ရဲ႕ အစီရင္ခံစာကို အေသးစိတ္မဖတ္ရေသးတဲ့အတြက္ ဒီအေပၚမွာ မွတ္ခ်က္မေပးလိုေၾကာင္းနဲ႔ တပ္မေတာ္အေနနဲ႔ အရင္ေျပာထားတဲ့အတိုင္းသာ ေဆာင္႐ြက္သြားမယ္လို႔ ေျပာပါတယ္။

ဒီအစီရင္ခံစာအရ  ရခိုင္အေရးနဲ႔ပတ္သက္ၿပီး သက္ေသထင္ရွားတဲ့ ခ်ိဳးေဖာက္မႈေတြ ေတြ႕ခဲ့ရင္ ဥပေဒေၾကာင္းအရ လိုအပ္သလို အေရးယူမႈေတြ လုပ္သြားမယ္လို႔လည္း ျမန္မာအစိုးရက ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၂၃ ရက္ေန႔က ထုတ္ေဖာ္ေျပာၾကားထားပါတယ္။

မၾကာေသးခင္က အျပည္ျပည္ဆိုင္ရာတရား႐ုံး အိုင္စီေဂ်ကို ေဒၚေအာင္ဆန္းစုၾကည္ သြားေရာက္ ေလွ်ာက္လဲစဥ္က စစ္ေဆးၾကားနာေနဆဲ ဘူးသီးေတာင္ၿမိဳ႕နယ္ ဂူတာျပင္ စစ္ခုံ႐ုံး တရားစီရင္ေနမႈကို ၿပီးျပတ္ေအာင္ စီရင္တာကို ေစာင့္ၾကည့္ဖို႔လိုေၾကာင္း၊ ICOE ေကာ္မရွင္ရဲ႕ ေနာက္ဆုံးအစီအရင္ခံစာ ထြက္လာၿပီဆိုရင္လည္း ေနာက္ထပ္ စစ္ခုံ႐ုံး တရားစီရင္မႈေတြ ရွိလာဦးမယ္လို႔လည္း ယုံၾကည္ပါေၾကာင္းလည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာခဲ့ပါတယ္။

ဒီအစီရင္ခံစာအေပၚ လူ႔အခြင့္အေရး လႈပ္ရွားသူတစ္ဦးျဖစ္တဲ့ Fortify Right က ကိုနစ္ကီဒိုင္းမြန္းကေတာ့ အခုလို သုံးသပ္ပါတယ္။

ICOE ေကာ္မရွင္ကို ၂၀၁၈ ခုႏွစ္ ဇူလိုင္လ ၃၀ ရက္ေန႔က စတင္ ဖြဲ႕စည္းခဲ့ၿပီး ေကာ္မရွင္ရဲ႕ သက္တမ္းက တစ္ႏွစ္ျဖစ္ေပမယ့္လည္း ႏိုင္ငံေတာ္ သမၼတ႐ုံးက ေကာ္မရွင္ကို ေနာက္ထပ္ သက္တမ္း ေျခာက္လတိုးျမႇင့္ထားပါတယ္။ ဒီလကုန္မွာ ေကာ္မရွင္ရဲ႕ သက္တမ္းက ကုန္ဆုံးမွာျဖစ္ပါတယ္။

ဒီေကာ္မရွင္အဖြဲ႕ကို ဖိလစ္ပိုင္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း မစၥ ႐ိုဆာရီယိုမယ္နာလိုက ဥကၠ႒အျဖစ္ တာဝန္ယူၿပီး ဂ်ပန္သံအမတ္ႀကီးေဟာင္း မစၥတာကိုဇိုအိုရွီးမား နဲ႔ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံ အေျခခံဥပေဒဆိုင္ရာ ခုံ႐ုံးဥကၠ႒ေဟာင္း ဦးျမသိန္းနဲ႔ ေဒါက္တာ ေအာင္ထြန္းသက္တို႔က အဖြဲ႕ဝင္အျဖစ္ ပါဝင္ၾကပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
လူမျိုးတုံးသတ်ဖြတ်မှု မတွေ့ကြောင်း ICOE ကော်မရှင်ပြော

ICOE အဖွဲ့ခေါင်းဆောင် ရိုဆာရီယို မယ်နာလိုနှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်တွင် ၂၀၂၀၊ ဇန်နဝါရီ ၂၀ ရက်နေ့က တွေ့ဆုံစဉ်
Photo: Myanmar State Counsellor Office

ဒီနေ့ ထုတ်ပြန်လိုက်တဲ့ ICOE ရဲ့ အပြီးသတ် အစီရင်ခံစာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ၂၀၁၇ တုန်းက ရခိုင်မြောက်ပိုင်းရှင်းလင်းရေး စစ်ဆင်ရေးမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုတာ ထင်ရှားပေမယ့် ရည်ရွယ်ချက်ရှိတဲ့ လူမျိုးတုံးသတ်ဖြတ်မှုမျိုး မတွေ့ခဲ့ရကြောင်း ဖော်ပြထားပါတယ်။

အဲဒီ ရခိုင်ပြည်နယ်ဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE)ရဲ့ အပြီးသတ်အစီရင်ခံစာကို ကော်မရှင်အနေနဲ့ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံကို ဒီကနေ့ မနက်ပိုင်းက ပေးအပ်လိုက်ပါတယ်။

အစီရင်ခံစာအတွက်  မတူညီတဲ့ လူမှုအသိုင်းဝိုင်းတွေဖြစ်တဲ့ ရခိုင်၊ မွတ်စလင်၊ မြို၊ သက်၊ ဒိုင်းနက် အစရှိတဲ့ တိုင်းရင်းသားတွေ၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ထဲကလူတွေ စုစုပေါင်း ၁၅၀၀ ဝန်းကျင် အင်တာဗျူးပြီး အခြေခံထားတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလ ၂၃ ရက်မှာပဲ ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့အပေါ် အပြည်ပြည်ဆိုင်ရာခုံရုံး အိုင်စီဂျေက ကြားဖြတ်အရေးပေါ်စီမံမှုအတွက် ဆုံးဖြတ်ချက်ချဖို့လည်းရှိတဲ့အတွက် ဒီအပြီးသတ် အစီရင်ခံစာကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။

ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံအစိုးရရဲ့ သဘောထားကို ဖော်ပြထားတယ်လို့ ထင်မြင်ကြောင်းနဲ့ အိုင်စီဂျေမှာ ၂၃ ရက်နေ့ ဆုံးဖြတ်ချက်ချမယ့် အချိန်ကိုက် ဒီအစီရင်ခံစာကို ထုတ်ပြန် ဆောင်ရွက်တယ်လို့ သုံးသပ်ကြောင်း  ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှု ကော်မတီက မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ရဲ့ အစီရင်ခံ ထွက်လာတဲ့အခါ အဲဒီအထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်တယ်လို့ သံသယရှိသူတွေစာရင်းမှာ တပ်မတော်သားတွေပါဝင်ရင် အရေးယူဆောင်ရွက်သွားမယ်လို့ တပ်မတော်ဘက်ကလည်း ပြောဆိုထားပါတယ်။

အခုထွက်လာတဲ့ အစီရင်ခံစာအပေါ် တပ်မတော်ဘက်က သဘောထားကို မေးမြန်းရာမှာတော့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတွင်းရေးမှူး  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ကော်မရှင်ရဲ့ အစီရင်ခံစာကို အသေးစိတ်မဖတ်ရသေးတဲ့အတွက် ဒီအပေါ်မှာ မှတ်ချက်မပေးလိုကြောင်းနဲ့ တပ်မတော်အနေနဲ့ အရင်ပြောထားတဲ့အတိုင်းသာ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဒီအစီရင်ခံစာအရ  ရခိုင်အရေးနဲ့ပတ်သက်ပြီး သက်သေထင်ရှားတဲ့ ချိုးဖောက်မှုတွေ တွေ့ခဲ့ရင် ဥပဒေကြောင်းအရ လိုအပ်သလို အရေးယူမှုတွေ လုပ်သွားမယ်လို့လည်း မြန်မာအစိုးရက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့က ထုတ်ဖော်ပြောကြားထားပါတယ်။

မကြာသေးခင်က အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် လျှောက်လဲစဉ်က စစ်ဆေးကြားနာနေဆဲ ဘူးသီးတောင်မြို့နယ် ဂူတာပြင် စစ်ခုံရုံး တရားစီရင်နေမှုကို ပြီးပြတ်အောင် စီရင်တာကို စောင့်ကြည့်ဖို့လိုကြောင်း၊ ICOE ကော်မရှင်ရဲ့ နောက်ဆုံးအစီအရင်ခံစာ ထွက်လာပြီဆိုရင်လည်း နောက်ထပ် စစ်ခုံရုံး တရားစီရင်မှုတွေ ရှိလာဦးမယ်လို့လည်း ယုံကြည်ပါကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒီအစီရင်ခံစာအပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Fortify Right က ကိုနစ်ကီဒိုင်းမွန်းကတော့ အခုလို သုံးသပ်ပါတယ်။

ICOE ကော်မရှင်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ပြီး ကော်မရှင်ရဲ့ သက်တမ်းက တစ်နှစ်ဖြစ်ပေမယ့်လည်း နိုင်ငံတော် သမ္မတရုံးက ကော်မရှင်ကို နောက်ထပ် သက်တမ်း ခြောက်လတိုးမြှင့်ထားပါတယ်။ ဒီလကုန်မှာ ကော်မရှင်ရဲ့ သက်တမ်းက ကုန်ဆုံးမှာဖြစ်ပါတယ်။

ဒီကော်မရှင်အဖွဲ့ကို ဖိလစ်ပိုင် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ ရိုဆာရီယိုမယ်နာလိုက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဂျပန်သံအမတ်ကြီးဟောင်း မစ္စတာကိုဇိုအိုရှီးမား နဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌဟောင်း ဦးမြသိန်းနဲ့ ဒေါက်တာ အောင်ထွန်းသက်တို့က အဖွဲ့ဝင်အဖြစ် ပါဝင်ကြပါတယ်။

RFA Burmese
https://www.rfa.org
လူမ်ိဳးတုံးသတ္ျဖတ္မႈ မေတြ႕ေၾကာင္း ICOE ေကာ္မရွင္ေျပာ လူမ်ိဳးတုံးသတ္ျဖတ္မႈ မေတြ႕ေၾကာင္း ICOE ေကာ္မရွင္ေျပာ Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.