ျဖတ္ေလးျဖတ္ေၾကာင့္ ေဒသခံတို႔ နစ္နာေၾကာင္း ရွမ္းအဖြဲ႕မ်ား ေထာက္ျပ

(Zawgyi)⤵⤵⤵
ရွမ္းလူမႈအဖြဲ႕အစည္းေတြကေန ျဖတ္ေလးျဖတ္လို႔ အမည္ေပးထားၿပီး ဇန္နဝါရီ ၂၁ ရက္ေန႔မွာ ထုတ္ျပန္လိုက္တဲ့ ႐ုပ္သံ VDO မွတ္တမ္းမွာ တပ္မေတာ္က ျဖတ္ေလးျဖတ္ စီမံခ်က္ေၾကာင့္ ရွမ္းျပည္နယ္အတြင္း သိန္းနဲ႔ခ်ီတဲ့ ေဒသခံေတြဟာ သတ္ျဖတ္ခံရျခင္း၊ ရပ္႐ြာေနအိမ္၊ လယ္ေျမၿခံေျမေတြကို စြန႔္ခြာထြက္ေျပးရျခင္း၊ အဓမၼျပဳက်င့္ ခံရျခင္း၊ ႐ြာလုံးကြၽတ္မီးရႈိ႕ခံရျခင္းေတြနဲ႔ ႀကဳံခဲ့ရတယ္လို႔ ေဒသခံေတြ ေျပာဆိုထားတာကို ႐ုပ္သံမွာ ေတြ႕ရ ပါတယ္။

ရွမ္းျပည္နယ္ဟာ လက္နက္ကိုင္အဖြဲ႕ အမ်ားအျပား အေျခစိုက္လႈပ္ရွားတဲ့ေဒသျဖစ္ပါတယ္။  ျဖတ္ေလးျဖတ္ ဆိုတာ တပ္မေတာ္က ရင္ဆိုင္ေနရတဲ့ လက္နက္ကိုင္အဖြဲ႕ေတြ ရပ္တည္ရခက္ခဲေစေရးအတြက္ သူတို႔လႈပ္ရွားတဲ့ နယ္ေျမမွာ ရိကၡာ၊ ေငြေၾကး၊ သတင္းအခ်က္အလက္၊ တပ္သားသစ္ ဒီေလးမ်ိဳးမရရွိေအာင္ ျဖတ္ေတာက္ျခင္းပါ။

ျဖတ္ေလးျဖတ္ စစ္ဆင္ေရးေၾကာင့္ ထိခိုက္ရတာကေတာ့ ေဒသခံေတြပဲ ျဖစ္ေနတယ္လို႔ ရွမ္းလူမႈအဖြဲ႕အစည္း မ်ားက ဆိုပါတယ္။

၂၀၁၉  ဒီဇင္ဘာ ၁၁ ရက္ေန႔က ICJ တရား႐ုံးမြာ လူမ်ိဳးတုံးသတ္ျဖတ္မႈစြဲဆိုခ်က္နဲ႔ ပတ္သက္ၿပီး ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က တပ္မေတာ္ဘက္ကေနရပ္တည္ၿပီး  ေလွ်ာက္လဲခ်က္ေပးခဲ့တာလို႔ ရွမ္းလူမႈအဖြဲ႕အစည္းမ်ားရဲ႕ ေျပာေရးဆိုခြင့္ရွိသူ စိုင္းလ်န္းက ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

“ေအာင္ဆန္းစုၾကည္ သြားေျပာတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ေျပာထားတာက အဲဒါေတာ့ ႐ိုဟင္ဂ်ာနဲ႔ပတ္သက္ၿပီးေတာ့ ဒီဟာကို လူမ်ိဳးတုံးသတ္ျဖတ္မႈကို ရည္႐ြယ္တာမဟုတ္ဘူး ရည္႐ြယ္တဲ့အဆင့္ေတာ့ မဟုတ္ပါဘူး ဆိုၿပီးေတာ့ သူတို႔က ေျပာတယ္ အဲဒါနဲ႔ တိုက္႐ိုက္ မဟုတ္ေပမယ့္ ဆက္စပ္ၿပီးေတာ့ေပါ့ေလေနာ့္၊ ရွမ္းျပည္မွာျဖစ္ခဲ့တဲ့ ဥစၥာကေတာ့ လူမ်ိဳးတုံးသတ္ျဖတ္မႈ  မဟုတ္ဘူးလို႔ ေျပာလို႔မရဘူး၊ ဒါေၾကာင့္ စစ္တပ္ကဘာလဲ သူတို႔ေျပာတာ စစ္တပ္ကို လက္နက္ကိုင္အဖြဲ႕အစည္းကိုပဲ တပ္မေတာ္ကေနၿပီး သြားၿပီးေတာ့ တိုက္ခိုက္ေခ်မႈန္းတာပါဆိုတာ အဲဒီဟာ မဟုတ္ဘဲနဲ႔၊ ရွမ္းျပည္မွာ ျဖစ္တဲ့ဥစၥာကၾကေတာ့ ျပည္သူလူထုကို ရည္႐ြယ္ၿပီးလုပ္တဲ့ လုပ္ရပ္ေတြ ျဖစ္တယ္ဆိုတာကို အခါအခြင့္သင့္တုန္း တင္ျပတာေပါ့ ေျပာျပတာေပါ့”

ရွမ္းျပည္နယ္ ၿမိဳ႕နယ္ ၁၅ ခု၊ ေက်း႐ြာေပါင္း ၁၈၀၀ ေက်ာ္နဲ႔ လူဦးေရ ေလးသိန္းေလာက္ ထိခိုက္ခဲ့ရတယ္ဆိုတဲ့ ျဖတ္ေလးျဖတ္ စီမံကိန္းအတြင္း  တပ္မေတာ္ရဲ႕ ဖမ္းဆီး႐ိုက္နက္တာ၊ ညႇဥ္းပန္းႏွိပ္စက္မႈေတြနဲ႔ ပတ္သက္ၿပီး မ်က္ျမင္သက္ေသေတြရဲ႕ ေျပာဆိုခ်က္ကို  ဒီမွတ္တမ္း႐ုပ္သံမွာ ေတြ႕ရပါတယ္။

၁၉၉၆  ဇြန္လ ၁၆ ရက္ေန႔မွာ ကြန္ဟိန္းၿမိဳ႕နယ္ ဆိုင္းေခါင္ေက်း႐ြာအုပ္စုက ေက်း႐ြာအားလုံးကို ကြန္ဟိန္းၿမိဳ႕ အနီးကို အဓမၼေျပာင္းေ႐ႊ႕ခံရသူေတြဟာ ႐ြာမွာ က်န္ခဲ့တဲ့ ဆန္ေတြကို ႏြားလွည္းေတြနဲ႔ သြားျပန္သယ္ခ်ိန္မွာ အမ်ိဳးသမီးတစ္ဦးနဲ႔ ကေလးငယ္တစ္ဦးသာ ျပန္လည္လြတ္ေျမာက္လာၿပီး က်န္တဲ့ ႐ြာသား ၂၇ ေယာက္လုံး အသတ္ခံခဲ့ရတယ္လို႔လည္း  ႐ုပ္သံမွတ္တမ္းမွာ ေဒသခံ႐ြာသားတစ္ဦးက ျဖစ္ပ်က္ခဲ့တဲ့ေနရာကို  ျပသၿပီး ရွမ္းဘာသာနဲ႔ ေျပာဆိုထားတာလည္း ေတြ႕ရပါတယ္။

“အဲဒီတုန္းက ဒီနားေလးေတြမွာ အေလာင္း ၁၉ ေလာင္းေတြ႕တယ္၊ အေလာင္းေတြက ဒီအပင္နားေတြမွာ ေသေနတာ ငုတ္တုတ္၊ ႐ိုက္တယ္၊ ပစ္သတ္တယ္၊ အဲလိုပုံစံေတြနဲ႔ ပဲေတြ႕ရတယ္ လူေသအေလာင္းေတြက။  က်ေနာ္တို႔ ဒီနားေရာက္လာတုန္းက အေလာင္းေတြ မေတြ႕ရေသးဘူး၊ ဖြတ္ႀကီးတေကာင္ေျပးၿပီး ေရထဲဆင္း သြားတာကိုေတြ႕ရတယ္၊ ဖြတ္ဆိုတဲ့အမ်ိဳးက အသားစားတယ္၊ ဒီနားေလာက္မွာ လူေသေတြရွိႏိုင္တယ္ ဆိုၿပီး လိုက္ရွာၾကည့္တာ လူေသအေလာင္းေတြေတြ႕ေတာ့ ပုတ္သိုးနံေစာ္ေနၿပီ ႏွာေခါင္းေတြ ပိတ္ထားရတယ္၊ အဲဒီလူေသအေလာင္းေတြ ေတြ႕ၿပီး ဒီဘက္ကို ျပန္လွည့္လာေတာ့ ႏြားလွည္းတန္းေတြ မီးရႈိ႕ခံထားတာေတြ အတန္းလိုက္ေတြ႕ရတယ္”

မေန႔က ရွမ္းလူမႈအဖြဲ႕အစည္းေတြရဲ႕ ထုတ္ျပန္ခ်က္မွာ ၁၉၉၆ ကေန ၁၉၉၈ ခုႏွစ္အတြင္းမွာ ရွမ္းျပည္နယ္ ေဒသခံ တစ္ေထာင္ေက်ာ္ ညႇဥ္းပန္းႏွိပ္စက္သတ္ျဖတ္ခံၾကရၿပီး  အမ်ိဳးသမီး  ၆၂၅  ေယာက္ မတရားျပဳက်င့္ သတ္ျဖတ္ ခံခဲ့ၾကရတယ္လို႔ ေဖာ္ျပထားပါတယ္။

ျပည္နယ္အတြင္း ေနရာအႏွံ႔ စစ္တမ္းမေကာက္ယူႏိုင္တာေၾကာင့္ လူ႔အခြင့္အေရး  ခ်ိဳးေဖာက္ခံရမႈေတြဟာ ဒီထက္မကရွိႏိုင္တယ္လို႔လည္း ေျပာေရးဆိုခြင့္ရွိသူ စိုင္းလ်န္းက ေျပာပါတယ္။

မ်က္ျမင္သက္ေသေတြပါ မွတ္တမ္းတင္  ႐ိုက္ကူးတင္ျပႏိုင္ဖို႔အတြက္ ရွမ္းလူမႈအဖြဲ႕အစည္းေတြက ငါးႏွစ္ၾကာ အခ်ိန္ယူစုေဆာင္းခဲ့ရသလို ရွမ္းျပည္သူလူထုေတြဟာလည္း စိတ္ေရာ႐ုပ္ပါ ထိခိုက္ခံစားေနၾကရတယ္လို႔ စိုင္းလ်န္းက ဆက္ေျပာပါတယ္။

လူမ်ိဳးတုံး သတ္ျဖတ္မႈအဆင့္ကို ေရာက္တာ မေရာက္တာဆိုတာ ဒါက ICJ က ဆုံးျဖတ္မည့္ဥစၥာပဲ၊ ဒါေပမဲ့ ႀကီးမားတဲ့ ဒီလိုမ်ိဳး စီမံကိန္း ရွိရွိေနာ္ တပ္ကေနၿပီးမွ  စီမံကိန္းရွိရွိ  ဒီ ရွမ္းျပည္သူလူထုကို အေၾကာက္တရား ဝင္သြားေအာင္ စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာေရာ ထိခိုက္ေအာင္လို႔ အျပင္းအထန္ ထိခိုက္သြားေအာင္ လုပ္တယ္ဆိုတာကေတာ့ ဒါကေတာ့ လုံးဝေသခ်ာပါတယ္ လုံးဝေျပာႏိုင္တယ္။

ရွမ္းလူမႈအဖြဲ႕အစည္းေတြဟာ   ဒီဇင္ဘာလ ၉ ရက္ေန႔ကလည္း တိုင္းရင္းသား လူမ်ိဳးမ်ားအေပၚ ဆယ္စုႏွစ္ၾကာ ရက္စက္ၾကမ္းၾကဳတ္စြာျပဳက်င့္ေနတဲ့ အစိုးရ  ေခါင္းေဆာင္ေတြကို ႏိုင္ငံတကာဆိုင္ရာ ဥပေဒအရ အေရးယူမယ့္ အစီအစဥ္ကို ေထာက္ခံတယ္လို႔ ေၾကညာခဲ့ပါေသးတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
ဖြတ်လေးဖြတ်ကြောင့် ဒေသခံတို့ နစ်နာကြောင်း ရှမ်းအဖွဲ့များ ထောက်ပြ

ရှမ်းလူမှုအဖွဲ့အစည်းတွေကနေ ဖြတ်လေးဖြတ်လို့ အမည်ပေးထားပြီး ဇန်နဝါရီ ၂၁ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ရုပ်သံ VDO မှတ်တမ်းမှာ တပ်မတော်က ဖြတ်လေးဖြတ် စီမံချက်ကြောင့် ရှမ်းပြည်နယ်အတွင်း သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာ သတ်ဖြတ်ခံရခြင်း၊ ရပ်ရွာနေအိမ်၊ လယ်မြေခြံမြေတွေကို စွန့်ခွာထွက်ပြေးရခြင်း၊ အဓမ္မပြုကျင့် ခံရခြင်း၊ ရွာလုံးကျွတ်မီးရှို့ခံရခြင်းတွေနဲ့ ကြုံခဲ့ရတယ်လို့ ဒေသခံတွေ ပြောဆိုထားတာကို ရုပ်သံမှာ တွေ့ရ ပါတယ်။

ရှမ်းပြည်နယ်ဟာ လက်နက်ကိုင်အဖွဲ့ အများအပြား အခြေစိုက်လှုပ်ရှားတဲ့ဒေသဖြစ်ပါတယ်။  ဖြတ်လေးဖြတ် ဆိုတာ တပ်မတော်က ရင်ဆိုင်နေရတဲ့ လက်နက်ကိုင်အဖွဲ့တွေ ရပ်တည်ရခက်ခဲစေရေးအတွက် သူတို့လှုပ်ရှားတဲ့ နယ်မြေမှာ ရိက္ခာ၊ ငွေကြေး၊ သတင်းအချက်အလက်၊ တပ်သားသစ် ဒီလေးမျိုးမရရှိအောင် ဖြတ်တောက်ခြင်းပါ။

ဖြတ်လေးဖြတ် စစ်ဆင်ရေးကြောင့် ထိခိုက်ရတာကတော့ ဒေသခံတွေပဲ ဖြစ်နေတယ်လို့ ရှမ်းလူမှုအဖွဲ့အစည်း များက ဆိုပါတယ်။

၂၀၁၉  ဒီဇင်ဘာ ၁၁ ရက်နေ့က ICJ တရားရုံးမွာ လူမျိုးတုံးသတ်ဖြတ်မှုစွဲဆိုချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ဘက်ကနေရပ်တည်ပြီး  လျှောက်လဲချက်ပေးခဲ့တာလို့ ရှမ်းလူမှုအဖွဲ့အစည်းများရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းလျန်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

“အောင်ဆန်းစုကြည် သွားပြောတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောထားတာက အဲဒါတော့ ရိုဟင်ဂျာနဲ့ပတ်သက်ပြီးတော့ ဒီဟာကို လူမျိုးတုံးသတ်ဖြတ်မှုကို ရည်ရွယ်တာမဟုတ်ဘူး ရည်ရွယ်တဲ့အဆင့်တော့ မဟုတ်ပါဘူး ဆိုပြီးတော့ သူတို့က ပြောတယ် အဲဒါနဲ့ တိုက်ရိုက် မဟုတ်ပေမယ့် ဆက်စပ်ပြီးတော့ပေါ့လေနော့်၊ ရှမ်းပြည်မှာဖြစ်ခဲ့တဲ့ ဥစ္စာကတော့ လူမျိုးတုံးသတ်ဖြတ်မှု  မဟုတ်ဘူးလို့ ပြောလို့မရဘူး၊ ဒါကြောင့် စစ်တပ်ကဘာလဲ သူတို့ပြောတာ စစ်တပ်ကို လက်နက်ကိုင်အဖွဲ့အစည်းကိုပဲ တပ်မတော်ကနေပြီး သွားပြီးတော့ တိုက်ခိုက်ချေမှုန်းတာပါဆိုတာ အဲဒီဟာ မဟုတ်ဘဲနဲ့၊ ရှမ်းပြည်မှာ ဖြစ်တဲ့ဥစ္စာကကြတော့ ပြည်သူလူထုကို ရည်ရွယ်ပြီးလုပ်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်ဆိုတာကို အခါအခွင့်သင့်တုန်း တင်ပြတာပေါ့ ပြောပြတာပေါ့”

ရှမ်းပြည်နယ် မြို့နယ် ၁၅ ခု၊ ကျေးရွာပေါင်း ၁၈၀၀ ကျော်နဲ့ လူဦးရေ လေးသိန်းလောက် ထိခိုက်ခဲ့ရတယ်ဆိုတဲ့ ဖြတ်လေးဖြတ် စီမံကိန်းအတွင်း  တပ်မတော်ရဲ့ ဖမ်းဆီးရိုက်နက်တာ၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ပတ်သက်ပြီး မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်ကို  ဒီမှတ်တမ်းရုပ်သံမှာ တွေ့ရပါတယ်။

၁၉၉၆  ဇွန်လ ၁၆ ရက်နေ့မှာ ကွန်ဟိန်းမြို့နယ် ဆိုင်းခေါင်ကျေးရွာအုပ်စုက ကျေးရွာအားလုံးကို ကွန်ဟိန်းမြို့ အနီးကို အဓမ္မပြောင်းရွှေ့ခံရသူတွေဟာ ရွာမှာ ကျန်ခဲ့တဲ့ ဆန်တွေကို နွားလှည်းတွေနဲ့ သွားပြန်သယ်ချိန်မှာ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦးသာ ပြန်လည်လွတ်မြောက်လာပြီး ကျန်တဲ့ ရွာသား ၂၇ ယောက်လုံး အသတ်ခံခဲ့ရတယ်လို့လည်း  ရုပ်သံမှတ်တမ်းမှာ ဒေသခံရွာသားတစ်ဦးက ဖြစ်ပျက်ခဲ့တဲ့နေရာကို  ပြသပြီး ရှမ်းဘာသာနဲ့ ပြောဆိုထားတာလည်း တွေ့ရပါတယ်။

“အဲဒီတုန်းက ဒီနားလေးတွေမှာ အလောင်း ၁၉ လောင်းတွေ့တယ်၊ အလောင်းတွေက ဒီအပင်နားတွေမှာ သေနေတာ ငုတ်တုတ်၊ ရိုက်တယ်၊ ပစ်သတ်တယ်၊ အဲလိုပုံစံတွေနဲ့ ပဲတွေ့ရတယ် လူသေအလောင်းတွေက။  ကျနော်တို့ ဒီနားရောက်လာတုန်းက အလောင်းတွေ မတွေ့ရသေးဘူး၊ ဖွတ်ကြီးတကောင်ပြေးပြီး ရေထဲဆင်း သွားတာကိုတွေ့ရတယ်၊ ဖွတ်ဆိုတဲ့အမျိုးက အသားစားတယ်၊ ဒီနားလောက်မှာ လူသေတွေရှိနိုင်တယ် ဆိုပြီး လိုက်ရှာကြည့်တာ လူသေအလောင်းတွေတွေ့တော့ ပုတ်သိုးနံစော်နေပြီ နှာခေါင်းတွေ ပိတ်ထားရတယ်၊ အဲဒီလူသေအလောင်းတွေ တွေ့ပြီး ဒီဘက်ကို ပြန်လှည့်လာတော့ နွားလှည်းတန်းတွေ မီးရှို့ခံထားတာတွေ အတန်းလိုက်တွေ့ရတယ်”

မနေ့က ရှမ်းလူမှုအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ ၁၉၉၆ ကနေ ၁၉၉၈ ခုနှစ်အတွင်းမှာ ရှမ်းပြည်နယ် ဒေသခံ တစ်ထောင်ကျော် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံကြရပြီး  အမျိုးသမီး  ၆၂၅  ယောက် မတရားပြုကျင့် သတ်ဖြတ် ခံခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။

ပြည်နယ်အတွင်း နေရာအနှံ့ စစ်တမ်းမကောက်ယူနိုင်တာကြောင့် လူ့အခွင့်အရေး  ချိုးဖောက်ခံရမှုတွေဟာ ဒီထက်မကရှိနိုင်တယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူ စိုင်းလျန်းက ပြောပါတယ်။

မျက်မြင်သက်သေတွေပါ မှတ်တမ်းတင်  ရိုက်ကူးတင်ပြနိုင်ဖို့အတွက် ရှမ်းလူမှုအဖွဲ့အစည်းတွေက ငါးနှစ်ကြာ အချိန်ယူစုဆောင်းခဲ့ရသလို ရှမ်းပြည်သူလူထုတွေဟာလည်း စိတ်ရောရုပ်ပါ ထိခိုက်ခံစားနေကြရတယ်လို့ စိုင်းလျန်းက ဆက်ပြောပါတယ်။

လူမျိုးတုံး သတ်ဖြတ်မှုအဆင့်ကို ရောက်တာ မရောက်တာဆိုတာ ဒါက ICJ က ဆုံးဖြတ်မည့်ဥစ္စာပဲ၊ ဒါပေမဲ့ ကြီးမားတဲ့ ဒီလိုမျိုး စီမံကိန်း ရှိရှိနော် တပ်ကနေပြီးမှ  စီမံကိန်းရှိရှိ  ဒီ ရှမ်းပြည်သူလူထုကို အကြောက်တရား ဝင်သွားအောင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ထိခိုက်အောင်လို့ အပြင်းအထန် ထိခိုက်သွားအောင် လုပ်တယ်ဆိုတာကတော့ ဒါကတော့ လုံးဝသေချာပါတယ် လုံးဝပြောနိုင်တယ်။

ရှမ်းလူမှုအဖွဲ့အစည်းတွေဟာ   ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း တိုင်းရင်းသား လူမျိုးများအပေါ် ဆယ်စုနှစ်ကြာ ရက်စက်ကြမ်းကြုတ်စွာပြုကျင့်နေတဲ့ အစိုးရ  ခေါင်းဆောင်တွေကို နိုင်ငံတကာဆိုင်ရာ ဥပဒေအရ အရေးယူမယ့် အစီအစဉ်ကို ထောက်ခံတယ်လို့ ကြေညာခဲ့ပါသေးတယ်။

RFA Burmese
https://www.rfa.org

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား