ျမစ္ဆုံစီမံကိန္း ဖ်က္သိမ္းဖို႔ တ႐ုတ္သမၼတကို ေတာင္းဆို

(Zawgyi)⤵⤵⤵
ကခ်င္ျပည္နယ္က ျမစ္ဆုံစီမံကိန္းအၿပီးတိုင္ ဖ်က္သိမ္းေပးဖို႔အတြက္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ ႏိုင္ငံေရးနဲ႔ လူမႈေရးအဖြဲ႕အစည္းေတြပူးေပါင္းၿပီး တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ ကို ဒီေန႔ ဆႏၵျပေတာင္းဆိုပါတယ္။

ဆႏၵျပသူေတြဟာ ၿမိဳ႕ေတာ္ခန္းမေရွ႕ကေန တ႐ုတ္သံ႐ုံးကိုသြားၿပီး သမၼတ ရွီက်င့္ဖ်င္ထံကို အိတ္ဖြင့္ေပးစာေပးဖို႔ စီစဥ္ခဲ့ေပမယ့္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕နဲ႔ သက္ဆိုင္ရာတာဝန္ရွိသူေတြရဲ႕ ေမတၱာရပ္ခံမႈေၾကာင့္ သံ႐ုံးကို မသြားေတာ့ဘဲ ၿမိဳ႕ေတာ္ခန္းမေရွ႕မွာပဲ ဆႏၵျပခဲ့ၾကတာပါ။

ဆႏၵျပသူေတြရဲ႕ အိတ္ဖြင့္ေပးစာကို ေက်ာက္တံတားၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉးနဲ႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးတို႔က လက္ခံခဲ့ၿပီး သူတို႔ကိုယ္တိုင္ သံ႐ုံးကို သြားေပးမယ္ဆိုၿပီး ညႇိႏႈိင္းခဲ့တာလို႔ သိရပါတယ္။

တ႐ုတ္သံ႐ုံးကို တကယ္ပို႔၊ မပို႔ဆိုတာ ထပ္မံစုံစမ္းသြားမွာျဖစ္ၿပီး မပို႔ခဲ့ရင္ေတာ့ ေနာက္ထပ္လႈပ္ရွားမႈေတြ ဆက္လုပ္မယ္လို႔ ဆႏၵျပပြဲ ဦးေဆာင္သူတစ္ဦးျဖစ္တဲ့ ကိုျမတ္ေက်ာ္က ေျပာပါတယ္။

အိတ္ဖြင့္ေပးစာကို ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႕ (FPPS)၊ ရန္ကုန္ေစာင့္ၾကည့္အဖြဲ႕ (Yangon Watch)၊ ေတာင္သူလယ္သမားအက်ိဳးေဆာင္ကြန္ရက္၊ ရန္ကုန္ျပည္သူ႔အက်ိဳးေဆာင္ကြန္ရက္၊ လက္ပံေတာင္းေတာင္ အက်ိဳးစီးပြားကာကြယ္ေရးေကာ္မတီ (ရန္ကုန္)၊ လူ႔အခြင့္အေရးကာကြယ္ ျမႇင့္တင္သူမ်ားအဖြဲ႕ (HRDP) အပါအဝင္ ႏိုင္ငံေရးနဲ႔ လူမႈေရးအဖြဲ႕ေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ျမစ္ဆုံစီမံကိန္း အၿပီးတိုင္ဖ်က္သိမ္းေရး ႏိုင္ငံလုံးဆိုင္ရာကြန္ရက္က ပူးေပါင္း ေပးပို႔တာပါ။

၂၀၁၆ ခုႏွစ္ ၈ လပိုင္းကလည္း တ႐ုတ္သမၼတထံကို ျမစ္ဆုံစီမံကိန္းအပါအဝင္ တ႐ုတ္ႏိုင္ငံရဲ႕ ျမန္မာႏိုင္ငံမွာ ျပဳလုပ္ေနဆဲ၊ ျပဳလုပ္မယ့္ စီမံကိန္းေတြမွာ ျပည္သူလူထုရဲ႕ ဆႏၵသေဘာထားကို ထည့္သြင္းစဥ္းစားေပးဖို႔နဲ႔ တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္ေတြကို က်င့္ဝတ္နဲ႔ညီတဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြ ျဖစ္ေအာင္ ထိန္းသိမ္းၾကပ္မတ္ေပးဖို႔ဆိုၿပီး ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံသံ႐ုံးက တစ္ဆင့္ အိတ္ဖြင့္ေပးစာတစ္ေစာင္ ေပးပို႔ခဲ့ဖူးပါတယ္။

မေန႔က ျမန္မာႏိုင္ငံကို ေရာက္ရွိေနတဲ့ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ဟာ ဒီကေန႔မွာေတာ့ ေနျပည္ေတာ္ သမၼတအိမ္ေတာ္မွာ ျမန္မာအစိုးရေခါင္းေဆာင္ေတြရဲ႕ ေတြ႕ဆုံၿပီး ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္နဲ႔ ေရနက္ဆိပ္ကမ္း စီမံကိန္းအပါအဝင္ နားလည္မႈစာခြၽန္လႊာ ၃၃ ခုကို လက္မွတ္ေရးထိုးခဲ့ပါတယ္။

အဲဒီအထဲမွာ ျမစ္ဆုံစီမံကိန္းနဲ႔ ပတ္သက္ၿပီး သေဘာတူ လက္မွတ္ေရးထိုးတာ မပါဝင္သလို ႏွစ္ဘက္ေခါင္းေဆာင္ေတြကလည္း တစ္စုံတစ္ရာ ေျပာၾကားတာ မရွိခဲ့ပါဘူး။

ျမစ္ဆုံစီမံကိန္း အၿပီးတိုင္ဖ်က္သိမ္းေရး ႏိုင္ငံလုံးဆိုင္ရာကြန္ရက္က ေတာင္းဆိုခ်က္နဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးကို RFA က ေမးျမန္းဖို႔ ဆက္သြယ္ေပမယ့္ ဆက္သြယ္လို႔မရေသးပါဘူး။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
မြစ်ဆုံစီမံကိန်း ဖျက်သိမ်းဖို့ တရုတ်သမ္မတကို တောင်းဆို

ကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်းပေးဖို့အတွက် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ နိုင်ငံရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် ကို ဒီနေ့ ဆန္ဒပြတောင်းဆိုပါတယ်။

ဆန္ဒပြသူတွေဟာ မြို့တော်ခန်းမရှေ့ကနေ တရုတ်သံရုံးကိုသွားပြီး သမ္မတ ရှီကျင့်ဖျင်ထံကို အိတ်ဖွင့်ပေးစာပေးဖို့ စီစဉ်ခဲ့ပေမယ့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ မေတ္တာရပ်ခံမှုကြောင့် သံရုံးကို မသွားတော့ဘဲ မြို့တော်ခန်းမရှေ့မှာပဲ ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသူတွေရဲ့ အိတ်ဖွင့်ပေးစာကို ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က လက်ခံခဲ့ပြီး သူတို့ကိုယ်တိုင် သံရုံးကို သွားပေးမယ်ဆိုပြီး ညှိနှိုင်းခဲ့တာလို့ သိရပါတယ်။

တရုတ်သံရုံးကို တကယ်ပို့၊ မပို့ဆိုတာ ထပ်မံစုံစမ်းသွားမှာဖြစ်ပြီး မပို့ခဲ့ရင်တော့ နောက်ထပ်လှုပ်ရှားမှုတွေ ဆက်လုပ်မယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုမြတ်ကျော်က ပြောပါတယ်။

အိတ်ဖွင့်ပေးစာကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS)၊ ရန်ကုန်စောင့်ကြည့်အဖွဲ့ (Yangon Watch)၊ တောင်သူလယ်သမားအကျိုးဆောင်ကွန်ရက်၊ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ လက်ပံတောင်းတောင် အကျိုးစီးပွားကာကွယ်ရေးကော်မတီ (ရန်ကုန်)၊ လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP) အပါအဝင် နိုင်ငံရေးနဲ့ လူမှုရေးအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်က ပူးပေါင်း ပေးပို့တာပါ။

၂၀၁၆ ခုနှစ် ၈ လပိုင်းကလည်း တရုတ်သမ္မတထံကို မြစ်ဆုံစီမံကိန်းအပါအဝင် တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံမှာ ပြုလုပ်နေဆဲ၊ ပြုလုပ်မယ့် စီမံကိန်းတွေမှာ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို ထည့်သွင်းစဉ်းစားပေးဖို့နဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကို ကျင့်ဝတ်နဲ့ညီတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်အောင် ထိန်းသိမ်းကြပ်မတ်ပေးဖို့ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက တစ်ဆင့် အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ဖူးပါတယ်။

မနေ့က မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဒီကနေ့မှာတော့ နေပြည်တော် သမ္မတအိမ်တော်မှာ မြန်မာအစိုးရခေါင်းဆောင်တွေရဲ့ တွေ့ဆုံပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းအပါအဝင် နားလည်မှုစာချွန်လွှာ ၃၃ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲဒီအထဲမှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး သဘောတူ လက်မှတ်ရေးထိုးတာ မပါဝင်သလို နှစ်ဘက်ခေါင်းဆောင်တွေကလည်း တစ်စုံတစ်ရာ ပြောကြားတာ မရှိခဲ့ပါဘူး။

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်က တောင်းဆိုချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က မေးမြန်းဖို့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

RFA Burmese
https://www.rfa.org
ျမစ္ဆုံစီမံကိန္း ဖ်က္သိမ္းဖို႔ တ႐ုတ္သမၼတကို ေတာင္းဆို ျမစ္ဆုံစီမံကိန္း ဖ်က္သိမ္းဖို႔ တ႐ုတ္သမၼတကို ေတာင္းဆို Reviewed by THITHTOOLWIN on 02:14 Rating: 5
Powered by Blogger.