ICJ ဆုံးဖြတ်ချက် ဂမ်ဘီယာနိုင်ငံကြိုဆို

ဂမ်ဘီယာတရားရေးဝန်ကြီး Aboubacarr Tambadou
(Unicode/Zawgyi)

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်ပြီးမဖြစ်အောင် တားဆီးရေး ကြားဖြတ်လိုက်နာ ဆောင်ရွက်ချက်တွေ ICJ တရားရုံးက ဆုံးဖြတ်ခဲ့တဲ့အပေါ် တရားစွဲတဲ့ ဂမ်ဘီယာနိုင်ငံက ကြိုဆိုလိုက်ပါတယ်။ တရားရုံးဆုံးဖြတ်ချက်ချအပြီး ဂမ်ဘီယာတရားရေးဝန်ကြီး Aboubacarr Tambadou ကခုလို တုံ့ပြန်ပြောကြားခဲ့တာပါ။

“ကမ္ဘာကြီးမှာ လူမျိုးတုံးသတ်ဖြတ်မှုကို လက်ခံ ခွင့်လွှတ်လို့မရဘူး၊ ရိုဟင်ဂျာတွေကို အသိအမှတ်ပြု လူမျိုးစုအဖြစ် အကာအကွယ်ပေးရမယ်လို့ တရားသူကြီး ၁၇ ယောက်လုံးက တညီတညွတ်ထဲဆုံးဖြတ်ခဲ့တာကို ကြိုဆိုတယ်လို့ ဂမ်ဘီယာတရားရေးဝန်ကြီး ပြောကြားသွားတာပါ။ ဒါဟာ နိုင်ငံတကာ ဥပဒေ၊ နိုင်ငံတကာတရားစီရင်ရေးရဲ့ အောင်မြင်မှုဖြစ်ပြီး နောင်လှမ်းမယ့် ခြေလှမ်းတွေထဲက ပထမခြေလှမ်းဖြစ်တယ်လို့ ပြောပါတယ်။ လူမျိုးတုံးသတ်ဖြတ်တယ်လို့ ဆုံးဖြတ်တဲ့အဆင့် မဟုတ်သေးဘဲ။ ကြားဖြတ်လိုက်နာဆောင်ရွက်ရမယ့် အဆင့်သာဖြစ်တာမို့ ရှေ့ဆက်လုပ်စရာတွေ ရှိသေးတယ်” လို့လည်း ဂမ်ဘီယာတရားရေးဝန်ကြီးက ပြောကြားသွားပါတယ်။

EU ဥရောပသမဂ္ဂကလည်း ICJ တရားရုံးရဲ့ဆုံးဖြတ်ချက်တွေကို မှတ်တမ်းတင်ထားတယ်လို့လည်း ကြေညာချက်ထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ပေးပို့မယ့် ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံက အပြည့်အဝလိုက်နာ ဆောင်ရွက်ရမယ်၊ နိုင်ငံတကာ ဥပဒေအရ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ EU ကပြောပါတယ်။

စွပ်စွဲထားတဲ့ ကျူးလွန်မှုတွေနဲ့ပတ်သက်လို့ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC မှာ တရားလိုရှေ့နေတွေ စုံစမ်းနေတဲ့ကိစ္စတွေကိုလည်း EU က အနီးကပ် စောင့်ကြည့်သွားမယ်လို့ EU ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ကြားဖြတ်လိုက်နာ ဆောင်ရွက်ရမယ့် အချက် ၄ ချက်ကို ICJ တရားရုံးက ဒီနေ့ ဆုံးဖြတ်ချမှတ်လိုက်တဲ့အပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီအမတ်များအဖွဲ့ APHR ကလည်း ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံအပေါ် ကမ္ဘာက စောင့်ကြည့်နေတယ်ဆိုတာ ICJ တရားရုံးဆုံးဖြတ်ချက်က ရှင်းရှင်း လင်းလင်းပြသလိုက်တာဖြစ်ပြီး၊ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေး ကန့်သတ်ထိန်းချုပ်တဲ့ လုပ်ရပ်တွေကို ပြစ်ဒဏ်မခံရဘဲ တရားလက်လွတ် ဆက်လုပ်နေလို့ မရတော့ဘူးဆိုတာ ပြသလိုက်တာဖြစ်တယ်လို့ အာဆီယံပါလီအမတ်များအဖွဲ့ APHR ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကြားဖြတ်လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို ICJ က ချမှတ်လိုက်တာဟာ ကမ္ဘာမှာ အဖိနှိပ်ခံရဆုံး လူမျိုးတခုကိုအပေါ် နောက်ထပ်ဆိုးဝါးတဲ့ဆောင်ရွက်ချက်တွေ မလုပ်နိုင်အောင် တားဆီးလိုက်တဲ့ သမိုင်းဝင် ခြေလှမ်းဖြစ်တယ်လို့ Human Rights Watch လူ့အခွင့်အရေးအဖွဲ့ကလည်း တုံ့ပြန်ပါတယ်။ တရားရုံးဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံက အသေအချာလိုက်နာအောင် သက်ဆိုင်တဲ့နိုင်ငံတွေ လူ့အခွင့်အရေးအဖွဲ့တွေက တွန်းအားပေးပါလို့လည်း HRW ရဲ့ နိုင်ငံတကာတရားမျှတရေးဆိုင်ရာ တွဲဘက်ဒါရိုက်တာ Param-Preet Singh ကထုတ်ပြန်ချက် တိုက်တွန်းထားပါတယ်။


ICJ တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ ရိုဟင်ဂျာဆန့်ကျင်ရေးမူဝါဒတွေအတွက် အကြီးအကျယ်ထိုးနှက်ချက်ဖြစ်တယ်လို့ Burma Campaign UK အမှုဆောင်ဒါရိုက်တာ Anna Roberts ကလည်း ကြေညာချက်ထုတ်ပြန် တုံ့ပြန်ပါတယ်။ တရားရုံးဆုံးဖြတ်ချက်တွေကို လိုက်နာအောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်အပေါ် ဖိအားပေးတဲ့ဘက်ကို ဦးစားပေးလုပ်ရမယ်လို့လည်း Burma Campaign UK ရဲ့ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

......................

ICJ ဆံုးျဖတ္ခ်က္ ဂမ္ဘီယာႏိုင္ငံႀကိဳဆို

(Zawgyi)

ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈလုပ္ရပ္ေတြ ဆက္ၿပီးမျဖစ္ေအာင္ တားဆီးေရး ၾကားျဖတ္လိုက္နာ ေဆာင္႐ြက္ခ်က္ေတြ ICJ တရား႐ံုးက ဆံုးျဖတ္ခဲ့တဲ့အေပၚ တရားစြဲတဲ့ ဂမ္ဘီယာႏိုင္ငံက ႀကိဳဆိုလိုက္ပါတယ္။ တရား႐ံုးဆံုးျဖတ္ခ်က္ခ်အၿပီး ဂမ္ဘီယာတရားေရးဝန္ႀကီး Aboubacarr Tambadou ကခုလို တံု႔ျပန္ေျပာၾကားခဲ့တာပါ။

“ကမာၻႀကီးမွာ လူမ်ဳိးတံုးသတ္ျဖတ္မႈကို လက္ခံ ခြင့္လႊတ္လို႔မရဘူး၊ ႐ိုဟင္ဂ်ာေတြကို အသိအမွတ္ျပဳ လူမ်ဳိးစုအျဖစ္ အကာအကြယ္ေပးရမယ္လို႔ တရားသူႀကီး ၁၇ ေယာက္လံုးက တညီတၫြတ္ထဲဆံုးျဖတ္ခဲ့တာကို ႀကိဳဆိုတယ္လို႔ ဂမ္ဘီယာတရားေရးဝန္ႀကီး ေျပာၾကားသြားတာပါ။ ဒါဟာ ႏိုင္ငံတကာ ဥပေဒ၊ ႏိုင္ငံတကာတရားစီရင္ေရးရဲ႕ ေအာင္ျမင္မႈျဖစ္ၿပီး ေနာင္လွမ္းမယ့္ ေျခလွမ္းေတြထဲက ပထမေျခလွမ္းျဖစ္တယ္လို႔ ေျပာပါတယ္။ လူမ်ဳိးတုံးသတ္ျဖတ္တယ္လို႔ ဆံုးျဖတ္တဲ့အဆင့္ မဟုတ္ေသးဘဲ။ ၾကားျဖတ္လိုက္နာေဆာင္႐ြက္ရမယ့္ အဆင့္သာျဖစ္တာမို႔ ေ႐ွ႕ဆက္လုပ္စရာေတြ ႐ွိေသးတယ္” လို႔လည္း ဂမ္ဘီယာတရားေရးဝန္ႀကီးက ေျပာၾကားသြားပါတယ္။

EU ဥေရာပသမဂၢကလည္း ICJ တရား႐ုံးရဲ႕ဆံုးျဖတ္ခ်က္ေတြကို မွတ္တမ္းတင္ထားတယ္လို႔လည္း ေၾကညာခ်က္ထုတ္ျပန္ပါတယ္။ ကုလသမဂၢလံုၿခံဳေရးေကာင္စီကို ေပးပုိ႔မယ့္ ICJ တရား႐ံုးရဲ႕ ဆံုးျဖတ္ခ်က္ေတြကို ျမန္မာႏိုင္ငံက အျပည့္အဝလိုက္နာ ေဆာင္႐ြက္ရမယ္၊ ႏိုင္ငံတကာ ဥပေဒအရ လိုက္နာေဆာင္႐ြက္ဖုိ႔ လိုအပ္တယ္လို႔ EU ကေျပာပါတယ္။

စြပ္စြဲထားတဲ့ က်ဴးလြန္မႈေတြနဲ႔ပတ္သက္လို႔ ႏိုင္ငံတကာရာဇဝတ္ခံု႐ံုး ICC မွာ တရားလိုေ႐ွ႕ေနေတြ စံုစမ္းေနတဲ့ကိစၥေတြကိုလည္း EU က အနီးကပ္ ေစာင့္ၾကည့္သြားမယ္လို႔ EU ရဲ႕ ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ၾကားျဖတ္လိုက္နာ ေဆာင္႐ြက္ရမယ့္ အခ်က္ ၄ ခ်က္ကို ICJ တရား႐ုံးက ဒီေန႔ ဆံုးျဖတ္ခ်မွတ္လိုက္တဲ့အေပၚ လူ႔အခြင့္အေရးဆိုင္ရာ အာဆီယံပါလီအမတ္မ်ားအဖဲြ႔ APHR ကလည္း ႀကိဳဆိုလိုက္ပါတယ္။ ျမန္မာႏိုင္ငံအေပၚ ကမာၻက ေစာင့္ၾကည့္ေနတယ္ဆုိတာ ICJ တရား႐ံုးဆံုးျဖတ္ခ်က္က ႐ွင္း႐ွင္း လင္းလင္းျပသလိုက္တာျဖစ္ၿပီး၊ ႐ိုဟင္ဂ်ာေတြရဲ႕ အခြင့္အေရး ကန္႔သတ္ထိန္းခ်ဳပ္တဲ့ လုပ္ရပ္ေတြကို ျပစ္ဒဏ္မခံရဘဲ တရားလက္လြတ္ ဆက္လုပ္ေနလို႔ မရေတာ့ဘူးဆိုတာ ျပသလိုက္တာျဖစ္တယ္လို႔ အာဆီယံပါလီအမတ္မ်ားအဖဲြ႔ APHR ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ၾကားျဖတ္လိုက္နာေဆာင္႐ြက္ရမယ့္ အခ်က္ေတြကို ICJ က ခ်မွတ္လိုက္တာဟာ ကမာၻမွာ အဖိႏွိပ္ခံရဆံုး လူမ်ဳိးတခုကိုအေပၚ ေနာက္ထပ္ဆိုးဝါးတဲ့ေဆာင္႐ြက္ခ်က္ေတြ မလုပ္ႏိုင္ေအာင္ တားဆီးလိုက္တဲ့ သမိုင္းဝင္ ေျခလွမ္းျဖစ္တယ္လို႔ Human Rights Watch လူ႔အခြင့္အေရးအဖဲြ႔ကလည္း တံု႔ျပန္ပါတယ္။ တရား႐ံုးဆံုးျဖတ္ခ်က္ေတြကို ျမန္မာႏုိင္ငံက အေသအခ်ာလိုက္နာေအာင္ သက္ဆိုင္တဲ့ႏုိင္ငံေတြ လူ႔အခြင့္အေရးအဖဲြ႔ေတြက တြန္းအားေပးပါလို႔လည္း HRW ရဲ႕ ႏိုင္ငံတကာတရားမွ်တေရးဆိုင္ရာ တဲြဘက္ဒါ႐ိုက္တာ Param-Preet Singh ကထုတ္ျပန္ခ်က္ တိုက္တြန္းထားပါတယ္။

ICJ တရား႐ံုးရဲ႕ဆံုးျဖတ္ခ်က္ဟာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သူ႔ရဲ႕ ႐ိုဟင္ဂ်ာဆန္႔က်င္ေရးမူဝါဒေတြအတြက္ အႀကီးအက်ယ္ထိုးႏွက္ခ်က္ျဖစ္တယ္လို႔ Burma Campaign UK အမႈေဆာင္ဒါ႐ိုက္တာ Anna Roberts ကလည္း ေၾကညာခ်က္ထုတ္ျပန္ တံု႔ျပန္ပါတယ္။ တရား႐ုံးဆံုးျဖတ္ခ်က္ေတြကို လိုက္နာေအာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ စစ္တပ္အေပၚ ဖိအားေပးတဲ့ဘက္ကို ဦးစားေပးလုပ္ရမယ္လို႔လည္း Burma Campaign UK ရဲ႕ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

VOA (Burmese)
https://burmese.voanews.com
ICJ ဆုံးဖြတ်ချက် ဂမ်ဘီယာနိုင်ငံကြိုဆို ICJ ဆုံးဖြတ်ချက် ဂမ်ဘီယာနိုင်ငံကြိုဆို Reviewed by THITHTOOLWIN on 00:27 Rating: 5
Powered by Blogger.