ကာဆမ္ ဆူေလမာနီ - အေမရိကန္ ေလေၾကာင္း တိုက္ခိုက္လို႔ အီရန္ ဗိုလ္ခ်ဳပ္ႀကီးေသဆုံး

ဗိုလ္ခ်ဳပ္ႀကီး ကာဆမ္ ဆူေလမာနီ
(Zawgyi)⤵⤵⤵
အီရန္ စစ္တပ္က ထိပ္တန္း ဗိုလ္ခ်ဳပ္ႀကီးတစ္ဦးဟာ အေမရိကန္ရဲ႕ ေသာၾကာေန႔ ေလေၾကာင္း တိုက္ခိုက္မႈေၾကာင့္ ေသဆုံးခဲ့ပါတယ္။

အခု ေသဆုံးခဲ့တဲ့ ဗိုလ္ခ်ဳပ္ႀကီး ဆူေလမန္နီဟာ အီရန္ေခါင္းေဆာင္ အယာတိုလာ ခါေမနီၿပီးရင္ ဒုတိယ အာဏာအရွိဆုံးလူလို႔လည္း အမ်ားက က်ယ္က်ယ္ျပန႔္ျပန႔္လက္ခံထားပါတယ္။

အသက္ ၆၂ ရွိသူ ဒီဗိုလ္ခ်ဳပ္ႀကီးဟာ အေရွ႕အလယ္ပိုင္းက စစ္ဆင္ေရးေတြကို ဦးေဆာင္ကြပ္ကဲသူျဖစ္ပါတယ္။

သူဟာ အီရတ္က ဘဂၢဒက္ ေလဆိပ္မွာ အီရန္က အေထာက္အခံေပးတဲ့ လက္နက္ကိုင္တပ္ဖြဲ႕ဝင္ေတြနဲ႔ ရွိေနစဥ္ ေသာၾကာေန႔မနက္ပိုင္းမွာ တိုက္ခိုက္ခံခဲ့ရၿပီး ဒီတိုက္ခိုက္မႈကို အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က အမိန႔္ေပးခဲ့တာပါ။
 အေရွ႕အလယ္ပိုင္းက အီရန္စစ္ဆင္ေရးေတြကို ဦးေဆာင္ကြပ္ကဲသူ ဗိုလ္ခ်ဳပ္ႀကီး
အီရတ္ႏိုင္ငံမွာရွိတဲ့ ပစ္မွတ္ေတြကို သမၼတ ထရမ့္အမိန႔္နဲ႔ ေလေၾကာင္းက ဗုံးႀကဲ တိုက္ခိုက္မႈေၾကာင့္ အီရန္ႏိုင္ငံ ဗိုလ္ခ်ဳပ္ႀကီး ကာဆမ္ဆူေလမာနီ ေသဆုံးခဲ့တဲ့အေပၚ လက္စားေခ်ဖို႔ ႀကိဳးစားမယ္လို႔ အီရန္က ေျပာပါတယ္။

ေသဆုံးသြားတဲ့ ကာဆမ္ ဆူေလမာနီက အီရန္ ေတာ္လွန္ေရး တပ္ဖြဲ႕က အထူးတပ္ဖြဲ႕ဝင္ေတြ စုစည္းထားတဲ့ Quds တပ္ဖြဲ႕က တပ္မႉးႀကီးလည္း ျဖစ္ပါတယ္။

ဒီေသဆုံးမႈေၾကာင့္ အီရန္ရဲ႕ ခုခံမႈကို ႏွစ္ဆတိုးဖို႔အတြက္ ေစ့ေဆာ္မႈ တခု ျဖစ္တယ္လို႔ အီရန္ ေခါင္းေဆာင္ အယာတိုလာ အလီ ခါေမနီက ေျပာပါတယ္။

အီရန္မွာ ရွိတဲ့ အေမရိကန္ေတြကို တိုက္ခိုက္ဖို႔ ဗိုလ္ခ်ဳပ္ႀကီး ဆူေလမာနီက ႀကိဳးစား လို႔ အခုလို လုပ္ေဆာင္ရတာလို႔ ပင္တဂြန္က ေျပာပါတယ္။

ဘဂၢဒက္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္အျပင္ဘက္က မီးေလာင္ေနတဲ့ အပ်က္အစီးအပိုင္းအစေတြ
အီရတ္မွာရွိတဲ့ အေမရိကန္ႏိုင္ငံသားေတြ အျမန္ထြက္ခြာဖို႔ ဘဂၢဒက္မွာရွိတဲ့ အေမရိကန္ သံ႐ုံးက သတိေပးထားပါတယ္။

အီရတ္ဝန္ႀကီးခ်ဳပ္ အဒဲအဒူမာဒီ က အေမရိကန္ ဗုံးႀကဲ တိုက္ခိုက္မႈဟာ အီရတ္ရဲ႕ အခ်ဳပ္အျခာအာဏာကို ခ်ိဳးေဖာက္ၿပီး စစ္ပြဲ ျဖစ္ႏိုင္ တယ္လို႔ သတိေပးလိုက္ပါတယ္။

ဒီလို တိုက္ခိုက္မႈေၾကာင့္ ရွီးယား စစ္ေသြးႂကြအဖြဲ႕ ေခါင္းေဆာင္ အလူ မာဒီ အယ္လ္ မူဟန္ဒစ္ ေသဆုံးခဲ့တဲ့ အေပၚလည္း သူက ရႈတ္ခ်လိုက္ပါတယ္။

ဒီလို တိုက္ခိုက္မႈက အီရတ္မွာ အေမရိကန္ တပ္ဖြဲ႕ေတြ အေျခစိုက္ရာမွာ သေဘာတူ ထားတဲ့ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ရာေရာက္တယ္လို႔လည္း သူက ေျပာပါတယ္။

ဒီလို အေျခအေနတြအေပၚ တ႐ုတ္က ထိန္းထိန္းသိမ္းသိမ္း ေျဖရွင္းဖို႔ ေျပာဆို ထားၿပီး ႐ုရွားက ေဒသတြင္း တင္းမာမႈေတြ ပိုမ်ားလာမယ္လို႔ တုံ႔ျပန္ပါတယ္။

အီရန္ ဗိုလ္ခ်ဳပ္ႀကီး ဆူေလမန္နီ ေသဆုံးသြားၿပီးတဲ့ေနာက္ ေရနံေဈးေတြ ျမင့္တက္လာပါတယ္။

ေရနံစိမ္း တစ္စည္ကို မူလထက္ ႏွစ္ေဒၚလာ ေက်ာ္ ေဈးတက္ခဲ့ၿပီး စက္တင္ဘာလ ေဆာ္ဒီမွာ ရွိတဲ့ ေရနံထုတ္လုပ္တဲ့ေနရာေတြကို တိုက္ခိုက္ခံရတဲ့ေနာက္ အျမင့္ဆုံး ျမင့္တက္ လာခဲ့တာ ျဖစ္ပါတယ္။

တင္းမာမႈေတြ ပိုျပင္းထန္လာရင္ ေရနံ အေရာင္းအဝယ္ေတြ ထိခိုက္မႈေတြ ရွိလာႏိုင္ပါတယ္။

အာရွ ေဈးကြက္မွာ ေ႐ႊေဈးနဲ႔ ဂ်ပန္ယန္းေဈးေတြလည္း တက္သြားခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
ကာဆမ် ဆူလေမာနီ - အမေရိကန် လေကြောင်း တိုက်ခိုက်လို့ အီရန် ဗိုလ်ချုပ်ကြီးသေဆုံး

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီ

အီရန် စစ်တပ်က ထိပ်တန်း ဗိုလ်ချုပ်ကြီးတစ်ဦးဟာ အမေရိကန်ရဲ့ သောကြာနေ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။

အခု သေဆုံးခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဆူလေမန်နီဟာ အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီပြီးရင် ဒုတိယ အာဏာအရှိဆုံးလူလို့လည်း အများက ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားပါတယ်။

အသက် ၆၂ ရှိသူ ဒီဗိုလ်ချုပ်ကြီးဟာ အရှေ့အလယ်ပိုင်းက စစ်ဆင်ရေးတွေကို ဦးဆောင်ကွပ်ကဲသူဖြစ်ပါတယ်။

သူဟာ အီရတ်က ဘဂ္ဂဒက် လေဆိပ်မှာ အီရန်က အထောက်အခံပေးတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ ရှိနေစဉ် သောကြာနေ့မနက်ပိုင်းမှာ တိုက်ခိုက်ခံခဲ့ရပြီး ဒီတိုက်ခိုက်မှုကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့တာပါ။
ဓာတ်ပုံ မူပိုင် AFP
Image caption အရှေ့အလယ်ပိုင်းက အီရန်စစ်ဆင်ရေးတွေကို ဦးဆောင်ကွပ်ကဲသူ ဗိုလ်ချုပ်ကြီး

အီရတ်နိုင်ငံမှာရှိတဲ့ ပစ်မှတ်တွေကို သမ္မတ ထရမ့်အမိန့်နဲ့ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံ ဗိုလ်ချုပ်ကြီး ကာဆမ်ဆူလေမာနီ သေဆုံးခဲ့တဲ့အပေါ် လက်စားချေဖို့ ကြိုးစားမယ်လို့ အီရန်က ပြောပါတယ်။

သေဆုံးသွားတဲ့ ကာဆမ် ဆူလေမာနီက အီရန် တော်လှန်ရေး တပ်ဖွဲ့က အထူးတပ်ဖွဲ့ဝင်တွေ စုစည်းထားတဲ့ Quds တပ်ဖွဲ့က တပ်မှူးကြီးလည်း ဖြစ်ပါတယ်။

ဒီသေဆုံးမှုကြောင့် အီရန်ရဲ့ ခုခံမှုကို နှစ်ဆတိုးဖို့အတွက် စေ့ဆော်မှု တခု ဖြစ်တယ်လို့ အီရန် ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ပြောပါတယ်။

အီရန်မှာ ရှိတဲ့ အမေရိကန်တွေကို တိုက်ခိုက်ဖို့ ဗိုလ်ချုပ်ကြီး ဆူလေမာနီက ကြိုးစား လို့ အခုလို လုပ်ဆောင်ရတာလို့ ပင်တဂွန်က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Reuters
Image caption ဘဂ္ဂဒက် အပြည်ပြည်ဆိုင်ရာ လေဆိပ်အပြင်ဘက်က မီးလောင်နေတဲ့ အပျက်အစီးအပိုင်းအစတွေ

အီရတ်မှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေ အမြန်ထွက်ခွာဖို့ ဘဂ္ဂဒက်မှာရှိတဲ့ အမေရိကန် သံရုံးက သတိပေးထားပါတယ်။

အီရတ်ဝန်ကြီးချုပ် အဒဲအဒူမာဒီ က အမေရိကန် ဗုံးကြဲ တိုက်ခိုက်မှုဟာ အီရတ်ရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်ပြီး စစ်ပွဲ ဖြစ်နိုင် တယ်လို့ သတိပေးလိုက်ပါတယ်။

ဒီလို တိုက်ခိုက်မှုကြောင့် ရှီးယား စစ်သွေးကြွအဖွဲ့ ခေါင်းဆောင် အလူ မာဒီ အယ်လ် မူဟန်ဒစ် သေဆုံးခဲ့တဲ့ အပေါ်လည်း သူက ရှုတ်ချလိုက်ပါတယ်။

ဒီလို တိုက်ခိုက်မှုက အီရတ်မှာ အမေရိကန် တပ်ဖွဲ့တွေ အခြေစိုက်ရာမှာ သဘောတူ ထားတဲ့ သဘောတူညီချက်ကို ချိုးဖောက်ရာရောက်တယ်လို့လည်း သူက ပြောပါတယ်။

ဒီလို အခြေအနေတွအပေါ် တရုတ်က ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းဖို့ ပြောဆို ထားပြီး ရုရှားက ဒေသတွင်း တင်းမာမှုတွေ ပိုများလာမယ်လို့ တုံ့ပြန်ပါတယ်။

အီရန် ဗိုလ်ချုပ်ကြီး ဆူလေမန်နီ သေဆုံးသွားပြီးတဲ့နောက် ရေနံဈေးတွေ မြင့်တက်လာပါတယ်။

ရေနံစိမ်း တစ်စည်ကို မူလထက် နှစ်ဒေါ်လာ ကျော် ဈေးတက်ခဲ့ပြီး စက်တင်ဘာလ ဆော်ဒီမှာ ရှိတဲ့ ရေနံထုတ်လုပ်တဲ့နေရာတွေကို တိုက်ခိုက်ခံရတဲ့နောက် အမြင့်ဆုံး မြင့်တက် လာခဲ့တာ ဖြစ်ပါတယ်။

တင်းမာမှုတွေ ပိုပြင်းထန်လာရင် ရေနံ အရောင်းအဝယ်တွေ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

အာရှ ဈေးကွက်မှာ ရွှေဈေးနဲ့ ဂျပန်ယန်းဈေးတွေလည်း တက်သွားခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ကာဆမ္ ဆူေလမာနီ - အေမရိကန္ ေလေၾကာင္း တိုက္ခိုက္လို႔ အီရန္ ဗိုလ္ခ်ဳပ္ႀကီးေသဆုံး ကာဆမ္ ဆူေလမာနီ - အေမရိကန္ ေလေၾကာင္း တိုက္ခိုက္လို႔ အီရန္ ဗိုလ္ခ်ဳပ္ႀကီးေသဆုံး Reviewed by THITHTOOLWIN on 23:58 Rating: 5
Powered by Blogger.