မီးေလာင္ၿပီး တစ္ပတ္အၾကာမွာ မႏၲေလး ရတနာပုံေဈး ျပန္ဖြင့္

 မီးေလာင္မႈဟာ ဖုန္းအားသြင္းရာကေန အပူလြန္ၿပီး စတင္ေလာင္ကြၽမ္းခဲ့တာ ျဖစ္ဖြယ္ ရွိတယ္လို႔ စုံစမ္းစစ္ေဆးေရး တာဝန္ရွိသူေျပာ
(Zawgyi)⤵⤵⤵
မႏၲေလး ၿမိဳ႕က ရတနာပုံေဈးရဲ႕ Sky Walk ေဈးဝယ္ စင္တာ ပထမထပ္မွာ မီးေလာင္မႈ ျဖစ္ပြားခဲ့ၿပီးေနာက္ တစ္ပတ္အၾကာမွာ ရတနာပုံေဈး ေျမညီထပ္၊ ေျမေအာက္ ထပ္ အသားငါးေဈးနဲ႔ Diamond Plaza ဘက္ျခမ္းကို ဒီေန႔ (ဇန္နဝါရီ ၂၅ ရက္) မွာ ျပန္လည္ဖြင့္လွစ္ခဲ့ပါတယ္။ က်န္ရွိတဲ့ ေဈးအထပ္ေတြကို အင္ဂ်င္နီယာေတြ ခိုင္မာစိတ္ခ်ၿပီလို႔ ေျပာတဲ့ရက္မွာ ခ်က္ျခင္း ျပန္ဖြင့္ေပးမွာ ျဖစ္တယ္လို႔ မႏၲေလးၿမိဳ႕ စည္ပင္သာယာေရး ေကာ္မတီက ေျပာပါတယ္။

ရတနာပုံေဈးရဲ႕ Sky Walk ေဈးဝယ္စင္တာမီးေလာင္ၿပီး တစ္ပတ္အၾကာမွာ ရတနာပုံေဈးက ေျမညီထပ္နဲ႔ သားငါးေဈး၊ Ocean Supermarket၊ ဒိုင္းမြန္းပလာဇာနဲ႔ ေျမညီထပ္က ကားပါကင္တို႔ကို ဖြင့္လွစ္ခြင့္ျပဳခဲ့တာပါ။ ေဈးဖြင့္ေန႔မွာ သံဃာေတာ္ေတြ ထံကေန ပရိတ္တရားနာၿပီး ေဈးအတြင္းလွည့္လည္ကာ ေမတၱာသုတ္႐ြတ္ဖတ္ပါတယ္။

Sky walk နဲ႔ ေက်ာက္မ်က္ဆိုင္ခန္းနဲ႔ ေဈးရွိတဲ့ Yandanar Mall အပါဝင္ အေပၚထပ္ေတြကို အႀကီးစားျပင္ဆင္ဖို႔ ေယဘုယ်အားျဖင့္ သုံးလေလာက္ အခ်ိန္ၾကာဖို႔ ခန႔္မွန္းထားတယ္လို႔ မႏၲေလး ၿမိဳ႕ေတာ္ဝန္က သူရဲ႕လူမူကြန္ရက္မွာ ေရးသားေဖာ္ျပထားပါတယ္။
မီးေလာင္ၿပီး တစ္ပတ္ အၾကာမွာ ေဈးကို ျပန္ဖြင့္ခဲ့

ရတနာပုံေဈး အေဆာက္အအုံကို တာဝန္ယူၿပီး စစ္ေဆးေနတဲ့ အင္ဂ်င္နီယာအသင္း ဥကၠ႒ ဦးဝင္းေမာ္က မီးေလာင္ခဲ့တဲ့ အထပ္ တင္မကဘဲ က်န္ရွိအထပ္ေတြ လည္း စစ္ေဆးဖို႔ ရွိတယ္လို ေျပာပါတယ္။ မီးသင့္ခဲ့တာကိုလည္း စစ္ေဆးၿပီးသြားၿပီး ျပဳျပင္မယ့္ နည္းကိုလည္း ေ႐ြးခ်ယ္ၿပီး သြားၿပီဆိုရင္ အင္ဂ်င္နီယာေတြက ႀကံ့ခိုင္မႈအျပည့္အဝရေအာင္ စဥ္းစားၿပီး ျပဳျပင္မွာျဖစ္ပါတယ္လို႔ သူက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁၇ ရက္ေန႔ ညေနပိုင္း ၆ နာရီေလာက္က စတင္ေလာင္ကြၽမ္းခဲ့တဲ့ ရတနာပုံေဈးမီးဟာ Level 5 အဆင့္ သတ္မွတ္ၿပီး ျငႇိမ္းသတ္ခဲ့ရပါတယ္။ အဲဒီ မီးဟာ ညလုံးေပါက္ မီးေလာင္ကြၽမ္းခဲ့ၿပီး ရတနာပုံေဈးရဲ႕ ပထမထပ္ Sky Walk ေဈးဝယ္စင္တာ မွာ အဓိက ေလာင္ကြၽမ္းပ်က္စီးခဲ့ပါတယ္။ အထည္ဆိုင္၊ ဖိနပ္ဆိုင္၊ အိတ္ဆိုင္ေတြ အမ်ားဆုံးရွိတဲ့ Sky Walk မွာ ဆိုင္ခန္းေပါင္း ၁၅၅ ခု ရွိပါတယ္။

မီးေလာင္ကြၽမ္းမႈရဲ႕ ပ်က္စီးဆုံးရႈံးမႈ တန္ဖိုးဟာ က်ပ္သိန္းတစ္ေသာင္းေက်ာ္ ရွိတယ္လို႔ တိုင္းမီးသတ္ဌာနက သတင္း ထုတ္ျပန္ထားပါတယ္။ ရတနာပုံေဈး Sky Walk မီးေလာင္မႈမွာ မီးသတ္တပ္ဖြဲ႕ဝင္ ေျခာက္ဦးနဲ႔ ေဈးသည္ ႏွစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ၿပီး ႏွစ္ဦးကို အတြင္းလူနာအျဖစ္ ေဆးကုသေပးေနရတာ ျဖစ္ပါတယ္။

 ေဈးတည္ေဆာက္ပုံ ေၾကာင့္ မီးျငႇိမ္းသတ္မႈမွာ အခက္အခဲ ရွိခဲ့တယ္လို႔ ဆို
ညလုံးေပါက္ မီးျငႇိမ္းသတ္ရတာဟာ ေဈးအတြင္းက ဆိုင္ခန္းေတာ္ေတာ္မ်ားမ်ားဟာ အလုံပိတ္ေတြ ျဖစ္ေနၿပီး မီးခိုးထြက္ေပါက္ မရွိတာ ေၾကာင့္ ၾကန႔္ၾကာမႈ ျဖစ္သြားခဲ့တာလို႔ မီးသတ္ဦးစီးဌာနက ေျပာပါတယ္။

Sky Walk မီးေလာင္မႈဟာ Timberland အထည္နဲ႔ဖိနပ္ဆိုင္ရဲ႕ စတိုခန္းမွာ ဖုန္းအားသြင္းရာကေန အပူလြန္ကဲၿပီး စတင္ေလာင္ကြၽမ္းတာျဖစ္ဖို႔မ်ားတယ္လို႔ မီးေလာင္တဲ့ အေၾကာင္းအရင္း စိစစ္ ေဖာ္ထုတ္ေရး ေကာ္မတီ ဥကၠ႒ မႏၲေလးတိုင္း မီးသတ္ဦးစီးမႉး ဦးသန္းေဇာ္ဦးက ဘီဘီစီကို ေျပာပါတယ္။

ေဈးမီးေလာင္ကြၽမ္းမႈနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေရး ေကာ္မတီ ၉ ဦးအဖြဲ႕နဲ႔ မႏၲေလးတိုင္းအစိုးရအဖြဲ႕က စုံစမ္းစစ္ေဆး ဆက္လက္ အေရးယူသြားမယ္လို႔ သိရပါတယ္။

မီးေလာင္ကြၽမ္းၿပီး ေနာက္ရက္ ဇန္နဝါရီ ၁၈ရက္ေန႔ခင္းပိုင္းက စတင္ၿပီး Yandanar Mall အပါဝင္ အေပၚထပ္အားလုံးနဲ႔ ေျမညီထပ္ဆိုင္ခန္းေတြကို ေန႔အလိုက္ ကိုယ္ပိုင္ပစၥည္းေတြကို ဝင္ေရာက္သယ္ယူခြင့္ ေပးခဲ့ပါတယ္။

ရတနာပုံေဈးဟာ ၂၀၀၈ ခုႏွစ္မွာ မီးအႀကီးက်ယ္ ေလာင္ခဲ့ၿပီး ၂၀၀၉ ခုႏွစ္မွာ Diamond Plaza နဲ႔ ရတနာပုံေဈး Skywalk Shopping Center ကို တြဲလ်က္ အသစ္ ထပ္မံတည္ေဆာက္ခဲ့ၿပီး ၂၀၁၁ခုႏွစ္ စက္တင္ဘာမွာ ဖြင့္လွစ္ခဲ့တာ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
မီးလောင်ပြီး တစ်ပတ်အကြာမှာ မန္တလေး ရတနာပုံဈေး ပြန်ဖွင့်

Image caption မီးလောင်မှုဟာ ဖုန်းအားသွင်းရာကနေ အပူလွန်ပြီး စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ဖွယ် ရှိတယ်လို့ စုံစမ်းစစ်ဆေးရေး တာဝန်ရှိသူပြော

မန္တလေး မြို့က ရတနာပုံဈေးရဲ့ Sky Walk ဈေးဝယ် စင်တာ ပထမထပ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် တစ်ပတ်အကြာမှာ ရတနာပုံဈေး မြေညီထပ်၊ မြေအောက် ထပ် အသားငါးဈေးနဲ့ Diamond Plaza ဘက်ခြမ်းကို ဒီနေ့ (ဇန်နဝါရီ ၂၅ ရက်) မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ကျန်ရှိတဲ့ ဈေးအထပ်တွေကို အင်ဂျင်နီယာတွေ ခိုင်မာစိတ်ချပြီလို့ ပြောတဲ့ရက်မှာ ချက်ခြင်း ပြန်ဖွင့်ပေးမှာ ဖြစ်တယ်လို့ မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီက ပြောပါတယ်။

ရတနာပုံဈေးရဲ့ Sky Walk ဈေးဝယ်စင်တာမီးလောင်ပြီး တစ်ပတ်အကြာမှာ ရတနာပုံဈေးက မြေညီထပ်နဲ့ သားငါးဈေး၊ Ocean Supermarket၊ ဒိုင်းမွန်းပလာဇာနဲ့ မြေညီထပ်က ကားပါကင်တို့ကို ဖွင့်လှစ်ခွင့်ပြုခဲ့တာပါ။ ဈေးဖွင့်နေ့မှာ သံဃာတော်တွေ ထံကနေ ပရိတ်တရားနာပြီး ဈေးအတွင်းလှည့်လည်ကာ မေတ္တာသုတ်ရွတ်ဖတ်ပါတယ်။

Sky walk နဲ့ ကျောက်မျက်ဆိုင်ခန်းနဲ့ ဈေးရှိတဲ့ Yandanar Mall အပါဝင် အပေါ်ထပ်တွေကို အကြီးစားပြင်ဆင်ဖို့ ယေဘုယျအားဖြင့် သုံးလလောက် အချိန်ကြာဖို့ ခန့်မှန်းထားတယ်လို့ မန္တလေး မြို့တော်ဝန်က သူရဲ့လူမူကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
ဓာတ်ပုံ မူပိုင် Tar Yar
Image caption မီးလောင်ပြီး တစ်ပတ် အကြာမှာ ဈေးကို ပြန်ဖွင့်ခဲ့

ရတနာပုံဈေး အဆောက်အအုံကို တာဝန်ယူပြီး စစ်ဆေးနေတဲ့ အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးဝင်းမော်က မီးလောင်ခဲ့တဲ့ အထပ် တင်မကဘဲ ကျန်ရှိအထပ်တွေ လည်း စစ်ဆေးဖို့ ရှိတယ်လို ပြောပါတယ်။ မီးသင့်ခဲ့တာကိုလည်း စစ်ဆေးပြီးသွားပြီး ပြုပြင်မယ့် နည်းကိုလည်း ရွေးချယ်ပြီး သွားပြီဆိုရင် အင်ဂျင်နီယာတွေက ကြံ့ခိုင်မှုအပြည့်အဝရအောင် စဉ်းစားပြီး ပြုပြင်မှာဖြစ်ပါတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ ညနေပိုင်း ၆ နာရီလောက်က စတင်လောင်ကျွမ်းခဲ့တဲ့ ရတနာပုံဈေးမီးဟာ Level 5 အဆင့် သတ်မှတ်ပြီး ငြှိမ်းသတ်ခဲ့ရပါတယ်။ အဲဒီ မီးဟာ ညလုံးပေါက် မီးလောင်ကျွမ်းခဲ့ပြီး ရတနာပုံဈေးရဲ့ ပထမထပ် Sky Walk ဈေးဝယ်စင်တာ မှာ အဓိက လောင်ကျွမ်းပျက်စီးခဲ့ပါတယ်။ အထည်ဆိုင်၊ ဖိနပ်ဆိုင်၊ အိတ်ဆိုင်တွေ အများဆုံးရှိတဲ့ Sky Walk မှာ ဆိုင်ခန်းပေါင်း ၁၅၅ ခု ရှိပါတယ်။

မီးလောင်ကျွမ်းမှုရဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးဟာ ကျပ်သိန်းတစ်သောင်းကျော် ရှိတယ်လို့ တိုင်းမီးသတ်ဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ ရတနာပုံဈေး Sky Walk မီးလောင်မှုမှာ မီးသတ်တပ်ဖွဲ့ဝင် ခြောက်ဦးနဲ့ ဈေးသည် နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နှစ်ဦးကို အတွင်းလူနာအဖြစ် ဆေးကုသပေးနေရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Tar Yar
Image caption ဈေးတည်ဆောက်ပုံ ကြောင့် မီးငြှိမ်းသတ်မှုမှာ အခက်အခဲ ရှိခဲ့တယ်လို့ ဆို

ညလုံးပေါက် မီးငြှိမ်းသတ်ရတာဟာ ဈေးအတွင်းက ဆိုင်ခန်းတော်တော်များများဟာ အလုံပိတ်တွေ ဖြစ်နေပြီး မီးခိုးထွက်ပေါက် မရှိတာ ကြောင့် ကြန့်ကြာမှု ဖြစ်သွားခဲ့တာလို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။

Sky Walk မီးလောင်မှုဟာ Timberland အထည်နဲ့ဖိနပ်ဆိုင်ရဲ့ စတိုခန်းမှာ ဖုန်းအားသွင်းရာကနေ အပူလွန်ကဲပြီး စတင်လောင်ကျွမ်းတာဖြစ်ဖို့များတယ်လို့ မီးလောင်တဲ့ အကြောင်းအရင်း စိစစ် ဖော်ထုတ်ရေး ကော်မတီ ဥက္ကဋ္ဌ မန္တလေးတိုင်း မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးက ဘီဘီစီကို ပြောပါတယ်။

ဈေးမီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီ ၉ ဦးအဖွဲ့နဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့က စုံစမ်းစစ်ဆေး ဆက်လက် အရေးယူသွားမယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းပြီး နောက်ရက် ဇန်နဝါရီ ၁၈ရက်နေ့ခင်းပိုင်းက စတင်ပြီး Yandanar Mall အပါဝင် အပေါ်ထပ်အားလုံးနဲ့ မြေညီထပ်ဆိုင်ခန်းတွေကို နေ့အလိုက် ကိုယ်ပိုင်ပစ္စည်းတွေကို ဝင်ရောက်သယ်ယူခွင့် ပေးခဲ့ပါတယ်။

ရတနာပုံဈေးဟာ ၂၀၀၈ ခုနှစ်မှာ မီးအကြီးကျယ် လောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ Diamond Plaza နဲ့ ရတနာပုံဈေး Skywalk Shopping Center ကို တွဲလျက် အသစ် ထပ်မံတည်ဆောက်ခဲ့ပြီး ၂၀၁၁ခုနှစ် စက်တင်ဘာမှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
မီးေလာင္ၿပီး တစ္ပတ္အၾကာမွာ မႏၲေလး ရတနာပုံေဈး ျပန္ဖြင့္ မီးေလာင္ၿပီး တစ္ပတ္အၾကာမွာ မႏၲေလး ရတနာပုံေဈး ျပန္ဖြင့္ Reviewed by THITHTOOLWIN on 02:04 Rating: 5
Powered by Blogger.