Corona ဗိုင္းရပ္စ္ ရေနာင္း-ေကာ့ေသာင္း နယ္စပ္ဂိတ္မွာ စစ္မယ္

Corona ဗုိင္းရပ္စ္ ကာကြယ္ႏုိင္ေရး ထုိင္းႏုိင္ငံ သုဝဏၰဘူမိေလဆိပ္သုိ႔ ဆုိက္ေရာက္လာသည့္ ခရီးသည္တခ်ဳိ႕ မ်က္ႏွာဖုံးတပ္ဆင္လာၾက။ (ဇန္နဝါရီ ၂၄၊ ၂၀၂၀)

(Zawgyi / Unicode)

Corona ဗုိင္းရပ္စ္ သံသယရွိသူ ႏုိင္ငံျခားသားတဦး ထိုင္းေတာင္ပုိင္းမွာ ေတြ႔ရွိၿပီးေနာက္ ထိုုင္း-ျမန္မာနယ္စပ္ တနသၤာရီတိုင္း ေကာ့ေသာင္းၿမိဳ႕တဖက္ကမ္း ရေနာင္းခ႐ုိင္ နယ္စပ္ဂိတ္ေတြမွာ Corona ဗိုင္းရပ္စ္ ရွိမရွိ စစ္ေဆးမႈလုပ္ငန္းေတြကုိ ထိုင္းႏုိင္ငံဘက္က စတင္လုပ္ေဆာင္လာပါတယ္။ အျပည့္အစုံကုိ ဗြီအိုေအ ျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

Corona ေရာဂါပိုး ကူးစက္ခံရသူ ၅ ဦးရွိေနေၾကာင္း တရား၀င္ ထုတ္ျပန္ထားတဲ့ ထိုင္းႏုိင္ငံမွာ ဇန္န၀ါရီလ ၂၅ ရက္ေန႔ကစၿပီး ထိုင္း-ျမန္မာနယ္စပ္ ရေနာင္းခ႐ုိင္္ စစ္ေဆးေရးဂိတ္ေတြမွာ Corona ဗိုင္းရပ္စ္ ထိန္းခ်ဳပ္ကာကြယ္ေရးေတြကို စတင္လုပ္ေဆာင္လာတာပါ။ ထိုင္းစစ္ေဆးေရးဂိတ္ေတြမွာ ထိုင္းလ၀က ၀န္ထမ္းေတြနဲ႔အတူ ထုိင္းက်န္းမာေရးအဖြဲ႔က ေစာင့္ၾကည့္စစ္ေဆးေနတာပါ။

    Corona ဗိုင္းရပ္ ထိန္းခ်ဳပ္ႏိုင္ေရး တ႐ုတ္အစုိးရရဲ႕ လုပ္ေဆာင္ခ်က္ ဖတ္႐ႈရန္။

ထိုင္းက်န္းမာေရး ဒု၀န္ႀကီး ႏုိင္ဆာထစ္ပတူေဒခ်ာကေတာ့ သတင္းေထာက္ေတြကို အခုလို ေျပာသြားပါတယ္။

“ထုိင္းက်န္းမာေရး၀န္ႀကီးဌာန အေနနဲ႔ သံသယရွိတဲ့လူေတြကို ေခၚၿပီး အေသးစိတ္ စစ္ေဆးမႈေတြ လုပ္ေနပါတယ္။ ကုိယ္အပူခ်ိန္ ျမင့္တက္ေနတဲ့သူ၊ ဖ်ားနာေနတဲ့သူ ဆုိရင္ ေရာဂါပုိးအေျခအေနကို အေသးစိတ္ စစ္ေဆးေနတာပါ။ ဗိုင္းရပ္စ္ေရာဂါပုိးေတြ ရွိတယ္ဆိုရင္ အေရးေပၚ ေရာဂါတိုက္ဖ်က္ေရး ေဆး႐ုံကုိပုိ႔ၿပီး ကုသမႈေတြကို ၾကပ္ၾကပ္မတ္မတ္ လုပ္ေဆာင္ေနပါတယ္။”

ထိုင္း-ျမန္မာနယ္စပ္ ထိုင္းေတာင္ပုိင္း နယ္စပ္ၿမိဳ႕ေတြမွာေတာ့ တ႐ုတ္ႏုိင္ငံကလာတဲ့ ကမၻာလွည့္ခရီးသြားေတြကုိ က်န္းမာေရးစစ္ေဆးမႈေတြ လုပ္လာပါတယ္။ ဒါ့အျပင္ ထုိင္း-ျမန္မာနယ္စပ္မွာ ရေနာင္းခ႐ုိင္ အမွတ္ ၆ ေဒသရဲမွဴး Phairat Phukcharoen ကိုယ္တိုင္ ဦးေဆာင္ၿပီး Corona ဗိုင္းရပ္စ္ ကာကြယ္ေရး ပညာေပးလုပ္ငန္းေတြကို လုပ္ေဆာင္ေနပါတယ္။

တ႐ုတ္ႏွစ္သစ္ကူးကာလမွာ တ႐ုတ္ခရီးသြား အမ်ားအျပား ထိုုင္းႏုိင္ငံကို လာေရာက္ လည္ပတ္ေနၾကပါတယ္။ အထူးသျဖင့္ ေရာဂါပိုး စတင္ျဖစ္ပြားခဲ့တဲ့ ၀ူဟန္ၿမိဳ႕ကေန ေရာက္လာတဲ့ ခရီးသြားေတြမွာ Corona ေရာဂါပိုး ကူးဆက္လာရာကေန ထိုင္းႏိုင္ငံမွာလည္း ေရာဂါပုိး ကူးစက္ခံရသူ ၅ ဦးထိ ရွိလာတာပါ။

ဇန္န၀ါရီလ ၂၅ ရက္ေန႔ ေနာက္ဆံုးသတင္းေတြအရ ထိုင္းေတာင္ပုိင္း ဟြာဟင္ၿမိဳ႕ဘက္မွာ Corona ဗိုင္းရပ္စ္ပိုး သံသယရွိသူ ႏို္င္ငံျခားသား ေနာက္တဦး ေတြ႔ရွိခဲ့ၿပီးတဲ့ေနာက္ အခုလို ထုိင္းေတာင္ပုိင္းက နယ္စပ္ေတြမွာ က်န္းမာေရးစစ္ေဆးမႈေတြ လုပ္လာတာျဖစ္ပါတယ္။

ထုိင္းႏုိင္ငံဟာ Corona ဗိုင္းရပ္စ္ေရာဂါပုိး ကူးဆက္ခံရမႈ အမ်ားဆံုး ၅ ႏိုင္ငံမွာ ပါ၀င္ပါတယ္။

--------------------------------------

(Unicode)

Corona ဗိုင်းရပ်စ် ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်မှာ စစ်မယ်

Corona ဗိုင်းရပ်စ် သံသယရှိသူ နိုင်ငံခြားသားတဦး ထိုင်းတောင်ပိုင်းမှာ တွေ့ရှိပြီးနောက် ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းမြို့တဖက်ကမ်း ရနောင်းခရိုင် နယ်စပ်ဂိတ်တွေမှာ Corona ဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးမှုလုပ်ငန်းတွေကို ထိုင်းနိုင်ငံဘက်က စတင်လုပ်ဆောင်လာပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

Corona ရောဂါပိုး ကူးစက်ခံရသူ ၅ ဦးရှိနေကြောင်း တရားဝင် ထုတ်ပြန်ထားတဲ့ ထိုင်းနိုင်ငံမှာ ဇန်နဝါရီလ ၂၅ ရက်နေ့ကစပြီး ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင် စစ်ဆေးရေးဂိတ်တွေမှာ Corona ဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေးတွေကို စတင်လုပ်ဆောင်လာတာပါ။ ထိုင်းစစ်ဆေးရေးဂိတ်တွေမှာထိုင်းလဝက ဝန်ထမ်းတွေနဲ့အတူ ထိုင်းကျန်းမာရေးအဖွဲ့က စောင့်ကြည့်စစ်ဆေးနေတာပါ။

ထိုင်းကျန်းမာရေး ဒုဝန်ကြီး နိုင်ဆာထစ်ပတူဒေချာကတော့ သတင်းထောက်တွေကို အခုလို ပြောသွားပါတယ်။

“ထိုင်းကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ သံသယရှိတဲ့လူတွေကို ခေါ်ပြီးအသေးစိတ် စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ကိုယ်အပူချိန် မြင့်တက်နေတဲ့သူ၊ ဖျားနာနေတဲ့သူ ဆိုရင် ရောဂါပိုးအခြေအနေကို အသေးစိတ် စစ်ဆေးနေတာပါ။ ဗိုင်းရပ်စ်ရောဂါပိုးတွေ ရှိတယ်ဆိုရင် အရေးပေါ် ရောဂါတိုက်ဖျက်ရေး ဆေးရုံကိုပို့ပြီး ကုသမှုတွေကို ကြပ်ကြပ်မတ်မတ် လုပ်ဆောင်နေပါတယ်။”

ထိုင်း-မြန်မာနယ်စပ် ထိုင်းတောင်ပိုင်း နယ်စပ်မြို့တွေမှာတော့တရုတ်နိုင်ငံကလာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်လာပါတယ်။ ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်မှာ ရနောင်းခရိုင် အမှတ် ၆ ဒေသရဲမှူး Phairat Phukcharoen ကိုယ်တိုင် ဦးဆောင်ပြီး Corona ဗိုင်းရပ်စ် ကာကွယ်ရေး ပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်ခရီးသွား အများအပြား ထိုင်းနိုင်ငံကို လာရောက် လည်ပတ်နေကြပါတယ်။ အထူးသဖြင့် ရောဂါပိုး စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့ကနေ ရောက်လာတဲ့ ခရီးသွားတွေမှာ Corona ရောဂါပိုး ကူးဆက်လာရာကနေ ထိုင်းနိုင်ငံမှာလည်း ရောဂါပိုး ကူးစက်ခံရသူ ၅ ဦးထိ ရှိလာတာပါ။

ဇန်နဝါရီလ ၂၅ ရက်နေ့ နောက်ဆုံးသတင်းတွေအရ ထိုင်းတောင်ပိုင်း ဟွာဟင်မြို့ဘက်မှာ Corona ဗိုင်းရပ်စ်ပိုး သံသယရှိသူ နိုင်ငံခြားသား နောက်တဦး တွေ့ရှိခဲ့ပြီးတဲ့နောက် အခုလို ထိုင်းတောင်ပိုင်းက နယ်စပ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်လာတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ Corona ဗိုင်းရပ်စ်ရောဂါပိုး ကူးဆက်ခံရမှု အများဆုံး ၅ နိုင်ငံမှာ ပါဝင်ပါတယ်။

မေအးေအးမာ/VOA (Burmese)
https://burmese.voanews.com
Corona ဗိုင္းရပ္စ္ ရေနာင္း-ေကာ့ေသာင္း နယ္စပ္ဂိတ္မွာ စစ္မယ္ Corona ဗိုင္းရပ္စ္ ရေနာင္း-ေကာ့ေသာင္း နယ္စပ္ဂိတ္မွာ စစ္မယ္ Reviewed by THITHTOOLWIN on 02:16 Rating: 5
Powered by Blogger.