၂၁ရာစုပင္လုံညီလာခံ ဧၿပီမတိုင္ခင္ က်င္းပမယ္

JICM မက်င္းပႏိုင္တာတစ္ႏွစ္ေက်ာ္ၾကာ
(Zawgyi)⤵⤵⤵
ေနျပည္ေတာ္မွာက်င္းပတဲ့ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္အထည္ ေဖာ္မႈဆိုင္ရာ ညႇိႏႈိင္းအစည္းကေန၂၁ ရာစု ပင္လုံညီလာခံကို ဧၿပီမတိုင္ခင္ က်င္းပမယ္လို႔ သေဘာတူညီမႈ ရခဲ့ပါတယ္။

ဇန္နဝါရီလ ၈ ရက္ေန႔က JICM အစည္းအေဝးမွာ အခ်က္ ၈ ခ်က္ကို သေဘာတူညီမႈရရွိခဲ့ရာမွာ ဒီအခ်က္လည္း ပါဝင္တယ္လို႔လည္း ႏွစ္ဖက္ တာဝန္ရွိသူေတြရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး ဘီဘီစီ သတင္းေထာက္က ေျပာပါတယ္။

က်င္းပခဲ့တဲ့ JICM အစည္းအေဝးေတြမွာ အခုက်င္းပခဲ့တဲ့ ရွစ္ႀကိမ္ေျမာက္ အစည္းအေဝးဟာ အဆင္ေျပေျပ ေအာင္ျမင္မႈ အရွိဆုံး ျဖစ္တယ္လို႔လည္း အစည္းအေဝး တက္ေရာက္ခဲ့တဲ့ ဒုတိယ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာပါတယ္။

သေဘာတူညီမႈရခဲ့တဲ့ ၈ ခ်က္ထဲမွာေတာ့ ၂၁ရာစုပင္လုံညီလာခံကို ၂၀၂၀ ရဲ႕ ပထမေလးလအတြင္း က်င္းပဖို႔၊၂၀၂၀ အလြန္ မွာ ေရွ႕ဆက္ေဆာင္႐ြက္မယ့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အဆင့္ေတြ နဲ႔ NCAစာခ်ဳပ္ပါအခ်က္ေတြကို အေကာင္အထည္ေဖာ္ဖို႔အတြက္ ႏွစ္ဦးႏွစ္ဖက္ၾကား မူေဘာင္သေဘာတူညီခ်က္ေတြ ရယူဖို႔ အခ်က္ေတြ ပါဝင္ပါတယ္။

လက္နက္ကိုင္ၿပီး အားသာခ်က္ယူတာေတြ၊ တိုင္းျပည္ရဲ႕ ျပႆနာေတြကို ေျဖရွင္းလို႔ မရႏိုင္ဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာ
လက္နက္ကိုင္ၿပီး အားသာခ်က္ယူတာေတြ၊ ေျဖရွင္းခ်က္အသစ္ေတြနဲ႔ စိတ္ကူးယဥ္တာမ်ိဳးေတြဟာ တိုင္းျပည္ရဲ႕ ျပႆနာေတြကို ေျဖရွင္းလို႔ မရႏိုင္ဘူးလို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝး JICM ရွစ္ႀကိမ္ေျမာက္ေဆြးေႏြးပြဲမွာ ေျပာခဲ့ပါတယ္။

ေရတိုကာလမွာ မာန္မာနေတြ၊ အာဃာတေတြနဲ႔ လက္နက္ကိုင္တိုက္ပြဲေတြမွာ စီးေမ်ာေနၾကမွာျဖစ္ေပမယ့္ ေရရွည္မွာေတာ့ ေပးဆပ္လိုက္ရတာက တိုင္းရင္းသားေတြနဲ႔ တိုင္းရင္း သားေဒသေတြမွာပဲ ျဖစ္တယ္ဆိုတာကို သိလာမွာျဖစ္တယ္လို႔လည္း သူက ေျပာခဲ့ပါတယ္။

ဇန္နဝါရီလ ၈ ရက္ ေနျပည္ေတာ္မွာ က်င္းပတဲ့ ၈ ႀကိမ္ေျမာက္ JIMCM အစည္းအေဝးကို ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဒုတိယ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းတို႔ တက္ ေရာက္ခဲ့သလို တိုင္းရင္းသားေတြဘက္ကလည္း NCA လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္ ၁၀ ဖြဲ႕ရဲ႕ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ယြက္ဆစ္လည္း တက္ေရာက္ခဲ့ပါတယ္။
 NCA ပြဲတုန္း က ဗိုလ္ခ်ဳပ္ႀကီးယြက္ဆစ္ ေရာက္မလာခဲ့

ဒီေန႔ ေဆြးေႏြးပြဲမွာ ဒုတိယ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းနဲ႔ ရွမ္းျပည္တပ္မေတာ္၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/SSA ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္ဆစ္တို႔လည္း မိန႔္ခြန္းေျပာၾကားခဲ့ပါတယ္။

JICM အစည္းအေဝးကိုက်င္းပႏိုင္ခဲ့ၿပီး သေဘာတူညီခ်က္ ၈ ခ်က္ကို ရရွိခဲ့တဲ့အတြက္ NLD အစိုးရလက္ထက္မွာ ေရွ႕မတိုးႏိုင္ျဖစ္ေနတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဟာ ျပန္လည္စတင္လာတဲ့ အေျခအေနကို ေရာက္ရွိသြားၿပီလို႔လည္း ေျပာဆိုမႈေတြ ရွိပါတယ္။

ေလးႀကိမ္ေျမာက္၂၁ရာစု ပင္လုံညီလာခံမွာေတာ့ ျပည္ေထာင္စု သေဘာတူညီခ်က္ အစိတ္အပိုင္း ၃ကို သေဘာတူညီခ်က္ရရွိေအာင္ အဓိကလုပ္ေဆာင္မွာ ျဖစ္တယ္လို႔လည္း ႏွစ္ဖက္တာဝန္ရွိသူေတြက ေျပာပါတယ္။

ျပည္ေထာင္စု သေဘာတူညီခ်က္ဆိုတာကေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းရဲ႕ ေနာက္ဆုံးအဆင့္ သေဘာတူစာခ်ဳပ္ ျဖစ္ပါတယ္။
 UPDJCအစည္းအေဝးကို၂လအတြင္းက်င္းပမယ္
အဲဒီ ျပည္ေထာင္စု သေဘာတူညီခ်က္ အစိတ္အပိုင္း ၃ မွာေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲအၿပီး တက္လာတဲ့ အစိုးရအဖြဲ႕အေနနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ ပတ္သက္လို႔ ဆက္လက္လုပ္ေဆာင္ရမဲ့ အခ်က္ေတြ ပါဝင္မွာ ျဖစ္တယ္လို႔လဲ RCSS/SSA အဖြဲရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီးစိုင္းငင္းက ဆိုပါတယ္။

၂၁ ရာစု ပင္လုံညီလာခံ မက်င္းပမီ လုပ္ေဆာင္မယ့္ လုပ္ငန္းစဥ္ေတြနဲ႔ ပတ္သက္လို႔လည္း ဗိုလ္မႉးႀကီးစိုင္းငင္းက၂၁ ရာစု ပင္လုံညီလာခံ က်င္းပႏိုင္ဖို႔အတြက္ UPDJC အစည္းအေဝးကို၂လအတြင္း က်င္းပသြားမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

၂၁ ရာစုပင္လုံညီလာခံကို အပစ္ရပ္ လက္မွတ္မထိုးထားတဲ့ အဖြဲ႕ရွစ္ဖြဲ႕ကို ဖိတ္ၾကားဖို႔လည္း ရွိေနပါတယ္။

ဒီကေန႔ အစည္းအေဝးမွာ သေဘာတူညီခဲ့တဲ့ သေဘာတူညီခ်က္ေတြကို အေကာင္အထည္ေဖာ္တဲ့ အခါမွာလည္း အခ်ိန္ကာလကို အတတ္ႏိုင္ဆုံး ေလ်ာ့ခ်ၿပီး ေအာင္ျမင္ေအာင္ လုပ္ေဆာင္ဖို႔ကိုလည္း ႏွစ္ဖက္ေခါင္းေဆာင္ေတြက ေျပာၾကားခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
၂၁ရာစုပင်လုံညီလာခံ ဧပြီမတိုင်ခင် ကျင်းပမယ်

Image caption JICM မကျင်းပနိုင်တာတစ်နှစ်ကျော်ကြာ

နေပြည်တော်မှာကျင်းပတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းကနေ၂၁ ရာစု ပင်လုံညီလာခံကို ဧပြီမတိုင်ခင် ကျင်းပမယ်လို့ သဘောတူညီမှု ရခဲ့ပါတယ်။

ဇန်နဝါရီလ ၈ ရက်နေ့က JICM အစည်းအဝေးမှာ အချက် ၈ ချက်ကို သဘောတူညီမှုရရှိခဲ့ရာမှာ ဒီအချက်လည်း ပါဝင်တယ်လို့လည်း နှစ်ဖက် တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကျင်းပခဲ့တဲ့ JICM အစည်းအဝေးတွေမှာ အခုကျင်းပခဲ့တဲ့ ရှစ်ကြိမ်မြောက် အစည်းအဝေးဟာ အဆင်ပြေပြေ အောင်မြင်မှု အရှိဆုံး ဖြစ်တယ်လို့လည်း အစည်းအဝေး တက်ရောက်ခဲ့တဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။

သဘောတူညီမှုရခဲ့တဲ့ ၈ ချက်ထဲမှာတော့ ၂၁ရာစုပင်လုံညီလာခံကို ၂၀၂၀ ရဲ့ ပထမလေးလအတွင်း ကျင်းပဖို့၊၂၀၂၀ အလွန် မှာ ရှေ့ဆက်ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်တွေ နဲ့ NCAစာချုပ်ပါအချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် နှစ်ဦးနှစ်ဖက်ကြား မူဘောင်သဘောတူညီချက်တွေ ရယူဖို့ အချက်တွေ ပါဝင်ပါတယ်။
Image caption လက်နက်ကိုင်ပြီး အားသာချက်ယူတာတွေ၊ တိုင်းပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းလို့ မရနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြော

လက်နက်ကိုင်ပြီး အားသာချက်ယူတာတွေ၊ ဖြေရှင်းချက်အသစ်တွေနဲ့ စိတ်ကူးယဉ်တာမျိုးတွေဟာ တိုင်းပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းလို့ မရနိုင်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ရှစ်ကြိမ်မြောက်ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

ရေတိုကာလမှာ မာန်မာနတွေ၊ အာဃာတတွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေမှာ စီးမျောနေကြမှာဖြစ်ပေမယ့် ရေရှည်မှာတော့ ပေးဆပ်လိုက်ရတာက တိုင်းရင်းသားတွေနဲ့ တိုင်းရင်း သားဒေသတွေမှာပဲ ဖြစ်တယ်ဆိုတာကို သိလာမှာဖြစ်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။

ဇန်နဝါရီလ ၈ ရက် နေပြည်တော်မှာ ကျင်းပတဲ့ ၈ ကြိမ်မြောက် JIMCM အစည်းအဝေးကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ တက် ရောက်ခဲ့သလို တိုင်းရင်းသားတွေဘက်ကလည်း NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်လည်း တက်ရောက်ခဲ့ပါတယ်။
Image caption NCA ပွဲတုန်း က ဗိုလ်ချုပ်ကြီးယွက်ဆစ် ရောက်မလာခဲ့

ဒီနေ့ ဆွေးနွေးပွဲမှာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့လည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။

JICM အစည်းအဝေးကိုကျင်းပနိုင်ခဲ့ပြီး သဘောတူညီချက် ၈ ချက်ကို ရရှိခဲ့တဲ့အတွက် NLD အစိုးရလက်ထက်မှာ ရှေ့မတိုးနိုင်ဖြစ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပြန်လည်စတင်လာတဲ့ အခြေအနေကို ရောက်ရှိသွားပြီလို့လည်း ပြောဆိုမှုတွေ ရှိပါတယ်။

လေးကြိမ်မြောက်၂၁ရာစု ပင်လုံညီလာခံမှာတော့ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၃ကို သဘောတူညီချက်ရရှိအောင် အဓိကလုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း နှစ်ဖက်တာဝန်ရှိသူတွေက ပြောပါတယ်။

ပြည်ထောင်စု သဘောတူညီချက်ဆိုတာကတော့ ငြိမ်းချမ်းရေးလုပ်ငန်းရဲ့ နောက်ဆုံးအဆင့် သဘောတူစာချုပ် ဖြစ်ပါတယ်။
Image caption UPDJCအစည်းအဝေးကို၂လအတွင်းကျင်းပမယ်

အဲဒီ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၃ မှာတော့ ၂၀၂၀ ရွေးကောက်ပွဲအပြီး တက်လာတဲ့ အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဆက်လက်လုပ်ဆောင်ရမဲ့ အချက်တွေ ပါဝင်မှာ ဖြစ်တယ်လို့လဲ RCSS/SSA အဖွဲရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းငင်းက ဆိုပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ မကျင်းပမီ လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့လည်း ဗိုလ်မှူးကြီးစိုင်းငင်းက၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ဖို့အတွက် UPDJC အစည်းအဝေးကို၂လအတွင်း ကျင်းပသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

၂၁ ရာစုပင်လုံညီလာခံကို အပစ်ရပ် လက်မှတ်မထိုးထားတဲ့ အဖွဲ့ရှစ်ဖွဲ့ကို ဖိတ်ကြားဖို့လည်း ရှိနေပါတယ်။

ဒီကနေ့ အစည်းအဝေးမှာ သဘောတူညီခဲ့တဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်တဲ့ အခါမှာလည်း အချိန်ကာလကို အတတ်နိုင်ဆုံး လျော့ချပြီး အောင်မြင်အောင် လုပ်ဆောင်ဖို့ကိုလည်း နှစ်ဖက်ခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
၂၁ရာစုပင္လုံညီလာခံ ဧၿပီမတိုင္ခင္ က်င္းပမယ္ ၂၁ရာစုပင္လုံညီလာခံ ဧၿပီမတိုင္ခင္ က်င္းပမယ္ Reviewed by THITHTOOLWIN on 22:49 Rating: 5
Powered by Blogger.