ICJ ကိစၥ တပ္မေတာ္စိုးရိမ္မႈမရွိ၊ အစိုးရၫႊန္ၾကားခ်က္အတိုင္း လိုက္နာမည္

(Zawgyi)⤵⤵⤵
ရခိုင္ေျမာက္ပိုင္းကိစၥနဲ႔ ပတ္သက္ၿပီး အိုင္စီေဂ်ၾကားျဖတ္အမိန႔္အေပၚ စိုးရိမ္ပူပန္မေနဘဲ၊ အစိုးရရဲ႕ ၫႊန္ၾကားခ်က္ အတိုင္း လိုက္နာေဆာင္႐ြက္သြားမယ္လို႔ ဒုတိယစစ္ဥပေဒခ်ဳပ္ဗိုလ္ခ်ဳပ္ ေသာင္းႏိုင္ က ဒီကေန႔ ေနျပည္ေတာ္မွာ လုပ္တဲ့ တပ္မေတာ္သတင္းစာရွင္းလင္းပြဲအတြင္း ေျပာၾကားလိုက္ပါတယ္။

ဒီကေန႔ ေနျပည္ေတာ္မွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း သတင္း‌ေထာက္တစ္ဦးက အိုင္စီ‌ေဂ် ၾကားျဖတ္အမိန႔္အေပၚ စိုးရိမ္ပူပန္မႈရွိသလားလို႔ ေမးျမန္းရာမွာ တပ္မေတာ္ ဒုတိယစစ္ဥပေဒခ်ဳပ္ဗိုလ္ခ်ဳပ္ ေသာင္းႏိုင္ က “စိုးရိမ္ပူပန္မႈမရွိဘူး အစိုးရရဲ႕ၫႊန္ၾကားခ်က္အတိုင္း လိုက္နာေဆာင္႐ြက္သြားမယ္” လို႔ ျပန္လည္ေျဖၾကားသြားပါတယ္။

အိုင္စီေဂ်အမႈနဲ႔ဆက္စပ္ၿပီး ဂူတာျပင္အမႈအေျခအေနအေၾကာင္း ေမးျမန္းရာမွာေတာ့ “ေလာေလာဆယ္ တရားလိုေတြကို စစ္ေဆးေနၿပီး၊ တရားလိုေတြၿပီးရင္ တရားခံေတြကို ဆက္စစ္မယ္” လို႔ ဆိုပါတယ္။အမႈမၿပီးေသး တာေၾကာင့္ အေသးစိတ္ကို ေျပာလို႔မရေသးဘူးလို႔ ဗိုလ္ခ်ဳပ္ ေသာင္းႏိုင္က ရွင္းျပပါတယ္။ ***

ၿပီးခဲ့တဲ့ တနလၤာေန႔က သမၼတထံ အၿပီးသတ္တင္သြင္းခဲ့တဲ့ လြတ္လပ္တဲ့စုံစမ္းေရးေကာ္မရွင္ ICOE ရဲ႕ အစီရင္ခံစာကို တပ္မေတာ္က အေသးစိတ္ဖတ္ၾကားေနတယ္လို႔လည္း ဗိုလ္ခ်ဳပ္ ေသာင္းႏိုင္ က ဆိုပါတယ္။ ျပစ္မႈက်ဴးလြန္တာရွိရင္ အျပစ္ရွိသူေတြကို စစ္ခုံ႐ုံးဖြဲ႕ၿပီး အေရးယူသြားမယ္လို႔လည္း ဗိုလ္ခ်ဳပ္ ေသာင္းႏိုင္ က ရွင္းျပသြားပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕က တိုက္ပြဲေတြေၾကာင့္ ေရွးေဟာင္းဘုရားေတြ ထိခိုက္ပ်က္စီးမႈနဲ႔ ပတ္သက္ၿပီး RFA က ေမးျမန္းရာမွာေတာ့ တပ္မေတာ္အေနနဲ႔ ေရွးေဟာင္းဘုရားေတြမွာ တပ္စြဲထားတာမရွိဘူးလို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အတြင္းေရးမႉး ဗိုလ္မႈးခ်ဳပ္ ေဇာ္မင္းထြန္း က ေျပာပါတယ္။ ေအေအအဖြဲ႕ကသာ ၿပီးခဲ့တဲ့ရက္ပိုင္းက ေျမာက္ဦးၿမိဳ႕ထဲက ေစတီတစ္ဆူအနီးမွာ ရဲတပ္ဖြဲ႕ဝင္မိသားစုေတြ သြားလာလို႔ဆိုၿပီး ဘုရားေျခရင္းမွာ မိုင္းေထာင္ေဖာက္ခြဲခဲ့တယ္လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း က စြပ္စြဲပါတယ္။

ဒီကိစၥနဲပတ္သက္ၿပီး ရခိုင့္တပ္ေတာ္ေအေအ ေျပာခြင့္ရ ခိုင္သုခကို RFA က ဆက္သြယ္ေမးျမန္းရာမွာေတာ့ အဲဒီကိစၥကို ေအေအဘက္က မက်ဴးလြန္ခဲ့ေၾကာင္း၊ ဒီကိစၥျဖစ္ခ်ိန္မွာ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ ျမန္မာႏိုင္ငံကို လာေရာက္လည္ပတ္ခ်ိန္ျဖစ္တာေၾကာင့္ တပ္မေတာ္ဘက္က ေအေအအေပၚ လုပ္ႀကံစြပ္စြဲတာသာျဖစ္ေၾကာင္း တုန႔္ျပန္ေခ်ပသြားပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကား‌ေရးအဖြဲ႕ ဥကၠ႒ ဗိုလ္ခ်ဳပ္ စိုးႏိုင္ဦး ကလည္း အရင္ကဆိုရင္ ရခိုင္ျပည္နယ္မွာ တိုက္ပြဲေနရာ၊ လူထုေနရာရယ္လို႔ သီးျခားရွိခဲ့ေပမဲ့ အခုေနာက္ပိုင္းမွာေတာ့ ေအေအက လူထုအၾကားမွာ တိုက္ကြက္ေတြ ေဖၚလာေၾကာင္း၊ ဒါေၾကာင့္ ရခိုင္ျပည္သူေတြ ေနထိုင္ရတဲ့ေနရာက်ဥ္းေျမာင္းလာၿပီး အရပ္သား ေသဆုံးထိခိုက္မႈေတြ ပိုမ်ားလာ‌‌‌ေၾကာင္း ျပစ္တင္ေျပာဆိုပါတယ္။

ရခိုင့္တပ္ေတာ္ ေအေအ ေျပာခြင့္ရ ခိုင္သုခကေတာ့ ဒီစြပ္စြဲခ်က္အေပၚ ျပန္လည္ျငင္းဆိုထားၿပီး၊ အရပ္သားေတြ ဟာ ႏွစ္ဖက္တိုက္ပြဲအၾကား ေသဆုံးခဲ့တာမဟုတ္ဘဲ တပ္မေတာ္ရဲ႕ ရမ္းသမ္းပစ္ခတ္မႈေတြေၾကာင့္ ေသဆုံးရတာ လို႔ တုန္႔ျပန္စြပ္စြဲထားပါတယ္။

ဒီကေန႔ရွင္းလင္းပြဲအတြင္း တပ္မေတာ္ေရတပ္အင္အား တိုးခ်ဲ႕ေနတဲ့ကိစၥအေပၚ သတင္းေထာက္ တစ္ဦးက ေမးျမန္းရာမွာေတာ့ “၂၀၃၀ မွာ ေရငုပ္သေဘၤာအုပ္စု ပိုင္ဆိုင္ေရးဟာ တပ္မေတာ္ရဲ႕ ရည္မွန္းခ်က္ျဖစ္ၿပီး စစ္တိုက္စရာမလိုဘဲ အာလုံးရဲ႕ အ႐ိုအေသရေအာင္ လုပ္ေဆာင္ေနတယ္”လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း က ေျပာၾကားသြားပါတယ္။

တပ္မေတာ္အေနနဲ႔ ႏိုင္ငံေရးကေန ဘယ္ေတာ့ဆုတ္ခြာမွာလဲဆိုတဲ့အေမးကိုေတာ့ ဗိုလ္ခ်ဳပ္ စိုးႏိုင္ဦးက “ဒီကေန႔ တိုင္းျပည္လုံၿခံေရး အေျခအေနအရ တပ္မေတာ္ဟာ အမ်ိဳးသားအက်ိဳးစီးပြားကို ကာကြယ္ေနတာျဖစ္ေၾကာင္း” ခုခံ ေျပာဆိုသြားပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ သတင္းစာရွင္းလင္းပြဲလုပ္တဲ့ ဒီကေန႔ ဇန္နဝါရီလ ၂၃ ရက္ေန႔မွာပဲ ဂမ္ဘီယာက ျမန္မာအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ စြဲထားတဲ့ ကိစၥနဲပတ္သက္ၿပီး အိုင္စီေဂ်-ႏိုင္ငံတကာ တရား႐ုံးကေန ခ်က္ခ်င္းအေရးယူေဆာင္႐ြက္ရမဲ့ ၾကားျဖတ္အမိန႔္တစ္ရပ္ကို ခ်မွတ္လိုက္ပါၿပီ။ ဒီအမိန႔္အရ ျပည္တြင္းမွာက်န္ရွိေနတဲ့ ရခိုင္ေျမာက္ပိုင္းက သိန္းနဲ႔ခ်ီတဲ့ ႐ိုဟင္ဂ်ာမူဆလင္ေတြအေပၚ ျမန္မာ့တပ္မေတာ္က လူမ်ိဳးတုံးသတ္ျဖတ္မႈလို႔ ယူဆႏိုင္တဲ့၊ ဂ်ီႏိုဆိုက္ကို ဦးတည္သြားေစႏိုင္တဲ့ မည္သည့္လုပ္ေဆာင္ခ်က္ကို မဆို ရပ္တန႔္ရမွာျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ICJ ကိစ္စ တပ်မတော်စိုးရိမ်မှုမရှိ၊ အစိုးရညွှန်ကြားချက်အတိုင်း လိုက်နာမည်

ရခိုင်မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး အိုင်စီဂျေကြားဖြတ်အမိန့်အပေါ် စိုးရိမ်ပူပန်မနေဘဲ၊ အစိုးရရဲ့ ညွှန်ကြားချက် အတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ ဒုတိယစစ်ဥပဒေချုပ်ဗိုလ်ချုပ် သောင်းနိုင် က ဒီကနေ့ နေပြည်တော်မှာ လုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်း‌ထောက်တစ်ဦးက အိုင်စီ‌ဂျေ ကြားဖြတ်အမိန့်အပေါ် စိုးရိမ်ပူပန်မှုရှိသလားလို့ မေးမြန်းရာမှာ တပ်မတော် ဒုတိယစစ်ဥပဒေချုပ်ဗိုလ်ချုပ် သောင်းနိုင် က “စိုးရိမ်ပူပန်မှုမရှိဘူး အစိုးရရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်သွားမယ်” လို့ ပြန်လည်ဖြေကြားသွားပါတယ်။

အိုင်စီဂျေအမှုနဲ့ဆက်စပ်ပြီး ဂူတာပြင်အမှုအခြေအနေအကြောင်း မေးမြန်းရာမှာတော့ “လောလောဆယ် တရားလိုတွေကို စစ်ဆေးနေပြီး၊ တရားလိုတွေပြီးရင် တရားခံတွေကို ဆက်စစ်မယ်” လို့ ဆိုပါတယ်။အမှုမပြီးသေး တာကြောင့် အသေးစိတ်ကို ပြောလို့မရသေးဘူးလို့ ဗိုလ်ချုပ် သောင်းနိုင်က ရှင်းပြပါတယ်။ ***

ပြီးခဲ့တဲ့ တနင်္လာနေ့က သမ္မတထံ အပြီးသတ်တင်သွင်းခဲ့တဲ့ လွတ်လပ်တဲ့စုံစမ်းရေးကော်မရှင် ICOE ရဲ့ အစီရင်ခံစာကို တပ်မတော်က အသေးစိတ်ဖတ်ကြားနေတယ်လို့လည်း ဗိုလ်ချုပ် သောင်းနိုင် က ဆိုပါတယ်။ ပြစ်မှုကျူးလွန်တာရှိရင် အပြစ်ရှိသူတွေကို စစ်ခုံရုံးဖွဲ့ပြီး အရေးယူသွားမယ်လို့လည်း ဗိုလ်ချုပ် သောင်းနိုင် က ရှင်းပြသွားပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့က တိုက်ပွဲတွေကြောင့် ရှေးဟောင်းဘုရားတွေ ထိခိုက်ပျက်စီးမှုနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာတော့ တပ်မတော်အနေနဲ့ ရှေးဟောင်းဘုရားတွေမှာ တပ်စွဲထားတာမရှိဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှုးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။ အေအေအဖွဲ့ကသာ ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ဦးမြို့ထဲက စေတီတစ်ဆူအနီးမှာ ရဲတပ်ဖွဲ့ဝင်မိသားစုတွေ သွားလာလို့ဆိုပြီး ဘုရားခြေရင်းမှာ မိုင်းထောင်ဖောက်ခွဲခဲ့တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က စွပ်စွဲပါတယ်။

ဒီကိစ္စနဲပတ်သက်ပြီး ရခိုင့်တပ်တော်အေအေ ပြောခွင့်ရ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ အဲဒီကိစ္စကို အေအေဘက်က မကျူးလွန်ခဲ့ကြောင်း၊ ဒီကိစ္စဖြစ်ချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ချိန်ဖြစ်တာကြောင့် တပ်မတော်ဘက်က အေအေအပေါ် လုပ်ကြံစွပ်စွဲတာသာဖြစ်ကြောင်း တုန့်ပြန်ချေပသွားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြား‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး ကလည်း အရင်ကဆိုရင် ရခိုင်ပြည်နယ်မှာ တိုက်ပွဲနေရာ၊ လူထုနေရာရယ်လို့ သီးခြားရှိခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ အေအေက လူထုအကြားမှာ တိုက်ကွက်တွေ ဖေါ်လာကြောင်း၊ ဒါကြောင့် ရခိုင်ပြည်သူတွေ နေထိုင်ရတဲ့နေရာကျဉ်းမြောင်းလာပြီး အရပ်သား သေဆုံးထိခိုက်မှုတွေ ပိုများလာ‌‌‌ကြောင်း ပြစ်တင်ပြောဆိုပါတယ်။

ရခိုင့်တပ်တော် အေအေ ပြောခွင့်ရ ခိုင်သုခကတော့ ဒီစွပ်စွဲချက်အပေါ် ပြန်လည်ငြင်းဆိုထားပြီး၊ အရပ်သားတွေ ဟာ နှစ်ဖက်တိုက်ပွဲအကြား သေဆုံးခဲ့တာမဟုတ်ဘဲ တပ်မတော်ရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် သေဆုံးရတာ လို့ တုန့်ပြန်စွပ်စွဲထားပါတယ်။

ဒီကနေ့ရှင်းလင်းပွဲအတွင်း တပ်မတော်ရေတပ်အင်အား တိုးချဲ့နေတဲ့ကိစ္စအပေါ် သတင်းထောက် တစ်ဦးက မေးမြန်းရာမှာတော့ “၂၀၃၀ မှာ ရေငုပ်သင်္ဘောအုပ်စု ပိုင်ဆိုင်ရေးဟာ တပ်မတော်ရဲ့ ရည်မှန်းချက်ဖြစ်ပြီး စစ်တိုက်စရာမလိုဘဲ အာလုံးရဲ့ အရိုအသေရအောင် လုပ်ဆောင်နေတယ်”လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောကြားသွားပါတယ်။

တပ်မတော်အနေနဲ့ နိုင်ငံရေးကနေ ဘယ်တော့ဆုတ်ခွာမှာလဲဆိုတဲ့အမေးကိုတော့ ဗိုလ်ချုပ် စိုးနိုင်ဦးက “ဒီကနေ့ တိုင်းပြည်လုံခြံရေး အခြေအနေအရ တပ်မတော်ဟာ အမျိုးသားအကျိုးစီးပွားကို ကာကွယ်နေတာဖြစ်ကြောင်း” ခုခံ ပြောဆိုသွားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ဒီကနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာပဲ ဂမ်ဘီယာက မြန်မာအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွဲထားတဲ့ ကိစ္စနဲပတ်သက်ပြီး အိုင်စီဂျေ-နိုင်ငံတကာ တရားရုံးကနေ ချက်ချင်းအရေးယူဆောင်ရွက်ရမဲ့ ကြားဖြတ်အမိန့်တစ်ရပ်ကို ချမှတ်လိုက်ပါပြီ။ ဒီအမိန့်အရ ပြည်တွင်းမှာကျန်ရှိနေတဲ့ ရခိုင်မြောက်ပိုင်းက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမူဆလင်တွေအပေါ် မြန်မာ့တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှုလို့ ယူဆနိုင်တဲ့၊ ဂျီနိုဆိုက်ကို ဦးတည်သွားစေနိုင်တဲ့ မည်သည့်လုပ်ဆောင်ချက်ကို မဆို ရပ်တန့်ရမှာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ICJ ကိစၥ တပ္မေတာ္စိုးရိမ္မႈမရွိ၊ အစိုးရၫႊန္ၾကားခ်က္အတိုင္း လိုက္နာမည္ ICJ ကိစၥ တပ္မေတာ္စိုးရိမ္မႈမရွိ၊ အစိုးရၫႊန္ၾကားခ်က္အတိုင္း လိုက္နာမည္ Reviewed by THITHTOOLWIN on 00:32 Rating: 5
Powered by Blogger.