ျမန္မာ့လူ႔အခြင့္အေရးဆိုးဝါးမႈ HRW အစီရင္ခံစာထဲ ေဖာ္ျပ


(Zawgyi / Unicode)

ျမန္မာႏိုင္ငံထဲ စစ္ျဖစ္ေနတဲ့ တိုင္းရင္းေဒသေတြက လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံေနရမႈ အေျခအေနေတြ ျပည္တြင္းက ႐ိုဟင္ဂ်ာဒုကၡသည္ေတြ လူမ်ိဳးတုံးသတ္ျဖတ္ခံရမႈ အႏၲရာယ္ေတြနဲ႔ရင္ဆိုင္ေနရတာနဲ႔ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ေတြဟာ စိုးရိမ္စရာေကာင္းတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြျဖစ္တယ္လို႔ HRW လူ႔အခြင့္အေရးအဖြဲ႕ရဲ႕ႏွစ္စဥ္ထုတ္ျပန္ေနၾက ႏိုင္ငံတကာ လူ႔အခြင့္အေရး အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။ အခုလိုနယူးေယာက္အေျခစိုက္ ႏိုင္ငံတကာ လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕ရဲ႕ ျမန္မာႏိုင္ငံတြင္းက စိုးရိမ္စရာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြအေပၚ ေထာက္ျပမႈေတြကို အရပ္သားအစိုးရအေနနဲ႔ အေလးအနက္ထား ျပန္သုံးသပ္သင့္တယ္လို႔လည္း ျမန္မာ့လူ႔အခြင့္အေရးလႈပ္ရွားသူက ေထာက္ျပပါတယ္။ မဆုမြန္ ဆက္သြယ္ေမးျမန္းထားပါတယ္။

ကမာၻတဝွမ္း ႏုိင္ငံအသီးသီးမွာ လက္ရွိရင္ဆိုင္ေတြ႔ၾကံဳေနရတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈအေျခအေတြအေၾကာင္း ဒီကေန႔ထုတ္ျပန္လိုက္တဲ့ “World Report 2020” ကမာၻလံုးဆုိင္ရာ လူ႔အခြင့္အေရးအေျခအေန ၂၀၂၀ ထုတ္ျပန္ခ်က္ထဲ ျမန္မာႏုိင္ငံထဲက စစ္ျဖစ္ေနတဲ့ တိုင္းရင္းေဒသေတြက လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈအေျခအေန၊ လူမ်ိဳးတုန္း သတ္ျဖတ္နုိင္တဲ့ စိုးရိမ္စရာအေျခအေနနဲ႔ ရင္ဆိုင္ေနရဆဲ ရခိုင္ျပည္နယ္ထဲက ႐ိုဟင္ဂ်ာေျခာက္သိန္းေက်ာ္ရဲ႕ လံုျခံဳေရးနဲ႔ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ေတြ ခ်ိဳးေဖာက္ခံေနရတဲ့ အေနအထားေတြေၾကာင့္ ျမန္မာႏုိင္ငံရဲ႕လူ႔အခြင့္အေရးဟာ စိုးရိမ္စရာေကာင္းတဲ့အေနအထားမွာရွိေနတုန္းပဲလို႔ ထုတ္ျပန္လိုက္တာပါ။

အခုလို အေမရိကန္ျပည္ေထာင္စုအေျခစိုက္ (HRW) Human Rights Watch အဖြဲ႔ၾကီးရဲ႕ ျမန္မာႏုိင္ငံတြင္းက စိုးရိမ္စရာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈ အေနအထားေတြနဲ႔ပတ္သက္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္တဲ့ ၂၀၂၀ လူ႔အခြင့္အေရးထုတ္ျပန္ခ်က္ဟာ ျမန္မာႏုိင္ငံတြင္း လက္ရွိေျမျပင္မွာျဖစ္ပ်က္ေနတဲ့အေျခအေနေတြနဲ႔ လက္ေတြ႔ထင္ဟပ္မႈရွိပါတယ္လို႔ ျမန္မာ့လူ႔အခြင့္အေရး လႈပ္ရွားေနသူေတြက ေထာက္ခံေျပာဆိုလုိက္ပါတယ္။

ျမန္မာ့လူ႔အခြင့္အေရးလႈပ္ရွားသူတဦးျဖစ္တဲ့ ညီမွ်ျခင္းျမန္မာအဖြဲ႔ရဲ႕ ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းက ျမန္မာႏုိင္ငံအတြင္း အထူးသျဖင့္ စစ္ျဖစ္ေနတဲ့ တိုင္းရင္းေဒသက လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈ အေျခအေနေတြဟာ အေတာ္ေလးကို ဆိုးဝါးလာေနတဲ့ အေနအထား ျဖစ္ေနတယ္လို႔ အခုလိုေျပာပါတယ္။

“လက္နက္ကိုင္ ပဋိပကၡေတြ ျဖစ္ေနတဲ့ ေဒသအတြင္းမွာ အရပ္သားျပည္သူေတြအေပၚမွာ ထိခိုက္မႈေတြကေတာ့ က်ေနာ္တို႔ ပိုၿပီးေတာ့ ဆိုး၀ါးလာတယ္လို႔ေတာင္ေျပာလို႔ရပါတယ္။ ဘက္ေပါင္းစံုမွာ ပါ၀င္တဲ့အဖြဲ႔ေတြအားလံုးရဲ႕ အရပ္သားအေပၚမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈက ပိုမ်ားလာတယ္။ တိုက္ပြဲေတြေၾကာင့္ ေသဆံုးမႈအျပင္ မတရားဖမ္းဆီးၿပီးေတာ့ သတ္ျဖတ္ၿပီး အခုအခ်ိန္အထိ တရားဥပေဒကို မေဖာ္ေဆာင္တဲ့အမႈေတြက ရခိုင္ျပည္နယ္မွာေရာ ကခ်င္ျပည္နယ္မွာေရာ၊ ရွမ္းျပည္နယ္မွာ ဆက္လက္ရွိေနတုန္းပါပဲ။ ဒါက Human Rights Watch က ေျပာထားသလို လက္နက္ကိုင္ ပဋိပကၡေတြ မွာရွိတဲ့ တိုင္းရင္းသား ျပည္သူေတြရဲ႕ အဓိက ျပႆနာတခု ျဖစ္ပါတယ္။ ေနာက္တခုကေတာ့ သူတို႔ေထာက္ျပထားသလိုပဲ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို အရင္ စစ္အစိုးရ လက္ထက္မွာလည္း ဖိႏွိပ္မႈေတြရွိသလို အခုလည္း ဆက္လက္ရွိေနတုန္းပဲ။ တခ်ိဳ႕ေသာဥပေဒေတြက ဘယ္အစိုးရ လက္ထက္ပဲ ျဖစ္ျဖစ္ အခုအထိ ဆက္လက္က်င့္သံုးေနတဲ့အရာမ်ိဳးျဖစ္တယ္။ ဒီဥပေဒကို အလြယ္တကူ ထုတ္သံုးေနတဲ့ ကာလအတြင္းမွာ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုမႈက ပိုမိုဆိုး၀ါးပါတယ္။ ခုနေျပာသလို လက္နက္ကိုင္ ပဋိပကၡေတြ ျဖစ္ေနတဲ့ကာလပတ္လံုး ဒီေဒသမွာရွိတဲ့ အရပ္သားျပည္သူေတြအတြက္ လံုၿခံဳမႈ ရွိမွာ မဟုတ္ပါဘူး။ အဲဒီေနရာမ်ိဳးမွာ လက္နက္ကိုင္ တပ္ဖြဲ႔ေတြမက၊ ရပ္ရြာလူထုအတြင္းမွာ အခ်င္းခ်င္း မုန္းတီးမႈနဲ႔ အၾကမ္းဖက္မႈေတြက အရွိန္မေသေသးတဲ့အတြက္ က်န္ခဲ့သူေတြမွာလည္း လံုၿခံဳမႈအပိုင္းအားနည္းတယ္။ ရပ္ရြာအတြင္း အသားက်ေအာင္ေနထိုင္ဖို႔ အစီအစဥ္နဲ႔ ပတ္သက္လို႔ သံသယရွိေနၿပီး ျပန္လာခ်င္တဲ့သူေတြ ရွိသည့္တိုင္ေအာင္ ျပန္လာဖို႔အတြက္ အခက္အခဲေတြ အမ်ားႀကီးရွိေနပါတယ္။ ဒါက က်ေနာ္တို႔ ၾကားရတဲ့ ေျမျပင္ သတင္းေတြပါပဲ။”

ျမန္မာႏုိင္ငံတြင္းက လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈအေျခအေနေတြကို ထုတ္ျပန္ခ်က္ေတြ သတင္းမွတ္တမ္းေတြနဲ႔ HRW လို လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔အပါအဝင္ ကုလသမဂၢနဲ႔ ႏုိင္ငံတကာက စိုးရိမ္တႀကီးေထာက္ျပေဝဖန္ေျပာဆိုေနတဲ့အေပၚ ျပည္သူက ေရြးခ်ယ္ တင္ေျမွာက္ထားတဲ့ NLD အရပ္သားအစိုးရအေနနဲ႔ အေလးအနက္ထားျပန္လည္သံုးသပ္ၿပီး ေဆာင္ရြက္သင့္တာေတြကို အေရးတၾကီး လုပ္ေဆာင္သင့္တယ္လို႔လည္း ဦးေအာင္မ်ိုးမင္းက အၾကံျပဳပါတယ္။

“ႏိုင္ငံတကာက ဒီ Report ေတြ အစီရင္ခံစာေတြ ကုလသမဂၢရဲ႕ ဆံုးျဖတ္ခ်က္ေတြကို ျမန္မာႏိုင္ငံအေပၚ အေရးယူေဆာင္ရြက္ခ်က္ေတြ တေျဖးေျဖးတိုးတက္လာတာ ဒါက်ေနာ္ ျငင္းလို႔မရဘူး။ ဒါေပမယ့္ အစိုးရတရပ္က ဒါကိုဘယ္ေလာက္အထိ လက္ခံသလဲဆိုရင္ က်ေနာ္တို႔ႏိုင္ငံ အစိုးရအေနနဲ႔ကေတာ့ ဒီလိုေထာက္ျပခ်က္ေတြကို ငါတို႔ျပည္တြင္းမွာလည္း အေရးယူလုပ္ေဆာင္ပါတယ္ ဆိုတဲ့ပံုစံနဲ႔ ခ်ဥ္းကပ္ေျဖရွင္းတာ ေတြ႔ရတဲ့အတြက္ က်ေနာ္တို႔အစိုးရရဲ႕ ႏိုင္ငံတကာရဲ႕ ေထာက္ျပခ်က္အေပၚမွာ ပူးေပါင္းေဆာင္ရြက္ တဲ့အပိုင္းကေတာ့ လက္ရွိအေျခအေနအထိ အားနည္းေနေသးတာ ေတြ႔ရပါတယ္။

HRW ေထာက္ျပသလိုပဲ စစ္ျဖစ္ေနတဲ့တုိင္းရင္းေဒသေတြထဲ အထူးသျဖင့္ ရခုိင္ျပည္နယ္ထဲက စစ္ေရးအေျခအေနေတြဟာ ရခိုင္ျပည္နယ္ထဲ က်န္ခဲ့တဲ့ ႐ိုဟင္ဂ်ာလူနည္းစုေတြအတြက္ အသက္ေဘးစိုးရိမ္စရာအေျခအေနအျပင္ ရခိုင္ေဒသခံေတြ အားလံုးအတြက္ပါ အႏၱရာယ္ အလြန္မ်ားေနတဲ့ အေနအထားျဖစ္ေနၿပီး ဘဂၤလားေဒ့ရွ္ဘက္တိမ္းေရွာင္ေနရဆဲ ဒုကၡသည္ေတြ ေနရပ္ရင္းျပန္ေရးအတြက္ပါ မေရမရာျဖစ္ ေနတယ္လို႔ ဘာလုခါလီဒုကၡသည္စခန္းေန ႐ိုဟင္ဂ်ာဒုကၡသည္ဦးအီစလံကေျပာပါတယ္။

“ အခု ရခိုင္ျပည္နယ္မွာဆိုရင္ ေတာ္ေတာ္ေလး ဆိုးဆုိး၀ါး၀ါးနဲ႔ သူတို႔ ခံစားေနရတာကို ေတြ႔ရပါတယ္။ အထူးသျဖင့္ ရိုဟင္ဂ်ာ မြတ္ဆလင္ေတြက ေန႕စဥ္နဲ႔အမွ် လူနည္းစုအျဖစ္ အႏိုင္က်င့္ခံေနရတာကို ေန႔စဥ္နဲ႔အမွ် ၾကားေနရပါတယ္။ အဲဒါအတြက္ေၾကာင့္ HRW ဘက္က ႏိုင္ငံတကာအသိုင္း၀ုိင္းအေနနဲ႔ ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ အတူတကြ လုပ္ေဆာင္ေပးဖို႔ က်ေနာ္တို႔ ေတာင္းဆိုခ်င္ပါတယ္။ ေနာက္ျမန္မာအစိုးရကိုလည္း ရခိုင္ျပည္နယ္မွာ ေနထိုင္ၾကတဲ့ လူမ်ိဳးေတြအားလံုးအတြက္ အတူယွဥ္တြဲေနထိုင္ေရးအတြက္ ေဆာင္ရြက္ေပးဖို႔လည္း က်ေနာ္တို႔ ေတာင္းဆိုခ်င္ပါတယ္။”

ရိုဟင္ဂ်ာဆိုတဲ့အသံုးကို လက္ခံမထားတဲ့ ျမန္မာႏုိင္ငံဘက္ကေတာ့ ဒီဒုကၡသည္ေတြ ေနရပ္ျပန္ေရး စနစ္တက် စီစဥ္ေနပါတယ္လို႔ တစိုက္မတ္မတ္ေျပာဆိုေနတာပါ။ ျမန္မာအပါအ၀င္ ႏုိင္ငံေပါင္း ၁၀၀ ေက်ာ္က လူ႔အခြင့္အေရးအေျခအေနေတြကို ေလ့လာသံုးသပ္ထားတဲ့ ဒီအစီရင္ခံစာထဲမွာေတာ့ ႐ွမ္း၊ ကခ်င္၊ ကရင္နဲ႔ ရခိုင္ျပည္နယ္က လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြကို ေလးေလးနက္နက္စံုစမ္းဖုိ႔ ႏုိင္ငံတကာရဲ႕ေတာင္းဆိုမႈကို ျမန္မာအစိုးရက ဆက္ၿပီး ျငင္းဆန္ေနၿပီး ပဋိပကၡျဖစ္ေနတဲ့ေနရာေတြကို လူ႔အခြင့္အေရးေလ့လာသူေတြ၊ သတင္းေထာက္ေတြသြားခြင့္ မရတာနဲ႔ ကုလသမဂၢနဲ႔ ႏိုင္ငံတကာအဖဲြ႔ေတြကို အေရးႀကီးတဲ့ ေထာက္ပံ့ကူညီမႈေတြ သြားေရာက္ေပးခြင့္ မျပဳဘူးတဲ့ အေျခအေနျဖစ္ေနတယ္ဆိုတာကိုHuman Rights Watch လူ႔အခြင့္အေရးအဖဲြ႔ က ၂၀၂၀ အစီရင္ခံစာထဲ ထုတ္ျပန္လိုက္ပါတယ္။

..............

မြန်မာ့လူ့အခွင့်အရေးဆိုးဝါးမှု HRW အစီရင်ခံစာထဲ ဖော်ပြ

(Unicode)

မြန်မာနိုင်ငံထဲ စစ်ဖြစ်နေတဲ့ တိုင်းရင်းဒေသတွေက လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုအခြေအနေတွေ ပြည်တွင်းက ရိုဟင်ဂျာဒုက္ခသည်တွေ လူမျိုးတုံးသတ်ဖြတ်ခံရမှု အန္တရာယ်တွေနဲ့ရင်ဆိုင်နေရတာနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေဟာ စိုးရိမ်စရာကောင်းတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်တယ်လို့ HRW လူ့အခွင့်အရေးအဖွဲ့ရဲ့နှစ်စဉ်ထုတ်ပြန်နေကြ နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြပါတယ်။အခုလိုနယူးယောက်အခြေစိုက် နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံတွင်းက စိုးရိမ်စရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ထောက်ပြမှုတွေကို အရပ်သားအစိုးရအနေနဲ့ အလေးအနက်ထား ပြန်သုံးသပ်သင့်တယ်လို့လည်း မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူက ထောက်ပြပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ကမ္ဘာတဝှမ်း နိုင်ငံအသီးသီးမှာ လက်ရှိရင်ဆိုင်တွေ့ကြုံနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအတွေအကြောင်း ဒီကနေ့ထုတ်ပြန်လိုက်တဲ့“World Report 2020”ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ ၂၀၂၀ ထုတ်ပြန်ချက်ထဲ မြန်မာနိုင်ငံထဲက စစ်ဖြစ်နေတဲ့ တိုင်းရင်းဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေ၊ လူမျိုးတုန်း သတ်ဖြတ်နိုင်တဲ့ စိုးရိမ်စရာအခြေအနေနဲ့ ရင်ဆိုင်နေရဆဲ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာခြောက်သိန်းကျော်ရဲ့ လုံခြုံရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ချိုးဖောက်ခံနေရတဲ့ အနေအထားတွေကြောင့် မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးဟာ စိုးရိမ်စရာကောင်းတဲ့အနေအထားမှာရှိနေတုန်းပဲလို့ ထုတ်ပြန်လိုက်တာပါ။

အခုလို အမေရိကန်ပြည်ထောင်စုအခြေစိုက် HRW Human Rights Watch အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံတွင်းက စိုးရိမ်စရာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အနေအထားတွေနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ ၂၀၂၀ လူ့အခွင့်အရေးထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံတွင်း လက်ရှိမြေပြင်မှာဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ လက်တွေ့ထင်ဟပ်မှုရှိပါတယ်လို့ မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားနေသူတွေက ထောက်ခံပြောဆိုလိုက်ပါတယ်။

မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူတဦးဖြစ်တဲ့ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံအတွင်း အထူးသဖြင့် စစ်ဖြစ်နေတဲ့ တိုင်းရင်းဒေသက လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေတွေဟာ အတော်လေးကို ဆိုးဝါးလာနေတဲ့ အနေအထား ဖြစ်နေတယ်လို့ အခုလိုပြောပါတယ်။

“လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတဲ့ ဒေသအတွင်းမှာ အရပ်သားပြည်သူတွေအပေါ်မှာ ထိခိုက်မှုတွေကတော့ ကျနော်တို့ ပိုပြီးတော့ ဆိုးဝါးလာတယ်လို့တောင်ပြောလို့ရပါတယ်။ ဘက်ပေါင်းစုံမှာ ပါဝင်တဲ့အဖွဲ့တွေအားလုံးရဲ့ အရပ်သားအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုက ပိုများလာတယ်။ တိုက်ပွဲတွေကြောင့် သေဆုံးမှုအပြင် မတရားဖမ်းဆီးပြီးတော့ သတ်ဖြတ်ပြီး အခုအချိန်အထိ တရားဥပဒေကို မဖော်ဆောင်တဲ့အမှုတွေက ရခိုင်ပြည်နယ်မှာရော ကချင်ပြည်နယ်မှာရော၊ ရှမ်းပြည်နယ်မှာ ဆက်လက်ရှိနေတုန်းပါပဲ။ ဒါက Human Rights Watch က ပြောထားသလို လက်နက်ကိုင် ပဋိပက္ခတွေ မှာရှိတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ အဓိက ပြဿနာတခု ဖြစ်ပါတယ်။ နောက်တခုကတော့ သူတို့ထောက်ပြထားသလိုပဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အရင် စစ်အစိုးရ လက်ထက်မှာလည်း ဖိနှိပ်မှုတွေရှိသလို အခုလည်း ဆက်လက်ရှိနေတုန်းပဲ။ တချို့သောဥပဒေတွေက ဘယ်အစိုးရ လက်ထက်ပဲ ဖြစ်ဖြစ် အခုအထိ ဆက်လက်ကျင့်သုံးနေတဲ့အရာမျိုးဖြစ်တယ်။ ဒီဥပဒေကို အလွယ်တကူ ထုတ်သုံးနေတဲ့ ကာလအတွင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုက ပိုမိုဆိုးဝါးပါတယ်။ ခုနပြောသလို လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတဲ့ကာလပတ်လုံး ဒီဒေသမှာရှိတဲ့ အရပ်သားပြည်သူတွေအတွက် လုံခြုံမှု ရှိမှာ မဟုတ်ပါဘူး။ အဲဒီနေရာမျိုးမှာ လက်နက်ကိုင် တပ်ဖွဲ့တွေမက၊ ရပ်ရွာလူထုအတွင်းမှာ အချင်းချင်း မုန်းတီးမှုနဲ့ အကြမ်းဖက်မှုတွေက အရှိန်မသေသေးတဲ့အတွက် ကျန်ခဲ့သူတွေမှာလည်း လုံခြုံမှုအပိုင်းအားနည်းတယ်။ ရပ်ရွာအတွင်း အသားကျအောင်နေထိုင်ဖို့ အစီအစဉ်နဲ့ ပတ်သက်လို့ သံသယရှိနေပြီး ပြန်လာချင်တဲ့သူတွေ ရှိသည့်တိုင်အောင် ပြန်လာဖို့အတွက် အခက်အခဲတွေ အများကြီးရှိနေပါတယ်။ ဒါက ကျနော်တို့ ကြားရတဲ့ မြေပြင် သတင်းတွေပါပဲ။”

မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေတွေကို ထုတ်ပြန်ချက်တွေ သတင်းမှတ်တမ်းတွေနဲ့ HRW လို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့အပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက စိုးရိမ်တကြီးထောက်ပြဝေဖန်ပြောဆိုနေတဲ့အပေါ် ပြည်သူက ရွေးချယ် တင်မြှောက်ထားတဲ့ NLD အရပ်သားအစိုးရအနေနဲ့ အလေးအနက်ထားပြန်လည်သုံးသပ်ပြီး ဆောင်ရွက်သင့်တာတွေကို အရေးတကြီး လုပ်ဆောင်သင့်တယ်လို့လည်း ဦးအောင်မျိုးမင်းက အကြံပြုပါတယ်။

“နိုင်ငံတကာက ဒီ Report တွေ အစီရင်ခံစာတွေ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံအပေါ် အရေးယူဆောင်ရွက်ချက်တွေ တဖြေးဖြေးတိုးတက်လာတာ ဒါကျနော် ငြင်းလို့မရဘူး။ ဒါပေမယ့် အစိုးရတရပ်က ဒါကိုဘယ်လောက်အထိ လက်ခံသလဲဆိုရင် ကျနော်တို့နိုင်ငံ အစိုးရအနေနဲ့ကတော့ ဒီလိုထောက်ပြချက်တွေကို ငါတို့ပြည်တွင်းမှာလည်း အရေးယူလုပ်ဆောင်ပါတယ် ဆိုတဲ့ပုံစံနဲ့ ချဉ်းကပ်ဖြေရှင်းတာ တွေ့ရတဲ့အတွက် ကျနော်တို့အစိုးရရဲ့ နိုင်ငံတကာရဲ့ ထောက်ပြချက်အပေါ်မှာ ပူးပေါင်းဆောင်ရွက် တဲ့အပိုင်းကတော့ လက်ရှိအခြေအနေအထိ အားနည်းနေသေးတာ တွေ့ရပါတယ်။

HRW ထောက်ပြသလိုပဲ စစ်ဖြစ်နေတဲ့တိုင်းရင်းဒေသတွေထဲ အထူးသဖြင့် ရခိုင်ပြည်နယ်ထဲက စစ်ရေးအခြေအနေတွေဟာ ရခိုင်ပြည်နယ်ထဲ ကျန်ခဲ့တဲ့ ရိုဟင်ဂျာလူနည်းစုတွေအတွက် အသက်ဘေးစိုးရိမ်စရာအခြေအနေအပြင် ရခိုင်ဒေသခံတွေ အားလုံးအတွက်ပါ အန္တရာယ် အလွန်များနေတဲ့ အနေအထားဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ်ဘက်တိမ်းရှောင်နေရဆဲ ဒုက္ခသည်တွေ နေရပ်ရင်းပြန်ရေးအတွက်ပါ မရေမရာဖြစ် နေတယ်လို့ ဘာလုခါလီဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်ဦးအီစလံကပြောပါတယ်။

“ အခု ရခိုင်ပြည်နယ်မှာဆိုရင် တော်တော်လေး ဆိုးဆိုးဝါးဝါးနဲ့ သူတို့ ခံစားနေရတာကို တွေ့ရပါတယ်။ အထူးသဖြင့် ရိုဟင်ဂျာ မွတ်ဆလင်တွေက နေ့စဉ်နဲ့အမျှ လူနည်းစုအဖြစ် အနိုင်ကျင့်ခံနေရတာကို နေ့စဉ်နဲ့အမျှ ကြားနေရပါတယ်။ အဲဒါအတွက်ကြောင့် HRW ဘက်က နိုင်ငံတကာအသိုင်းဝိုင်းအနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် အတူတကွ လုပ်ဆောင်ပေးဖို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။ နောက်မြန်မာအစိုးရကိုလည်း ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ လူမျိုးတွေအားလုံးအတွက် အတူယှဉ်တွဲနေထိုင်ရေးအတွက် ဆောင်ရွက်ပေးဖို့လည်း ကျနော်တို့ တောင်းဆိုချင်ပါတယ်။”

ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ မြန်မာနိုင်ငံဘက်ကတော့ ဒီဒုက္ခသည်တွေ နေရပ်ပြန်ရေး စနစ်တကျ စီစဉ်နေပါတယ်လို့ တစိုက်မတ်မတ်ပြောဆိုနေတာပါ။ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်က လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာသုံးသပ်ထားတဲ့ ဒီအစီရင်ခံစာထဲမှာတော့ ရှမ်း၊ ကချင်၊ ကရင်နဲ့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လေးလေးနက်နက်စုံစမ်းဖို့ နိုင်ငံတကာရဲ့တောင်းဆိုမှုကို မြန်မာအစိုးရက ဆက်ပြီး ငြင်းဆန်နေပြီး ပဋိပက္ခဖြစ်နေတဲ့နေရာတွေကို လူ့အခွင့်အရေးလေ့လာသူတွေ၊ သတင်းထောက်တွေသွားခွင့် မရတာနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့တွေကို အရေးကြီးတဲ့ ထောက်ပံ့ကူညီမှုတွေ သွားရောက်ပေးခွင့် မပြုဘူးတဲ့ အခြေအနေဖြစ်နေတယ်ဆိုတာကိုHuman Rights Watch လူ့အခွင့်အရေးအဖွဲ့ က ၂၀၂၀ အစီရင်ခံစာထဲ ထုတ်ပြန်လိုက်ပါတယ်။

မဆုမြန္/VOA (Burmese)
https://burmese.voanews.com
ျမန္မာ့လူ႔အခြင့္အေရးဆိုးဝါးမႈ HRW အစီရင္ခံစာထဲ ေဖာ္ျပ ျမန္မာ့လူ႔အခြင့္အေရးဆိုးဝါးမႈ HRW အစီရင္ခံစာထဲ ေဖာ္ျပ Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.