ႏုိင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ စစ္ကုိင္းခရီးစဥ္ စတင္

ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ စစ္ကိုင္းတုိင္းေဒသၾကီး ခႏၱီးၿမိဳ႔ကိုေရာက္ရွိ (MOI)

(Zawgyi / Unicode)

ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီကေန႔ စစ္ကိုင္းတုိင္းေဒသၾကီး ခႏၱီးၿမိဳ႔ကိုသြားေရာက္ခဲ့ၿပီး အဲဒီကတဆင့္ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ နန္းယြန္ၿမိဳ႔နယ္မွာ လူထုေတြ႔ဆံုပဲြက်င္းပပါတယ္။ စစ္ကိုင္းတိုင္းေဒသၾကီးအတြင္း ခရီးစဥ္မွာေတာ့ အနည္းဆံုး ၿမိဳ႔၇ ၿမိဳ႔ကို သြားေရာက္ဖုိ႔ရိွသလို အိႏိၵယျမန္မာနယ္စပ္က တမူးၿမိဳ႔မွာလည္း လူထုေတြ႔ဆံုပဲြက်င္းပဖုိ႔ ရိွေနပါတယ္။ ဒီသတင္းကို ဗီြအုိေအျမန္မာပိုင္းရဲ႕သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ဟာ ေဒသခံ ျပည္သူလူထုနဲ႔ ေတြ႔ဆံုၿပီး ေဒသဖံြ႔ျဖိဳးေရး၊ တရားဥပေဒစိုးမိုးေရးစတဲ့ ကိစၥရပ္ေတြကို ေမးျမန္း၊ ေဆြးေႏြးဖို႔ အတြက္ စစ္ကိုင္းတုိင္းေဒသၾကီး အထက္ပိုင္းကို ဒီကေန႔ ခရီးစတင္ခဲ့တာပါ။

ဒီေန႔သြားေရာက္မယ့္ ေနရာေဒသေတြကို စစ္ကိုင္းတိုင္းအစိုးရအဖဲြ႔က စည္ပင္သာယာေရး၀န္ၾကီး ဦးျမင့္ၾကည္က အခုလို ေျပာပါတယ္။

“ ဒီေန႔ ခႏီၱး၊ နန္းယြန္း၊ ဟုမၼလင္း၊ ပင္လည္ဘူးေနာ္။ အဲဒါနယ္ေျမေတြမွာ ျပည္သူလူထုနဲ႔ေတြ႔ဆံုပဲြေတြ ရွင္းတာ။ အခုဆုိ ဟုမၼလင္း လာမွာ။ ဟုမၼလင္းကေနၿပီးၿပီဆို ပင္လည္ဘူးမွာ လူထုေတြ႔ဆုံပဲြလာမွာ။ အဓိကက ဒါပါ။”

ဒီကေန႔မနက္ပိုင္း ၁၀နာရီေလာက္မွာ ေလယာဥ္နဲ႔ ခႏီၱးၿမိဳ႔ကို ေရာက္ရိွၿပီး အဲဒီကေန နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ နန္းယြန္းၿမိဳ႔ကို တပ္မေတာ္ရဟတ္ယာဥ္နဲ႔ ထြက္ခြာခဲ့တာပါ။

နန္းယြန္းၿမိဳ႔မွာ လူထုေတြ႔ဆံုပဲြက်င္းပၿပီး ေဒသဖံြ႔ျဖိဳးေရးကိစၥရပ္ေတြ ေဆြးေႏြးခဲ့ေၾကာင္း နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးအဖဲြ႔၀င္ ဦးေကဆိုင္းက ေျပာပါတယ္။

“ လူထုေတြ႔ဆံုပဲြလုပ္ပါတယ္။ လူထုတင္ျပခ်က္ေတြေပါ့။ ေဒသရဲ႕ လုိအပ္ခ်က္ေပါ့။ ပညာေရး၊ က်န္းမာေရးပိုင္းမွာ လုိအပ္ခ်က္ေလးေတြ တင္ျပတာ အဲဒါျဖည့္ဆည္းေပးမယ္ေပါ့။ ေဆာင္ရြက္ေပးမယ္ ဆုိတာမ်ိဳးေတြ ေျပာသြားေပးပါတယ္။ အေထြအထူးေတာ့ မရိွပါဘူး။ ရာသီဥတုကလည္း သိပ္မေကာင္းေတာ့ အၾကာၾကီးလည္း မေတြ႔ႏိုင္ဘူးဆုိေတာ့ နာရီ၀က္ေလာက္၊ နာရီ၀က္ ေက်ာ္ေက်ာ္ေလာက္ရိွမယ္ထင္တယ္။ အဲဒါေတြ႔ၿပီး ျပန္သြားၾကတာ။ တျခားကိစၥမပါပါဘူး။ လူထုေတြ႔ဆံုပဲြအတြက္လာတာပါ။”

နန္းယြန္းၿမိဳ႔ လူထုေတြ႔ဆံုပဲြကို အေထြေထြအုပ္ခ်ဳပ္ေရးမႈးရံုးမွာက်င္းပၿပီး လူ ၃၅၀ေလာက္ တက္ေရာက္ခဲ့ေၾကာင္း ေျပာပါတယ္။

အဲဒီေနာက္မွာေတာ့ ဟုမၼလင္းၿမိဳ႔ကို ဆက္လက္ထြက္ခြာခဲ့ပါတယ္။ ခႏီၱးနဲ႔ ဟုမၼလင္းမွာ လြန္ခဲ့တဲ့ ႏွစ္က လူထုေတြ႔ဆံုပဲြျပဳလုပ္ၿပီးျဖစ္တာေၾကာင့္ ဒီတၾကိမ္မွာ ထပ္မံ က်င္းပတာမရိွခဲ့ပါဘူး။

ဟုမၼလင္းကေန ပင္လည္ဘူးကို ဆက္လက္ထြက္ခြာၿပီး ပင္လည္ဘူးမွာ လူထုေတြ႔ဆံုပဲြက်င္းပမွာျဖစ္သလို ၂၂ရက္ေန႔မွာလည္း ဗန္းေမာက္ၿမိဳ႔မွာ လူထုေတြ႔ဆံုပဲြက်င္းပဖို႔ ရိွေနပါတယ္။ ဗန္းေမာက္ခရီးစဥ္မွာ ဇလံုေတာင္ကို သြားေရာက္ဖုိ႔ ရိွေၾကာင္းလည္း ပင္လည္ဘူးၿမိဳ႔နယ္က တိုင္းေဒသၾကီး လႊတ္ေတာ္ကိုုယ္စားလွယ္က ေျပာပါတယ္။

၂၃ ရက္ေန႔မွာေတာ့ ကေလးၿမိဳ႔ကေနတဆင့္ အိႏိၵယ-ျမန္မာနယ္စပ္ တမူးၿမိဳ႔ကို ေရာက္ရိွလာဖုိ႔ ရိွေၾကာင္း တမူးၿမိဳ႔နယ္ NLD ပါတီဥကၠဌ ဦးျမင့္ေဇာ္က ေျပာပါတယ္။

“ မနက္လာမယ္။ လာၿပီးရင္ ခန္းမထဲမွာ လူ ၇၀၀။ လူ၇၀၀ ၀န္းက်င္ေလာက္ေပါ့ေနာ္။ အဲဒါနဲ႔ ေတြ႔ဆံုမယ္။ ရပ္မိရပ္ဖေတြနဲ႔ ျပည္သူနဲ႔ေပါ့။ ဒါၿပီးရင္ ကေလးကို ျပန္အိပ္မယ္ေတာ့ ၾကားတယ္။ တမူးမွာ မအိပ္ဘူးဗ်။”

ေလာေလာဆည္ တမူးၿမိဳ႔မွာ လံုၿခံဳေရးျပင္ဆင္ေဆာင္ရြက္တာေတြလည္း ရိွေနေၾကာင္း ေျပာပါတယ္။ ဒီကေန႔စတင္တဲ့ ခရီးစဥ္ဟာ လာမယ့္ ၂၃ရက္ေန႔မွာ ၿပီးဆံုးမွာျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီလအေစာပိုင္းမွာ ကခ်င္ျပည္နယ္ေန႔နဲ႔ ကယားျပည္နယ္ေန႔ေတြ ကိုလည္း သြားေရာက္ခဲ့ပါတယ္။အဲဒီခရီးစဥ္မွာလည္း ေဒသခံျပည္သူေတြနဲ႔ ေတြ႔ဆံုခဲ့သလို လူထက သူတုိ႔ ၾကံဳေတြ႔ေနရတဲ့ အခက္အခဲေတြကိုလည္း တင္ျပေဆြးေႏြးခဲ့ၾကပါတယ္။

...............

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းခရီးစဉ်စတင်
(Unicode)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ကိုသွားရောက်ခဲ့ပြီး အဲဒီကတဆင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်မြို့နယ်မှာ လူထုတွေ့ဆုံပွဲကျင်းပပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးစဉ်မှာတော့ အနည်းဆုံး မြို့၇ မြို့ကို သွားရောက်ဖို့ရှိသလို အိန္ဒိယမြန်မာနယ်စပ်က တမူးမြို့မှာလည်း လူထုတွေ့ဆုံပွဲကျင်းပဖို့ ရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသခံ ပြည်သူလူထုနဲ့ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေးစတဲ့ ကိစ္စရပ်တွေကို မေးမြန်း၊ ဆွေးနွေးဖို့ အတွက် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းကို ဒီကနေ့ ခရီးစတင်ခဲ့တာပါ။

ဒီနေ့သွားရောက်မယ့် နေရာဒေသတွေကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က အခုလို ပြောပါတယ်။

“ ဒီနေ့ ခန္တီး၊ နန်းယွန်း၊ ဟုမ္မလင်း၊ ပင်လည်ဘူးနော်။ အဲဒါနယ်မြေတွေမှာ ပြည်သူလူထုနဲ့တွေ့ဆုံပွဲတွေ ရှင်းတာ။ အခုဆို ဟုမ္မလင်း လာမှာ။ ဟုမ္မလင်းကနေပြီးပြီဆို ပင်လည်ဘူးမှာ လူထုတွေ့ဆုံပွဲလာမှာ။ အဓိကက ဒါပါ။”

ဒီကနေ့မနက်ပိုင်း ၁၀နာရီလောက်မှာ လေယာဉ်နဲ့ ခန္တီးမြို့ကို ရောက်ရှိပြီး အဲဒီကနေ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ကို တပ်မတော်ရဟတ်ယာဉ်နဲ့ ထွက်ခွာခဲ့တာပါ။

နန်းယွန်းမြို့မှာ လူထုတွေ့ဆုံပွဲကျင်းပပြီး ဒေသဖွံ့ဖြိုးရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ဦးကေဆိုင်းက ပြောပါတယ်။

“ လူထုတွေ့ဆုံပွဲလုပ်ပါတယ်။ လူထုတင်ပြချက်တွေပေါ့။ ဒေသရဲ့ လိုအပ်ချက်ပေါ့။ ပညာရေး၊ ကျန်းမာရေးပိုင်းမှာ လိုအပ်ချက်လေးတွေ တင်ပြတာ အဲဒါဖြည့်ဆည်းပေးမယ်ပေါ့။ ဆောင်ရွက်ပေးမယ် ဆိုတာမျိုးတွေ ပြောသွားပေးပါတယ်။ အထွေအထူးတော့ မရှိပါဘူး။ ရာသီဥတုကလည်း သိပ်မကောင်းတော့ အကြာကြီးလည်း မတွေ့နိုင်ဘူးဆိုတော့ နာရီဝက်လောက်၊ နာရီဝက် ကျော်ကျော်လောက်ရှိမယ်ထင်တယ်။ အဲဒါတွေ့ပြီး ပြန်သွားကြတာ။ တခြားကိစ္စမပါပါဘူး။ လူထုတွေ့ဆုံပွဲအတွက်လာတာပါ။”

နန်းယွန်းမြို့ လူထုတွေ့ဆုံပွဲကို အထွေထွေအုပ်ချုပ်ရေးမှုးရုံးမှာကျင်းပပြီး လူ ၃၅၀လောက် တက်ရောက်ခဲ့ကြောင်း ပြောပါတယ်။

အဲဒီနောက်မှာတော့ ဟုမ္မလင်းမြို့ကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။ ခန္တီးနဲ့ ဟုမ္မလင်းမှာ လွန်ခဲ့တဲ့ နှစ်က လူထုတွေ့ဆုံပွဲပြုလုပ်ပြီးဖြစ်တာကြောင့် ဒီတကြိမ်မှာ ထပ်မံ ကျင်းပတာမရှိခဲ့ပါဘူး။

ဟုမ္မလင်းကနေ ပင်လည်ဘူးကို ဆက်လက်ထွက်ခွာပြီး ပင်လည်ဘူးမှာ လူထုတွေ့ဆုံပွဲကျင်းပမှာဖြစ်သလို ၂၂ရက်နေ့မှာလည်း ဗန်းမောက်မြို့မှာ လူထုတွေ့ဆုံပွဲကျင်းပဖို့ ရှိနေပါတယ်။ ဗန်းမောက်ခရီးစဉ်မှာ ဇလုံတောင်ကို သွားရောက်ဖို့ ရှိကြောင်းလည်း ပင်လည်ဘူးမြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

၂၃ ရက်နေ့မှာတော့ ကလေးမြို့ကနေတဆင့် အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ကို ရောက်ရှိလာဖို့ ရှိကြောင်း တမူးမြို့နယ် NLD ပါတီဥက္ကဌ ဦးမြင့်ဇော်က ပြောပါတယ်။

“ မနက်လာမယ်။ လာပြီးရင် ခန်းမထဲမှာ လူ ၇၀၀။ လူ၇၀၀ ဝန်းကျင်လောက်ပေါ့နော်။ အဲဒါနဲ့ တွေ့ဆုံမယ်။ ရပ်မိရပ်ဖတွေနဲ့ ပြည်သူနဲ့ပေါ့။ ဒါပြီးရင် ကလေးကို ပြန်အိပ်မယ်တော့ ကြားတယ်။ တမူးမှာ မအိပ်ဘူးဗျ။”

လောလောဆည် တမူးမြို့မှာ လုံခြုံရေးပြင်ဆင်ဆောင်ရွက်တာတွေလည်း ရှိနေကြောင်း ပြောပါတယ်။ ဒီကနေ့စတင်တဲ့ ခရီးစဉ်ဟာ လာမယ့် ၂၃ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလအစောပိုင်းမှာ ကချင်ပြည်နယ်နေ့နဲ့ ကယားပြည်နယ်နေ့တွေ ကိုလည်း သွားရောက်ခဲ့ပါတယ်။အဲဒီခရီးစဉ်မှာလည်း ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံခဲ့သလို လူထက သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း တင်ပြဆွေးနွေးခဲ့ကြပါတယ်။

မုိးေဇာ္/VOA (Burmese)
https://burmese.voanews.com

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား