မြန္ျပည္နယ္၊ေရးၿမိဳ႕ရွိ အာဇာနည္ဗိမာန္ ဖ်က္ဆီးခံရ

 ေရးၿမိဳ႕ အာဇာနည္ဗိမာန္ကို ၂၀၁၇ ဇူလိုင္ ၁၉ ရက္ေန႔ကစတင္ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး က်ပ္သိန္း ၂၀၀ ဝန္းက်င္ကုန္က်ခဲ့
(Zawgyi)⤵⤵⤵
မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္မွာရွိတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအပါအဝင္ အာဇာနည္ (၉) ဦးအထိမ္းအမွတ္ အျဖစ္တည္ေဆာက္ထားတဲ့ အာဇာနည္ဗိမာန္ဟာ ဇန္နဝါရီ ၂၉ ရက္ ညပိုင္းက လူတစ္စုရဲ႕ ခ်ိဳးဖဲ့ဖ်က္ဆီးတာကို ခံခဲ့ရတယ္လို႔ ေရးၿမိဳ႕ေဒသခံေတြက ဘီဘီစီကိုေျပာပါတယ္။

အဆိုပါဗိမာန္မွာ ေရးၿမိဳ႕ေပၚအတြင္းမွာပဲျဖစ္ေပမယ့္ ေဘာလုံးကြင္းဝန္းထဲမွာတည္ေဆာက္ထားတာျဖစ္ ကာ အနီးနားမွာ ဘုန္းေတာ္ႀကီးေက်ာင္းသာရွိၿပီး လူေနအိမ္ေတြမရွိတဲ့အတြက္ ဘယ္သူေတြ လာေရာက္ ဖ်က္ဆီးသြားတယ္ဆိုတာကိုေတာ့ မသိလိုက္ဘူးလို႔ လည္း ေဒသခံေတြကေျပာပါတယ္။

' ' ဗိမာန္ေရွ႕မွာ အခိုင္အမာလုပ္ထားတဲ့ ကြန္ကရိတိုင္ေတြနဲ႔ သံလုံးေတြကို ဖ်က္ဆီးသြားတာ၊ ရည္႐ြယ္ ခ်က္ရွိရွိ ဖ်က္ဆီးသြားတာသိသာတယ္၊ ဒုံးဒုံးနဲ႔ ထုသံေတြၾကားလို႔ ဘုန္ႀကီးကထြက္ၿပီး ရဲေတြလာေနၿပီလို႔ ေအာ္လိုက္ေတာ့မွ ဆိုင္ကယ္ႏွစ္စီးနဲ႔ ထြက္ေျပးသြားတာကိုေတြ႕လိုက္ရတယ္လို႔ ေျပာတယ္။ ကြၽန္ေတာ္တို႔ ကေတာ့ မနက္မွပဲသိတာ၊ ရဲေတြကေတာ့ ဘယ္သူေတြလုပ္တယ္ဆိုတာ လိုက္စုံစမ္းေနပါၿပီ ''လို႔ ေရးၿမိဳ႕ နယ္ ေဒသခံတစ္ဦးျဖစ္တဲ့ ဦးေအာင္ႏိုင္ဝင္းကေျပာျပပါတယ္။
အခိုင္အမာျပဳလုပ္ထားတဲ့ ကြန္ကရိတိုင္ေတြကို ဖ်က္ဆီးသြား

ေရးၿမိဳ႕မွာ အာဇာနည္ဗိမာန္ကို ၂၀၁၇ ဇူလိုင္ ၁၉ ရက္ေန႔ကစတင္ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး က်ပ္သိန္း ၂၀၀ ဝန္းက်င္ကုန္က်ခဲ့တဲ့ ဒီဗိမာန္ကို ေရးၿမိဳ႕ စည္ပင္သာယာေရး အဖြဲ႕ ဘတ္ဂ်က္ထဲက က်ပ္သိန္း ၅၀ ပါဝင္ၿပီး က်န္ၿမိဳ႕သူၿမိဳ႕သားေတြက စုေပါင္းထည့္ဝင္ေငြနဲ႔ တည္ေဆာက္ထားတာျဖစ္တယ္လို႔ ေရးၿမိဳ႕သူ မအိသႏၲာ ကေျပာပါတယ္။

'' ၿမိဳ႕ေပၚကလူေတြက အရမ္းစိတ္မေကာင္းၾကဘူး၊ ဒီလုပ္ရပ္ႀကီးက ဘယ္လိုပဲျဖစ္ျဖစ္ လက္မခံႏိုင္ဘူး၊ ဒီဟာႀကီးက ဘာမွလည္း ပတ္သက္မႈလည္းမရွိဘဲနဲ႔ သြားလုပ္ဖို႔ကလည္း မလြယ္ဘူးေလ၊ အခိုင္အမာလုပ္ ထားတာကို၊ ဒါတစ္ဦးတစ္ေယာက္က ရည္႐ြယ္ခ်က္ရွိလို႔ အင္အားသုံးၿပီး ဖ်က္ဆီးသြားတယ္လို႔ပဲျမင္တယ္'' လို႔ အာဇာနည္ဗိမာန္ကို ဖ်က္ဆီးခံရတဲ့အေပၚ မအိသႏၲာက ေျပာျပပါတယ္။

ေရးၿမိဳ႕ေပၚမွာရွိတဲ့ အာဇာနည္ ( ၉)ဦးရဲ႕ အထိမ္းအမွတ္ဗိမာန္ ဖ်က္ဆီးခံရတာဟာ ရည္႐ြယ္ခ်က္ရွိရွိ ဖ်က္ဆီးတာျဖစ္ႏိုင္ေပမယ့္ အမ်ိဳးသားေရးအရ အာဇာနည္ ၉ ဦးကို ေလးစားမႈမရွိလို႔ လုပ္တယ္လို႔မျမင္ဘဲ ႏိုင္ငံေရးပေရာဂါေၾကာင့္လုပ္တာလို႔ပဲ ထင္ျမင္ယူဆေနၾကေၾကာင္း ဦးေအာင္ဝင္းႏိုင္ကေျပာျပပါတယ္။
အခိုင္အမာ အလွဆင္ထားတဲ့ ကြန္ကရိတိုင္ေတြနဲ႔ သံလုံးေတြကိုပါ ႐ိုက္ခ်ိဳးဖ်က္ဆီးသြား
' ' ဒီ ၂ႀကိမ္ ျဖစ္တဲ့အေပၚမွာ ႏိုင္ငံေရးပေရာဂေၾကာင့္မ်ားျဖစ္မလား ဒါမွမဟုတ္ အဲဒီေနရာက မူးယစ္ေဆး လာသုံးတဲ့ကေလးေတြလည္းရွိေတာ့ ကေလးေတြက စိတ္႐ူးေပါက္လို႔ လုပ္ၾကသလားေပါ့၊ ဒီလိုေတာ့ ျမင္မိတာေပါ့'' လို႔ ဦးေအာင္ႏိုင္ဝင္းကေျပာျပပါတယ္။

အာဇာနည္ဗိမာန္ကို အခုႏွစ္မွသာဖ်က္ဆီးခံရတာမဟုတ္ဘဲ ၂၀၁၉ ခုႏွစ္ကတည္း တစ္ႀကိမ္ဖ်က္ဆီးခံခဲ့ ရၿပီး အလံတိုင္ကိုပါ ခ်ိဳးခံခဲ့ရတယ္လို႔ လည္း ဦးေအာင္ႏိုင္ဝင္းကေျပာျပပါတယ္။

ဖ်က္ဆီးသြားသူေတြကို ေရးၿမိဳ႕မရဲစခန္းမွာ ျပည္သူပိုင္ပစၥည္းဖ်က္ဆီးမႈ နဲ႔ ေရးၿမိဳ႕နယ္စည္ပင္သာယာေရး အဖြဲ႕ အမႈေဆာင္အရာရွိ ဦးကိုကိုႏိုင္ကေန တရားလိုျပဳလုပ္ၿပီးအမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

BBC Burmese
https://www.bbc.com
----------
(Unicode)⤵⤵⤵
မွန်ပြည်နယ်၊ရေးမြို့ရှိ အာဇာနည်ဗိမာန် ဖျက်ဆီးခံရ

ဓာတ်ပုံ မူပိုင် Aung Naing Win
Image caption ရေးမြို့ အာဇာနည်ဗိမာန်ကို ၂၀၁၇ ဇူလိုင် ၁၉ ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျပ်သိန်း ၂၀၀ ဝန်းကျင်ကုန်ကျခဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် (၉) ဦးအထိမ်းအမှတ် အဖြစ်တည်ဆောက်ထားတဲ့ အာဇာနည်ဗိမာန်ဟာ ဇန်နဝါရီ ၂၉ ရက် ညပိုင်းက လူတစ်စုရဲ့ ချိုးဖဲ့ဖျက်ဆီးတာကို ခံခဲ့ရတယ်လို့ ရေးမြို့ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

အဆိုပါဗိမာန်မှာ ရေးမြို့ပေါ်အတွင်းမှာပဲဖြစ်ပေမယ့် ဘောလုံးကွင်းဝန်းထဲမှာတည်ဆောက်ထားတာဖြစ် ကာ အနီးနားမှာ ဘုန်းတော်ကြီးကျောင်းသာရှိပြီး လူနေအိမ်တွေမရှိတဲ့အတွက် ဘယ်သူတွေ လာရောက် ဖျက်ဆီးသွားတယ်ဆိုတာကိုတော့ မသိလိုက်ဘူးလို့ လည်း ဒေသခံတွေကပြောပါတယ်။

' ' ဗိမာန်ရှေ့မှာ အခိုင်အမာလုပ်ထားတဲ့ ကွန်ကရိတိုင်တွေနဲ့ သံလုံးတွေကို ဖျက်ဆီးသွားတာ၊ ရည်ရွယ် ချက်ရှိရှိ ဖျက်ဆီးသွားတာသိသာတယ်၊ ဒုံးဒုံးနဲ့ ထုသံတွေကြားလို့ ဘုန်ကြီးကထွက်ပြီး ရဲတွေလာနေပြီလို့ အော်လိုက်တော့မှ ဆိုင်ကယ်နှစ်စီးနဲ့ ထွက်ပြေးသွားတာကိုတွေ့လိုက်ရတယ်လို့ ပြောတယ်။ ကျွန်တော်တို့ ကတော့ မနက်မှပဲသိတာ၊ ရဲတွေကတော့ ဘယ်သူတွေလုပ်တယ်ဆိုတာ လိုက်စုံစမ်းနေပါပြီ ''လို့ ရေးမြို့ နယ် ဒေသခံတစ်ဦးဖြစ်တဲ့ ဦးအောင်နိုင်ဝင်းကပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Aung Naing Win
Image caption အခိုင်အမာပြုလုပ်ထားတဲ့ ကွန်ကရိတိုင်တွေကို ဖျက်ဆီးသွား

ရေးမြို့မှာ အာဇာနည်ဗိမာန်ကို ၂၀၁၇ ဇူလိုင် ၁၉ ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျပ်သိန်း ၂၀၀ ဝန်းကျင်ကုန်ကျခဲ့တဲ့ ဒီဗိမာန်ကို ရေးမြို့ စည်ပင်သာယာရေး အဖွဲ့ ဘတ်ဂျက်ထဲက ကျပ်သိန်း ၅၀ ပါဝင်ပြီး ကျန်မြို့သူမြို့သားတွေက စုပေါင်းထည့်ဝင်ငွေနဲ့ တည်ဆောက်ထားတာဖြစ်တယ်လို့ ရေးမြို့သူ မအိသန္တာ ကပြောပါတယ်။

'' မြို့ပေါ်ကလူတွေက အရမ်းစိတ်မကောင်းကြဘူး၊ ဒီလုပ်ရပ်ကြီးက ဘယ်လိုပဲဖြစ်ဖြစ် လက်မခံနိုင်ဘူး၊ ဒီဟာကြီးက ဘာမှလည်း ပတ်သက်မှုလည်းမရှိဘဲနဲ့ သွားလုပ်ဖို့ကလည်း မလွယ်ဘူးလေ၊ အခိုင်အမာလုပ် ထားတာကို၊ ဒါတစ်ဦးတစ်ယောက်က ရည်ရွယ်ချက်ရှိလို့ အင်အားသုံးပြီး ဖျက်ဆီးသွားတယ်လို့ပဲမြင်တယ်'' လို့ အာဇာနည်ဗိမာန်ကို ဖျက်ဆီးခံရတဲ့အပေါ် မအိသန္တာက ပြောပြပါတယ်။

ရေးမြို့ပေါ်မှာရှိတဲ့ အာဇာနည် ( ၉)ဦးရဲ့ အထိမ်းအမှတ်ဗိမာန် ဖျက်ဆီးခံရတာဟာ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာဖြစ်နိုင်ပေမယ့် အမျိုးသားရေးအရ အာဇာနည် ၉ ဦးကို လေးစားမှုမရှိလို့ လုပ်တယ်လို့မမြင်ဘဲ နိုင်ငံရေးပရောဂါကြောင့်လုပ်တာလို့ပဲ ထင်မြင်ယူဆနေကြကြောင်း ဦးအောင်ဝင်းနိုင်ကပြောပြပါတယ်။
ဓာတ်ပုံ မူပိုင် Aung Naing Win
Image caption အခိုင်အမာ အလှဆင်ထားတဲ့ ကွန်ကရိတိုင်တွေနဲ့ သံလုံးတွေကိုပါ ရိုက်ချိုးဖျက်ဆီးသွား

' ' ဒီ ၂ကြိမ် ဖြစ်တဲ့အပေါ်မှာ နိုင်ငံရေးပရောဂကြောင့်များဖြစ်မလား ဒါမှမဟုတ် အဲဒီနေရာက မူးယစ်ဆေး လာသုံးတဲ့ကလေးတွေလည်းရှိတော့ ကလေးတွေက စိတ်ရူးပေါက်လို့ လုပ်ကြသလားပေါ့၊ ဒီလိုတော့ မြင်မိတာပေါ့'' လို့ ဦးအောင်နိုင်ဝင်းကပြောပြပါတယ်။

အာဇာနည်ဗိမာန်ကို အခုနှစ်မှသာဖျက်ဆီးခံရတာမဟုတ်ဘဲ ၂၀၁၉ ခုနှစ်ကတည်း တစ်ကြိမ်ဖျက်ဆီးခံခဲ့ ရပြီး အလံတိုင်ကိုပါ ချိုးခံခဲ့ရတယ်လို့ လည်း ဦးအောင်နိုင်ဝင်းကပြောပြပါတယ်။

ဖျက်ဆီးသွားသူတွေကို ရေးမြို့မရဲစခန်းမှာ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု နဲ့ ရေးမြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးကိုကိုနိုင်ကနေ တရားလိုပြုလုပ်ပြီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

BBC Burmese
https://www.bbc.com
မြန္ျပည္နယ္၊ေရးၿမိဳ႕ရွိ အာဇာနည္ဗိမာန္ ဖ်က္ဆီးခံရ မြန္ျပည္နယ္၊ေရးၿမိဳ႕ရွိ အာဇာနည္ဗိမာန္ ဖ်က္ဆီးခံရ Reviewed by THITHTOOLWIN on 21:12 Rating: 5
Powered by Blogger.