ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈအေပၚ မႏၲေလးၿမိဳ႕ေပၚက တုံ႔ျပန္မႈမ်ား

ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈအေပၚ မႏၲေလးၿမိဳ႕ေပၚက တုံ႔ျပန္မႈမ်ား
(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံက စတင္ျပန႔္ပြားခဲ့တဲ့ ကို႐ိုနာ ဗိုင္းရပ္စ္ဟာ ႏိုင္ငံအခ်ိဳ႕ကို ကူးစက္ပ်ံ႕ႏွံ႔ေနၿပီး အသက္ေသဆုံးတဲ့အထိ ျဖစ္ပြားေနတဲ့အတြက္ မႏၲေလးၿမိဳ႕ကို တ႐ုတ္ႏိုင္ငံသား ဧည့္သည္ေတြ ထပ္ေရာက္လာမွာကို မႏၲေလးၿမိဳ႕ေဒသခံေတြ စိုးရိမ္ေနပါတယ္။

အမရပူရၿမိဳ႕နယ္၊  မဟာဂႏၶာ႐ုံေက်ာင္းတိုက္ကို ေန႔စဥ္ ဇီ႐ိုးဘတ္ဂ်က္နဲ႔လာတဲ့ တ႐ုတ္ႏိုင္ငံသား တစ္ေထာင္ခန႔္ လာေရာက္ေလ့လာတတ္သူေတြထဲ ေရာဂါပိုးရွိသူပါလာၿပီး ကူးစက္ခံရမွာကို
ေက်ာင္းတိုက္က သံဃာေတာ္ေတြက စိုးရိမ္ေနပါတယ္။

ႏိုင္ငံျခားသားဧည့္သည္ေတြလာရင္ လိုက္နာရမယ့္ စည္းကမ္းခ်က္ေတြရွိတယ္လို႔ မဟာဂႏၶာ႐ုံ ေက်ာင္းတိုက္က ဆရာေတာ္ အရွင္ေကလာသက မိန႔္ပါတယ္။

“ ဒီကာလက မလာေလေကာင္းေလပဲ၊ မလာေလေကာင္းလို႔ပဲ ေျပာႏိုင္တာေပါ့၊  ေမာင္းထုတ္လို႔လည္း မရ၊ သူတို႔ သိဖို႔ေကာင္းတာေပါ့၊ တ႐ုတ္ဆိုတဲ့ ဧည့္သည္ကလည္း  ဥေရာပသားနဲ႔ မတူဘူး“

ဒီေရာဂါဟာ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလမွာကတည္းက တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ ျဖစ္ပြားေနတာျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ အျခားႏိုင္ငံေတြကိုပါ ကူးစက္ပ်ံ႕ႏွံ႔လာေနပါၿပီ။

ဒါေၾကာင့္ တစ္ပတ္ကို ႏွစ္ႀကိမ္ ဝူဟန္ - မႏၲေလးၿမိဳ႕ တိုက္႐ိုက္ေလေၾကာင္းခရီးစဥ္ေတြနဲ႔ တျခားခရီးစဥ္တခ်ိဳ႕ကို ဒီရက္ပိုင္းမွာ ရပ္နားထားတယ္လို႔ မႏၲေလးတိုင္း ေလေၾကာင္းပို႔ေဆာင္မႈ ၫြန္ၾကားမႈ ဦးစီးဌာနကေန သိရပါတယ္။

မႏၲေလး အျပည္ျပည္ဆိုင္ရာေလဆိပ္ (တံတားဦး) က ေလဆိပ္တာဝန္ခံအရာရွိ ဦးထြန္းလင္းေအာင္က ခရီးစဥ္ေတြ ရပ္နားရတဲ့အေျခအေနကို ေျပာပါတယ္။

“လိုင္းတစ္လိုင္းနဲ႔တစ္လိုင္း ပ်ံသန္းတဲ့ရက္ေတြက မတူဘူး၊ ေနာက္ဆုံးရက္အထိ ဖ်က္သိမ္းထားတယ္”

ခရီးစဥ္ ရပ္ဆိုင္းလိုက္တဲ့အတြက္ ေသာင္တင္ေနတဲ့ ဝူဟန္ၿမိဳ႕က ခရီးသည္ ၇၃ ေယာက္ကို တ႐ုတ္အစိုးရက မေန႔ညက အထူးေလယာဥ္နဲ႔ လာေရာက္ေခၚေဆာင္သြားပါတယ္။

လာေခၚတဲ့ ေလယာဥ္ဟာ China Eastern Airlines ကျဖစ္ၿပီး ရွန္ဟိုင္းကေနတဆင့္ မႏၲေလးၿမိဳ႕ တံတားဦးေလဆိပ္ကို ညပိုင္းမွာေရာက္ရွိကာ တ႐ုတ္ခရီးသည္ ၇၃ ေယာက္ကို ေခၚေဆာင္ၿပီး ဝူဟန္ၿမိဳ႕ကို ျပန္လည္ထြက္ခြာသြားတယ္လို႔ သိရပါတယ္။

ျပန္ဖို႔အခက္အခဲျဖစ္ေနတဲ့ တ႐ုတ္ခရီးသည္ေတြဟာ မႏၲေလးၿမိဳ႕မွာရွိတဲ့ တ႐ုတ္ေကာင္စစ္ဝန္႐ုံးကို အကူအညီေတာင္းခဲ့တယ္လို႔ သိရပါတယ္။

မႏၲေလးဟာ  တ႐ုတ္ႏိုင္ငံသားေတြ ဝင္ေရာက္မႈမ်ားတဲ့ ၿမိဳ႕ျဖစ္ပါတယ္။ ဒါေပမဲ့ တ႐ုတ္ႏွစ္သစ္ကူး ကာလျဖစ္တဲ့အျပင္ အခုရက္ပိုင္း ေလေၾကာင္းခရီးစဥ္တခ်ိဳ႕ ဖ်က္လိုက္တာေၾကာင့္
တ႐ုတ္ဧည့္သည္ ဝင္ေရာက္မႈနည္းလာေနၿပီး သူတို႔ကို ပစ္မွတ္ထားေရာင္းခ်တဲ့ ေဈးသည္ေတြ ေဈးအေရာင္းပါးေနပါတယ္။

ဦးပိန္တံတားမွာ အခ်ဥ္ေပါင္းေရာင္းခ်ေနတဲ့ မသိဂီေဝက ေျပာပါတယ္။

“တ႐ုတ္ေတြမလာေတာ့ ကိုယ္ေတြလည္း ေဈးေရာင္းပါးေနတာေပါ့၊ လာလည္း  အရင္လို မဟုတ္ေတာ့ဘူး၊ သူမ်ားေတြေျပာတာေတာ့ မ်က္လုံးကေနကူးတာတဲ့၊ ႏွာေခါင္းစည္းေတြ တအားေရာင္းရတယ္။ ဟိုနားမွာေတာ့ ခ်ိတ္ထားတယ္၊ ဘာလဲေတာ့ မသိဘူး“

ျဖစ္ပြားေနတဲ့ ကူးစက္ေရာဂါနဲ႔ပတ္သက္ၿပီး တ႐ုတ္လူမ်ိဳးေတြ ဝင္ေရာက္မႈမ်ားတဲ့ မႏၲေလးၿမိဳ႕ မဟာေအာင္ေျမ ေက်ာက္မ်က္ရတနာ ေရာင္းဝယ္ေရးစခန္းက ေက်ာက္စိမ္းေရာင္းခ်ေနသူအခ်ိဳ႕ ဒီေရာဂါနဲ႔ပတ္သက္ၿပီး ကာကြယ္ရမယ့္နည္းလမ္းကို သူတို႔ဘယ္လိုသိထားပါသလဲ။

မေဌးေဌးလင္း ေျပာတာက-

“ေျပာသံၾကားတာကေတာ့ ႏွာေခါင္းစည္း အုပ္ခိုင္းထားတာေပါ့၊ မ်က္မွန္တပ္ခိုင္းတာတို႔  အဲလိုေလာက္ပဲသိတာ“ လို႔ ေျပာပါတယ္။

မသူဇာေအာင္ ေျပာတာက-

“က်န္းမာေရးလိုက္စားေတာ့ မျဖစ္သင့္တာမျဖစ္ေအာင္ေတာ့ ကာကြယ္ထားတာေပါ့၊ ႏွာေခါင္းစည္းကေတာ့ မတပ္ျဖစ္ပါဘူး“ လို႔ ေျပာပါတယ္။

တ႐ုတ္ကို ေရာက္ရွိေနတဲ့သူေတြကိုလည္း ႏိုင္ငံအသီးသီးက ျပန္ေခၚေနၾကတဲ့အတြက္  ျမန္မာအစိုးရအေနနဲ႔လည္း  ဝူဟန္ၿမိဳ႕မွာ ပညာသင္ၾကားေနတဲ့ အစိုရဝန္ထမ္းအမ်ားဆုံး ပါဝင္တဲ့အဖြဲ႕ကို ဒီရက္ပိုင္း မႏၲေလးကို ျပန္ေခၚမယ္လို႔ မႏၲေလးတိုင္းေဒသႀကီးအတြင္း အဆုတ္ေရာင္ေရာဂါ ျဖစ္ပြားမႈမရွိေစေရး ေစာင့္ၾကည့္စစ္ေဆးကုသေရးေကာ္မတီ ဥကၠ႒ ေဒါက္တာရဲလြင္ (မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး- ဝန္ႀကီး) က ဒီကေန႔  မႏၲေလးတိုင္း အစိုးရ႐ုံးမွာ ေျပာပါတယ္။

“ အရမ္းႀကီး မစိုးရိမ္ပါနဲ႔၊ အထိုက္အေလ်ာက္ပဲ စိုးရိမ္ပါ၊ တာဝန္ရွိတဲ့သူေတြကေတာ့ ျပတ္ျပတ္သားသားကို အလုပ္လုပ္မွရမယ္”

ဒီမိုကေရစီႏိုင္ငံမွာ ျပည္သူေတြကို  သဘာဝေဘးအႏၲရာယ္ေတြ၊ ကပ္ေရာဂါေတြကေန အစြမ္းကုန္ ကာကြယ္ေပးရမွာျဖစ္သလို ဒါဟာ အစိုးရေကာင္းတစ္ရပ္ ျဖစ္၊ မျဖစ္ဆိုတာကို တိုင္းတာတဲ့စံႏႈန္းလို႔ ေျပာႏိုင္ေၾကာင္း မႏၲေလးတိုင္း ယာယီဝန္ႀကီးခ်ဳပ္ ဦးဇာနည္ေအာင္က ေျပာပါတယ္။

“အစြမ္းကုန္ ကာကြယ္ေပးဖို႔က အစိုးရတိုင္း တာဝန္ျဖစ္သလို၊ ႏိုင္ငံသားေတြကို အစိုးရက ဘယ္ေလာက္အလုပ္လုပ္ႏိုင္လဲ၊ ေစတနာထားႏိုင္လဲဆိုတာ တိုင္းတာႏိုင္ပါတယ္“

မႏၲေလးတိုင္းအတြင္းမွာ ေရာက္ရွိေနထိုင္သြားလာခဲ့တဲ့ ဝူဟန္ၿမိဳ႕က ခရီးသြား ၇၃ ဦးကို မႏၲေလးေလဆိပ္ကေန မေန႔ည (၂၈) ေန႔က တ႐ုတ္အစိုးရအစီစဥ္နဲ႔ ျပန္ေခၚသြားၿပီးျဖစ္လို႔ သူတို႔သြားခဲ့တဲ့ေနရာေတြကို မွတ္သားထားၿပီးျဖစ္လို႔ က်န္းမာေရး လမ္းၫြန္ခ်က္ေတြနဲ႔အညီ ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ မႏၲေလးတိုင္း ယာယီဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၃၂ ေယာက္ရွိၿပီျဖစ္ၿပီး ေရာဂါကူးစက္ခံရသူ  ၅၉၇၄ အထိရွိေနၿပီ ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုအပေါ် မန္တလေးမြို့ပေါ်က တုံ့ပြန်မှုများ

တရုတ်နိုင်ငံက စတင်ပြန့်ပွားခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဟာ နိုင်ငံအချို့ကို ကူးစက်ပျံ့နှံ့နေပြီး အသက်သေဆုံးတဲ့အထိ ဖြစ်ပွားနေတဲ့အတွက် မန္တလေးမြို့ကို တရုတ်နိုင်ငံသား ဧည့်သည်တွေ ထပ်ရောက်လာမှာကို မန္တလေးမြို့ဒေသခံတွေ စိုးရိမ်နေပါတယ်။

အမရပူရမြို့နယ်၊  မဟာဂန္ဓာရုံကျောင်းတိုက်ကို နေ့စဉ် ဇီရိုးဘတ်ဂျက်နဲ့လာတဲ့ တရုတ်နိုင်ငံသား တစ်ထောင်ခန့် လာရောက်လေ့လာတတ်သူတွေထဲ ရောဂါပိုးရှိသူပါလာပြီး ကူးစက်ခံရမှာကို
ကျောင်းတိုက်က သံဃာတော်တွေက စိုးရိမ်နေပါတယ်။

နိုင်ငံခြားသားဧည့်သည်တွေလာရင် လိုက်နာရမယ့် စည်းကမ်းချက်တွေရှိတယ်လို့ မဟာဂန္ဓာရုံ ကျောင်းတိုက်က ဆရာတော် အရှင်ကေလာသက မိန့်ပါတယ်။

“ ဒီကာလက မလာလေကောင်းလေပဲ၊ မလာလေကောင်းလို့ပဲ ပြောနိုင်တာပေါ့၊  မောင်းထုတ်လို့လည်း မရ၊ သူတို့ သိဖို့ကောင်းတာပေါ့၊ တရုတ်ဆိုတဲ့ ဧည့်သည်ကလည်း  ဥရောပသားနဲ့ မတူဘူး“

ဒီရောဂါဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာကတည်းက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဖြစ်ပွားနေတာဖြစ်ပြီး အခုအချိန်မှာတော့ အခြားနိုင်ငံတွေကိုပါ ကူးစက်ပျံ့နှံ့လာနေပါပြီ။

ဒါကြောင့် တစ်ပတ်ကို နှစ်ကြိမ် ဝူဟန် - မန္တလေးမြို့ တိုက်ရိုက်လေကြောင်းခရီးစဉ်တွေနဲ့ တခြားခရီးစဉ်တချို့ကို ဒီရက်ပိုင်းမှာ ရပ်နားထားတယ်လို့ မန္တလေးတိုင်း လေကြောင်းပို့ဆောင်မှု ညွန်ကြားမှု ဦးစီးဌာနကနေ သိရပါတယ်။

မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် (တံတားဦး) က လေဆိပ်တာဝန်ခံအရာရှိ ဦးထွန်းလင်းအောင်က ခရီးစဉ်တွေ ရပ်နားရတဲ့အခြေအနေကို ပြောပါတယ်။

“လိုင်းတစ်လိုင်းနဲ့တစ်လိုင်း ပျံသန်းတဲ့ရက်တွေက မတူဘူး၊ နောက်ဆုံးရက်အထိ ဖျက်သိမ်းထားတယ်”

ခရီးစဉ် ရပ်ဆိုင်းလိုက်တဲ့အတွက် သောင်တင်နေတဲ့ ဝူဟန်မြို့က ခရီးသည် ၇၃ ယောက်ကို တရုတ်အစိုးရက မနေ့ညက အထူးလေယာဉ်နဲ့ လာရောက်ခေါ်ဆောင်သွားပါတယ်။

လာခေါ်တဲ့ လေယာဉ်ဟာ China Eastern Airlines ကဖြစ်ပြီး ရှန်ဟိုင်းကနေတဆင့် မန္တလေးမြို့ တံတားဦးလေဆိပ်ကို ညပိုင်းမှာရောက်ရှိကာ တရုတ်ခရီးသည် ၇၃ ယောက်ကို ခေါ်ဆောင်ပြီး ဝူဟန်မြို့ကို ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ပြန်ဖို့အခက်အခဲဖြစ်နေတဲ့ တရုတ်ခရီးသည်တွေဟာ မန္တလေးမြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို အကူအညီတောင်းခဲ့တယ်လို့ သိရပါတယ်။

မန္တလေးဟာ  တရုတ်နိုင်ငံသားတွေ ဝင်ရောက်မှုများတဲ့ မြို့ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်နှစ်သစ်ကူး ကာလဖြစ်တဲ့အပြင် အခုရက်ပိုင်း လေကြောင်းခရီးစဉ်တချို့ ဖျက်လိုက်တာကြောင့်
တရုတ်ဧည့်သည် ဝင်ရောက်မှုနည်းလာနေပြီး သူတို့ကို ပစ်မှတ်ထားရောင်းချတဲ့ ဈေးသည်တွေ ဈေးအရောင်းပါးနေပါတယ်။

ဦးပိန်တံတားမှာ အချဉ်ပေါင်းရောင်းချနေတဲ့ မသိဂီဝေက ပြောပါတယ်။

“တရုတ်တွေမလာတော့ ကိုယ်တွေလည်း ဈေးရောင်းပါးနေတာပေါ့၊ လာလည်း  အရင်လို မဟုတ်တော့ဘူး၊ သူများတွေပြောတာတော့ မျက်လုံးကနေကူးတာတဲ့၊ နှာခေါင်းစည်းတွေ တအားရောင်းရတယ်။ ဟိုနားမှာတော့ ချိတ်ထားတယ်၊ ဘာလဲတော့ မသိဘူး“

ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါနဲ့ပတ်သက်ပြီး တရုတ်လူမျိုးတွေ ဝင်ရောက်မှုများတဲ့ မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းက ကျောက်စိမ်းရောင်းချနေသူအချို့ ဒီရောဂါနဲ့ပတ်သက်ပြီး ကာကွယ်ရမယ့်နည်းလမ်းကို သူတို့ဘယ်လိုသိထားပါသလဲ။

မဌေးဌေးလင်း ပြောတာက-

“ပြောသံကြားတာကတော့ နှာခေါင်းစည်း အုပ်ခိုင်းထားတာပေါ့၊ မျက်မှန်တပ်ခိုင်းတာတို့  အဲလိုလောက်ပဲသိတာ“ လို့ ပြောပါတယ်။

မသူဇာအောင် ပြောတာက-

“ကျန်းမာရေးလိုက်စားတော့ မဖြစ်သင့်တာမဖြစ်အောင်တော့ ကာကွယ်ထားတာပေါ့၊ နှာခေါင်းစည်းကတော့ မတပ်ဖြစ်ပါဘူး“ လို့ ပြောပါတယ်။

တရုတ်ကို ရောက်ရှိနေတဲ့သူတွေကိုလည်း နိုင်ငံအသီးသီးက ပြန်ခေါ်နေကြတဲ့အတွက်  မြန်မာအစိုးရအနေနဲ့လည်း  ဝူဟန်မြို့မှာ ပညာသင်ကြားနေတဲ့ အစိုရဝန်ထမ်းအများဆုံး ပါဝင်တဲ့အဖွဲ့ကို ဒီရက်ပိုင်း မန္တလေးကို ပြန်ခေါ်မယ်လို့ မန္တလေးတိုင်းဒေသကြီးအတွင်း အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုမရှိစေရေး စောင့်ကြည့်စစ်ဆေးကုသရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲလွင် (မန္တလေးမြို့တော် စည်ပင်သာယာရေး- ဝန်ကြီး) က ဒီကနေ့  မန္တလေးတိုင်း အစိုးရရုံးမှာ ပြောပါတယ်။

“ အရမ်းကြီး မစိုးရိမ်ပါနဲ့၊ အထိုက်အလျောက်ပဲ စိုးရိမ်ပါ၊ တာဝန်ရှိတဲ့သူတွေကတော့ ပြတ်ပြတ်သားသားကို အလုပ်လုပ်မှရမယ်”

ဒီမိုကရေစီနိုင်ငံမှာ ပြည်သူတွေကို  သဘာဝဘေးအန္တရာယ်တွေ၊ ကပ်ရောဂါတွေကနေ အစွမ်းကုန် ကာကွယ်ပေးရမှာဖြစ်သလို ဒါဟာ အစိုးရကောင်းတစ်ရပ် ဖြစ်၊ မဖြစ်ဆိုတာကို တိုင်းတာတဲ့စံနှုန်းလို့ ပြောနိုင်ကြောင်း မန္တလေးတိုင်း ယာယီဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောပါတယ်။

“အစွမ်းကုန် ကာကွယ်ပေးဖို့က အစိုးရတိုင်း တာဝန်ဖြစ်သလို၊ နိုင်ငံသားတွေကို အစိုးရက ဘယ်လောက်အလုပ်လုပ်နိုင်လဲ၊ စေတနာထားနိုင်လဲဆိုတာ တိုင်းတာနိုင်ပါတယ်“

မန္တလေးတိုင်းအတွင်းမှာ ရောက်ရှိနေထိုင်သွားလာခဲ့တဲ့ ဝူဟန်မြို့က ခရီးသွား ၇၃ ဦးကို မန္တလေးလေဆိပ်ကနေ မနေ့ည (၂၈) နေ့က တရုတ်အစိုးရအစီစဉ်နဲ့ ပြန်ခေါ်သွားပြီးဖြစ်လို့ သူတို့သွားခဲ့တဲ့နေရာတွေကို မှတ်သားထားပြီးဖြစ်လို့ ကျန်းမာရေး လမ်းညွန်ချက်တွေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မန္တလေးတိုင်း ယာယီဝန်ကြီးချုပ်က ပြောပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃၂ ယောက်ရှိပြီဖြစ်ပြီး ရောဂါကူးစက်ခံရသူ  ၅၉၇၄ အထိရှိနေပြီ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈအေပၚ မႏၲေလးၿမိဳ႕ေပၚက တုံ႔ျပန္မႈမ်ား ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈအေပၚ မႏၲေလးၿမိဳ႕ေပၚက တုံ႔ျပန္မႈမ်ား Reviewed by THITHTOOLWIN on 02:55 Rating: 5
Powered by Blogger.