၀ူဟန္ေရာက္ ျမန္မာေက်ာင္းသူ/သားေတြကုိ အထူးေလးယာဥ္နဲ႔ ျပန္လည္ေခၚမယ္

(Zawgyi)⤵⤵⤵
ရန္ကုန္၊ ဇန္န၀ါရီ ၃၀

ဝူဟန္ၿမိဳ႕မွာ ေရာက္ရွိေနတဲ့ ျမန္မာေက်ာင္းသူ/ေက်ာင္းသားေတြကို ျမန္မာအစိုးရမွ အထူးေလယာဥ္ ေစလႊတ္ ၿပီး ျပန္လည္ေခၚယူသြားမယ္လုိ႔ ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ဇန္န၀ါရီလ ၃၀ ရက္ေန(ဒီကေန႔) မနက္ပုိင္းမွာ သတင္းထုတ္ျပန္လိုက္ပါတယ္။

လတ္တေလာ Corona Virus ျဖစ္ပြားေနတဲ့ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ဟူေပျပည္နယ္၊ ဝူဟန္ၿမိဳ႕မွာ ပညာ သင္ၾကားေနတဲ့ ျမန္မာေက်ာင္းသူ/ေက်ာင္းသား (၆၃) ဦးရွိၿပီး၊ ၎တိုကို ျမန္မာႏိုင္ငံကုိ ျပန္လည္ေခၚယူႏိုင္ ေရးအတြက္ အစီအစဥ္ေတြ လုပ္ေဆာင္ၿပီးၿပီလို႔ သိရပါတယ္။

အဲဒါေၾကာင့္ လိုအပ္တဲ့ ေလယာဥ္ျဖတ္ေက်ာ္ ပ်ံသန္းခြင့္နဲ႔ ဆင္းသက္ခြင့္ရရွိေရး၊ ေက်ာင္းသားမ်ား ျပန္လည္ ေခၚယူႏိုင္ေရးအတြက္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ အစိုးရနဲ႔ သံတမန္လမ္းေၾကာင္း ဆက္သြယ္ေဆာင္ ႐ြက္ေရး လုပ္ငန္းမ်ားကို ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။

ျပန္လည္ေရာက္ရွိလာမယ့္ ဝူဟန္ေရာက္ ေက်ာင္းသူ/ေက်ာင္းသားေတြကုိ Corona Virus ကူးစက္မႈရွိ/မရွိ လို အပ္တဲ့ က်န္းမာေရးအရ ေစာင့္ၾကပ္စစ္ေဆးမႈေတြကို စနစ္တက်ျပဳလုပ္သြားရန္လည္း က်န္းမာေရးႏွင့္ အားက စားဝန္ႀကီးဌာနမွ စီစဥ္ေဆာင္႐ြက္လ်က္ရွိတယ္လို႔ သိရပါတယ္။

ဆုသီရိစံ
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
ဝူဟန်ရောက် မြန်မာကျောင်းသူ/သားတွေကို အထူးလေးယာဉ်နဲ့ ပြန်လည်ခေါ်မယ်

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ဝူဟန်မြို့မှာ ရောက်ရှိနေတဲ့ မြန်မာကျောင်းသူ/ကျောင်းသားတွေကို မြန်မာအစိုးရမှ အထူးလေယာဉ် စေလွှတ် ပြီး ပြန်လည်ခေါ်ယူသွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၃၀ ရက်နေ(ဒီကနေ့) မနက်ပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

လတ်တလော Corona Virus ဖြစ်ပွားနေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှာ ပညာ သင်ကြားနေတဲ့ မြန်မာကျောင်းသူ/ကျောင်းသား (၆၃) ဦးရှိပြီး၊ ၎င်းတိုကို မြန်မာနိုင်ငံကို ပြန်လည်ခေါ်ယူနိုင် ရေးအတွက် အစီအစဉ်တွေ လုပ်ဆောင်ပြီးပြီလို့ သိရပါတယ်။

အဲဒါကြောင့် လိုအပ်တဲ့ လေယာဉ်ဖြတ်ကျော် ပျံသန်းခွင့်နဲ့ ဆင်းသက်ခွင့်ရရှိရေး၊ ကျောင်းသားများ ပြန်လည် ခေါ်ယူနိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရနဲ့ သံတမန်လမ်းကြောင်း ဆက်သွယ်ဆောင် ရွက်ရေး လုပ်ငန်းများကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြန်လည်ရောက်ရှိလာမယ့် ဝူဟန်ရောက် ကျောင်းသူ/ကျောင်းသားတွေကို Corona Virus ကူးစက်မှုရှိ/မရှိ လို အပ်တဲ့ ကျန်းမာရေးအရ စောင့်ကြပ်စစ်ဆေးမှုတွေကို စနစ်တကျပြုလုပ်သွားရန်လည်း ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ဆုသီရိစံ
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
၀ူဟန္ေရာက္ ျမန္မာေက်ာင္းသူ/သားေတြကုိ အထူးေလးယာဥ္နဲ႔ ျပန္လည္ေခၚမယ္ ၀ူဟန္ေရာက္ ျမန္မာေက်ာင္းသူ/သားေတြကုိ အထူးေလးယာဥ္နဲ႔ ျပန္လည္ေခၚမယ္ Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.