အေရွ႕အလယ္ပိုင္းမွာ ပဋိပကၡႀကီးထြားလာမယ့္အေရး စိုးရိမ္ေနၾက

အီရန္ထိပ္တန္းတပ္မွဴး Qassim Soleimani ကို သုတ္သင္လိုက္တဲ့အေပၚ အီရန္လူထု ဆႏၵျပ

(Zawgyi / Unicode)

အီရန္ထိပ္တန္းတပ္မွဴး Qassim Soleimani ကို အေမရိကန္က သုတ္သင္လိုက္ၿပီးတဲ့ေနာက္ အေရွ႕အလယ္ပိုင္းေဒသတြင္းက အေမရိကန္နဲ႔သက္ဆိုင္တာေတြကို အီရန္က လက္တုံံ႔ျပန္လာႏိုင္ေျခအျပင္ ပိုၿပီးႀကီးမားတဲ့ ပဋိပကၡတခုအဆင့္ထိ ေရာက္သြားႏုိင္ေခ်အေပၚ ကမာၻ႔ေခါင္းေဆာင္ေတြ စိုးရိမ္ေနၾကပါတယ္။

ေနာက္ထပ္ ပင္လယ္ေကြ႔စစ္ပြဲတခုကို ကမာၻႀကီးအေနနဲ႔ ရင္ဆိုင္ႏုိင္မွာမဟုတ္ဘူးလို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ေသာၾကာေန႔ ထုတ္ျပန္ခ်က္တခုမွာ သတိေပးထားၿပီး ကမာၻ႔ေခါင္းေဆာင္ေတြအေနနဲ႔ အျမင့္မားဆံုး ထိန္းသိမ္း လုပ္ေဆာင္ၾကဖို႔ ေတာင္းဆိုပါတယ္။

ဒီလိုစိုးရိမ္ခ်က္မ်ဳိးကို ျပင္သစ္၊ ႐ုရွား၊ တ႐ုတ္နဲ႔ ၿဗိတိန္တို႔အပါအဝင္ ကုလသမဂၢလံုျခံဳေရးေကာင္စီ အျမဲတမ္းအဖြဲ႔ဝင္ႏုိင္ငံေတြက လည္း ထုတ္ေျပာၾကပါတယ္။

ပိုၿပီး အႏၲရာယ္မ်ားတဲ့ ကမာၻတခုမွာ က်ေနာ္တို႔ ႏိုးထေနရပါၿပီလို႔ ျပင္သစ္ႏုိင္ငံျခားေရးဌာန ဒုတိယဝန္ႀကီး Amelie de Montchalin က RTL ေရဒီယိုသတင္းဌာနကို ေျပာပါတယ္။

Soleiman ကို သုတ္သင္လိုက္တာဟာ အေရွ႕အလယ္ပိုင္းေဒသ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို အႏၲရာယ္ျဖစ္ေစတဲ့ အဆင္ျခင္ မဲ့လုပ္ရပ္ျဖစ္တယ္ဆိုၿပီး ႐ုရွားႏုိင္ငံျခားေရးဌာနက ျပစ္တင္႐ႈတ္ခ်ပါတယ္။

သေဘာထားကြဲျပားမႈေတြကို ေဆြးေႏြးညႇိႏိႈင္းၿပီး ေျဖရွင္းသင့္တယ္လုိ႔ တ႐ုတ္ကြန္ျမဴနစ္ပါတီ (CPC) ဗဟိုေကာ္မတီ၊ ႏုိုင္ငံေရး ဗ်ဴ႐ိုအဖြဲ႔ဝင္တဦးျဖစ္သူ Yang Jiechi က အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo ေသာၾကာေန႔က တယ္လီဖုန္းဆက္ စကားေျပာခ်ိန္အတြင္း ေျပာဆိုပါတယ္။ အေရွ႕အလယ္ပိိုုင္းေဒသရဲ႕ လက္ရွိအေျခအေနအေပၚ တ႐ုတ္ႏုိင္ငံအေနနဲ႔ အထူးစိုးရိမ္ တယ္လုိ႔လည္း Yang Jiechi ကေျပာပါတယ္။

ၿဗိတိန္ႏုိင္ငံျခားေရးဝန္ႀကီး Donimic Raab ကေတာ့ Qasem Soleimani ဦးေဆာင္တဲ့ အီရန္ Quds တပ္ဖြဲ႔ရဲ႕ အႏၲရာယ္အေပၚ မိမိတို႔ အျမဲ သတိျပဳမိပါေၾကာင္းနဲ႔ သူေသဆံုးသြားၿပီးတဲ့ေနာက္ သက္ဆိုင္သူအားလံုး တင္းမာမႈအရွိန္ေလွ်ာ့ခ်ၾကဖို႔ တိုက္တြန္းၿပီး ေနာက္ထပ္ပဋိပကၡျဖစ္လာတာမ်ဳိးဟာ ဘယ္သူ႔အတြက္မွ အက်ဳိးမရွိဘူးလို႔ေျပာပါတယ္။

Soleimani ကို အေမရိကန္က သုတ္သင္လုိက္ၿပီးတဲ့ေနာက္ ကမာၻ႔ေရနံေစ်းႏႈန္း တက္သြားၿပီး ဒီျဖစ္ရပ္ဟာ အီရန္နဲ႔ အေမရိကန္ ၾကား တင္းမာမႈမွာ သိသာထင္ရွားတဲ့ အေျပာင္းအလဲတခု ျဖစ္သြားေစမယ္လုိ႔ ေလ့လာသူေတြက သံုးသပ္ၾကပါတယ္။

.................

အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခကြီးထွားလာမယ့်အရေး စိုးရိမ်နေကြ

(Unicode)

အီရန်ထိပ်တန်းတပ်မှူး Qassim Soleimani ကို အမေရိကန်က သုတ်သင်လိုက်ပြီးတဲ့နောက် အရှေ့အလယ်ပိုင်းဒေသတွင်းက အမေရိကန်နဲ့သက်ဆိုင်တာတွေကို အီရန်က လက်တုံံ့ပြန်လာနိုင်ခြေအပြင် ပိုပြီးကြီးမားတဲ့ ပဋိပက္ခတခုအဆင့်ထိ ရောက်သွားနိုင်ချေအပေါ် ကမ္ဘာ့ခေါင်းဆောင်တွေ စိုးရိမ်နေကြပါတယ်။

နောက်ထပ် ပင်လယ်ကွေ့စစ်ပွဲတခုကို ကမ္ဘာကြီးအနေနဲ့ ရင်ဆိုင်နိုင်မှာမဟုတ်ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က သောကြာနေ့ ထုတ်ပြန်ချက်တခုမှာ သတိပေးထားပြီး ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ အမြင့်မားဆုံး ထိန်းသိမ်း လုပ်ဆောင်ကြဖို့ တောင်းဆိုပါတယ်။

ဒီလိုစိုးရိမ်ချက်မျိုးကို ပြင်သစ်၊ ရုရှား၊ တရုတ်နဲ့ ဗြိတိန်တို့အပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေက လည်း ထုတ်ပြောကြပါတယ်။

ပိုပြီး အန္တရာယ်များတဲ့ ကမ္ဘာတခုမှာ ကျနော်တို့ နိုးထနေရပါပြီလို့ ပြင်သစ်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး Amelie de Montchalin က RTL ရေဒီယိုသတင်းဌာနကို ပြောပါတယ်။

Soleiman ကို သုတ်သင်လိုက်တာဟာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အန္တရာယ်ဖြစ်စေတဲ့ အဆင်ခြင် မဲ့လုပ်ရပ်ဖြစ်တယ်ဆိုပြီး ရုရှားနိုင်ငံခြားရေးဌာနက ပြစ်တင်ရှုတ်ချပါတယ်။

သဘောထားကွဲပြားမှုတွေကို ဆွေးနွေးညှိနှိုင်းပြီး ဖြေရှင်းသင့်တယ်လို့ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၊ နိုင်ငံရေး ဗျူရိုအဖွဲ့ဝင်တဦးဖြစ်သူ Yang Jiechi က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo သောကြာနေ့က တယ်လီဖုန်းဆက် စကားပြောချိန်အတွင်း ပြောဆိုပါတယ်။ အရှေ့အလယ်ပိုင်းဒေသရဲ့ လက်ရှိအခြေအနေအပေါ် တရုတ်နိုင်ငံအနေနဲ့ အထူးစိုးရိမ် တယ်လို့လည်း Yang Jiechi ကပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Donimic Raab ကတော့ Qasem Soleimani ဦးဆောင်တဲ့ အီရန် Quds တပ်ဖွဲ့ရဲ့ အန္တရာယ်အပေါ် မိမိတို့ အမြဲ သတိပြုမိပါကြောင်းနဲ့ သူသေဆုံးသွားပြီးတဲ့နောက် သက်ဆိုင်သူအားလုံး တင်းမာမှုအရှိန်လျှော့ချကြဖို့ တိုက်တွန်းပြီး နောက်ထပ်ပဋိပက္ခဖြစ်လာတာမျိုးဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလို့ပြောပါတယ်။

Soleimani ကို အမေရိကန်က သုတ်သင်လိုက်ပြီးတဲ့နောက် ကမ္ဘာ့ရေနံဈေးနှုန်း တက်သွားပြီး ဒီဖြစ်ရပ်ဟာ အီရန်နဲ့ အမေရိကန် ကြား တင်းမာမှုမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတခု ဖြစ်သွားစေမယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

VOA Burmese
https://burmese.voanews.com
အေရွ႕အလယ္ပိုင္းမွာ ပဋိပကၡႀကီးထြားလာမယ့္အေရး စိုးရိမ္ေနၾက အေရွ႕အလယ္ပိုင္းမွာ ပဋိပကၡႀကီးထြားလာမယ့္အေရး စိုးရိမ္ေနၾက Reviewed by THITHTOOLWIN on 22:19 Rating: 5
Powered by Blogger.