ေတာင္ကုတ္ၿမိဳ႕နယ္၌ လက္လုပ္မိုင္းႏွစ္လုံးေပါက္ကြဲ၊ အမ်ိဳးသားတစ္ဦးဒဏ္ရာရ

(Zawgyi)⤵⤵⤵
ေနျပည္ေတာ္ ဇန္နဝါရီ ၉

ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္၌ ဇန္နဝါရီ ၇ ရက္က လက္လုပ္မိုင္း ႏွစ္လုံးေပါက္ကြဲသျဖင့္ အမ်ိဳးသားတစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ေတာင္ကုတ္ၿမိဳ႕နယ္ ကင္းေျခေက်း႐ြာအနီး အမ္း-ေက်ာက္ျဖဴသြား ကားလမ္း၌ ဇန္နဝါရီ ၇ ရက္ နံနက္ ၁၁ နာရီ မိနစ္ ၄၀ ခန႔္က ဧရာ၀တီတိုင္းေဒသႀကီး ႀကံခင္းၿမိဳ႕ေန ဦးေအာင္ေမာင္း ေမာင္းႏွင္ၿပီး ယာဥ္အကူ ဦးျမင့္ဦး (၄၉ ႏွစ္)လိုက္ပါလာသည့္ 5C/---- TE ေျခာက္ဘီးယာဥ္သည္ ျပည္ၿမိဳ႕မွ ေက်ာက္ျဖဴၿမိဳ႕သို႔ အိမ္သုံးပစၥည္း၊ စားေသာက္ ကုန္မ်ားႏွင့္ ဘိလပ္ေျမအိတ္မ်ားပို႔ေဆာင္ၿပီး ျပည္ၿမိဳ႕သို႔ ျပန္လည္ထြက္ခြာလာစဥ္ ကင္းေျခေက်း႐ြာႏွင့္ မအီၿမိဳ႕ၾကား မိုင္တိုင္အမွတ္(၄၄/၇) အေရာက္ လမ္းယာဘက္ျခမ္း ေလးေပခန႔္အကြာမွ လက္လုပ္မိုင္းႏွစ္လုံး ေပါက္ကြဲခဲ့ေၾကာင္း၊ မိုင္းေပါက္ကြဲမႈေၾကာင့္ ယာဥ္၏ ယာဘက္ေလကာမွန္ကြဲေၾကပ်က္စီးၿပီး ယာဥ္အကူ ဦးျမင့္ဦး၏ ညာဘက္နား႐ြက္တြင္ ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ မအီနယ္ေျမရဲစခန္း၌ အၾကမ္းဖက္တိုက္ဖ်က္ေရး ဥပေဒျဖင့္ အမႈဖြင့္အေရးယူေဆာင္႐ြက္လ်က္ ရွိေၾကာင္း သတင္းရရွိသည္။

ရဲျပန္ၾကား
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
----------
(Unicode)⤵⤵⤵
တောင်ကုတ်မြို့နယ်၌ လက်လုပ်မိုင်းနှစ်လုံးပေါက်ကွဲ၊ အမျိုးသားတစ်ဦးဒဏ်ရာရ

နေပြည်တော် ဇန်နဝါရီ ၉

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၌ ဇန်နဝါရီ ၇ ရက်က လက်လုပ်မိုင်း နှစ်လုံးပေါက်ကွဲသဖြင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ် ကင်းခြေကျေးရွာအနီး အမ်း-ကျောက်ဖြူသွား ကားလမ်း၌ ဇန်နဝါရီ ၇ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်က ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နေ ဦးအောင်မောင်း မောင်းနှင်ပြီး ယာဉ်အကူ ဦးမြင့်ဦး (၄၉ နှစ်)လိုက်ပါလာသည့် 5C/---- TE ခြောက်ဘီးယာဉ်သည် ပြည်မြို့မှ ကျောက်ဖြူမြို့သို့ အိမ်သုံးပစ္စည်း၊ စားသောက် ကုန်များနှင့် ဘိလပ်မြေအိတ်များပို့ဆောင်ပြီး ပြည်မြို့သို့ ပြန်လည်ထွက်ခွာလာစဉ် ကင်းခြေကျေးရွာနှင့် မအီမြို့ကြား မိုင်တိုင်အမှတ်(၄၄/၇) အရောက် လမ်းယာဘက်ခြမ်း လေးပေခန့်အကွာမှ လက်လုပ်မိုင်းနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်၏ ယာဘက်လေကာမှန်ကွဲကြေပျက်စီးပြီး ယာဉ်အကူ ဦးမြင့်ဦး၏ ညာဘက်နားရွက်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် မအီနယ်မြေရဲစခန်း၌ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ေတာင္ကုတ္ၿမိဳ႕နယ္၌ လက္လုပ္မိုင္းႏွစ္လုံးေပါက္ကြဲ၊ အမ်ိဳးသားတစ္ဦးဒဏ္ရာရ ေတာင္ကုတ္ၿမိဳ႕နယ္၌ လက္လုပ္မိုင္းႏွစ္လုံးေပါက္ကြဲ၊ အမ်ိဳးသားတစ္ဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 09:24 Rating: 5
Powered by Blogger.