ေအေအက ျပန္လႊတ္တဲ့ ဦးေဝွ႔တင္း မိသားစုထံျပန္ေရာက္

အာဏာရပါတီ NLD က လႊတ္ေတာ္အမတ္ ဦးေဝွ႔တင္းကို ေအေအ ၂လ ေက်ာ္ဖမ္းဆီးခဲ့
(Zawgyi)⤵⤵⤵
ရကၡိဳင့္တပ္ေတာ္ ေအေအက ဖမ္းဆီးထိန္းသိမ္းထားတဲ့ NLD ပါတီက လႊတ္ေတာ္အမတ္ ဦးေဝွ႔တင္းကို ဇန္နဝါရီ ၂၁ ရက္မွာ ျပန္လႊတ္လိုက္တယ္လို႔ ေၾကညာၿပီးေနာက္ ပလက္ဝၿမိဳ႕က အိမ္ကိုျပန္ေရာက္ၿပီလို႔ ဦးေဝွ႔တင္းရဲ႕ဇနီးက ေျပာပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြမွာ ပါဝင္ေဆာင္႐ြက္ေနတဲ့ တ႐ုတ္ႏိုင္ငံက သမၼတ ရွီက်င့္ဖ်င္ရဲ႕ ခရီးစဥ္အၿပီး ရက္ပိုင္းအတြင္းမွာ အခုလို ေအေအက လႊတ္ေပးလိုက္တာ ျဖစ္ပါတယ္။

ျပန္လြတ္လာတဲ့ ဦးေဝွ႔တင္းဟာ အနည္းငယ္ပိန္သြားတာက လြဲလို႔က်န္းမာေရးေကာင္းတယ္လို႔ သူ႔ရဲ႕ဇနီး ေဒၚခင္အိဆင့္က ေျပာပါတယ္။

စတင္ဖမ္းသြားစဥ္က ႀကိဳးတုပ္ၿပီး ဖမ္းသြားေပမဲ့ သူ႔ကိုဖမ္းဆီးခံထားရစဥ္အတြင္း ႏွိပ္စက္ခံရတာမရွိဘဲ ေကာင္းေကာင္းမြန္မြန္ထားတယ္လို႔ ဦးေဝွ႔တင္းက ေျပာတဲ့အေၾကာင္း ေဒၚခင္အိဆင့္က ေျပာပါတယ္။

ခ်င္းျပည္နယ္မဲဆႏၵနယ္အမွတ္ ၁၁ရဲ႕ အမ်ိဳးသားလႊတ္ေတာ္အမတ္ ခူမီး တိုင္းရင္းသား ဦးေဝွ႔တင္းကို လႊတ္ေပးတာဟာ ရခိုင္နဲ႔ ခူမီး(ခမီ) လူမ်ိဳးအခ်င္းခ်င္းၾကား ညီအစ္ကို ဆက္ဆံေရးကို ျပန္လည္တည္ေဆာက္လိုၿပီး ေရရွည္မွာ ျပန္လည္သင့္ျမတ္လိုတာေၾကာင့္ လႊတ္ေပးတာလို႔ ေအေအရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဦးေဝွ႔တင္းကို ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ နယ္စပ္ ေပြအုပ္ေက်း႐ြာကေန တစ္ဆင့္ လႊတ္ေပးလိုက္တာ လို႔ ခ်င္းျပည္နယ္ အစိုးရအဖြဲ႕ ေျပာခြင့္ရသူ စည္ပင္ လွ်ပ္စစ္နဲ႔ စက္မႈ လက္မႈ ဝန္ႀကီး ဦးစိုးထက္က ဘီဘီစီကို ေျပာပါတယ္။

ဒီလို လႊတ္ေပးလိုက္တဲ့ ေနာက္မွာ ဇနီးျဖစ္သူ အပါအဝင္ မိသားစုေတြက ဦးေဝွ႔တင္းကို စက္ေလွနဲ႔ ပလက္ဝၿမိဳ႕ကို သြားေရာက္ေခၚေဆာင္ခဲ့တယ္လို႔ ေျပာပါတယ္။

"ရခိုင္နဲ႔ ခ်င္းနယ္စပ္ ေက်ာက္ေတာ္နဲ႔ ပလက္ဝနယ္စပ္ ေပြအုပ္ကိုေရာက္တယ္။ ၿပီးေတာ့ ကုလားတန္ျမစ္႐ိုးအတိုင္း စက္ေလွနဲ႔ ညေန ၃ နာရီခြဲက တက္သြားၿပီ။ ညေန ၅ နာရီေက်ာ္ေလာက္မွ ေရာက္မယ္။ ပလက္ဝနဲ႔က ၁ နာရီခြဲေက်ာ္ေက်ာ္ေလာက္ ေမာင္းရေသးတယ္"

"သူတို႔ကို သြားေခၚတဲ့ သူ႔ ေဆြမ်ိဳးသားခ်င္း ငါးေယာက္ပါတယ္။ သူ႔ဇနီးနဲ႔ ကြၽန္ေတာ္တို႔ ၿမိဳ႕နယ္က တာဝန္ရွိသူေတြနဲ႔ေတာ့ ဖုန္းရၾကပါတယ္" လို႔ ဦးစိုးထက္က ေျပာပါတယ္။

၂၀၁၉ ႏိုဝင္ဘာ ၃ ရက္မွာ ပလက္ဝၿမိဳ႕ကေန စစ္ေတြကို အိႏၵိယ ႏိုင္ငံသား ၅ ဦးအပါအဝင္ လူ ၉ ဦးနဲ႔ အတူ ဦးေဝွ႔တင္းဟာ စပိဘုတ္၂ စီးနဲ႔ ကုလားတန္ျမစ္အတိုင္း သြားရာမွာ ေအေအတပ္ဖြဲ႕ ဝင္ေတြက လမ္းခုလတ္ကေန ဖမ္းဆီးေခၚေဆာင္တာကို ခံခဲ့ရပါတယ္။

ပါလာတဲ့ အိႏၵိယ ႏိုင္ငံသားထဲက တစ္ဦး ႏွလုံးရပ္ၿပီး ေသဆုံးခဲ့ၿပီး ေနာက္တစ္ေန႔မွာေတာ့ ဦးေဝွ႔တင္းမွ အပ က်န္တဲ့ လူေတြကို ေအေအက လႊတ္ေပးခဲ့ပါတယ္။

ဦးေဝွ႔တင္းကိုေတာ့ ရခိုင္နဲ႔ ခူမီးလူမ်ိဳးအၾကား ေသြးခြဲေရးေတြ လုပ္ေဆာင္သလို စစ္တပ္ကို သတင္းေတြ ေပးတာရွိတယ္ဆိုၿပီး ဆက္ ဖမ္းဆီးထားခဲ့ပါတယ္။

၂ လ ၁၇ ရက္ၾကာ ထိန္းသိမ္းထားၿပီးေနာက္မွာေတာ့ ဦးေဝွ႔တင္းကို ျပန္လႊတ္ေပးခဲ့တာ ျဖစ္ပါတယ္။

"သူ႔ကို လႊတ္ေပးတဲ့ အဓိက အေၾကာင္းအရင္းကေတာ့ ကြၽန္ေတာ္တို႔ ရခိုင္နဲ႔ ရခိုင္မ်ိဳးႏြယ္စုဝင္ ခမီလူမ်ိဳးေတြၾကားမွာ စည္းလုံးညီၫြတ္မႈကို ပိုၿပီးေတာ့ ခိုင္မာေစခ်င္တာရယ္၊ ေနာက္ၿပီးလို႔ရွိရင္ ဒီရခိုင္နဲ႔ ခမီလူမ်ိဳးေတြၾကားမွာ အျပန္အလွန္နားလည္မႈ ယုံၾကည္မႈေတြနဲ႔ ညီရင္းအစ္ကို ဆက္ဆံေရးေတြကို ျပန္လည္ၿပီးေတာ့ တည္ေဆာက္ခ်င္တာရယ္၊ ေနာက္ ေရွ႕ဆက္အနာဂတ္ ခရီးမွာလည္းပဲ ကြၽန္ေတာ္တို႔ ညီအစ္ကို အခ်င္းခ်င္းၾကားမွာ ညီၫြတ္သင့္ျမတ္မႈကို ပိုမိုခိုင္မာေစခ်င္တဲ့အတြက္ေၾကာင့္ ဦးေဝွ႔တင္းကို ျပန္လႊတ္ေပးလိုက္တာ ျဖစ္တယ္" လို႔ ေအေအ ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

ဒီကေန႔ လြတ္လာတဲ့ အထဲမွာ ဦးေဝွ႔တင္းနဲ႔ အတူ ေပြအုပ္ေက်း႐ြာက ပညာေရး ဝန္ထမ္းတစ္ဦးလည္း ပါဝင္တယ္လို႔ သိရွိရပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
အေအေက ပြန်လွှတ်တဲ့ ဦးဝှေ့တင်း မိသားစုထံပြန်ရောက်

ဓာတ်ပုံ မူပိုင် ပြည်ထောင်စုလွှတ်တော် FB
Image caption အာဏာရပါတီ NLD က လွှတ်တော်အမတ် ဦးဝှေ့တင်းကို အေအေ ၂လ ကျော်ဖမ်းဆီးခဲ့

ရက္ခိုင့်တပ်တော် အေအေက ဖမ်းဆီးထိန်းသိမ်းထားတဲ့ NLD ပါတီက လွှတ်တော်အမတ် ဦးဝှေ့တင်းကို ဇန်နဝါရီ ၂၁ ရက်မှာ ပြန်လွှတ်လိုက်တယ်လို့ ကြေညာပြီးနောက် ပလက်ဝမြို့က အိမ်ကိုပြန်ရောက်ပြီလို့ ဦးဝှေ့တင်းရဲ့ဇနီးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံက သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်အပြီး ရက်ပိုင်းအတွင်းမှာ အခုလို အေအေက လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ပြန်လွတ်လာတဲ့ ဦးဝှေ့တင်းဟာ အနည်းငယ်ပိန်သွားတာက လွဲလို့ကျန်းမာရေးကောင်းတယ်လို့ သူ့ရဲ့ဇနီး ဒေါ်ခင်အိဆင့်က ပြောပါတယ်။

စတင်ဖမ်းသွားစဉ်က ကြိုးတုပ်ပြီး ဖမ်းသွားပေမဲ့ သူ့ကိုဖမ်းဆီးခံထားရစဉ်အတွင်း နှိပ်စက်ခံရတာမရှိဘဲ ကောင်းကောင်းမွန်မွန်ထားတယ်လို့ ဦးဝှေ့တင်းက ပြောတဲ့အကြောင်း ဒေါ်ခင်အိဆင့်က ပြောပါတယ်။

ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ် ၁၁ရဲ့ အမျိုးသားလွှတ်တော်အမတ် ခူမီး တိုင်းရင်းသား ဦးဝှေ့တင်းကို လွှတ်ပေးတာဟာ ရခိုင်နဲ့ ခူမီး(ခမီ) လူမျိုးအချင်းချင်းကြား ညီအစ်ကို ဆက်ဆံရေးကို ပြန်လည်တည်ဆောက်လိုပြီး ရေရှည်မှာ ပြန်လည်သင့်မြတ်လိုတာကြောင့် လွှတ်ပေးတာလို့ အေအေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးဝှေ့တင်းကို ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် နယ်စပ် ပွေအုပ်ကျေးရွာကနေ တစ်ဆင့် လွှတ်ပေးလိုက်တာ လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင် လျှပ်စစ်နဲ့ စက်မှု လက်မှု ဝန်ကြီး ဦးစိုးထက်က ဘီဘီစီကို ပြောပါတယ်။

ဒီလို လွှတ်ပေးလိုက်တဲ့ နောက်မှာ ဇနီးဖြစ်သူ အပါအဝင် မိသားစုတွေက ဦးဝှေ့တင်းကို စက်လှေနဲ့ ပလက်ဝမြို့ကို သွားရောက်ခေါ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

"ရခိုင်နဲ့ ချင်းနယ်စပ် ကျောက်တော်နဲ့ ပလက်ဝနယ်စပ် ပွေအုပ်ကိုရောက်တယ်။ ပြီးတော့ ကုလားတန်မြစ်ရိုးအတိုင်း စက်လှေနဲ့ ညနေ ၃ နာရီခွဲက တက်သွားပြီ။ ညနေ ၅ နာရီကျော်လောက်မှ ရောက်မယ်။ ပလက်ဝနဲ့က ၁ နာရီခွဲကျော်ကျော်လောက် မောင်းရသေးတယ်"

"သူတို့ကို သွားခေါ်တဲ့ သူ့ ဆွေမျိုးသားချင်း ငါးယောက်ပါတယ်။ သူ့ဇနီးနဲ့ ကျွန်တော်တို့ မြို့နယ်က တာဝန်ရှိသူတွေနဲ့တော့ ဖုန်းရကြပါတယ်" လို့ ဦးစိုးထက်က ပြောပါတယ်။

၂၀၁၉ နိုဝင်ဘာ ၃ ရက်မှာ ပလက်ဝမြို့ကနေ စစ်တွေကို အိန္ဒိယ နိုင်ငံသား ၅ ဦးအပါအဝင် လူ ၉ ဦးနဲ့ အတူ ဦးဝှေ့တင်းဟာ စပိဘုတ်၂ စီးနဲ့ ကုလားတန်မြစ်အတိုင်း သွားရာမှာ အေအေတပ်ဖွဲ့ ဝင်တွေက လမ်းခုလတ်ကနေ ဖမ်းဆီးခေါ်ဆောင်တာကို ခံခဲ့ရပါတယ်။

ပါလာတဲ့ အိန္ဒိယ နိုင်ငံသားထဲက တစ်ဦး နှလုံးရပ်ပြီး သေဆုံးခဲ့ပြီး နောက်တစ်နေ့မှာတော့ ဦးဝှေ့တင်းမှ အပ ကျန်တဲ့ လူတွေကို အေအေက လွှတ်ပေးခဲ့ပါတယ်။

ဦးဝှေ့တင်းကိုတော့ ရခိုင်နဲ့ ခူမီးလူမျိုးအကြား သွေးခွဲရေးတွေ လုပ်ဆောင်သလို စစ်တပ်ကို သတင်းတွေ ပေးတာရှိတယ်ဆိုပြီး ဆက် ဖမ်းဆီးထားခဲ့ပါတယ်။

၂ လ ၁၇ ရက်ကြာ ထိန်းသိမ်းထားပြီးနောက်မှာတော့ ဦးဝှေ့တင်းကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

"သူ့ကို လွှတ်ပေးတဲ့ အဓိက အကြောင်းအရင်းကတော့ ကျွန်တော်တို့ ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုဝင် ခမီလူမျိုးတွေကြားမှာ စည်းလုံးညီညွတ်မှုကို ပိုပြီးတော့ ခိုင်မာစေချင်တာရယ်၊ နောက်ပြီးလို့ရှိရင် ဒီရခိုင်နဲ့ ခမီလူမျိုးတွေကြားမှာ အပြန်အလှန်နားလည်မှု ယုံကြည်မှုတွေနဲ့ ညီရင်းအစ်ကို ဆက်ဆံရေးတွေကို ပြန်လည်ပြီးတော့ တည်ဆောက်ချင်တာရယ်၊ နောက် ရှေ့ဆက်အနာဂတ် ခရီးမှာလည်းပဲ ကျွန်တော်တို့ ညီအစ်ကို အချင်းချင်းကြားမှာ ညီညွတ်သင့်မြတ်မှုကို ပိုမိုခိုင်မာစေချင်တဲ့အတွက်ကြောင့် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်တယ်" လို့ အေအေ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

ဒီကနေ့ လွတ်လာတဲ့ အထဲမှာ ဦးဝှေ့တင်းနဲ့ အတူ ပွေအုပ်ကျေးရွာက ပညာရေး ဝန်ထမ်းတစ်ဦးလည်း ပါဝင်တယ်လို့ သိရှိရပါတယ်။

BBC Burmese
https://www.bbc.com
ေအေအက ျပန္လႊတ္တဲ့ ဦးေဝွ႔တင္း မိသားစုထံျပန္ေရာက္ ေအေအက ျပန္လႊတ္တဲ့ ဦးေဝွ႔တင္း မိသားစုထံျပန္ေရာက္ Reviewed by THITHTOOLWIN on 21:47 Rating: 5
Powered by Blogger.