ထုိင္းေရာက္ ျမန္မာအလုပ္သမား ၆၀ ျပန္ပုိ႔ခံရ

Photo-FED ျပည္ႏွင္ဒဏ္ေပးခံရတဲ့ျမန္မာနိုင္ငံသားမ်ား

(Zawgyi / Unicode)

ထိုင္းႏိုင္ငံထဲကုိ တရားမ၀င္ ၀င္ေရာက္မူ အလုပ္ေနရာ မတူတာေတြ အေထာက္အထား မခိုင္လံုေတြေၾကာင့္ ျမန္မာႏိုင္ငံသား ၆၀ကုိ ေကာ့ေသာင္း- ရေနာင္းဂိတ္ကေန ဇန္န၀ါရီလ ၇ ရက္ေန႔က ျပည္ႏွင္ဒဏ္ေပးခဲ့ပါတယ္။ ဒီထဲမွာႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္ (MOU) နဲ႔ လာတဲ့ ဗီဇာသက္တမ္းရွိေနတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၁၂ဦးလည္းပါ၀င္ပါတယ္။ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ ထားပါတယ္

ထိုင္းႏိုင္ငံထဲကို တရားမ၀င္ ၀င္ေရာက္လာတဲ့သူေတြနဲ႔ တရား၀င္လာၿပီးမွာ အလုပ္ေနရာမတူတာ၊ အလုပ္ရွင္မတူတာေတြကို ထိုင္းအာဏာပုိင္ဖမ္းဆီးၿပီးတရားရံုးတင္ၿပီးတဲ့ေနာက္ နယ္စပ္ကေန ေနရပ္ရင္းကိုျပန္ပို႔ခဲ့တာပါ။ ေကာ့ေသာင္းမွာရွိတဲ့ ပညာေရးနဲ႔ ဖြံၿဖိဳးေရးေဖာင္ေဒးရွင္း ေရႊ႕ေျပာင္း အလုပ္သမား ပညာေပးစင္တာ ေကာင့္ေသာင္းၿမိဳ႕တာ၀န္ခံ ဦးမိုးေ၀က ေတာ့ ဒီထဲမွာ ႏွစ္ႏုိင္ငံ သဘာတူစာခ်ဳပ္နဲ႔ လာတဲ့အလုပ္သမား ၁၂ဦးပါ၀င္တယ္လုိ႔ ေျပာပါတယ္။

“ေယာက္က်ားေလးက ၅၃ေယာက္ ၊မိန္းကေလးက ၇ ေယာက္ပါတယ္ စုစုေပါင္း ၆၀ေပါ့

ဒီ ၆၀ထဲမွာ မွခ်ံဳဖြန္က အလုပ္သမားေတြ ၿပီးခဲ့တဲ့ႏွစ္က ၀င္လာတဲ့ MOU လုပ္သမား ၁၂ဦးဟာ ပန္းရံလုပ္တယ္။ အဲဒီေဆာက္လုပ္ေရးက အလုပ္မေပးႏုိင္ဘူးဆုိၿပီး သူတို႔သေဘာနဲ႔ သူတုိ႔ အထပ္သားစက္ရံုေျပာင္းလိုက္တယ္။ အလုပ္လုပ္တာ ၃ လေက်ာ္ ၄လ အထိအလုပ္လုပ္တာ ဒီအခ်ိန္မွာ သူေဌးကအလုပ္သမား လက္မွတ္ေတြေျပာင္းေပးဆုိျပီး ေခၚသြားျပီး အလုပ္လုပ္ခိုင္းထားတာ ပိုက္ဆံေတာ့ရတယ္ေျပာတယ္။ ဒါေပမဲ့သူတုိ့လုပ္အားခထဲက ျဖတ္ထားတာ ၁၅၀၀၀ ေလာက္ရွိျပီတဲ့။ အခုဖမ္းမိတဲ့အခ်ိန္ထိေပါ့။ ဖမ္းမိေတာ့ တရားရံုးတက္ရတယ္ အလုပ္ရွင္ မတူတာရယ္ လုပ္ငန္းခြင္မတူတာရယ္နဲ႔ သူတို႔ကို တရားရံုးက အမိန္ခ်ေတာ့ ေငြဒဏ္ေကာ ျပည္ႏွင္ဒဏ္ေကာ ထိသြားတယ္ ဒီေန႔ ၁၂ေယာက္ပါလာတယ္”

အထပ္သားစက္ရံုကအလုပ္ရွင္က သူေဌးလဲြေျပာင္းစာရြက္စာတမ္းေတြကို လုပ္ေပးမယ္ဆိုျပီး ျမန္မာအလုပ္သမားမ်ားထံကေန ေငြေၾကးေကာက္ခံထားျပီးမွ

မလုပ္ေပးတာေႀကာင့္ အလုပ္သမားေတြ ဖမ္းခံရျပီး ျပည္ႏွင္ဒဏ္ေပးခံရတာမို႔ အမ်ားႀကီးနစ္နာေၾကာင္း ဦးမုိးေ၀ကေျပာျပပါတယ္။

“အလုပ္သမားေတြအမ်ားႀကီးနစ္နာတယ္ တခ်ိဳ ့ဗီဇာေတြ ပတ္စပို႔ (ႏုိင္ငံကူးလက္မွတ္)ေတြရွိလ်က္သားနဲ႔အခု ၂ႏွစ္သြားလို႔ မရေတာ့ဘူး အလုပ္သမားလက္မွတ္ေတြလည္းဆံုးရွံဳးတယ္။ အခုက အေခါက္တုိင္းလိုလိုပါတယ္။”

အလုပ္သမားေတြဟာ ႏိုင္ငံကူးလက္မွတ္နဲ႔ အေထာက္အထားျပည္စံုရဲ့သားနဲ႔ အလုပ္ရွင္ဘက္က အလုပ္လဲြေျပာင္းတာေတြ မလုပ္ေပးပဲ ခ်ိဳ႕ယြင္းမူေတြရွိတာေႀကာင့္ ၂ႏွစ္အထိ ျပည္ႏွင္ဒဏ္ေပးခံရတာပါ။ ဒီအတြက္ႏွစ္ႏိုင္ငံတာ၀န္ရွိသူေတြ ဒီျပႆနာေတြ သံုးသပ္ဖို႔ လိုေၾကာင္း ေကာ့ေသာင္းၿမိဳ႕မွာ အလုပ္သမားပညာေရးစင္တာ ဖြင့္ထားတဲ့ ပညာေရးနဲ႔ဖြံၿဖိဳးေရးေဖာင္ေဒးရွင္းက တာ၀န္ရွိသူေတြက ေျပာဆုိသြားပါတယ္။

...................

ထိုင်းရောက် မြန်မာအလုပ်သမား ၆၀ ပြန်ပို့ခံရ

(Unicode)

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်မူ အလုပ်နေရာ မတူတာတွေ အထောက်အထား မခိုင်လုံတွေကြောင့် မြန်မာနိုင်ငံသား ၆၀ကို ကော့သောင်း- ရနောင်းဂိတ်ကနေ ဇန်နဝါရီလ ၇ ရက်နေ့က ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ ဒီထဲမှာနှစ်နိုင်ငံသဘောတူစာချုပ် (MOU) နဲ့ လာတဲ့ ဗီဇာသက်တမ်းရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂ဦးလည်းပါဝင်ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့သူတွေနဲ့ တရားဝင်လာပြီးမှာ အလုပ်နေရာမတူတာ၊ အလုပ်ရှင်မတူတာတွေကို ထိုင်းအာဏာပိုင်ဖမ်းဆီးပြီးတရားရုံးတင်ပြီးတဲ့နောက် နယ်စပ်ကနေ နေရပ်ရင်းကိုပြန်ပို့ခဲ့တာပါ။ ကော့သောင်းမှာရှိတဲ့ ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်း ရွှေ့ပြောင်း အလုပ်သမား ပညာပေးစင်တာ ကောင့်သောင်းမြို့တာဝန်ခံ ဦးမိုးဝေက တော့ ဒီထဲမှာ နှစ်နိုင်ငံ သဘာတူစာချုပ်နဲ့ လာတဲ့အလုပ်သမား ၁၂ဦးပါဝင်တယ်လို့ ပြောပါတယ်။

“ယောက်ကျားလေးက ၅၃ယောက် ၊မိန်းကလေးက ၇ ယောက်ပါတယ် စုစုပေါင်း ၆၀ပေါ့

ဒီ ၆၀ထဲမှာ မှချုံဖွန်က အလုပ်သမားတွေ ပြီးခဲ့တဲ့နှစ်က ဝင်လာတဲ့ MOU လုပ်သမား ၁၂ဦးဟာ ပန်းရံလုပ်တယ်။ အဲဒီဆောက်လုပ်ရေးက အလုပ်မပေးနိုင်ဘူးဆိုပြီး သူတို့သဘောနဲ့ သူတို့ အထပ်သားစက်ရုံပြောင်းလိုက်တယ်။ အလုပ်လုပ်တာ ၃ လကျော် ၄လ အထိအလုပ်လုပ်တာ ဒီအချိန်မှာ သူဌေးကအလုပ်သမား လက်မှတ်တွေပြောင်းပေးဆိုပြီး ခေါ်သွားပြီး အလုပ်လုပ်ခိုင်းထားတာ ပိုက်ဆံတော့ရတယ်ပြောတယ်။ ဒါပေမဲ့သူတို့လုပ်အားခထဲက ဖြတ်ထားတာ ၁၅၀၀၀ လောက်ရှိပြီတဲ့။ အခုဖမ်းမိတဲ့အချိန်ထိပေါ့။ ဖမ်းမိတော့ တရားရုံးတက်ရတယ် အလုပ်ရှင် မတူတာရယ် လုပ်ငန်းခွင်မတူတာရယ်နဲ့ သူတို့ကို တရားရုံးက အမိန်ချတော့ ငွေဒဏ်ကော ပြည်နှင်ဒဏ်ကော ထိသွားတယ် ဒီနေ့ ၁၂ယောက်ပါလာတယ်”

အထပ်သားစက်ရုံကအလုပ်ရှင်က သူဌေးလွဲပြောင်းစာရွက်စာတမ်းတွေကို လုပ်ပေးမယ်ဆိုပြီး မြန်မာအလုပ်သမားများထံကနေ ငွေကြေးကောက်ခံထားပြီးမှ

မလုပ်ပေးတာကြောင့် အလုပ်သမားတွေ ဖမ်းခံရပြီး ပြည်နှင်ဒဏ်ပေးခံရတာမို့ အများကြီးနစ်နာကြောင်း ဦးမိုးဝေကပြောပြပါတယ်။

“အလုပ်သမားတွေအများကြီးနစ်နာတယ် တချို့ဗီဇာတွေ ပတ်စပို့ (နိုင်ငံကူးလက်မှတ်)တွေရှိလျက်သားနဲ့အခု ၂နှစ်သွားလို့ မရတော့ဘူး အလုပ်သမားလက်မှတ်တွေလည်းဆုံးရှုံးတယ်။ အခုက အခေါက်တိုင်းလိုလိုပါတယ်။”

အလုပ်သမားတွေဟာ နိုင်ငံကူးလက်မှတ်နဲ့ အထောက်အထားပြည်စုံရဲ့သားနဲ့ အလုပ်ရှင်ဘက်က အလုပ်လွဲပြောင်းတာတွေ မလုပ်ပေးပဲ ချို့ယွင်းမူတွေရှိတာကြောင့် ၂နှစ်အထိ ပြည်နှင်ဒဏ်ပေးခံရတာပါ။ ဒီအတွက်နှစ်နိုင်ငံတာဝန်ရှိသူတွေ ဒီပြဿနာတွေ သုံးသပ်ဖို့ လိုကြောင်း ကော့သောင်းမြို့မှာ အလုပ်သမားပညာရေးစင်တာ ဖွင့်ထားတဲ့ ပညာရေးနဲ့ဖွံဖြိုးရေးဖောင်ဒေးရှင်းက တာဝန်ရှိသူတွေက ပြောဆိုသွားပါတယ်။

ေအးေအးမာ/VOA Burmese
https://burmese.voanews.com
ထုိင္းေရာက္ ျမန္မာအလုပ္သမား ၆၀ ျပန္ပုိ႔ခံရ ထုိင္းေရာက္ ျမန္မာအလုပ္သမား ၆၀ ျပန္ပုိ႔ခံရ Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.