Coronavirus ကိစၥ တကမာၻလုံး သတိထားဖို႔ WHO တပ္လွန႔္ႏႈိးေဆာ္

Wuhan ၿမိဳ႕က ၀ူဟန္ တကၠသိုလ္ Zhongnan ေဆးရံုမွာ Coronavirus ကူးစက္ခံ လူနာတဦးကို ကုသမႈေပး။ ဇန္န၀ါရီ ၂၈ ၂၀၂၀
(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံမွာ မႀကဳံစဖူး Coronavirus ေရာဂါ ကူးစက္ျပန႔္ပြားမႈနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ တ႐ုတ္အစိုးရဟာလည္း ဒါကို ဟန႔္တား ကာကြယ္ႏိုင္ဖို႔ မလုပ္စဖူးတဲ့ အတိုင္းအတာနဲ႔ ေဆာင္႐ြက္ေနေၾကာင္း WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးရဲ႕ အေရးေပၚဌာန အႀကီးအကဲ ေဒါက္တာ Michael Ryan က ေျပာပါတယ္။

ဒီဗိုင္းရပ္စ္ေၾကာင့္ လက္ရွိအခ်ိန္ထိ အနည္းဆုံး လူ ၁၃၂ ဦး ေသဆုံးၿပီး ၆,၀၀၀ နီးပါး ေရဂါပိုး ကူးစက္ခံထားရတာေၾကာင့္ တကမာၻလုံးက ဒီကိစၥကို သတိထား ေစာင့္ၾကည့္ၾကဖို႔ လိုအပ္ေၾကာင္း ေျပာပါတယ္။

“တကမာၻလုံးက အခုခ်ိန္မွာ သတိနဲ႔ေစာင့္ၾကည့္ဖို႔ လိုအပ္ေနပါၿပီ။ ဒီ ဗိုင္းရပ္စ္ စတင္ျဖစ္ပြားတဲ့ေနရာ အပါအဝင္ တျခား ကူးစက္မႈရွိတဲ့ ေနရာေတြကေန ကူးစက္ ျပန႔္ပြားလာႏိုင္ေျခရွိတဲ့ အေျခအေနေတြ အတြက္ တကမာၻလုံးက ႀကိဳတင္ ျပင္ဆင္ထားၾကဖို႔ လိုအပ္ေနပါၿပီ။”

Coronavirus နဲ႔ပတ္သက္လို႔ တ႐ုတ္ႏိုင္ငံ၊ ေဘဂ်င္းၿမိဳ႕မွာ သမၼတ ရွီက်င့္ဖ်င္ အပါအဝင္ တ႐ုတ္အစိုးရ အရာရွိေတြနဲ႔ ေတြ႕ဆုံ ေဆြးေႏြးၿပီး ျပန္ေရာက္လာတဲ့ အခ်ိန္ ေဒါက္တာ Ryan က ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်နီဗာၿမိဳ႕မွာ သတင္းေထာက္ေတြကို ဗုဒၶဟူးေန႔က အဲဒီလို ေျပာၾကားလိုက္တာပါ။

ဗိုင္းရပ္စ္ပိုး စတင္ျဖစ္ပြားတဲ့ Hubei ျပည္နယ္၊ Wuhan ၿမိဳ႕ဟာ အဓိကေနရာအျဖစ္ အခုခ်ိန္ထိ ရွိေနၿပီး ေရာဂါနဲ႔ဆိုင္တဲ့ အခ်က္အလက္ေတြဟာ နာရီနဲ႔အမွ် ေျပာင္းလဲေနတာေၾကာင့္ ေျပာင္းလဲမႈနဲ႔အညီ သတင္းထုတ္ျပန္ေပးေနေၾကာင္း ေဒါက္တာ Ryan က ေျပာပါတယ္။

Coronavirus စတင္ျဖစ္ပြားတဲ့ အခ်ိန္ကစလို႔ ဗိုင္းရပ္စ္ပိုးနဲ႔ ဆိုင္တဲ့ အေသးစိတ္ အခ်က္အလက္ေတြကို ပြင့္လင္းျမင္သာမႈရွိစြာ တ႐ုတ္အစိုးရက ထုတ္ျပန္ေပးေနတယ္လို႔ သူ႔အေနနဲ႔ ယူဆေၾကာင္းလည္း ေဒါက္တာ Michael Ryan က ေျပာပါတယ္။


(Unicode)

Coronavirus ကိစ္စ တကမ္ဘာလုံး သတိထားဖို့ WHO တပ်လှန့်နှိုးဆော်

တရုတ်နိုင်ငံမှာ မကြုံစဖူး Coronavirus ရောဂါ ကူးစက်ပြန့်ပွားမှုနဲ့ ရင်ဆိုင်နေရတာကြောင့် တရုတ်အစိုးရဟာလည်း ဒါကို ဟန့်တား ကာကွယ်နိုင်ဖို့ မလုပ်စဖူးတဲ့ အတိုင်းအတာနဲ့ ဆောင်ရွက်နေကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အရေးပေါ်ဌာန အကြီးအကဲ ဒေါက်တာ Michael Ryan က ပြောပါတယ်။

ဒီဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်ထိ အနည်းဆုံး လူ ၁၃၂ ဦး သေဆုံးပြီး ၆,၀၀၀ နီးပါး ရေဂါပိုး ကူးစက်ခံထားရတာကြောင့် တကမ္ဘာလုံးက ဒီကိစ္စကို သတိထား စောင့်ကြည့်ကြဖို့ လိုအပ်ကြောင်း ပြောပါတယ်။

“တကမ္ဘာလုံးက အခုချိန်မှာ သတိနဲ့စောင့်ကြည့်ဖို့ လိုအပ်နေပါပြီ။ ဒီ ဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့နေရာ အပါအဝင် တခြား ကူးစက်မှုရှိတဲ့ နေရာတွေကနေ ကူးစက် ပြန့်ပွားလာနိုင်ခြေရှိတဲ့ အခြေအနေတွေ အတွက် တကမ္ဘာလုံးက ကြိုတင် ပြင်ဆင်ထားကြဖို့ လိုအပ်နေပါပြီ။”

Coronavirus နဲ့ပတ်သက်လို့ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ သမ္မတ ရှီကျင့်ဖျင်အပါအဝင် တရုတ်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ပြန်ရောက်လာတဲ့ အချိန် ဒေါက်တာ Ryan က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့က အဲဒီလို ပြောကြားလိုက်တာပါ။

ဗိုင်းရပ်စ်ပိုး စတင်ဖြစ်ပွားတဲ့ Hubei ပြည်နယ်၊ Wuhan မြို့ဟာ အဓိကနေရာအဖြစ် အခုချိန်ထိ ရှိနေပြီး ရောဂါနဲ့ဆိုင်တဲ့ အချက်အလက်တွေဟာ နာရီနဲ့အမျှ ပြောင်းလဲနေတာကြောင့် ပြောင်းလဲမှုနဲ့အညီ သတင်းထုတ်ပြန်ပေးနေကြောင်း ဒေါက်တာ Ryan က ပြောပါတယ်။

Coronavirus စတင်ဖြစ်ပွားတဲ့ အချိန်ကစလို့ ဗိုင်းရပ်စ်ပိုးနဲ့ ဆိုင်တဲ့ အသေးစိတ် အချက်အလက်တွေကို ပွင့်လင်းမြင်သာမှုရှိစွာ တရုတ်အစိုးရက ထုတ်ပြန်ပေးနေတယ်လို့ သူ့အနေနဲ့ ယူဆကြောင်းလည်း ဒေါက်တာ Michael Ryan က ပြောပါတယ်

VOA (Burmese)
https://burmese.voanews.com
Coronavirus ကိစၥ တကမာၻလုံး သတိထားဖို႔ WHO တပ္လွန႔္ႏႈိးေဆာ္ Coronavirus ကိစၥ တကမာၻလုံး သတိထားဖို႔ WHO တပ္လွန႔္ႏႈိးေဆာ္ Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.