တာခ်ီလိတ္မွာ ျပည္နယ္ဘ႑ာရန္ပုံေငြ ၁၀၉ သန္းေက်ာ္အသုံးျပဳၿပီး CCTV လုံၿခဳံေရး ကင္မရာမ်ား တပ္ဆင္မည္

(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ ဇန္နဝါရီ ၂

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕မွာ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္၊ ရွမ္းျပည္နယ္ဘ႑ာရန္ပုံေငြ မွ က်ပ္၁၀၉ ဒသမ ၉၀၇ သန္းနဲ႔ တာခ်ီလိတ္ၿမိဳ႕ေပၚမွာ CCTVလုံၿခဳံေရးကင္မရာေတြ တပ္ဆင္သြားမွာျဖစ္တယ္လို႔ တာခ်ီလိတ္ၿမိဳ႕နယ္၊ အမွတ္(၂)မဲဆႏၵနယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာပါတယ္။

တာခ်ီလိတ္ၿမိဳ႕မွာ လုယက္မႈ၊ ခိုးမႈ၊ လူသတ္မႈ၊ ေ႐ႊဆိုင္ေတြကိုဓါးျပတိုက္/လုယက္မႈ၊ ေသနတ္ပစ္ခတ္မႈ၊ ယာဥ္တိုက္ၿပီး ထြက္ေျပးလြတ္ေျမာက္မႈစသျဖင့္ မႈခင္းေတြ မၾကာခဏျဖစ္ပြားေလ့ရွိတဲ့အတြက္ မႈခင္းျဖစ္ပြားမႈေလ်ာ့နည္းက်ဆင္းေစရန္အတြက္ ရည္႐ြယ္ၿပီး CCTVလုံၿခဳံေရးကင္မရာေတြ တပ္ဆင္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

“ဒီလထဲမွာ တင္ဒါေခၚမယ္။ ဒီႏွစ္အတြင္း အၿပီးလလုပ္သြားမွာပါ။ တပ္ဆင္ရတဲ့ရည္႐ြယ္ခ်က္က မႈခင္းေတြ ေလ်ာ့နည္းက်ဆင္းသြားေစဖို႔ပါ။ မႈခင္းျဖစ္စဥ္ေတြကိုလည္း CCTVကေန တဆင့္ စစ္ေဆးၿပီး လ်င္လ်င္ျမန္ျမန္ေဆာင္႐ြက္သြားႏိုင္မယ္ေပါ့”လို႔ ဦးခင္ေမာင္တင့္က ေ႐ႊႀတိဂံေဒသ သတင္းဌာနကိုေျပာပါတယ္။

အဲဒီCCTVလုံၿခဳံေရးကင္မရာေတြ တပ္ဆင့္မယ့္ေနရာေတြက မယ္ယန္းပူးေပါင္းစစ္ေဆးေရးဂိတ္၊ ေဟြခိုက္႐ြာလမ္းအေကြ႕၊ ကားေလးကြင္းေရွ႕၊ အာခါေစ်းေနာက္ ဝိန္းေက်ာက္ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံး ေရွ႕၊ ပါလွ်ံ (၁) ဘုရားႀကီးေက်ာင္းေရွ႕၊ ဗိုလ္ခ်ဳပ္လမ္းေပၚရွိ ပုံလို႔လမ္းဆုံေနရာ၊ ပုံလို႔လမ္းနဲ႔ လားဟူေစ်းသြားလမ္းေထာင့္၊ ဆန္ဆိုင္းဟိုတယ္နဲ႔ ဆန္ဆိုင္းေစ်းသြားလမ္းေထာင့္၊ ၿမိဳ႕ေရွာင္လမ္းႏွင့္ ၾကက္ေျခနီ႐ုံးအနီးတံတားလမ္းေထာင့္၊ အမွတ္(၁)တံတားအဝိုင္းပတ္လည္ေနရာ၊ အမွတ္ (၁)ခ်စ္ၾကည္ေရးတံတားေပၚ၊ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးဂိတ္၊ ေလယာဥ္ကြင္းလမ္းဆုံေနရာ၊ ေ႐ႊတိဂုံဘုရားေအာက္ေျခလမ္းဆုံေနရာနဲ႔ ေ႐ႊတိဂုံရင္ျပင္ ေတာ္ေနရာနဲ႔ ေဟြရဲပူးေပါင္းစစ္ေဆးေရးဂိတ္တို႔ျဖစ္ေၾကာင္း သိရပါတယ္။

တာခ်ီလိတ္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ ၂၀၁၉ခုႏွစ္အတြင္းကလည္း ေဟာင္လိတ္လမ္းဆုံမီးပြိဳင့္၊ အာခါေစ်းမီးပြိဳင့္၊ ပါလ်ံမီးပြိဳင့္၊ ျမန္မာ-ထိုင္းအမွတ္(၂)တံတားမီးပြိဳင့္၊ ရွမ္း႐ိုးမကြင္းမီးပြိဳင့္တဲ့ ဗိုလ္ခ်ဳပ္လမ္းမေပၚက မီးပြိဳင့္(၅ )ေနရာကို အလႉရွင္ေတြရဲ႕ထည့္ဝင္ေငြေတြနဲ႔ တပ္ဆင္ထားၿပီးျဖစ္ေၾကာင္းကိုလည္း သိရပါတယ္။

သတင္း-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
---------
(Unicode)⤵⤵⤵

တာချီလိတ်မှာ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ၁၀၉ သန်းကျော်အသုံးပြုပြီး CCTV လုံခြုံရေး ကင်မရာများ တပ်ဆင်မည်

တောင်ကြီး၊ ဇန်နဝါရီ ၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေ မှ ကျပ်၁၀၉ ဒသမ ၉၀၇ သန်းနဲ့ တာချီလိတ်မြို့ပေါ်မှာ CCTVလုံခြုံရေးကင်မရာတွေ တပ်ဆင်သွားမှာဖြစ်တယ်လို့ တာချီလိတ်မြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောပါတယ်။

တာချီလိတ်မြို့မှာ လုယက်မှု၊ ခိုးမှု၊ လူသတ်မှု၊ ရွှေဆိုင်တွေကိုဓါးပြတိုက်/လုယက်မှု၊ သေနတ်ပစ်ခတ်မှု၊ ယာဉ်တိုက်ပြီး ထွက်ပြေးလွတ်မြောက်မှုစသဖြင့် မှုခင်းတွေ မကြာခဏဖြစ်ပွားလေ့ရှိတဲ့အတွက် မှုခင်းဖြစ်ပွားမှုလျော့နည်းကျဆင်းစေရန်အတွက် ရည်ရွယ်ပြီး CCTVလုံခြုံရေးကင်မရာတွေ တပ်ဆင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီလထဲမှာ တင်ဒါခေါ်မယ်။ ဒီနှစ်အတွင်း အပြီးလလုပ်သွားမှာပါ။ တပ်ဆင်ရတဲ့ရည်ရွယ်ချက်က မှုခင်းတွေ လျော့နည်းကျဆင်းသွားစေဖို့ပါ။ မှုခင်းဖြစ်စဉ်တွေကိုလည်း CCTVကနေ တဆင့် စစ်ဆေးပြီး လျင်လျင်မြန်မြန်ဆောင်ရွက်သွားနိုင်မယ်ပေါ့”လို့ ဦးခင်မောင်တင့်က ရွှေတြိဂံဒေသ သတင်းဌာနကိုပြောပါတယ်။

အဲဒီCCTVလုံခြုံရေးကင်မရာတွေ တပ်ဆင့်မယ့်နေရာတွေက မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်၊ ဟွေခိုက်ရွာလမ်းအကွေ့၊ ကားလေးကွင်းရှေ့၊ အာခါဈေးနောက် ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ရှေ့၊ ပါလျှံ (၁) ဘုရားကြီးကျောင်းရှေ့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ပုံလို့လမ်းဆုံနေရာ၊ ပုံလို့လမ်းနဲ့ လားဟူဈေးသွားလမ်းထောင့်၊ ဆန်ဆိုင်းဟိုတယ်နဲ့ ဆန်ဆိုင်းဈေးသွားလမ်းထောင့်၊ မြို့ရှောင်လမ်းနှင့် ကြက်ခြေနီရုံးအနီးတံတားလမ်းထောင့်၊ အမှတ်(၁)တံတားအဝိုင်းပတ်လည်နေရာ၊ အမှတ် (၁)ချစ်ကြည်ရေးတံတားပေါ်၊ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်၊ လေယာဉ်ကွင်းလမ်းဆုံနေရာ၊ ရွှေတိဂုံဘုရားအောက်ခြေလမ်းဆုံနေရာနဲ့ ရွှေတိဂုံရင်ပြင် တော်နေရာနဲ့ ဟွေရဲပူးပေါင်းစစ်ဆေးရေးဂိတ်တို့ဖြစ်ကြောင်း သိရပါတယ်။

တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်အတွင်းကလည်း ဟောင်လိတ်လမ်းဆုံမီးပွိုင့်၊ အာခါဈေးမီးပွိုင့်၊ ပါလျံမီးပွိုင့်၊ မြန်မာ-ထိုင်းအမှတ်(၂)တံတားမီးပွိုင့်၊ ရှမ်းရိုးမကွင်းမီးပွိုင့်တဲ့ ဗိုလ်ချုပ်လမ်းမပေါ်က မီးပွိုင့်(၅ )နေရာကို အလှူရှင်တွေရဲ့ထည့်ဝင်ငွေတွေနဲ့ တပ်ဆင်ထားပြီးဖြစ်ကြောင်းကိုလည်း သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တာခ်ီလိတ္မွာ ျပည္နယ္ဘ႑ာရန္ပုံေငြ ၁၀၉ သန္းေက်ာ္အသုံးျပဳၿပီး CCTV လုံၿခဳံေရး ကင္မရာမ်ား တပ္ဆင္မည္ တာခ်ီလိတ္မွာ ျပည္နယ္ဘ႑ာရန္ပုံေငြ ၁၀၉ သန္းေက်ာ္အသုံးျပဳၿပီး CCTV လုံၿခဳံေရး ကင္မရာမ်ား တပ္ဆင္မည္ Reviewed by THITHTOOLWIN on 22:09 Rating: 5
Powered by Blogger.