Corona ဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၁၇၀ထိ တိုးလာ


(Zawgyi/ Unicode)

တ႐ုတ္ႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ လူ ၁၇၀ ထက္မနည္း ေသဆုံးၿပီး ကူးစက္သူ ၈ ေထာင္ေလာက္အထိ တုိးလာခ်ိန္မွာပဲ ျပည္ပႏုိင္ငံေတြမွာ ေနာက္ထပ္ ကူးစက္မႈေတြ ရွိေနပါတယ္။ ဒီေန႔မွာပဲ အိႏၵိယ၊ ဖိလစ္ပုိင္ႏုိင္ငံေတြမွာ ပထမဆုံး ဗုိင္းရပ္စ္ကူးစက္သူေတြ ေတြ႔ရွိခဲ့ေၾကာင္း အတည္ျပဳခဲ့ၾကတာပါ။

အိႏၵိယႏုိင္ငံေတာင္ပုိင္း Kerala ၿမိဳ႕မွာ Wuhan တကၠသုိလ္မွာ တက္ေနတဲ့ ေက်ာင္းသား ေရာဂါကူးစက္ေနတာ ေတြ႔ခဲ့ရၿပီးေနာက္ သီးသန္႔ခဲြထားၿပီး ေစာင့္ၾကည့္ေနေၾကာင္းလည္း တာ၀န္ရွိသူေတြက ေျပာပါတယ္။ ဖိလစ္ပုိင္ႏုိင္ငံမွာလည္း Wuhan ၿမိဳ႕ကလာတဲ့ အသက္ ၃၈ ႏွစ္အရြယ္ အမ်ဳိးသမီးတဦးမွာ ဗုိင္းရပ္စ္ပုိးရွိေနတာ ေတြ႔ရေပမဲ့ ေရာဂါလကၡဏာ မရွိေတာ့ေၾကာင္း သတင္းေတြက ေဖာ္ျပခဲ့ၾကတာပါ။

ဒီလ ၂၁ ရက္ေန႔က ဖိလစ္ပုိင္ကုိလာခဲ့တဲ့ အမ်ဳိးသမီးဟာ ၄ ရက္အၾကာမွာ ေဆးကုသဖုိ႔ အကူအညီေတာင္းခံခဲ့ရာက ေဆး႐ုံတင္ ကုသေပးခဲ့ရတယ္လုိ႔လည္း ဆုိပါတယ္။ တ႐ုတ္ႏုိင္ငံျပင္ပက ဗုိင္းရပ္စ္ပုိး ကူးစက္ေနတဲ့ ႏုိင္ငံနဲ႔ ေဒသေပါင္း ၂၀ ေလာက္မွာ ထုိင္းႏုိင္ငံကေတာ့ ကူးစက္သူ ၁၄ ေယာက္နဲ႔ အမ်ားဆုံးပါ။

အာရွ ပစိဖိတ္ေဒသက ဗုိင္းရပ္စ္ပုိးပ်ံ႕ႏွံ႔ေနတဲ့ အထဲမွာေတာ့ ၾသစေၾတးလ်၊ ေဟာင္ေကာင္၊ မကာအုိ၊ ထုိင္၀မ္၊ ဂ်ပန္၊ ေတာင္ကုိရီးယား၊ စကၤာပူ၊ မေလးရွား၊ ကေမာၻဒီးယား၊ အိႏၵိယ၊ နီေပါ၊ ဖိလစ္ပုိင္၊ သီရိလကၤာ၊ ထုိင္း၊ ဗီယက္နမ္ ႏုိင္ငံေတြ ပါ၀င္ၾကပါတယ္။ ေျမာက္အေမရိကတုိက္မွာေတာ့ အေမရိကန္ ျပည္ေထာင္စုမွာ ကူးစက္သူ ၅ ေယာက္နဲ႔ ကေနဒါႏုိင္ငံမွာေတာ့ ကူးစက္ခံရသူ ၂ ေယာက္ရွိေၾကာင္း အတည္ျပဳထားတာပါ။

ဥေရာပမွာလည္း ျပင္သစ္၊ ဂ်ာမနီ၊ နဲ႔ ဖင္လန္ႏုိင္ငံေတြအထိ ကူးစက္သူေတြ ေတြ႔ရွိထားၿပီး အေရွ႕အလယ္ပုိင္းေဒသမွာေတာ့ ပထမဆုံးအျဖစ္ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု (UAE) မွာ မေန႔တုန္းကပဲ ပထမဆုံးကူးစက္မႈကုိ အတည္ျပဳထားပါတယ္။ Wuhan ၿမိဳ႕ကေရာက္လာတဲ့ တ႐ုတ္မိသားစုမွာ ၄ ေယာက္စလုံး ဗုိင္းရပ္စ္ပုိးရွိေနတာကုိ ရက္အေတာ္ၾကာေတာ့မွ အတည္ျပဳႏုိင္ခဲ့တာ ျဖစ္ေၾကာင္းလည္း တာ၀န္ရွိသူေတြက ေျပာပါတယ္။

......................

Corona ဗိုင်းရပ်ကြောင့် သေဆုံးသူ ၁၇၀ထိ တိုးလာ

(Unicode)

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁၇၀ ထက်မနည်း သေဆုံးပြီး ကူးစက်သူ ၈ ထောင်လောက်အထိ တိုးလာချိန်မှာပဲ ပြည်ပနိုင်ငံတွေမှာ နောက်ထပ် ကူးစက်မှုတွေ ရှိနေပါတယ်။ ဒီနေ့မှာပဲ အိန္ဒိယ၊ ဖိလစ်ပိုင်နိုင်ငံတွေမှာ ပထမဆုံး ဗိုင်းရပ်စ်ကူးစက်သူတွေ တွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့ကြတာပါ။

အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala မြို့မှာ Wuhan တက္ကသိုလ်မှာ တက်နေတဲ့ ကျောင်းသား ရောဂါကူးစက်နေတာ တွေ့ခဲ့ရပြီးနောက် သီးသန့်ခွဲထားပြီး စောင့်ကြည့်နေကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာလည်း Wuhan မြို့ကလာတဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတဦးမှာ ဗိုင်းရပ်စ်ပိုးရှိနေတာ တွေ့ရပေမဲ့ ရောဂါလက္ခဏာ မရှိတော့ကြောင်း သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

ဒီလ ၂၁ ရက်နေ့က ဖိလစ်ပိုင်ကိုလာခဲ့တဲ့ အမျိုးသမီးဟာ ၄ ရက်အကြာမှာ ဆေးကုသဖို့ အကူအညီတောင်းခံခဲ့ရာက ဆေးရုံတင် ကုသပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။ တရုတ်နိုင်ငံပြင်ပက ဗိုင်းရပ်စ်ပိုး ကူးစက်နေတဲ့ နိုင်ငံနဲ့ ဒေသပေါင်း ၂၀ လောက်မှာ ထိုင်းနိုင်ငံကတော့ ကူးစက်သူ ၁၄ ယောက်နဲ့ အများဆုံးပါ။

အာရှ ပစိဖိတ်ဒေသက ဗိုင်းရပ်စ်ပိုးပျံ့နှံ့နေတဲ့ အထဲမှာတော့ သြစတြေးလျ၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်္ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ နီပေါ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတွေ ပါဝင်ကြပါတယ်။ မြောက်အမေရိကတိုက်မှာတော့ အမေရိကန် ပြည်ထောင်စုမှာ ကူးစက်သူ ၅ ယောက်နဲ့ ကနေဒါနိုင်ငံမှာတော့ ကူးစက်ခံရသူ ၂ ယောက်ရှိကြောင်း အတည်ပြုထားတာပါ။

ဥရောပမှာလည်း ပြင်သစ်၊ ဂျာမနီ၊ နဲ့ ဖင်လန်နိုင်ငံတွေအထိ ကူးစက်သူတွေ တွေ့ရှိထားပြီး အရှေ့အလယ်ပိုင်းဒေသမှာတော့ ပထမဆုံးအဖြစ် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) မှာ မနေ့တုန်းကပဲ ပထမဆုံးကူးစက်မှုကို အတည်ပြုထားပါတယ်။ Wuhan မြို့ကရောက်လာတဲ့ တရုတ်မိသားစုမှာ ၄ ယောက်စလုံး ဗိုင်းရပ်စ်ပိုးရှိနေတာကို ရက်အတော်ကြာတော့မှ အတည်ပြုနိုင်ခဲ့တာ ဖြစ်ကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။

VOA (Burmese)
https://burmese.voanews.com
Corona ဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၁၇၀ထိ တိုးလာ Corona ဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၁၇၀ထိ တိုးလာ Reviewed by THITHTOOLWIN on 21:29 Rating: 5
Powered by Blogger.