အင္ဒိုနီးရွား ေရေဘး လူ ၅၀ ေက်ာ္ ေသဆံုး

အင္ဒုိနီးရွားႏုိင္ငံ ဂ်ကာတာၿမိဳ႕ျပင္တေနရာ ေရႀကီးေနမႈျမင္ကြင္း။ (ဇန္နဝါရီ ၂၊ ၂၀၂၀)

(Zawgyi / Unicode)

အင္ဒိုနီးရွားႏုိင္ငံၿမိဳ႕ေတာ္ ဂ်ကာတာၿမိဳ႕တ၀ိုက္မွာ မိုးသည္းထန္စြာ ရြာသြန္းၿပီး ေျမၿပိဳက်တာေတြေၾကာင့္ လူ ၅၃ ေယာက္ထက္မနည္း ေသဆုံးသြားတယ္လုိ႔ အင္ဒိုနီးရွား အာဏာပိုင္ေတြက ဒီကေန႔ ေျပာလိုက္ပါတယ္။ ဒါ့အျပင္ ေျမၿပိဳက်မႈေအာက္မွာ နစ္ျမဳပ္ေနတဲ့သူေတြကို ကယ္ဆယ္ေရးအဖဲြ႔ေတြက ဆက္လက္ရွာေဖြေနၾကပါတယ္။

မိုးရြာသြန္းၿပီး ျမစ္ေရလွ်ံတာေၾကာင့္ ဂ်ကာတာၿမိဳ႕တ၀ိုက္က ခ႐ုိင္ေတြ ဒါဇင္နဲ႔ခ်ီ ေရနစ္ျမဳပ္ကုန္ၿပီး အဲဒီကေန ေျမၿပိဳက်ခဲ့တာေၾကာင့္ လူတဒါဇင္ထက္မနည္း ေသဆုံးသြားခဲ့ပါတယ္။

ႏွစ္သစ္ကူးည မတုိင္ခင္ မိုးအႀကီးအက်ယ္ ရြာတာေၾကာင့္ ဗုဒၶဟူးေန႔ အေစာပိုင္းမွာ ျမစ္ေရလွ်ံခဲ့တာျဖစ္ၿပီး ေသဆုံးသြားတဲ့သူေတြဟာ ေရနစ္လို႔ ဒါမွမဟုတ္ ဓာတ္လိုက္ၿပီး ေသဆုံးတာ ျဖစ္တယ္လို႔ အင္ဒိုနီးရွားႏုိင္ငံရဲ႕ အမ်ိဳးသားေဘးဒုကၡ ကယ္ဆယ္ေရးဌာန ေျပာခြင့္ရ Agus Wobowo က ေျပာပါတယ္။ အသက္အရြယ္ႀကီးရင့္သူ ၃ ေယာက္ကေတာ့ အေအးမိၿပီး ေသဆုံးသြားခဲ့ပါတယ္။

ဒါဟာ ၂၀၀၇ ခုႏွစ္က လူ ၈၀ ေက်ာ္ ေသဆုံးခဲ့တဲ့ ေရႀကီးမႈေနာက္ပိုင္း အင္ဒိုနီးရွားႏုိင္ငံမွာ အဆုိးရြားဆုံး ေရႀကီးမႈ ျဖစ္ပါတယ္။

Bogor ျပည္နယ္က Sukamulia ရြာမွာေတာ့ ေရႀကီး ေျမၿပိဳတာေတြေၾကာင့္ ေနာက္ထပ္ေသဆုံးမႈေတြရွိၿပီး ေသဆုံးသူအေရအတြက္ ထပ္တုိးလာႏုိင္ဖြယ္ ရွိတယ္လို႔ ကယ္ဆယ္ေရးအဖဲြ႔ေတြက ေျပာပါတယ္။

----------------------------------

(Unicode)

အင်ဒိုနီးရှား ရေဘေး လူ ၅၀ ကျော် သေဆုံး

အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာမြို့တဝိုက်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကျတာတွေကြောင့် လူ ၅၃ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ဒီကနေ့ ပြောလိုက်ပါတယ်။ ဒါ့အပြင် မြေပြိုကျမှုအောက်မှာ နစ်မြုပ်နေတဲ့သူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေကြပါတယ်။

မိုးရွာသွန်းပြီး မြစ်ရေလျှံတာကြောင့် ဂျကာတာမြို့တဝိုက်က ခရိုင်တွေ ဒါဇင်နဲ့ချီ ရေနစ်မြုပ်ကုန်ပြီး အဲဒီကနေ မြေပြိုကျခဲ့တာကြောင့် လူတဒါဇင်ထက်မနည်း သေဆုံးသွားခဲ့ပါတယ်။

နှစ်သစ်ကူးည မတိုင်ခင် မိုးအကြီးအကျယ် ရွာတာကြောင့် ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ မြစ်ရေလျှံခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့သူတွေဟာ ရေနစ်လို့ ဒါမှမဟုတ် ဓာတ်လိုက်ပြီး သေဆုံးတာ ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ အမျိုးသားဘေးဒုက္ခ ကယ်ဆယ်ရေးဌာန ပြောခွင့်ရ Agus Wobowo က ပြောပါတယ်။ အသက်အရွယ်ကြီးရင့်သူ ၃ ယောက်ကတော့ အအေးမိပြီး သေဆုံးသွားခဲ့ပါတယ်။

ဒါဟာ ၂၀၀၇ ခုနှစ်က လူ ၈၀ ကျော် သေဆုံးခဲ့တဲ့ ရေကြီးမှုနောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံမှာ အဆိုးရွားဆုံး ရေကြီးမှု ဖြစ်ပါတယ်။

Bogor ပြည်နယ်က Sukamulia ရွာမှာတော့ ရေကြီး မြေပြိုတာတွေကြောင့် နောက်ထပ်သေဆုံးမှုတွေရှိပြီး သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ဖွယ် ရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

VOA Burmese
https://burmese.voanews.com
အင္ဒိုနီးရွား ေရေဘး လူ ၅၀ ေက်ာ္ ေသဆံုး အင္ဒိုနီးရွား ေရေဘး လူ ၅၀ ေက်ာ္ ေသဆံုး Reviewed by THITHTOOLWIN on 14:00 Rating: 5
Powered by Blogger.