ယူနန္ျပည္နယ္တြင္း ျမန္မာအလုပ္သမား တေထာင္ေက်ာ္ ေနရပ္ျပန္ေရာက္ရွိ

ယူနန္ျပည္နယ္တြင္း ျမန္မာအလုပ္သမားမ်ားျပန္လာ

(Zawgyi/unicode)

တ႐ုတ္ယူနန္ျပည္နယ္ထဲမွာ ျပင္းထန္အဆုတ္ေရာင္ေရာဂါျဖစ္ေစတဲ့ ကို႐ိုနာဗိုင္းရပ္စ္ျပန႔္ႏွံ႔မႈေၾကာင့္ စက္႐ုံအလုပ္႐ုံေတြပိတ္လိုက္တဲ့ အတြက္ ရာနဲ႔ခ်ီတဲ့ ျမန္မာ အလုပ္သမားေတြ ေနရပ္ျပန္ေနၾကပါတယ္။

ျပန္လာတဲ့သူေတြမွာ ေရာဂါရွိမရွိကို ျမန္မာက်န္းမာေရး တာဝန္ခံေတြ စစ္ေဆးေနေပမယ့္ ဝင္လာသူ ဦးေရက မ်ားလာ ေနတဲ့အတြက္ ေခတ္မီေရာဂါစစ္ေဆးေရး စက္ေတြ တပ္ဆင္ဖို႔ ျမန္မာ ျပည္သူ႔က်န္းမာေရးအဖြဲ႕က ျပင္ဆင္ေနပါတယ္။ အျပည့္အစုံကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေမးျမန္းတင္ျပထားပါတယ္။


ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါပိုး ပ်ံ႕ႏွံလာတဲ့ တ႐ုတ္ယူနန္ျပည္နယ္မွာ စက္႐ုံ၊ အလုပ္႐ုံေတြ ပိတ္လိုက္ တာေၾကာင့္ ယူနန္ျပည္နယ္ ထိန္ခ်ဳံးၿမိဳ႕ကေန ကခ်င္ျပည္နယ္ ကန္ပိုက္တီး လမ္းကိုျဖတ္ၿပီး ျပန္ဝင္လာတဲ့ ျမန္မာအလုပ္သမားဟာ သုံးရက္အတြင္း အေယာက္ ၁၀၀၀ ေက်ာ္သြားၿပီျဖစ္ပါတယ္။ ေနာက္ရက္ေတြလည္း ထပ္ၿပီး ဝင္လာႏိုင္ေျခရွိတာေၾကာင့္ က်န္းမာေရးဝန္ထမ္းေတြ ထပ္ျဖည့္ေန သလို ေခတ္မီ ေရာဂါစစ္ေဆးေရး စက္ေတြ တပ္ဆင္ဖို႔ ျပင္ဆင္ေနတဲ့အေၾကာင္း ဝိုင္းေမာ္ၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမႉး ေဒါက္တာသိန္းမ်ိဳးက ေျပာပါတယ္။

“အခုအခ်ိန္ထိကေတာ့ ပုံမွန္ပါပဲခင္ဗ်။ က်ေနာ္တို႔ လိုအပ္တဲ့ပစၥည္းေတြလည္း ထပ္ၿပီးေတာ့ ပံ့ပိုးေနတယ္ေပါ့ေနာ္။ ေနရာထိုင္ခင္းတို႔၊ ပစၥည္းတို႔၊ လူအင္အားတို႔ ၊ ေနာက္ Thermal Scanner ေတြတပ္မလို႔ေလ၊ တာခ်ီလိတ္တို႔ ေလဆိပ္တို႔ ပုံစံမ်ိဳးေပါ့။ အဲဒါေတြအတြက္ အေဆာက္အဦးေတြ၊ ေျမေနရာေတြ ၾကည့္ေနတာေပါ့။”

ကန္ပိုက္တီးလမ္းကေန ျပန္ဝင္လာတဲ့သူေတြထဲမွာ ေရာဂါကူးစက္ခံရတဲ့သူ မရွိေသးေၾကာင္း ကခ်င္ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအား အရင္းအျမစ္ဝန္ႀကီး ဦးေဇာ္ဝင္းကေျပာပါတယ္။

“မေန႔က ၃၀၀ လို႔ေျပာေပမဲ့ ၅၄၀ ေက်ာ္ေလာက္ျပန္ထြက္လာတယ္ခင္ဗ်။ ဆီးစစ္တာတို႔ အဖ်ားတိုင္းတာတို႔ သံသယလူနာ တေယာက္မွ မေတြ႕ရတဲ့အတြက္ မေန႔ကေတာ့ clear ျဖစ္တယ္လို႔ ေျပာလို႔ရပါတယ္ခင္ဗ်။ ၿပီးေတာ့ က်ေနာ္တို႔ ႏွစ္ႏိုင္ငံလည္း ဟိုဘက္နဲ႔ ဒီဘက္ အထူအေရးေပၚသြားစရာမရွိရင္ ဝင္ထြက္၊ သြားလာ မလုပ္ပါနဲ႔ဆိုၿပီး ဟိုဘက္၊ ဒီဘက္ ညႇိႏႈိင္းထားတာ ရွိပါတယ္ဗ်။”

ဝူဟမ္တုပ္ေကြးအတြက္ ဘာေတြျပင္ဆင္ထားမလဲ ႐ုပ္သံအစီအစဥ္ ဒီေနရာမွာ ၾကည့္႐ႈနားဆင္ႏုိင္ပါတယ္။

ေနရပ္ျပန္လာသူေတြကို က်န္းမာေရးဝန္ထမ္းေတြက ေသေသခ်ာခ်ာ စစ္ေဆးေပးေနတာ ေတြ႔ရတဲ့ အတြက္ စိုးရိမ္စိတ္ နည္းနညနး ေလ်ာ့ သြားေပမယ့္ ျပန္လာသူ ဦးေရကေတာ့ သိပ္မ်ားလာ တယ္လို႔ ဝိုင္းေမာ္ေဒသခံ ကိုဉာဏ္ထြန္းက ေျပာပါတယ္။

“ မ်ားတယ္၊ မေန႔ကေတာ့ အထည္ခ်ဳပ္နဲ႔ ဓာတ္ခဲစက္႐ုံက လူ ၄၀၀ ေက်ာ္ျပန္ဝင္လာတယ္။ ကြၽန္ေတာ္တို႔ ကခ်င္ျပည္နယ္သားေတြ မ်ားတာေပါ့ ဟိုမွာ အလုပ္သြားလုပ္တာ။ စိတ္ပူစရာေတာ့မရွိဘူးေပါ့ ေသခ်ာက်ပ္မတ္ ေဆာင္႐ြက္ေနတာေတာ့ေတြ႕တယ္။”

ျမန္မာနဲ႔ နယ္နမိတ္ခ်င္းထိစပ္ေနတဲ့ ယူနန္ျပည္နယ္မွာ ဒီေရာဂါပိုး အကူးစက္ခံရသူ အေယာက္ ၄၀ ေက်ာ္ ရွိေနတယ္လို႔ တ႐ုတ္အစိုးရက ေၾကညာထားပါတယ္။ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ရဲ႕Director General Dr. Tedros Adhanom Ghebreyesus ဟာမေန႔က ဇန္နဝါရီ ၂၈ မွာ တ႐ုတ္သမၼတ Xi Jinping နဲ႔ ေပက်င္းမွာ ေတြ႕ဆုံခဲ့ၿပီး ဒီေရာဂါပိုး ပ်ံ႕ႏွံ႔လာမႈနဲ႔ တားဆီးေရး အစီအစဥ္ေတြ ေဆြးေႏြးခဲ့တယ္ပါတယ္။

တ႐ုတ္အာဏာပိုင္ေတြ ဒီကေန႔ မနက္ပိုင္းထုတ္ျပန္တဲ့ စာရင္းအရဆိုရင္ တ႐ုတ္ျပည္ထဲမွာ ကူးစက္ခံရသူ ၆၀၀၀ နီးပါးရွိၿပီး ဒါဟာ ၂၀၀၂- ၂၀၀၃ က ျဖစ္ခဲ့တဲ့ SARS ေရာဂါပိုးကူးစက္တဲ့ႏႈန္းကို ေက်ာ္သြားတာပါ။ တ႐ုတ္မွာ ဒီေရာဂါပိုးေၾကာင့္ ေသဆုံးသူဟာ ဒီေန႔ ဇန္နဝါရီ ၂၉ရက္ မနက္အထိ ၁၃၂ ေယာက္ ရွိသြားၿပီ ျဖစ္ပါတယ္။

coronavirus အႏၲရာယ္မွ ကာကြယ္ရန္နည္းလမ္းမ်ား


...................

ယူနန်ပြည်နယ်တွင်း မြန်မာအလုပ်သမား တထောင်ကျော် နေရပ်ပြန်ရောက်ရှိ

(unicode)

တရုတ်ယူနန်ပြည်နယ်ထဲမှာ ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့မှုကြောင့် စက်ရုံအလုပ်ရုံတွေပိတ်လိုက်တဲ့ အတွက် ရာနဲ့ချီတဲ့ မြန်မာ အလုပ်သမားတွေ နေရပ်ပြန်နေကြပါတယ်။ ပြန်လာတဲ့သူတွေမှာ ရောဂါရှိမရှိကို မြန်မာကျန်းမာရေး တာဝန်ခံတွေ စစ်ဆေးနေပေမယ့် ဝင်လာသူ ဦးရေက များလာ နေတဲ့အတွက် ခေတ်မီရောဂါစစ်ဆေးရေး စက်တွေ တပ်ဆင်ဖို့ မြန်မာ ပြည်သူ့ကျန်းမာရေးအဖွဲ့က ပြင်ဆင်နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က မေးမြန်းတင်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ပျံ့နှံလာတဲ့ တရုတ်ယူနန်ပြည်နယ်မှာ စက်ရုံ၊ အလုပ်ရုံတွေ ပိတ်လိုက် တာကြောင့် ယူနန်ပြည်နယ် ထိန်ချုံးမြို့ကနေ ကချင်ပြည်နယ် ကန်ပိုက်တီး လမ်းကိုဖြတ်ပြီး ပြန်ဝင်လာတဲ့ မြန်မာအလုပ်သမားဟာ သုံးရက်အတွင်း အယောက် ၁၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။ နောက်ရက်တွေလည်း ထပ်ပြီး ဝင်လာနိုင်ခြေရှိတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေ ထပ်ဖြည့်နေ သလို ခေတ်မီ ရောဂါစစ်ဆေးရေး စက်တွေ တပ်ဆင်ဖို့ ပြင်ဆင်နေတဲ့အကြောင်း ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသိန်းမျိုးက ပြောပါတယ်။

“အခုအချိန်ထိကတော့ ပုံမှန်ပါပဲခင်ဗျ။ ကျနော်တို့ လိုအပ်တဲ့ပစ္စည်းတွေလည်း ထပ်ပြီးတော့ ပံ့ပိုးနေတယ်ပေါ့နော်။ နေရာထိုင်ခင်းတို့၊ ပစ္စည်းတို့၊ လူအင်အားတို့ ၊ နောက် Thermal Scanner တွေတပ်မလို့လေ၊ တာချီလိတ်တို့ လေဆိပ်တို့ ပုံစံမျိုးပေါ့။ အဲဒါတွေအတွက် အဆောက်အဦးတွေ၊ မြေနေရာတွေ ကြည့်နေတာပေါ့။”

ဝူဟမ်တုပ်ကွေးအတွက် ဘာတွေပြင်ဆင်ထားမလဲ ရုပ်သံအစီအစဉ် ဒီနေရာမှာ ကြည့်ရှုနားဆင်နိုင်ပါတယ်။

ကန်ပိုက်တီးလမ်းကနေ ပြန်ဝင်လာတဲ့သူတွေထဲမှာ ရောဂါကူးစက်ခံရတဲ့သူ မရှိသေးကြောင်း ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းကပြောပါတယ်။

“မနေ့က ၃၀၀ လို့ပြောပေမဲ့ ၅၄၀ ကျော်လောက်ပြန်ထွက်လာတယ်ခင်ဗျ။ ဆီးစစ်တာတို့ အဖျားတိုင်းတာတို့ သံသယလူနာ တယောက်မှ မတွေ့ရတဲ့အတွက် မနေ့ကတော့ clear ဖြစ်တယ်လို့ ပြောလို့ရပါတယ်ခင်ဗျ။ ပြီးတော့ ကျနော်တို့ နှစ်နိုင်ငံလည်း ဟိုဘက်နဲ့ ဒီဘက် အထူအရေးပေါ်သွားစရာမရှိရင် ဝင်ထွက်၊ သွားလာ မလုပ်ပါနဲ့ဆိုပြီး ဟိုဘက်၊ ဒီဘက် ညှိနှိုင်းထားတာ ရှိပါတယ်ဗျ။”

နေရပ်ပြန်လာသူတွေကို ကျန်းမာရေးဝန်ထမ်းတွေက သေသေချာချာ စစ်ဆေးပေးနေတာ တွေ့ရတဲ့ အတွက် စိုးရိမ်စိတ် နည်းနညနး လျော့ သွားပေမယ့် ပြန်လာသူ ဦးရေကတော့ သိပ်များလာ တယ်လို့ ဝိုင်းမော်ဒေသခံ ကိုဉာဏ်ထွန်းက ပြောပါတယ်။

“ များတယ်၊ မနေ့ကတော့ အထည်ချုပ်နဲ့ ဓာတ်ခဲစက်ရုံက လူ ၄၀၀ ကျော်ပြန်ဝင်လာတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်သားတွေ များတာပေါ့ ဟိုမှာ အလုပ်သွားလုပ်တာ။ စိတ်ပူစရာတော့မရှိဘူးပေါ့ သေချာကျပ်မတ် ဆောင်ရွက်နေတာတော့တွေ့တယ်။”

မြန်မာနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ယူနန်ပြည်နယ်မှာ ဒီရောဂါပိုး အကူးစက်ခံရသူ အယောက် ၄၀ ကျော် ရှိနေတယ်လို့ တရုတ်အစိုးရက ကြေညာထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့Director General Dr. Tedros Adhanom Ghebreyesus ဟာမနေ့က ဇန်နဝါရီ ၂၈ မှာ တရုတ်သမ္မတ Xi Jinping နဲ့ ပေကျင်းမှာ တွေ့ဆုံခဲ့ပြီး ဒီရောဂါပိုး ပျံ့နှံ့လာမှုနဲ့ တားဆီးရေး အစီအစဉ်တွေ ဆွေးနွေးခဲ့တယ်ပါတယ်။

တရုတ်အာဏာပိုင်တွေ ဒီကနေ့ မနက်ပိုင်းထုတ်ပြန်တဲ့ စာရင်းအရဆိုရင် တရုတ်ပြည်ထဲမှာ ကူးစက်ခံရသူ ၆၀၀၀ နီးပါးရှိပြီး ဒါဟာ ၂၀၀၂- ၂၀၀၃ က ဖြစ်ခဲ့တဲ့ SARS ရောဂါပိုးကူးစက်တဲ့နှုန်းကို ကျော်သွားတာပါ။ တရုတ်မှာ ဒီရောဂါပိုးကြောင့် သေဆုံးသူဟာ ဒီနေ့ ဇန်နဝါရီ ၂၉ရက် မနက်အထိ ၁၃၂ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

ေဇာ္ထက္/ VOA (Burmese)
https://burmese.voanews.com
ယူနန္ျပည္နယ္တြင္း ျမန္မာအလုပ္သမား တေထာင္ေက်ာ္ ေနရပ္ျပန္ေရာက္ရွိ ယူနန္ျပည္နယ္တြင္း ျမန္မာအလုပ္သမား တေထာင္ေက်ာ္ ေနရပ္ျပန္ေရာက္ရွိ Reviewed by THITHTOOLWIN on 02:34 Rating: 5
Powered by Blogger.